ဇန်န၀ါရီ ၂၊ ၂၀၂၃
M-Media

-ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်က အရပ်ဖက်နေရာ ၁၅ နေရာကို အစ္စရေးက တိုက်ခိုက်ကာ အနည်းဆုံး လူ ၂၀၀ လောက် သတ်ဖြတ်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ၃၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးရဲ့ လူသတ်ပွဲ စတင်ကတည်းက ဂါဇာမှာ အသတ်ခံရသူအရေအတွက်ဟာ ၂၂၁၈၅ ဦး ရှိလာပြီး ဒဏ်ရာ ရသူက အနည်းဆုံး ၅၇၀၀၀ ရှိနေပါတယ်။
အသတ်ခံရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။
ဟားမက်စ်ကို လက်တုန့်ပြန်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပေမယ့် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေနဲ့ ဆေးရုံတွေကို အဓိကထား တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့နဲ့ ဂျူးအစွန်းရောက်တွေက အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်း ၂၃၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။
Ref: Aljazeera
Comments