မတ် ၁၃၊ ၂၀၂၂
M-Media
-မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်လို့ အဆင်မပြေတဲ့အတွက် အာဆီယံဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စဥ်းစားလာပါတယ်။
မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ ပိုမိုဆက်သွယ်ဆောင်ရွက်သွားဖို့ အစီအစဥ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ လူသိရှင်ကြား ထုတ်ပြောလာတာပါ။
ဒီအစီအစဥ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်နဲ့ အခြား အာဆီယံနိုင်ငံခြားရေး၀န်ကြီးနှစ်ဦးတို့က သဘောကျတယ်လို့ ဆိုက်ဖူဒင်က မလေးရှား ပြည်တွင်းသတင်းဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။
ဆိုက်ဖူဒင်ဟာ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေန့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်နေပြီး NUG က တာ၀န်ရှိသူတစ်ချို့ဟာ အမေရိကန်၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
Ref: The Diplomat
Comments