News @ M-Media

Author: editor

  • မီးမလောင်ဘဲ ကျန်ခဲ့သည့် မင်္ဂလာဈေး ဆိုင်ခန်းများမှ ပစ္စည်းများ မီးငြိမ်းသတ်မှု လုပ်ငန်းများ ပြီးစီးမှ ထုတ်ယူခွင့်ပေးမည်

    မီးမလောင်ဘဲ ကျန်ခဲ့သည့် မင်္ဂလာဈေး ဆိုင်ခန်းများမှ ပစ္စည်းများ မီးငြိမ်းသတ်မှု လုပ်ငန်းများ ပြီးစီးမှ ထုတ်ယူခွင့်ပေးမည်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    သူရိန်
    3f28dd221196b72687dd7a972e2e8c80b42cab82e4392f3edf3c5ab8d31d6b9c
    ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့ှ်မြို့နယ် အတွင်းရှိ အဆင်မြှင့်မင်္ဂလာဈေးဟာ ယနေ့ မနက် ၁နာရီခွဲခန့်မှာ ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

    မင်္ဂလာဈေးရဲ့ စတုတ္ထထပ်မှ စတင်လောင်ကျွမ်းခဲ့တယ်လို ပဏမ အနေသိရှိရပြီး မီးလောင်မှုပမာဏမှာ များပြားခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယခု မီးလောင်မှုဖြစ်စဉ်ကို အမြင်ဆုံး အဆင့် Level 5 အဆင့်သတ် မှတ်ခဲ့ပါတယ်။

    မီးလောင်သည့်  အထပ်မှာ ဆေးပစ္စည်းနှင့် အလှကုန် အရောင်းဆိုင်များရှိပြီး အပေါ်ဆုံးထပ်တွင် Style 1 စားသောက်ဆိုင်ခန်းရှိကြောင်း သိရှိရပါတယ်။

    မီးကို မနက် ၅နာရီမှသာ စတင်ထိန်းနိုင်ခဲ့ပြီး မီးသတ် ယာဉ် (၁၃၄) စီးနဲ့ ငြိမ်းသတ်ခဲ့တယ်လို့ သိရှိရပါတယ်။

    မီးလောင်မှုကြောင့် အရပ်သားတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ မီးလောင်မှုဖြစ်ပွားရခြင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။

    မြေညီထပ်နှင့် ပထမထပ် ၊ ဒုတိယထပ်များရှိ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ဆိုင်ရှိပစ္စည်းများကို မီးသတ်လုပ်ငန်းစဉ်ပြီးစီးပါက ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း နှင့် မီးလောင် ဆိုင်ခန်းများကို ရွှေမင်္ဂလာဈေး ကားပါကင်အတွင်း ယာယီနေရာချထားရန် လျာထားကြောင်း နေ့လည် ၁နာရီ ၁၅မိနစ်တွင် ဈေးတာဝန်ခံ တစ်ဦးက ဆိုင်ခန်းပိုင်ရှင်များကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

    ၂၀၁၀ခုနှစ် မေလ ၂၄ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စံချိန်တင် အချိန်အကြာဆုံး မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှာ ယခု ဒုတိယအကြိမ် ထပ်မံ၍ ပြင်းထန်တဲ့ မီးလောင်မှု ဖြစ်ပါတယ်။

  • နန်းကျမြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ

    နန်းကျမြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ

    20150715215734_IMG_9803-01

    နန်းကျမြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ

    ထက်ခေါင်လင်း၊ အန်ဆန်ဝါ / Myanmar Now

    ရန်ကုန် (Myanmar Now) – ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ နေတဲ့ ကိုသန်းဌေးတစ်ယောက် အလုပ်ကို ၉ နာရီထိုး အရောက်သွားရမှာဖြစ်တဲ့အတွက် အိမ်က ၆ နာရီခွဲလောက်ကတည်းက ထွက်လာပြီး လက်ဘက်ရည်ကိုတောင် အရသာခံမသောက်နိုင်ဘဲ ကားမှတ်တိုင်ကို အလျင်စလို လျှောက်နေရပါတယ်။

