News @ M-Media

Author: editor

  • တောင်တွင်းကြီးတွင် လူအုပ်စုဖြင့် ဆိုင်ခန်းများ ဖျက်ဆီးမှုများပြုလုပ်

    တောင်တွင်းကြီးတွင် လူအုပ်စုဖြင့် ဆိုင်ခန်းများ ဖျက်ဆီးမှုများပြုလုပ်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media

    ယနေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း သိရပါတယ်။

    ဖျက်ဆီးခံရသည့် ဆိုင်အများစုမှာ အစ္စလာမ် ဘာသာဝင်များပိုင်ဆိုင်သည့် ဆိုင်များဖြစ်ကြပြီး အကြမ်းဖက်လူအုပ်စုမှာ ၉၆၉ သီချင်းများသီဆိုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ လူမျိုးခြားများအား သတ်ပြစ်ရန် ကြွေးကြော်သွားကြပြီး ယခုအခါ တောင်တွင်းကြီး ဗလီရှေ့သို့ရောက်ရှိနေကြောင်းသိရှိရပါတယ်။

    ဒေသခံများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသောလည်း လက်ခံစကားပြောခြင်းမရှိဘဲ ဖုန်းချသွားကြောင်း သိရပါတယ်။

  • အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်နှိမ်နှင်းရာမှာ အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

    ကြေညာချက် အပြည်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

    အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်

    ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ။ အစ္စလာမ်တရားတော်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နှစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။

    ၂။ ထိုအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ၎င်းအကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မနလေးအပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသဖြင့် လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်အောင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ် ကာကွယ်တာဆီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

    ၃။ အကြမ်းဖက်မှုကို နှိမ်နှင်းရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်အပ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

    အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)
    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်
    မြန်မာမွတ်စလင် အမျိုးသားရေးရာဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်

  • ပုံစံအသစ်နဲ့ ဝါဒဖြန့်ချိမှုတွေ သတိထားကြစေဖို့

    ပုံစံအသစ်နဲ့ ဝါဒဖြန့်ချိမှုတွေ သတိထားကြစေဖို့

    စက်တင်ဘာ ၉ ၊ ၂၀၁၇
    M-Media

    “Jayden K.Smith ဆိုတဲ့နာမည်​နဲ့ လာအပ်​ရင်​ လက်​မခံမိ​စေနဲ့။” ဆိုပြီး လူမှုကွန်ရက် Facebook ရဲ့ Messenger က တစ်ဆင့်စာသားတွေရရှိနေကြပါသလား။ သူငယ်ချင်းမိတ်ဆွေတွေက အဲ့ဒီအကောင့်ကို လက်မခံဖို့ မိတ်ဆွေအဖြစ် (friend request) လက်ခံလိုက်တာနဲ့ သင့်ကိုယ်ပိုင်အကောင့်ကို ခိုးယူသွားလိမ့်မယ်လို့ ဖြန့်ဝေနေတဲ့ သတိပေးချက်တွေဟာ တကယ်တော့ အတုအယောင်သာဖြစ်ပါတယ်။

    ဒီသတိပေးချက်ကို သင်ဖတ်ကြည့်နေတယ်ဆိုရင်တော့ သင်ဟာ အယုံလွယ်သူတစ်ယောက်မဟုတ်ဘဲ နည်းပညာနဲ့ပတ်သတ်လို့ တိုးတက်တဲ့အမြင်ရှိသူပါပဲ။

    ဒါပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာ ဒီလိမ်ညာထားတဲ့ လှိမ့်လုံး (hoax) က လူမှုကွန်ရက်သုံးစွဲသူတော်တော်များများဆီပျံ့နှံ့သွားခဲ့တယ်။

    စိတ်ကောင်းရှိတဲ့သူငယ်ချင်းတွေက မြန်မြန်အသိပေးဦးမှဆိုပြီး သူတို့ဆီရောက်လာတာနဲ့ ထပ်ဆင့်ဖြန့်ဝေရာကနေ လူမှုကွန်ရက်တစ်ခုလုံးပျံ့နှံ့သွားတာလည်းဖြစ်ပါတယ်။

    ဒီလို ဖြန့်ဝေချက်တွေဟာ ကျွန်တော်တို့ အရင်ရရှိခဲ့ဖူးတဲ့ chain letter တွေနဲ့ဆင်တူပါတယ်။ အဲ့ဒီမှာ ဒီစာကို ဘယ်နှစ်ရက်အတွင်း လူဘယ်နှစ်ယောက်ဆီကို မဖြန့်ဝေရင် သင့်ဆီကို ကံဆိုးမှုတွေရောက်လာမယ်စသဖြင့် ပြောဆိုထားတာမျိုးတွေပါဝင်ပါတယ်။
    ဒါတွေကိုရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိမိမသိတဲ့လူတွေရဲ့ friend request တွေကို လက်မခံဖို့နဲ့ မိမိရဲ့ လုံခြုံရေး (privacy) တွေ ကိုကန့်သတ်ထားသင့်ပါတယ်။ ဒီလိုဆို မိမိနဲ့မသိကျွမ်းတဲ့လူတွေရဲ့ ထောက်လှမ်းစုံစမ်းမှုကို ရှောင်ရှားနိုင်ပြီး ရာဇဝတ်မှုတွေရဲ့ သားကောင်းအဖြစ်က ကင်းလွတ်နိုင်ပါတယ်။ ဒီလိုစာသားတွေလက်ခံရရှိတဲ့အခါမှာလဲ ပြန်မတုံပြန်ဖို့၊ ထပ်ဆင့်ဖြန့်ဝေတာတွေမလုပ်ဘဲ ဖျက်ပစ်တာမျိုးလုပ်တာဟာ အကောင်းဆုံးပါပဲ။

    Ref: https://www.kaspersky.com
    မြတ်ဇော် တင်ဆက်သည်။

  • တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား

    တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား


    တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကချောင်းကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များ၏ သချိုင်္င်းတွင် အုတ်ဂူများဖောက်ကာ လက်နက်များ ဖွက်ထားသည်ဆိုသည့် သတင်းမှာ ကောလာဟလသာ ဖြစ်သည်ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

    “အစ္စလာမ် ဘာသာဝင်တွေ ဓလေ့အရ ဆယ်နှစ်ပြည့်ချိန် အလောင်းပြန်ဖော်ပြီး အရိုးကောက်တဲ့ ဓလေ့အရ လုပ်ဆောင်ကြတာပါ။ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

    ဓာတ်ပုံ-Ko Sai
    The Voice မီဒီယာမှ ဖော်ပြချက်ကို ကောက်နှုတ်ဖော်ပြပါသည်။

    http://thevoicemyanmar.com/news/11694-tnt