စက်တင်ဘာ ၃၀၊ ၂၀၂၃
M-Media
-အာရှအားကစားပြိုင်ပွဲက League of Legends မှာ ဗိုလ်စွဲခဲ့တဲ့ တောင်ကိုရီးယား ဂိမ်မာတွေဟာ စစ်မှုမထမ်းမနေရ အမိန့်ကနေ ကင်းလွတ်ခွင့် ရရှိသွားပါတယ်။
တောင်ကိုရီးယားအသင်းဟာ မနေ့က ဗိုလ်လုပွဲမှာ ထိုင်၀မ်ကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အရွယ် အမျိုးသားတိုင်း စစ်မှုမထမ်းမနေရအမိန့် ပြဌာန်းထားပြီး အားကစားသမားတွေ၊ အနုပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ် အကသမားတွေဟာ ထင်ရှားတဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိရင် စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရမယ်လို့ သတ်မှတ်ထားပါတယ်။
E Sport ကစားသမားတွေ ဒီကင်းလွတ်ခွင့်မှာ ပါ၀င်လားဆိုတာ အရင်က တိတိကျကျ မထုတ်ပြန်ထားပါဘူး။ League of Legends အောင်ပွဲအပြီးမှာတော့ ရှင်းရှင်းလင်းလင်း သိရှိခဲ့ရပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယား E Sport အသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့တာပါ။ အိမ်ရှင်တရုတ်ကိုပါ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref: AFP
Comments