မတ် ၃၁၊ ၂၀၂၄
M-Media

-အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း ၃ နိုင်ငံရဲ့ ပိုင်နက်တွေရှိတဲ့ ဘော်နီယိုကျွန်းမှာ ကီလိုမီတာ ၁၆၂၀ ရှည်လျားမယ့် အမြန်ရထားလမ်း စီမံကိန်းတစ်ခုကို မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
ဘရူနိုင်းအခြေစိုက် ကုမ္ပဏီ Brunergy Utama Sdn Bhd က ဒီစီမံကိန်းကို ဦးစီးမှာဖြစ်ပြီး အဆင့် ၂ ခုနဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
ပထမအဆင့်ဟာ ဘောနီယိုကျွန်းရဲ့ အရှေ့အနောက် ကမ်းရိုးတမ်းကို ဆက်သွယ်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ကလီမန်တန်ပြည်နယ် ပွန်တီယာနက်မြို့က စတင်ကာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က စီးပွားရေးအချက်အခြားဖြစ်တဲ့ ကိုတာကင်နာဘာလူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
ဒုတိယအဆင့် လမ်းပိုင်းဟာ ကျွန်းရဲ့ မြောက်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကလီမန်တန် ပြည်နယ်က အချက်အခြာကျတဲ့ ဆာမာရင်ဒါမြို့၊ အင်ဒိုနီးရှားရဲ့မြို့တော်သစ် ဖြစ်လာမယ့် နူဆန်ထရာနဲ့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်ပေးမှာပါ။
ရထားလိုင်းဟာ တစ်နာရီကို ၃၀၀ ကနေ ၃၅၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒီရထားလိုင်းစီမံကိန်းမှာ ဘူတာကြီး ၄ ခုအပါအ၀င် စုစုပေါင်း ဘူတာ ၂၈ ခု ပါ၀င်မှာ ဖြစ်ပါတယ်။
ရထားလိုင်းကို Trans Borneo Railway လို့ အမည်ပေးမှာဖြစ်ပြီး ၃ နိုင်ငံ ခရီးလမ်းအကွာအ၀ေးကို ချုံ့နိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။
Ref: The Borneo Post