အောက်တိုဘာ ၆၊ ၂၀၂၃
M-Media
-၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အီရန်အမျိုးသမီး နာဂက်စ် မိုဟာမာဒီက ရရှိသွားပါတယ်။
အသက် ၅၁ နှစ်အရွယ် နာဂက်စ်ရဲ့ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။
အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နာဂက်စ်ဟာ လက်ရှိ အီရန်မှာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၁ နှစ် ချခံထားရပါတယ်။
အော်စလိုမြို့က ဆုကြေငြာပွဲအခမ်းအနားမှာ ကော်မတီအကြီးအကဲ ဘရစ် ရက်စ် အန်ဒါဆန်က နာဂက်စ်ဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အားလုံးတန်းတူ ရရှိရေး ကြိုးပမ်းပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီဆုဟာ အီရန်အစိုးရရဲ့ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကို အသိအမှတ် ပြုလိုက်တာလို့လည်း အန်ဒါဆန်က ဆိုပါတယ်။
ဒီဇင်ဘာမှာပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ရေးအတွက် နာဂက်စ်ကို လွှတ်ပေးဖို့လည်း အီရန်အစိုးရကို အန်ဒါဆန်က တောင်းဆိုခဲ့ပါတယ်။
Ref: BBC
Comments