ဇူလိုင် ၃၁၊ ၂၀၂၃
M-Media
-ယူကရိန်းငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ပါ၀င်မယ့် ထိပ်သီးအစည်းအ၀ေးကို မကြာခင် ဆော်ဒီအာရေဗျမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီအစည်းအ၀ေးကို ယူကရိန်း၀န်ကြီးချုပ် ဇယ်လင်စကီးက စီစဥ်တာပါ။ ဇယ်လင်စကီးရဲ့လက်ထောက် အန်ဒရီ ယာမက်က အစည်းအ၀ေးမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေ ပါ၀င်မယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
သြဂုတ် ၅ ရက် ဒါမှမဟုတ် ၆ ရက်နေ့က ဂျစ်ဒါမြို့မှာ ကျင်းပဖို့ စီစဥ်နေကာ နိုင်ငံပေါင်း ၃၀ လောက် တက်ရောက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အစည်းအ၀ေးမှာ ဆွေးနွေးမယ့် အခြေခံအချက် ၁၀ ချက်ကို ဇယ်လင်စကီးက အဆိုပြုထားပါတယ်။ ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုခွင့်ကို ထိန်းသိမ်းရေး၊ ရုရှားတပ်တွေ ထွက်ခွာရေး၊ အကျဥ်းသားအားလုံး ပြန်လွှတ်ရေး၊ ကျူးကျော်မှုအတွက် တာ၀န်ရှိသူတွေကို အရေးယူရေး၊ ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံပေးရေး စတာတွေ ပါ၀င်ပါတယ်။
လက်ရှိ ယူကရိန်းက ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းရေးသာမက နောက်ထပ် ဒီလိုပြဿနာမျိုး ကမ္ဘာကြီးမှာ မဖြစ်ပွားနိုင်ရေး ဒီအစည်းအ၀ေးက အုတ်မြစ်ချနိုင်ဖို့ ယူကရိန်းက မျှော်လင့်နေပါတယ်။
ဒီအစည်းအ၀ေးမှာ ရုရှားနိုင်ငံကို ဖိတ်ကြားမှာမဟုတ်ဘူးလို့လည်း သတင်းပြန့်နေပါတယ်။
အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့် ဆော်ဒီအာရေဗျဘက်ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။
Ref: Reuters
Comments