    ကားထဲ လှောင်ပိတ်နေတဲ့ လူတွေကြား အသက်ရှုရပ်မတတ် ဖြစ်နေရတာဟာ ရန်ကုန်မှာ ဘတ်စ်ကား အားကိုးပြီး အလုပ်ဆင်းသူ အများအပြား မနက်တိုင်း ကြုံတွေ့နေရတဲ့ ဖြစ်ရပ်ပါ။ နွေရာသီဆိုရင်တော့ ချွေးတရွှဲရွှဲနဲ့ပေါ့။ တချို့ခရီးသည်တွေဟာ အလုပ်ကိုရောက်ဖို့  ကား နှစ်ဆင့်သုံးဆင့် စီးကြရပါတယ်။ ကိုသန်းဌေးအလုပ်က ကားတစ်ဆင့်နဲ့ ရောက်ပေမယ့် သူက အဲဒီတစ်ဆင့်ကို တမေ့တမော  စီးရသူပါ။

    “အိမ်ပြန်ရောက်ချိန်က ည ၁ဝ နာရီမှ။ အနားယူချိန် သီးသန့်မရှိပါဘူးဗျာ၊ ကားပေါ်မှာပဲ အချိန်တွေ ကုန်နေပါတယ်” လို့ ကိုသန်းဌေးက ဆိုပါတယ်။

    တောင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်မှာ နေထိုင်တဲ့  မကေသီထွန်းက  ရန်ကုန်မြို့လယ် ဖက်ရှင်ဆိုင်တစ်ခုမှာ လုပ်ကိုင်နေပါတယ်။  အလုပ်နောက်ကျရင် ဒဏ်ရိုက်ခံရမှာဖြစ်တဲ့အတွက် ၉ နာရီ မတိုင်ခင် အလုပ်ကို ရောက်ဖို့ ကြိုးစားရသူပါ။

    “ဆိုင်ဖွင့်ချိန်ကို အမီလာဖို့ဆို အနည်းဆုံး   ၂ နာရီလောက်ကို ကြိုထွက်ရတယ်။ အဲဒီလိုမှ မထွက်ရင် ဆိုင်ဖွင့်အမီ မရောက်တော့ ကျွန်မတို့ လခထဲက  ပြန်အဖြတ်ခံရတယ်” လို့ သူက ရှင်းပြပါတယ်။

    မကေသီထွန်း၊ ကိုသန်းဌေးတို့ဟာ ခေတ်နောက်ကျနေတဲ့ ပို့ဆောင်ရေးစနစ်ကြောင့်   ကိုယ်ပိုင်အားလပ်ချိန်တွေ  ဆုံးရှုံး၊ ကျန်းမာရေးနဲ့ ဝင်ငွေ ထိခိုက်လာကြတဲ့ ရန်ကုန်သူ ရန်ကုန်သား သန်းဂဏန်းအရေအတွက်ထဲက နှစ်ယောက်ပါ။
    စင်္ကာပူလိုမျိုး ဒေသတွင်း မြို့တော်ကြီးတွေမှာ တွေ့ရတဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အကောင်အထည်မဖော်ပေးနိုင်သရွေ့တော့ ရန်ကုန်မြို့တွင်း ခရီးသွားတွေဟာ လူအဆမတန်ပြည့်နေတဲ့ ဘတ်စ်ကားတွေကိုပဲ အားကိုးနေရမှာဖြစ်ပါတယ်။

    နန်းကျမြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး
    ————————————
    ရန်ကုန်ဟာ မြန်မာပြည်ရဲ့မြို့တော်ဖြစ်ခဲ့စဉ်က ဦးစားပေးအခံရဆုံး မြို့ကြီးပါ။ သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်က မြို့တော်သစ်ရှိရာ နေပြည်တော်ကို ဝန်ကြီးဌာနတွေ ပြောင်းရွှေ့သွားချိန်ကစပြီး ရန်ကုန်ဟာ အစိုးရရဲ့ ပထမဦးစားပေးမြို့ကြီး မဟုတ်တော့ပါဘူး။

