6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media

(ဓာတ်ပုံ – Al-Aqsa Martyrs ဆေးရုံ တိုက်ခိုက်ခံရမှု)


ဟစ်ဇ်ဘိုလာက အစ္စရေးစစ်စခန်းကို တိုက်ခိုက်
—————-
အစ္စရေးမြောက်ပိုင်း စစ်စခန်းတစ်ခုကို ဟစ်ဇ်ဘိုလာက တနင်္ဂနွေနေ့ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သား ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၇ ဦး ရှိပါတယ်။ အစ္စရေးရဲ့ ဒုံးခွင်းစနစ်တွေကို ကျော်ဖြတ်နိုင်အောင် ဒရုန်းတွေ၊ ဒုံးကျည်တွေပါတဲ့ ရှုပ်ထွေးတဲ့စနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ပါတယ်။
ဆေးရုံနှင့် စာသင်ကျောင်းက လူသတ်ပွဲ
———
ဂါဇာမြောက်ပိုင်း Al-Aqsa Martyrs ဆေးရုံ၀န်းထဲက စစ်ရှောင်စခန်းတွေကို အစ္စရေးက မနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၄ ဦးသေဆုံးကာ ၇၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှု နောက်ဆက်တွဲ မီးလောင်မှုကြောင့် ၀န်းထဲက စစ်ရှောင်စခန်း အနည်းဆုံး ၇၀ ပျက်ဆီးခဲ့ပါတယ်။ ဂါဇာအလယ်ပိုင်း နူဆီရတ် ဒုက္ခသည်စခန်းကိုလည်း အစ္စရေးတင့်ကားတွေက တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၂၂ ဦးသေဆုံးကာ ၈၀ လောက်ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးတွင် THAAD ဒုံးခွင်းစနစ် ကန်ချထားမည်
————-
အဆင့်မြင့် THAAD ဒုံးခွင်းစနစ်ကို အစ္စရေးမှာ ချထားမယ်လို့ ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က အတည်ပြုပါတယ်။ ဒီစနစ်ကို အသုံးပြုနိုင်ဖို့ အမေရိကန်စစ်သားတွေလည်း တစ်ပါတည်း ပါ၀င်မှာ ဖြစ်ပါတယ်။ အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Comments are closed.