ဇန်န၀ါရီ ၁၅၊ ၂၀၂၄
M-Media
ကျွန်တော်ဟာ အစုလိုက်အပြုံလိုက် အသတ်ခံရမှု၊ ဒုက္ခသည်စခန်းတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ နိုင်ငံပျောက်ဆုံးမှု (နက္ကဘာ)ကို ကြုံတွေ့ခဲ့ရတဲ့ မျိုးဆက်ထဲက လူတစ်ယောက်ပါ။ ဒုက္ခသည်ဘ၀ရောက်ပြီး၊ နေရပ်ပြန်ခွင့်ဆုံးရှုံးရတာမျိုး ကျွန်တော့်ဘ၀မှာ နောက်တစ်ခေါက် ထပ်မြင်ရလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ဂါဇာက ပါလက်စတိုင်းပြည်သူ ၇၀ ရာခိုင်နှုန်းလောက် ဒီလိုအခြေအနေ ကြုံနေရတာကို အခု မြင်နေရပါပြီ။
ရက်ပေါင်း ၁၀၀ အတွင်း ဂါဇာက ပါလက်စတိုင်းတစ်ဦးချင်းစီတိုင်းဟာ အကြိမ်ပေါင်းများစွာ အဓမ္မမောင်းထုတ်ခံရပါတယ်။ ဘေးအန္တရာယ် ကင်းဖို့အတွက် နေအိမ်တွေကနေ၊ ကုလစစ်ရှောင်စခန်း၊ အဲဒီကနေ ဒုက္ခသည်စခန်း အဆင့်ဆင့်ပြောင်းရွှေ့ခဲ့ရတယ်။ အသက်ရှင်ရေးကြိုးပမ်းတိုင်း ပါလက်စတိုင်းတွေ အသတ်ခံရပါတယ်။ အစ္စရေးဟာ အားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာပါ။ ကလေးတွေ၊ ဆရာ၀န်တွေ၊ ဂျာနယ်လစ်တွေ၊ အင်ဂျင်နီယာတွေ၊ ကဗျာဆရာတွေ၊ ပညာရှင်တွေ၊ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ လိုအပ်တာတွေ မှန်သမျှကို သတ်ဖြတ်၊ ရှင်းလင်းခဲ့ပါတယ်။
ဂါဇာမှာ နေစရာအိမ်မရှိဘူး၊ တက်စရာကျောင်းနဲ့ တက္ကသိုလ်တွေ မရှိတော့ဘူး၊ ကုစရာ ဆေးရုံတွေ မရှိဘူး၊ ၀တ်ပြုစရာ ဗလီတွေ၊ ဘုရားကျောင်းတွေ မရှိဘူး။ စိုက်ပျိုးစရာ လယ်ယာမြေတွေ မရှိဘူး၊ မုန့်ဖုတ်ဖို့ ဖိုတွေ မရှိတော့ဘူး၊ သောက်သုံးစရာ ရေမရှိဘူး၊ ၀ယ်စရာစျေးလည်း မရှိဘူး။ အန္တရာယ်မကင်းသလို၊ အနာဂတ်လည်း မရှိတော့ပါဘူး
(ကုလဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ် မဂျစ် ဘမ်ယာ၏ ဇန်န၀ါရီ ၁၅ ရက်နေ့ မိန့်ခွန်းမှ…..)
Comments