6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၃၊ ၂၀၂၃
M-Media  

ရေးသားသူ – Denial Shane 

-အစ္စရေး-ဟားမားစ် စစ်ပွဲ အောက်တိုဘာ ၇ကစတင်ခဲ့ပါတယ်။ ဒီနေ့ဆိုရင် ၇ မြောက် ရှိပါပြီ။ ကမ္ဘာတခွင် အခြားအခြားသောအရေးတွေ မှေးမှိန်ပြီး မြန်မာဆိုရှယ်မီဒီယာပေါ်မှာတောင် ဂျူးအသားပေး သမိုင်းကြောင်းရေးသားသူတွေ အလျှိုလျှိုပေါ်ပေါက်လာနေပါတယ်။

သက်ကြီးရွယ်အို၊ ဥမမယ်ကလေးငယ်မဆိုထားဘိ အပြစ်မဲ့ပြည်သူကို သတ်ဖြတ်ခဲ့မယ်ဆိုရင်တောင် ဒါဟာအကြမ်းဖက်မှု‌မြောက်တာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ 

သို့ရှိလင့်ကစား၊ ယခုစစ်ပွဲဟာ ကမ္ဘာ့မီဒီယာစာမျက်နှာထက်မှာ တမဟုတ်ချင်း အသွင်ထူးခြားစွာ ဖော်ပြခံရလျက်ရှိပါတယ်။ ဒါဟာ မသင်္ကာစရာဖြစ်သလို၊ လေ့လာဆန်းစစ်ထိုက်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ 

တကယ်ပဲ မသိခဲ့လေရော့သလား

ဟားမက်စ်က တိုက်ခိုက်နိုင်ချေရှိကြောင်း အီဂျစ်က

အောက်တိုဘာ ၇ ရက်နေ့ လင်းအားကြီး ၆ နာရီ၊ အစ္စရေးနိုင်ငံအလယ်နဲ့ တောင်ပိုင်းတွေမှာ ဟားမားစ်ဒုံးကြောင့် သတိပေးဥသြသံတွေ ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့အကောင်းဆုံးထောက်လှမ်းရေးအဖွဲ့ မော့ဆက်နဲ့ အမေရိကန်ထောက်လှန်းရေးဗျူရိုကတော့ ဟားမားစ်တိုက်ခိုက်မယ့်အကြောင်း သတင်းမရခဲ့ဖူးလို့ ထပ်ကာတလဲလဲ ဆိုပါတယ်။ ဒါကို ကမ္ဘာ့မီဒီယာကြီးများက ဇောင်းပေးဖော်ပြခဲ့ပါတယ်။ 

အောက်တိုဘာ ၉ နဲ့ ၁၀ ရက်တွေမှာ၊ တူရကီသတင်းထောက် Ragip Soylu က “အီဂျစ်က အစ္စရေးထံ ဟားမားစ်တိုက်ခိုက်လာဖို့ ရှိတဲ့အကြောင်း ၁၀ ရက်ကြိုတင် အသိပေးခဲ့တယ်လို့ ” အီဂျစ်သတင်းဌာနကို ကိုးကားတင်ပြခဲ့ပါတယ်။ တူရကီသတင်းထောက်ရဲ့ ထောက်ပြမှုကို ကမ္ဘာ့မီဒီယာကြီးတွေက အလေးမထားခဲ့ပါ။ 

သို့သော်ယနေ့ အောက်တိုဘာ ၁၂မှာတော့ တိုင်းမ်စ်အော့ဖ်အစ္စရေးမီဒီယာမှာတင် အီဂျစ်တို့ ကြိုတင်သတိပေးခဲ့တယ်ဆိုတဲ့အကြောင်းကို အမေရိကန် ထိပ်သီးဥပဒေပြုအမတ်တစ်ဦးက ဆိုထားကြောင်း သတင်းတင်ဆက်ထားပါတယ်။ 

အမြတ်ထွက်သူ ဘယ်သူတုန်း

အစ္စရေး-ဟားမက်စ်စစ်ပွဲဖြစ်ပြီးနောက် ရှယ်ယာစျေးထိုးတက်သည့် အမေရိကန်လက်နက်ကုမ္ပဏီ

အပြန်အလှန်တိုက်ခိုက်ကြလို့ ကလေးသူငယ်များပါမကျန် သေကြေရလင့်ကစား အမေရိကန်နိုင်ငံအခြေဆိုက် ကာကွယ်ရေးလက်နက်ကုမ္ပဏီကြီးတစ်ခုရဲ့ စတော့ရှယ်ယာစျေးကတော့ အောက်တိုဘာ ၅ ထိ တစိုက်မတ်မတ်ကျလျက်ရှိရာကနေ အခုလို (ပုံမှာပြထားတဲ့အတိုင်း) ထောင်တက်သွားပါပြီ။

