အောက်တိုဘာ ၁၄၊ ၂၀၂၂
M-Media
Team Brazil girls lift the winner’s trophy at the Street Child World Cup 2018, Moscow
-လေလွင့်ကလေးများ ကမ္ဘာ့လား (Street Child Wrold Cup) ခေါင်းစဥ်နဲ့ ဘောလုံးပြိုင်ပွဲတစ်ရပ်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်နေပါတယ်။
အခုတစ်ကြိမ် ကာတာမှာကျင်းပတာဟာ လေးကြိမ်မြောက်ဖြစ်ပြီး လေလွင့်ကလေးများ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးဆုံးနဲ့ အစည်ကားဆုံးလည်း ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံက အသင်း ၂၈ သင်းပါ၀င်ပြီး ကာတာဖောင်ဒေးရှင်းပိုင် Oxygen Park အားကစားကွင်းမှာ ကျင်းပပြုလုပ်နေပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ မသန်စွမ်းဆိုပြီး ၃ မျိုး ၃ စားခွဲကာ ပြိုင်ပွဲကို ကျင်းပနေပါတယ်။
အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံနေရတဲ့ ပါလက်စတိုင်းဟာ လေလွင့်ကလေးများ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပါ၀င်လာပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲတွေကို အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာပါ။
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာမှာ လာမယ့်လအတွင်း ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခြေခံပြီး ကမ္ဘာတစ်၀ှမ်းက ချို့တဲ့သူ၊ လိုအပ်နေသူတွေရဲ့အရေးကို နိုင်ငံတကာက ပိုမို သတိထားမိလာအောင် ကြိုးစားနေပါတယ်။
Ref: Doha News
Comments