    အစိုးရက မော်တော်ကားဈေးနှုန်းတွေ ကျဆင်းသွားအောင် မူဝါဒတွေ ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် မြန်မာပြည်မှာ ကားဝယ်စီးနိုင်သူ အများအပြား ပေါ်လာပါတယ်။ အခုဆိုရင် မြို့တော်ဟောင်း ရန်ကုန်မှာ  ကားပေါင်းစုံ ၅ သိန်းကျော် ရှိနေပါပြီ။
    အရပ်သားအစိုးရသစ်ရဲ့ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကြာ ကာလအတွင်း  ရန်ကုန်ရဲ့ မော်တော်ယာဉ်    အရေအတွက်   နှစ်ဆခွဲနီးပါး တိုးမြင့်လာခြင်းဟာ ကားလမ်းပိတ်ဆို့မှုရဲ့  အဓိကအကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ဦးကျော်စိုးက ဒီဇင်ဘာ လဆန်းပိုင်း   သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ရန်ကုန်ရဲ့ ကားလမ်းပိတ်ဆို့မှုပြဿနာ ပေါ်ပေါက်လာခြင်းနဲ့ ပတ်သက်ပြီး ဦးကျော်စိုးက အစိုးရရဲ့ မော်တော်ယာဉ်မူဝါဒကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

    “အားလုံးအဆင်သင့် မဖြစ်သေးခင်မှာ မူဝါဒအသစ်တွေ ချမှတ်လိုက်တဲ့ အကျိုးဆက်လို့ ဆိုလို့တော့ မရပါဘူး။ ကျနော်တို့ ရန်ကုန်ပဲဖြစ်တာလေ၊ မြန်မာတနိုင်ငံလုံး ဖြစ်တာမှ မဟုတ်တာ” လို့ ဦးကျော်စိုးက ပြောပါတယ်။

    ကားအရေအတွက် ပေါက်ကွဲသွားတဲ့ နန်းကျမြို့တော်ရန်ကုန်ရဲ့ ရုံးတက်၊ ရုံးဆင်းချိန်နဲ့ နေ့ခင်းဘက်မှာ လမ်းတွေပေါ် ကားပိတ်နေတတ်ပြီး ညဘက်ရောက်မှပဲ ကားနဲ့သွားလာသူတွေ အဆင်ပြေကြပါတယ်။

    လုပ်သက် ၁ဝ နှစ်ကျော်ပြီဖြစ်တဲ့ အငှားယာဉ်မောင်း ကိုဇော်မင်းက ကားလမ်းပိတ်ဆို့မှုကြောင့် ဝင်ငွေ ထိခိုက်တယ်လို့ ပြောပြတယ်။

    “မိနစ် ၂ဝ လောက်ပဲ သွားရမယ့်ခရီးကို အခုက ၂ နာရီ လောက်အချိန်ပေးသွားနေရတာ၊ နေ့ဘက်ကား မောင်းတာကိုတောင် တော်တော်လေး စိတ်ကုန်နေပြီ” လို့ ကိုဇော်မင်းက ရှင်းပြပါတယ်။

    နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ
    ————————————-
    ခရီးသည်ပြည့်နေတဲ့ ဘတ်စ်ကားအတွင်း ရှူရတဲ့ လေထဲမှာ အောက်ဆီဂျင် နည်းပါးမှု၊ စိတ်ဖိစီးမှု၊ ကားမီးခိုး၊ ကားထဲကလူတွေရဲ့ ချွေးနံ့၊ ယာဉ်မောင်းတချို့ရဲ့ ဆေးလိပ်ငွေ့၊ ကားအတွင်းပိုင်း သန့်ရှင်းမှုမရှိလို့ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ခရီးသွားတွေရဲ့ ကျန်းမာရေး   ထိခိုက်စေကြောင်း  ရန်ကုန်က အတိုင်ပင်ခံ ဆရာဝန်တစ်ဦးဖြစ်တဲ့  ဒေါက်တာအောင်စိုးဝင်းက ပြောပါတယ်။

    “တချို့အမျိုးသမီးတွေဟာ ခရီးသည်တင်လိုင်းကားတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရမလားဆိုတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိလာတယ်” လို့ ဒေါက်တာအောင်စိုးဝင်းက ပြောပါတယ်။