ကလေးတွေကို ခေါင်းဖြတ်တယ်ဆိုတဲ့ ၀ါဒဖြန့်မှု

ဟားမက်စ်က မွေးကင်းစကလေးများအား ခေါင်းဖြတ်သည်ဆိုသည့် သတင်းအား အစ္စရေးအစိုးရပင် အတည်မပြုနိုင်

ကမ္ဘာ့မီဒီယာလောကကြီးတစ်ခုလုံး ပြဲပြဲစင်အောင် ဖော်ပြခဲ့တဲ့ အစ္စရေးရဲ့ အထိမ်းအကွပ်မဲ့၊ အထောက်အထားကင်းစွာ မီးလောင်ရာလေပင့်ပြောဆိုချက်တစ်ခုကတော့ ဟားမားစ်တို့ ဂျူးကလေးငယ်လေးတွေကို ခေါင်းဖြတ်သတ်ပစ်လိုက်တယ်ဆိုတဲ့ အချက်ပါ။ 

ဒီအချက်ကို အစ္စရေး၀န်ကြီးချုပ် နတန်ယာဟုရဲ့ ပြောရေးဆိုခွင့်ရှိသူ တယ်လ်ဟိုင်ရိချ်ကိုယ်တိုင် ပြောခဲ့တာပါ။ 

ယနေ့မှာတော့ ဒီသတင်းဟာ လိမ်လည်မုသားတစ်ခုဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတယ်။ စီအင်အင်သတင်းဌာနကပဲ အစ္စရေးအစိုးရအနေနဲ့ ကလေးတွေခေါင်းဖြတ်သတ်ခံရတယ်ဆိုတဲ့ အထောက်အထားအတိအကျကို မထုတ်ပြန်နိုင်ပါဆိုပြီး သတင်းတင်ဆက်ထားတာပါ။

ငှက်ပျောသီးတောင်းစားတဲ့ စစ်သွေးကြွ

ဒီလိုရှိနေလင့်ကစား အစ္စရေးမိခင်တစ်ဦးက အစ္စရေးမီဒီယာ ချယ်နယ် ၁၂ မှာသူ့ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခုလို ပြောပြလာပါတယ်။

“(ပါလစ္စတိုင်းဖိုက်တာ)တွေ၀င်လာကြတယ်၊ ကျမသူတို့ကို ပြောတယ်၊ ငါ့မှာ ကလေးနှစ်‌ယောက်ရှိတယ် ဆိုပီး ပထမဆုံး ဟီဘရူးလို ပြောလိုက်တယ်၊ အင်္ဂလိပ်လို မဟုတ်ဘူး၊ သူတို့က ပတ်ပတ်လည်လိုက်ကြည့်တယ်၊ သူတို့ထဲက တစ်ယောက်က “စိတ်မပူပါနဲ့၊ ငါမွတ်စလင်မ်တစ်ယောက်ပါ၊ ငါတို့ မင်းတို့ကို အနာတရဖြစ်အောင် မလုပ်ပါဘူး” လို့ အင်္ဂလိပ်လို ပြန်ပြောတယ်၊ (အံ့သြ အမူအရာ) သူအဲလိုပြောတော့ အံ့သြမိတယ်၊ တပြိုင်နက်တည်း အပူလုံးကြီးလည်း ကျသွားတယ်၊ ကျမ ကလေးတွေနဲ့ အတူထိုင်လိုက်တယ်၊ ပါလစ္စတိုင်းဖိုက်တာက ထမင်းစားခန်းထဲက ခုံယူလာပေးတယ်၊ လက်နက်ကိုင်ထားတဲ့ ပါလစ္စတိုင်းဖိုက်တာ တွေ တချိန်လုံး ကျမတို့နဲ့အိမ်ထဲမှာအတူရှိနေခဲ့တယ်၊ အခြားဖိုက်တာတွေက အိမ်ထဲကို လှည့်ပြီး လမ်းလျောက်နေခဲ့တယ်၊ ပါလစ္စတိုင်းဖိုက်တာတစ်ယောက်က ထောင့်တစ်ထောင့်မှာ ငှက်ပျောသီးတွေ့တော့ စားလို့ရမလားလို့ လှမ်းမေးတယ်၊ ကျမက စားပါလို့ ပြန်ဖြေတယ် (ရယ်မောလျက်)၊ (အင်တာဗျူးသူ – ကလေးတွေက ဘာပြောလဲ) အကြီးလေးကတော့ ပိုပြီး စိတ်ဖိစီးနေပုံရတယ်၊ အငယ်လေးကတော့ ဘာမှ သိပုံတောင်မပေါ်ဘူး သူ့တက်ဘလက်နဲ့ အလုပ်ရှုပ်နေတယ်၊ သူတို့တတွေ သေနတ်တွေကိုတော့ နဲနဲကြောက်နေကြတယ်၊ အခန်းထဲမှာ ပါလစ္စတိုင်းဖိုက်တာတွေက အာရေဗျဘာသာစကားနဲ့ အပြန်အလှန်ပြောနေတော့ ကျမသားလေးက ကျမကို သူတို့တွေ ကျွန်တော်တို့ကို တောင်းပန်ဖို့ ဆွေးနွေးနေတာလားလို့မေးပါတယ်၊ ကျမက သားကို မဟုတ်လောက်ဘူးလို့ ပြန်ဖြေပါတယ်၊ ပါလစ္စတိုင်းဖိုက်တာတွေ ၂ နာရီလောက်နေသွားပါတယ်၊ သူတို့ထွက်သွားတော့ တစ်ယောက်က တံခါးမကြီးကို ပိတ်ပေးခဲ့ပါတယ်”

