ဒီဇင်ဘာ ၁၆၊ ၂၀၂၂
M-Media

-မော်ရိုကိုတိုက်စစ်မှုး ဟာကင်မ် ဇီယက်ချ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းဟာ ခြေစွမ်းပြပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာပါ။
အုပ်စုအဆင့်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ စွမ်းဆောင်မှုနဲ့ ရှုံးထွက်ကို တက်ရောက်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ စပိန်၊ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို အနိုင်ယူကာ ပထမဆုံး ဆီမီးဖိုင်နယ်ရောက်တဲ့ အာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ပါတယ်။
ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်ကို ရှုံးနိမ့်ကာ ခရိုအေးရှားနဲ့ ဒီကနေ့မှာ တတိယနေရာလုပွဲ ကစားရမှာပါ။
ဇီယက်ချ်ဟာ ပြိုင်ပွဲကနေ အနည်းဆုံး ဆုကြေးငွေ ပေါင် ၂၆၂၀၀၀ လောက်ရရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မော်ရိုကိုလက်ရွေးစင်အသင်းမှာ စတင်ကစားကတည်းက ဇီယက်ချ်ဟာ နိုင်ငံအသင်းက ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အားကစားအသင်းအဖွဲ့တွေကို လှူဒါန်းလေ့ရှိပါတယ်။
ဇီယက်ချ်ဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီး လက်ရှိ ချယ်ဆီးအသင်းမှာ ကစားနေပါတယ်။
Ref: The Sun
Comments