မတ် ၁၆၊ ၂၀၂၂
M-Media
-ထိုင်၀မ်ဟာ ယူကရိန်းကိစ္စကို အမြတ်ထုတ်နေတယ်လို့ တရုတ်က လူသိရှင်ကြား ၀ေဖန်လိုက်ပါတယ်။
ရုရှားလိုပဲ တရုတ်ကလည်း ထိုင်၀မ်ကို ဒီလို ကျူးကျော် တိုက်ခိုက်နိုင်တယ်လို့ ထိုင်၀မ်ပြည်သူတွေက ရှုမြင်နေပြီး၊ ဒုက္ခရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ပေးပို့နေတာ ဖြစ်ပါတယ်။
ထိုင်၀မ်က လွတ်လပ်တဲ့ ဒီမိုကရက်တစ် နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် အင်အားသုံးသွားမယ်လို့ အရင်ကတည်းက ပြောထားပါတယ်။
ယူကရိန်းကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်၀မ်က ပေးပို့တာ၊ ရုရှားအပေါ် ထိုင်၀မ်က စီးပွားရေးပိတ်ဆို့မှုတွေဟာ ယူကရိန်းကိစ္စကို အသုံးချပြီး သူတို့ရဲ့တည်ရှိမှုကို တရား၀င်အောင် လုပ်နေတာဖြစ်ပြီး၊ ဓားခုတ်ရာ လက်၀င်လျှိုနေတာလို့ တရုတ်အစိုးရ ထိုင်၀မ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref: Reuters
Comments