သက်ရှည်၀န်ကြီးချုပ် နတန်ယာဟုရဲ့ ဂုဏ်ဆာမှုနောက်ကွယ်က လက်မဲကြီး

အစ္စရေးကတော့ သားကောင်ဖြစ်နေရတာပါလို့ တတွင်တွင်ဆိုနေလင့်ကစား ဂါဇာကို တားမြစ်လက်နက်အပါအ၀င် အင်အားပြင်းလက်နက် အမျိုးအစားအားလုံးသုံးပြီးတိုက်ခိုက်လျက်ရှိပါတယ်။ ကလေးငယ်မြောက်မြားစွာ သေကြေနေရပါတယ်။ ဂါဇာမှာ ရေမီးဂတ်စ် အစရှိတဲ့ အသက်ရှင်နေထိုင်ရေး အတွက် လိုအပ်တဲ့ အဓိကအရင်းအမြစ်တွေ ဖြတ်တောက်ပိတ်ဆို့ခြင်းခံထားရပါတယ်။

နတန်ယာဟုကတော့ ပေါ်ပြူလာဖြစ်‌ရေးအတွက် ဟားမားစ်ကို အသုံးချပြီး ၀န်ကြီးချုပ်နေရာတည်မြဲအောင်လုပ်နေကြောင်း အစ္စရေးမီဒီယာအချို့က ‌ဖော်ပြခဲ့ဖူးပါတယ်။ ဟားမားစ်တည်မြဲပြီး ကမ္ဘာကို ဓားစာခံဖြစ်နေရခြင်း (victim card) အပြကောင်းဖို့အတွက်သော်လည်းကောင်း၊ ပါလစ္စတိုင်းနိုင်ငံဖြစ်‌ပေါ်လာရေးကြိုးပမ်းချက်ကို ကဖျက်ယဖျက်လုပ်ဖို့အတွက်သော်လည်းကောင်း ဟားမားစ်ကို ငွေကြေးထောက်ပံ့ရန် နတန်ယာဟုက စီစဥ်ခဲ့ကြောင်း အစ္စရေးမီဒီယာ Haaretz က အခုလို ဆိုထားပါတယ်။ 

ဟားမက်စ်ကို ငွေကြေးထောက်ပံ့ဖို့ ပါတီ၀င်များကို နေတန်ယာဟုပြော

“ဘယ်သူမဆို ပါလစ္စတိုင်းနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းတာတွေကို ကဖျက်ယဖျက်လုပ်ချင်ရင် ဟားမားစ်ကို ထောက်ခံအားပေးရမယ်၊ ဟားမားစ်ကို ငွေကြေးထောက်ပံ့ရမယ်၊ ဒါဟာ ငါတို့ရဲ့ ဗျူဟာပဲ” လို့ လီကွတ်ပါတီ ထိပ်သီး ခေါင်းဆောင်တွေကို နတန်ယာဟုက မတ်လ ၂၀၁၉မှာ ပြောခဲ့တယ်လို့ဆိုထားပါတယ်။

Haaretz ကပဲ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကို အစ္စရေးက လက်နက်တွေ ဆက်ရောင်းနေတယ်လို့ စက်တင်ဘာ ၅ ၊ ၂၀၂၃ ကပဲ သတင်းတင်ဆက်ထားပါသေးတယ်။ 

လူကြီးမင်းများ ချင့်ချိန်တော်မူနိုင်ကြပါစေ။

Ref: Haaretz, CNN, Time of Israel

(အစ္စရေးမီဒီယာ ချယ်နယ် ၁၂ တွင် အစ္စရေးအမျိုးသမီးတစ်ဦးက ဟားမက်စ်အကြောင်းပြောထားသည့် ဗီဒီယိုကို ကွန့်မန့်တွင် ကြည့်ရှုနိုင်ပါသည်)

Tags:

Comments are closed.