နို၀င်ဘာ ၄၊ ၂၀၂၂
M-Media
-ကမ္ဘာ့ဒရုန်းထုတ်လုပ်ရေးနယ်ပယ်မှာ နာမည်ရလာတဲ့ တူရကီဟာ အဆင့်မြင့် ဒရုန်းသင်္ဘောတစ်မျိုးကို ထုတ်ပြလိုက်ပါတယ်။
MIR လို့ အမည်ပေးထားတဲ့ အဲဒီဒရုန်းသင်္ဘောကို တူရကီရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းလုပ်ငန်း Aselsan နဲ့ ပုဂ္ဂလိက သင်္ဘောကုမ္ပဏီ Sefine တို့ ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။
သင်္ဘောကို အလိုအလျောက် မောင်းနှင်စနစ်၊ အ၀ေးထိန်းစနစ်၊ လူလိုက်ပါ မောင်းနှင်နိုင်မယ့်စနစ် စတဲ့ စနစ်သုံးမျိုးနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
တူရကီအစိုးရပိုင် ဒုံးကျည်ကုမ္ပဏီ Roketsan က ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို သင်္ဘောမှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း သင်္ဘောကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ခေတ်သစ်စစ်ပွဲတွေနဲ့ ကိုက်ညီအောင်၊ ရေငုပ်သင်္ဘောတွေကို ရေပါ်ကနေ ယှဥ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ မကြာခင်မှာ စျေးကွက်တင် ရောင်းချနိုင်တော့မှာပါ။
Ref: Defense News
Comments