ဘရာဇီးလ်ဂျာစီကို ချစ်မြတ်နိုးမှု၊ ၀တ်ဆင်ရတဲ့အပေါ် ဂုဏ်ယူမှုတွေအတွက် ပြောစရာစကားလုံးတောင် မရှိပါဘူး။ မွေးလာမယ့် တိုင်းပြည်တစ်ခုခုကို ဘုရားသခင်က ရွေးချယ်ခိုင်းမယ်ဆိုရင် ဘရာဇီးလ်ကိုပဲ ကျွန်တော် ရွေးဖြစ်မှာပါ။ ကျွန်တော့်ဘ၀မှာ ဘယ်အရာမှ လွယ်လွယ်ကူကူ ရခဲ့တယ်ဆိုတာ မရှိဘူး။ ရည်မှန်းချက်၊ အိပ်မက်တွေအတွက် အမြဲတမ်း အပတ်တကုတ်ကြိုးစားခဲ့ရတာပါ။ ဘယ်သူကတော့ဖြင့် ဒုက္ခရောက်ပါစေဆိုတာမျိုး စိတ်ထဲမှာတောင် မဖြစ်ဖူးဘူး။ ကျွန်တော်ကသာ လိုအပ်တဲ့သူတွေကို ကူညီဖေးခဲ့တာပါ။ အခုဖြစ်ရပ်က ကျွန်တော့် ကစားသမားဘ၀ တစ်လျှောက်မှာ အခက်ခဲဆုံး အခြေအနေတွေထဲက တစ်ခုပါပဲ။ ကမ္ဘာ့ဖလားမှာ ဒဏ်ရာထပ်ရတယ်။ စိတ်ပျက်စရာပါပဲ။ တိုင်းပြည်အတွက်၊ အသင်းဖော်တွေအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တဲ့အတွက် အခွင့်အရေး ထပ်ရလိမ့်မယ်ဆိုတာ ရဲရဲကြီး ယုံကြည်ပါတယ်။
(နေးမာ – ဘရာဇီးလ်တိုက်စစ်မှူး)
နေးမာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲ ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေချင်း၀တ်ဒဏ်ရာ ရရှိပြီး ကျန်တဲ့ အုပ်စုပွဲစဥ် ၂ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
Comments