ဧပြီ ၂၆၊ ၂၀၂၂
M-Media
-ဥရောပအနောက်ခြမ်း နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဟာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ နေတိုးထဲ၀င်ရေး လာမယ့်လမှာ လျှောက်ထားမယ်လို့ သတင်းထွက်လာပြီး ရုရှားကတော့ အကြီးအကျယ်ကန့်ကွက်နေပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ဥရောပရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေပြီး နေတိုးအဖွဲ့ထဲ ၀င်၊ မ၀င်ဆိုတာကို ခပ်မြန်မြန်ပဲ စဥ်းစားဆုံးဖြတ်သွားမယ်လို့ ဆွီဒင်နဲ့ ဖင်လန်ခေါင်းဆောင်တွေ သိပ်မကြာသေးခင်ကမှ ပြောကြားထားတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအစိုးရတွေဟာ နေတိုးအဖွဲ့၀င်ဖြစ်ရေး လျှောက်ထားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သဘောတူခဲ့ကြတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဖင်လန်ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဖင်လန်နိုင်ငံဟာ ရုရှားနဲ့ မိုင် ၈၁၀ လောက် နယ်စပ်ခြင်းထိစပ်နေတာပါ။ ဆွီဒင်၀န်ကြီးချုပ် မဂ်ဒါလီနာ အန်ဒါဆန်က ရုရှားက လုပ်လာနိုင်တဲ့ကိစ္စတွေကို ကြိုတင်စဥ်စား ပြင်ဆင်သွားမယ်လို့ ပြောထားပါတယ်။
ရုရှားအစိုးရက ဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ထဲကို ၀င်မယ်ဆိုရင် စစ်ရေးမျှခြေကို ထိန်းဖို့အတွက် ဘောလ်တစ်ဒေသမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး နျူလက်နက် ချထားတာလည်း ပါ၀င်မယ်လို့ သတိပေးထားပါတယ်။
Ref: The Guardian
Comments