    ကားထဲမှာပဲ အချိန်ကုန်ရတဲ့အတွက် ဆီးချုပ်ဝမ်းချုပ်ဖြစ်နိုင်ချေရှိတယ်၊ တက်သုတ်ရိုက် သွားရသူအများအပြားက  အသင့်စား ဆီကြော် အစားအစာတွေကို ပိုမို အားကိုးလာရတာကလည်း ကျန်းမာရေး ထိခိုက်စေတဲ့ အကြောင်းအရာတွေပဲလို့ သူက ဆိုပါတယ်။
    မော်တော်ယာဉ်တွေများတဲ့ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့်၂ဝဝဝ ပြည့်နှစ်အတွင်း ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ပြသခဲ့ကြရသူပေါင်း ၈ဝ၅,၆၂၅ ဦး ရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်ရဲ့ သုတေသနစာတမ်းတစ်ခုမှာ ရေးထားပါတယ်၊ အဲဒီထဲကမှ သေဆုံးသူ ၁,၆၈၃ ဦး ရှိပါတယ်။

    ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်းတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

    အမှတ်  ၃၉ ယာဉ်လိုင်းရဲ့ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်က ကားလမ်းပိတ်တာ ကြာမြင့်လာတဲ့အခါ သူတို့တွေ  စိတ်တိုလွယ်လာတယ်၊    စိတ်ဖိစီးမှုလည်း တိုးလာတယ်လို့ ပြောပါတယ်။

    နိုင်ငံတကာမှာ ဘယ်လိုဖြေရှင်းနေလဲ
    ———————————-
    ဒေသတွင်းနိုင်ငံ မြို့ကြီးတွေမှာလည်း  လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ကြပေမယ့် ကောင်းကင်ရထား၊ မြေအောက်အမြန်ရထား၊ ဆိုင်ကယ်၊ ကားမသွားရလမ်း၊ ခရီးသည်တင်ယာဉ်သီးသန့်လမ်း စသဖြင့် နည်းလမ်းမျိုးစုံသုံးပြီး ဖြေရှင်းခဲ့ကြပါတယ်။

    ဘန်ကောက်မှာ   အငှား ဆိုင်ကယ်ပြေးဆွဲလုပ်ကိုင်ခွင့် ပေးထားတာဟာ ကားပိတ်ဆို့မှု လျော့ကျစေတဲ့ နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။ မြေအောက်ရထား၊ မိုးပျံရထားတွေ ပြေးဆွဲတဲ့အတွက်   ဘန်ကောက်ဟာ ၁၉၉ဝ အလွန်နှစ်တွေကလို   ကားပိတ်ဆို့မှု အလွန်အကျွံ မဖြစ်တော့ပါဘူး။

    အင်ဒိုနီးရှားရဲ့ ဂျကာတာမြို့မှာတော့   မြို့တွင်းသွား မီးရထားတွေကို စနစ်တကျနဲ့ တိုးမြှင့် လုပ်ဆောင်ဖို့ စီမံကိန်းတွေချမှတ်ပြီး  မိုးပျံရထား ပြေးဆွဲနိုင်အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။  ဆိုင်ကယ် စီးနင်းဖို့  စနစ်တကျ ခွင့်ပြုပေးခဲ့ပြီး အလုပ်လုပ်ကိုင်ကြသူတွေ၊ ကျောင်းသားတွေ  တော်တော်လေး အဆင်ပြေစေခဲ့တယ်လို့ သိရပါတယ်။

    ရန်ကုန်စည်ပင်သာယာရေးကော်မတီကတော့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ အကူအညီနဲ့  ခရီးသည်တင်ကားတွေအတွက် သီးသန့်လမ်း၊   ကင်မရာတပ်ဆင်ထားတဲ့ ခေတ်မီမီးပွိုင့်များ ဆောက်လုပ်ရေး၊  ရန်ကုန်မြို့ပတ် မီးရထားလမ်း  အဆင့်မြှင့်တင်ရေးတို့ကို စီမံနေကြောင်း သိရပါတယ်။

    ရေရှည်အဆင်ပြေစေဖို့ကတော့ လုပ်ဆောင်စရာ အများအပြားကျန်နေသေးတယ်လို့ JICA   အကြီးတန်းကိုယ်စားလှယ် စန်ဂျိုအာခီဟီထိုက ဆိုပါတယ်။

    “ကျွန်တော်တို့ စည်ပင်ကို တင်ပြထားတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် မဟာစီမံကိန်းမှာ ခရီးသည်တင်ကားတွေအတွက် သီးသန့်လမ်းစနစ်က ကောင်းပေမယ့် ရေတိုအတွက်ပဲ အဆင်ပြေမှာ” လို့ သူက ပြောပါတယ်။

