ဖေဖော်ဝါရီ ၃၊ ၂၀၂၂
M-Media
-ကလေးကစားကွင်းတွေ အပန်းဖြေနေရာတွေကို ဝင်ရောက်တဲ့အခါ လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့အတွက် တာလီဘန်က အဖွဲ့ဝင်တွေကို အမိန့်ထုတ်တားမြစ်လိုက်ပါတယ်။
ဒါဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူတို့ပုံရိပ်ကို ကောင်းမွန်အောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ဩဂုတ်လက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့အချိန် တာလီဘန်အဖွဲ့ဝင်တွေဟာ မြို့တော်ကဘူးလ်က ကစားကွင်းတွေ၊ အပန်းဖြေနေရာတွေမှာ ဝင်ရောက်ဆော့ကစားခဲ့ကြပြီး လက်နက်တွေပါဝင်တာကြောင့် ပြည်သူတွေက ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ်။
တာလီလန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က သူတို့အဖွဲ့ဝင်တွေ လက်နက်ကိုင်ပြီး၊ ဒါမှမဟုတ် ယူနီဖောင်းဝတ်၊ စစ်ဖက်ယာဉ်အသုံးပြုကာ ကစားကွင်းတွေဝင်ရောက်မှုကို တားမြစ်လိုက်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ ကစားကွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။
တာလီဘန်အဖွဲ့ဝင်တွေ အဓိက သဘောကျတဲ့ ကစားကွင်းတွေထဲကတစ်ခုက မြို့တော်ကဘူးလ် အနောက်ပိုင်းမှာရှိတဲ့ Qargha ကစားကွင်းဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက တွေ့ဆုံခဲ့တဲ့ တာလီဘန်အဖွဲ့ဝင် တော်တော်များများက သူတို့ဟာ ဩဂုတ်လ ကဘူးလ်မြို့ကို မသိမ်းပိုက်ခင်အထိ မြို့တော်ကို မရောက်ဖူးကြဘူးလို့ ဖြေကြားခဲ့ကြပါတယ်။
Ref: Reuters
Comments