6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၆၊ ၂၀၂၃

M-Media 

(ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ၃ နှစ်အရွယ် သားဖြစ်သူကို ပွေ့ချီကာ ယူကြုံးမရဖြစ်နေသည့် ပါလက်စတိုင်း အမျိုးသမီး)

-အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်မှာ သေဆုံးတဲ့ ကလေးငယ်အရေအတွက်ဟာ ၃၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ 

ဟားမက်စ်ရဲ့ အစ္စရေးနိုင်ငံထဲ ၀င်ရောက်တိုက်ခိုက်မှုကို တုန့်ပြန်တဲ့ အနေနဲ့ အစ္စရေးဟာ ဂါဇာက ၂ ဒဿ ၂ သန်းသော ပါလက်စတိုင်းပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ 

အောက်တိုဘာ ၂၅ ရက်နေ့အထိ ဂါဇာမှာ သေဆုံးသူ ၇ ထောင်ကျော် ရှိလာခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ဂါဇာကို အစ္စရေးက အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ကလေးငယ်အများအပြား သေဆုံးခဲ့ပါတယ်။ 

ကုလသမဂ္ဂ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ UNICEF က ကလေးငယ်တွေအပေါ် အစ္စရေးရဲ့ သတ်ဖြတ်နေမှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

“ဂါဇာကအခြေအနေဟာ ကျွန်တော်တို့အားလုံး လက်ခံထားတဲ့ အမှန်တရားအပေါ် ကြီးမားတဲ့ အစွန်းအထင်း ဖြစ်စေခဲ့ပါပြီ။ ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရမှုနှုန်းဟာ ကြောက်စရာပါပဲ” လို့ UNICEF ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာ အဒီလီ ခိုဒါက ပြောပါတယ်။ 

စားနပ်ရိက္ခာ၊ ရေ၊ ဆေး၀ါးပစ္စည်း၊ လောင်စာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၀င်ခွင့်မပေးဘဲ အခြေအနေတွေ ဆက်လက်တင်းမာနေမယ်ဆိုရင် နေ့စဥ် သေဆုံးမှုနှုန်းဟာ ဆက်လက်မြင့်တက်လာလိမ့်မယ်လို့လည်း ခိုဒါက ထည့်သွင်းသတိပေးခဲ့ပါတယ်။ 

Ref: Aljazeera

Tags:

Comments are closed.