    ခုံးကျော်တံတားကုထုံး
    —————————
    ကားပိတ်ဆို့မှုရဲ့ အဓိကအကြောင်းရင်း နှစ်ခုကတော့  စည်းကမ်းမဲ့မောင်းနှင်မှု၊ ရန်ကုန်မြို့တွင်းလမ်းများမှာ ကားတွေ ပြည့်နှက်နေမှုတို့ ဖြစ်တယ်လို့  ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးဝင်းနိုင်က ပြောပါတယ်။

    ရန်ကုန်မြို့က အထင်ကရ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးကလည်း အလားတူ မှတ်ချက်ပေးပါတယ် – မြို့ပြကြီးရဲ့ အင်္ဂါရပ်နဲ့ မညီခြင်း၊  ယာဉ်မောင်း သူတွေ စည်းကမ်းမရှိခြင်းလို့ သူက ဆိုပါတယ်။

    ဒီအခြေအနေမှာပဲ ရန်ကုန်ရဲ့ လမ်းဆုံတချို့မှာ  ခုံးကျော်တံတားကြီးတွေ တည်ဆောက်နေတာ တွေ့ရမှာပါ။  ခုံးကျော်တံတားများ ဆောက်လုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုအများအပြား ခံနေရပေမယ့်  တိုင်းအစိုးရအဖွဲ့ဝင် ဦးကျော်စိုးကတော့ ဒီအစီအစဉ်ကို  ကာကွယ်ပြောဆိုပါတယ်။

    “ခုံးကျော်တံတား ဆောက်လိုက်လို့ ကားကျပ်မှုတွေ ပျောက်သွားပြီလားဆိုရင်တော့ အတိုင်းအတာ တစ်ခုထိတော့ ပြေလျော့သွားတယ်လို့ ဆိုရမယ်။ အရင်ကလည်း ကျပ်တယ်၊ အခု ကားအစီးရေ မြင့်တက်လာမှုကြောင့် ပိုကျပ်လာမှာကို မြင်လို့ အခုလို ဆောက်ရတာ” လို့ ဦးကျော်စိုးက ဆိုပါတယ်။

    ဒေါက်တာမြတ်ဉာဏစိုးကတော့  ဒီအစီအစဉ်ကို သဘောမကျပါဘူး။

    “ခုံးကျော်ကို   လမ်းတစ်လျှောက်လုံးကို လုပ်ရမှာ။ ရန်ကုန်မြို့ရဲ့ တောင်နဲ့မြောက်တစ်တန်းလုံး၊ အရှေ့နဲ့အနောက် တစ်တန်းလုံးနဲ့ကို အဲဒီလိုလမ်းမျိုး ၄ လမ်းလောက်ကို လိုအပ်တာ” လို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

    မြို့ဟောင်းမြို့ကွက်အနေအထားနဲ့ ဆိုရင် လမ်းပိတ်ဆို့မှုကို ဖြေရှင်းဖို့ ခက်ခဲနေဦးမယ်၊ မြို့သစ် တိုးချဲ့ တည်ဆောက်ဖို့ လိုအပ်မယ်လို့  ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြအင်ဂျင်နီယာဌာနက ဦးမြတ်ကိုကိုက သုံးသပ်ပါတယ်။

    ရန်ကုန်မှာ ယခင်အစိုးရ အဆက်ဆက်က ဆောက်လုပ်ခဲ့ကြတဲ့ အထပ်မြင့်တိုက်ခန်းများမှာ ကားရပ်နားဖို့ နေရာ မပါဝင်ခြင်းကလည်း    ကားလမ်းပိတ်ဆို့ရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့   သူက ဆက်ပြောပါတယ်။

    “မြို့နယ်တိုင်းလိုလို ကားရပ်နားဖို့ သီးသန့် လုပ်ထားတဲ့ အဆောက်အဦတွေ လိုအပ်ပါတယ်။ ဒါမှလည်း ကားတွေကို ရပ်နားဖို့ နေရာရမှာ။ မြို့တွင်း ၆ မြို့နယ်မှာတော့ အဲဒီလို အဆောက်အဦတွေ ဖြစ်လာဖို့က မြေနေရာမရှိတော့သလိုဖြစ်နေတယ်”  လို့ ဦးမြတ်ကိုကိုက ပြောလိုက်ပါတယ်။     ။

  • ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ဇန်နဝါရီ ၃ ၊ ၂၀၁၆
    M-Media

    Independence-Monument
    ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)
    ===========================
    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/22435
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    ==============================
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22457

    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    =============================
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    .
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/9603

    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    ===========================
    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”
    .
    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။
    .
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/9617

    (ယခင်ဆောင်းပါးဟောင်းများ စုစည်းမှု)

  • ကာတွန်းဆရာကြီး ရွှေတလေးကို အစပြုသည့် မြန်မာကာတွန်း နှစ်(၁၀၀) ပြည့်

    ကာတွန်းဆရာကြီး ရွှေတလေးကို အစပြုသည့် မြန်မာကာတွန်း နှစ်(၁၀၀) ပြည့်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media
    သတင်း-ဓါတ်ပုံ- ဖြူလေး
    .myanmar Cartoon 100
    ရန်ကုန်။ ။ မြန်မာ့ကာတွန်း လောကတွင် ပထမဆုံး ကာတွန်းဆရာကြီးတစ်ဦးဖြစ်သော ဆရာကြီး ရွှေတလေး(ခ) ဦးဘကလေး ၏ ၁၉၁၅ခုနှစ် ကောလိပ်မဂ္ဂဇင်းတွင် ပါရှိသော ကာတွန်းမှအစပြု၍ ၂၀၁၅ ခုနှစ်အထိ မြန်မာကာတွန်းများ၏သက်တမ်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ Myanmar Convention Center တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့တွင် ပြုလုပ်ကျင်းပလျက်ရှိပါတယ်။
    .
    မြန်မာ့ကာတွန်းလောကတွင် ပထမဆုံး ကာတွန်းဆရာအဖြစ် သတ်မှတ်ထားခြင်း ခံရသူမှာ ဆရာကြီး ရွှေတလေးပင် ဖြစ်ပါတယ်။ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး ကာတွန်းများ ရေးဆွဲခဲ့ပြီး ဦးရွှေရိုးဆိုသည့် ပျော်ပျော်နေသေခဲ ဇာတ်ရုပ်ဖြင့် ရွှေရိုးအကကို မြန်မာ့ရုပ်ရှင်နှင့် မြန်မာ့ဇာတ်သဘင်လောကတွင် ဖန်တီးတီထွင်ပြီး ကိုယ်တိုင် သရုပ်ဆောင် ကပြခဲ့သူတစ်ဦးပင် ဖြစ်ပါတယ်။
    .
    “နှစ် ၁၀၀ ပြည့်ဆိုတာ ကြုံတောင့်ကြုံခဲပါပဲ။ ဆရာကြီး ဦးရွှေတလေး ကနေစပြီး ဖြတ်သန်းလာတဲ့ ကာတွန်းဆရာကြီးတွေဟာ ပြည့်သူ့ဘက်တော်သားတွေပါပဲ။ ဆရာကြီးတွေရဲ့ ကာတွန်းတွေက တကယ်ကို အရသာရှိပြီး တကယ်ကို လိုအပ်နေတာတွေကို ဖော်ပြတဲ့ ကာတွန်းတွေပဲ ဖြစ်တယ်” လို့ ကာတွန်းနှစ် (၁၀၀) ပြည့်ပွဲတော်ကို လာရောက်သူ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝက ပြောပါတယ်။
    .
    အဆိုပါ ကာတွန်းပြပွဲတွင် ကွယ်လွန်သွားကြပြီဖြစ်သော ကာတွန်းဆရာကြီးများ၏ ဓာတ်ပုံများအပါအဝင် ခေတ်အဆက်ဆက် ကာကွန်ဆရာများ၏ ကိုယ်ပိုင်ဖန်တီးမှုလက်ရာများ၊ ယနေ့ခေတ် အဖြစ်အပျက်များကို ထင်သာမြင်သာရှိစေသော ကာတွန်းများကို ပြသချိတ်ဆွဲထားသည်။
    .
    “မြန်မာနိုင်ငံရဲ့ ကာတွန်းလောကက နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မတိုးဖောက်နိုင်သေးပါဘူး။ ကြိုးစားဆဲပါ။ နောက်မျိုးဆက်သစ်တွေ မွေးထုတ် လမ်းညွှန်နိုင်ပြီး စာများများဖတ် နိုင်ငံတကာ အတွေ့အကြုံရှိအောင် ကျွန်တော်တို့ လေ့ကျင့်သင်ကြားပေးဖို့ လိုနေပါသေးတယ်။ ကျွန်တောတို့ရဲ့ အရင်က ကာတွန်းဆရာကြီးတွေ ကျွန်တော်တို့ကို သင်ပေးခဲ့သလို မျိုးဆက်သစ်တွေကိုလည်း ကျွန်တော်တို့က ပြန်သင်ပေးဖို့ အဆင်သင့်ပါပဲ” လို့ လက်ရှိမြန်မာနိုင်ငံရဲ့ ကာတွန်းလောက အခြေအနေနှင့် ပတ်သတ်ပြီး ကာတွန်းဆရာ ရွှေထူးက ပြောဆိုခဲ့ပါတယ်။
    .
    နှစ်ရက်တာ ကျင်းပနေသော ကာတွန်းနှစ် (၁၀၀) ပြည့်ပွဲတော်တွင် ကာတွန်းများအပြင် နာမည်ကျော် ကာတွန်းဇာတ်လိုက်ကျော်များနှင့် ဓာတ်ပုံများရိုက်ကူးခြင်း၊ ကလေးငယ်များအတွက် ပုံများရေးဆွဲခြင်း၊ အနုပညာရှင်များ၏ ပျော်စရာ ရုပ်ပြောင်ရုပ်များကို ရယူခြင်းနှင့် အခြားစိတ်ပန်းဖြေစရာများကိုပါ ထည့်သွင်းကျင်းပလျှက် ရှိပါတယ်။

