News @ M-Media

ဖက်ဆစ်ဂျပန်တို့၏ လုပ်ရပ်အတွက် ဂျပန်၀န်ကြီးချုပ် စိတ်ထိခိုက်

မေ ၁၃၊ ၂၀၂၃

M-Media 


-ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်မှုအတွင်း နာကျင်ခံစားရတဲ့ ကိုရီးယားပြည်သူတွေအတွက် စိတ်ထိခိုက်မိတယ်လို့ ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။ 

ကိုရီးယားဟာ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ ဒီကာလအတွင်း ကိုရီးယားပြည်သူတွေဟာ ဂျပန်တို့ရဲ့ နှိပ်စက်မှုကို ခါးစီးခံခဲ့ရပါတယ်။

တောင်ကိုရီးယားကို အလည်အပတ်ရောက်ရှိလာတဲ့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ဒီကိစ္စအတွက် ပုဂ္ဂိုလ်ရေးအရ သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။ 

“ဒီလို ခက်ခဲကြမ်းတမ်းလှတဲ့ အချိန်ကာလမျိုးမှာ ပြည်သူတွေ အလွန်အမင်း နာကျင်ခံစားခဲ့ရတာကို ပြန်စဥ်းစားလိုက်ရင် ကျွန်တော်အနေနဲ့ စိတ်ခိုက်မိပါတယ်”

အတိတ်က ဒီကျူးကျော်မှုနဲ့ပတ်သက်ပြီး ကိုရီးယားနဲ့ ဂျပန်တို့အကြားမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာအချို့ ရှိနေဆဲပါ။ 

ကီရှီဒါကတော့ ဒီကိစ္စအတွက် သူတို့အစိုးရဟာ အရင်အစိုးရတွေရဲ့ ရပ်တည်ချက်အတိုင်းသာ သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဘိုဘေးဖက်စစ်ဂျပန်တွေရဲ့ လုပ်ရပ်အတွက် အရင်ဂျပန်အစိုးရ တာ၀န်ရှိသူတွေဟာ လူသိရှင်ကြား တောင်းပန်မှုတွေ ပြုလုပ်ထားပါတယ်။ 

Ref: Reuters