6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နို၀င်ဘာ ၈၊ ၂၀၂၂
M-Media

-၁၀ နှစ်တာကြာမြင့်မယ့် အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းမှာ ဆော်ဒီက ကန်ဒေါ်လာ ၂.၅ ဘီလီယံ ထည့်၀င်ကူညီသွားမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း စိမ်းလန်းရေး ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံ Green Initiative Summit ကို အီဂျစ်နိုင်ငံ ရှမ် အလ် ရှိခ်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ပထမအကြိမ် အစည်းအ၀ေးနောက်ပိုင်း ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ရှေ့ဆက် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းမှာ ဒေသတွင်း ကာဘွန်ထုတ်လွှတ်မှုကို ၆၀ ရာခိုင်နှုန်းအထိ လျော့ချရေး၊ အပင်ပေါင်း ဘီလီယံ ၅၀ စိုက်ပျိုးရေး၊ မြေဧရိယာ ဟက်တာ သန်း ၂၀၀ ကို မြေရိုင်းကနေ စိုက်ပျိုးမြေဖြစ်အောင် ပြုပြင်ရေး၊ ကမ္ဘာ့ ကာဘွန်ထုတ်လုပ်မှုကို ၂.၅ ရာခိုင်နှုန်း လျော့ချရေး စတဲ့ ရည်မှန်းချက်တွေ ပါ၀င်ပါတယ်။

ဆော်ဒီဟာ ၂၀၅၀ ခုနှစ်ရောက်ရင် ကာဘွန်ထုတ်လွှတ်မှု လုံး၀ မရှိဖို့ ရည်မှန်းထားပြီး၊ လျှပ်စစ်ဓာတ်အားရဲ့ ၅၀ ရာခိုင်နှုန်းကို ၂၀၃၀ ရောက်ရင် ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေပါတယ်။

၂၀၃၅ ခုနှစ်အရောက်မှာ ကာဘွန်ထုတ်လုပ်မှု ၄၄ သန်းလောက်ကို ဆော်ဒီက လျော့ချနိုင်မှာပါ။

Ref: Arab News

https://www.arabnews.com/node/2195206/business-economy

Comments are closed.