     

    More Photo =>https://www.facebook.com/media/set/?set=a.997693806939756.1073742279.468226919886450&type=3

    ဆက်စပ် ဆောင်းပါးများဖတ်ရန်
    ——————————
    တက္ကသိုလ်မှ ကာတွန်း သင်ခန်းစာ တပုဒ် (ကာတွန်း ဦးဟိန်းစွန်း)
    http://www.m-mediagroup.com/news/9973

    ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး ဖတ်ရန်။

    ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး

  • မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အခမ်းအနား စစ်ကိုင်း တွင် ပထမအကြိမ် ကျင်းပ

    မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အခမ်းအနား စစ်ကိုင်း တွင် ပထမအကြိမ် ကျင်းပ

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media
    သတင်း- လှိုင်းသစ်(CJ)
    1620616_1166968013316904_8643132397604857750_n
    မဟာတမန်တော်မွေးနေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အခမ်းအနားတစ်ရပ်အား စစ်ကိုင်းမြို့ ရွှေဟင်္သာ ခန်းမတွင် ၂၈ရက်၊ ၁၂လ၊ ၂၀၁၉ ခုနှစ် ည ဂနာရီမှ ၁၀နာရီခွဲအထိ ပထမအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဦးစိန်ဝင်းအောင်မှ ပေးပို့တဲ့ သဝဏ်လွှာကို စစ်ကိုင်းတိုင်းဒေသကြိး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ တိုင်းအတွင်းရေးမှုး ဦးတင်ဝင်မှ ဖတ်ကြားခဲ့ပါသည်။

    IBEC ဗုဒ္ဓဘာသာ ပညာရေးစင်တာ ကျောင်းအုပ် နာယကဆရာတော် ဦးသောဘိတ၊ သီတဂူဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခ ဆရာတော်၊ အင်္ဂလိကန်သာသနာ သာသနာပိုင် သိက္ခာတော်ရဆရာတော် David ဦးညီညီနိုင်၊ မန္တလေး ခရစ်သျှဏ ဘာသဝနာအသင်း ဥက္ကဋ္ဌ ဆရာတော် ရာမစန္ဒြ၊ အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံမှ အလ်ဟာဂ်ျဆရာဦးစိန်ဋ္ဌေးတို့ အမှူးပြုသော စစ်ကိုင်း မန္တလေး မုံရွာ စသည့်ဒေသများမှ ဘာသာပေါင်းစုံ ဧည့်သည်တော်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ဆရာတော် ဦးသောဘိတက ငြိမ်းချမ်းရေး သြဝါဒစကား မြွက်ကြားရာတွင် Globalization ကမ္ဘာ့ခေတ်ကြီးတွင် Localization ကိုယ့်ဒေသ၏အခြေအနေကို လူတိုင်းသိနားလည်ကြသော Globalization ၏ အရေးပါပုံနှင့် ပြည်တွင်းရှိ မည်သည့်ဘာသာ သာသနာကို ကိုးကွယ်သူမဆိုသည် မြစ်များမှ ခွဲဖြာစီးဆင်းကြသော မြစ်ခွဲများပမာ ညီနော်ငများပင်ဖြစ်ကြောင်း၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး လက်တွဲကာ အတူယှဉ်တွဲနေနိုင်ကြရမည်ဖြစ်ကြောင်း၊ IBEC ကျောင်းအနေနှင့်လည်း စံပြအဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း စသည်တို့ကို ရင်းနှီးနွေးထွေးစွာ မြွက်ကြားပါသည်။

    ခရစ်ယာန်သာသနာမှ သိက္ခာတော်ရဆရာတော် David ဦးညီညီနိုင်ကလည်း နံနက် အိပ်ယာထသည်မှစကာ ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးဖိတ်ခေါ်သံ မေတ္တာပို့ဆုတောင်းသံတို့ဖြင့် နေ့တစ်နေ့ကို စတင်ရသည်မှာ မင်္ဂလာရှိလှပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် မေတ္တာကို မိမိတို့က အလိုရှိလျင် ထိုအရာတို့ကို ဝေမျှသူတို့အဖြစ် မိမိတို့ ရပ်တည်ရန် လိုကြောင်း၊ ဘာသာတရားတိုင်းသည် ကောင်းရာကိုသာ သွန်သင်ပြီး ဘာသာတရားတို့သည် ပြဿနာမဟုတ်၊ ဘာသာဝင်တို့က မိမိတို့ဘာသာတရားများ၏ သွန်သင်ချက်ကို မလိုက်နာကြခြင်းက ပြဿနာဖြစ်ကြောင်း စသည်တို့ကို လက်တွေ့ ဥပမာများဖြင့် မိန့်ကြားသွားပါသည်။
    10487481_1166969106650128_899703085168590548_n
    ထို့နောက် ဟိန္ဒူဘာသာကိုယ်စားပြု ဆရာတော် ရာမစန္ဒြကလည်း ဘာသာတရားအသီးသီး၏ အခြေခံများသည် ငြိမ်းချမ်းရေးသာဖြစ်ကြောင်းနှင့် ဟိန္ဒူဘာသာတရားက ညွှန်ပြထားသော ငြိမ်းချမ်းရေးလမ်းညွှန်များကို သွန်သင်ဝေမျှပေးသွားပါသည်။

    အစ္စလာမ်သာသနာကိုယ်စားပြု အလ်ဟာဂ်ျဆရာဦးစိန်ဋ္ဌေးက လူသားတိုင်း လိုလားတောင့်တနေကြသောငြိမ်းချမ်းခြင်းအား သစ်ပင်တစ်ပင်နှင့် နှိုင်းယှဉ်ကာ ငြိမ်းချမ်းရေး မျိုးစေ့မှန်အား အပင်သန်စေရန် တရားမျှတခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စသည့် မြေဆီလွှာပေါ်တွင် ရေလောင်း ပေါင်းသင်ကြရန်လိုကြောင်း ဥပမာ ညွှန်းဆိုကာ အစ္စလာမ်ကသွန်သင်သည့်ငြိမ်းချမ်းရေးတရားများ ဘာသာပေါင်းစုံချစ်ကြည်ရေးတရားများ ပြောကြားခဲ့ပါသည်။

    အခမ်းအနားတွင် တမန်တော်မြတ်အား ချီးကျူးသည့် ဓမ္မတေးကဗျာ ရွတ်ဆိုခြင်း၊ နှစ်ခြင်း ခရစ်ယာန်အသင်းမှ ငြိမ်းချမ်းရေး ဓမ္မတေးသီကျူးခြင်း စသည့် စီအစဉ်များလည်း ပါဝင်ခဲ့သည်။