News @ M-Media

Author: editor

  • စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း

    စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း

    M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
    M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှုအဖြစ် တယ်လီဖုန်း ငွေဖြည့်ကဒ်များ လက်ဆောင်ပေးအပ်မည့် အစီအစဉ်တရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။
     
    အစီစဉ်မှာပါဝင်သည့်အတိုင်း စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ပြီး ၄င်းတို့ အနက်မှာ ကံထူးသူ (၂၀)ဦးအား Computer Program ဖြင့် Random ရွေးချယ်ခဲ့ပါတယ်။
     
    ဆုရရှိသူ (၂၀)ဦး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    1 Md Abdullah
    2 လူဆိုး လူဆိုး
    3 Mingalar House
    4 Naing Wynn
    5 Shahidar Su Mon
    6 Ko Bobo
    7 နေ ရထား
    8 Shine Khant Zin
    9 Khinmaung Gyi
    10 Zaw Ko Tun
    11 Kyawmyinttun Tun
    12 Mariah Aktar
    13 တွတ် တွတ်
    14 Myat Myat Htwe
    15 Linkhit Deno
    16 Maung Maung
    17 Aleaxandar Sain
    18 Royal Tin Myint
    19 Najmul Husaini
    20 Nyein Chan Aung
     
    စာရင်းမှာ ပါဝင်သူများ အသုံးပြုသည့် ဆင်းကဒ်အမျိုးအစားကို ဆက်သွယ်မေးမြန်းပြီး ငွေဖြည့်ကဒ် (၅၀၀၀) တန်ကို M-Media မှ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ပါတယ်။
     
    (နာမည်စာရင်းမှာ ပါဝင်သူများ အနေဖြင့်လည်း Message box မှ တဆင့် မိမိတို့ အသုံးပြုတဲ့ ဆင်းကဒ်အမျိုးအစားကို ပြောကြားပေးနိုင်ပါတယ်။)
     
    ယခု အစီအစဉ်မှာ ပါဝင်ခဲ့ပေးခဲ့ကြသူများနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
  • “ယာဉ်ကြောပိတ်ဆို့၊ လိပ်လိုသွားနေရခြင်းမှ ကင်းဝေးရအောင်”

    “ယာဉ်ကြောပိတ်ဆို့၊ လိပ်လိုသွားနေရခြင်းမှ ကင်းဝေးရအောင်”

    လှည်းတန်း မှ ယာဉ်ကြောပိတ်ဆို့မှု Photo: Aung Myin Ye Zaw / The Myanmar Times

    မဟာရန်ကုန်မြို့ရဲ့လူဦးရေမှာ ၇သန်းကျော်လောက်ရှိကြောင်းစာရေးသူဖတ်ဖူးပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်မှ ပြည်သူလူထုအများစုသည် ရုံးဆင်း၊ရုံးတက်၊ ကျောင်းကြို၊ ကျောင်းပို့၊ ဈေးရောင်း၊ ဈေးဝယ် အသက်မွေးဝမ်းကြောင်းမှု့ပြုရန် နေ့တဓူဝ ကိုယ်ပိုင်ကားများဖြင့် လည်းကောင်း၊ အငှားယာဉ်များဖြင့်လည်းကောင်း၊ လိုင်းကားများ(ယခု YBS ယာဉ်လိုင်းများ) ဖြင့် လည်းကောင်း၊ မီးရထားများဖြင့်လည်းကောင်း၊ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း မြစ်ကူးရန်အတွက် လှေ၊ သင်္ဘောများဖြင့်လည်းကောင်း မဖြစ်မနေ သွားလာလှုပ်ရှားနေရပါသည်။

    တစ်နေ့ ရုံးဆင်းချိန် မိုးသည်းထန်စွာရွာသဖြင့် YBS အမှတ် ၇ ယာဉ်လိုင်းမှာလည်း အလွန် ကြပ်သဖြင့် အိမ်အပြန်စောရောက်ချင်တဲ့ အတွက် အငှားယာဉ် Taxi တစ်စီးကို ပန်းဆိုးတန်းထိပ်မှ သင်္ဃန်းကျွန်းသို့ ၃၅၀၀ကျပ်ပေးကာစီးခဲ့ရပါသည်။ အငှားယာဉ်မောင်းသည် အပြောကောင်း၊ သဘောကောင်း၊ စာပေဗဟုသုတ နှံ့စပ်သူတစ်ဦးဖြစ်သည့်အပြင် ရန်ကုန်မြို့မှာမွေး၊ ရန်ကုန်မြို့လယ်မှာ ကြီးပြင်းခဲ့သူ အသက်၁၆နှစ်သားမှ ယခုအသက် ၆၈နှစ်အထိ ယာဉ်မောင်း အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါသည်။ မဟာရန်ကုန်မြို့၏ ယာဉ်သွားယာဉ်လာထူထပ်၍ ခရီးသွားပြည်သူလူထုများ ကားပေါ်အချိန်ကုန်ကာ စိတ်ပမ်း၊လူပမ်းဖြစ်ရပုံတို့ကို စကားစမြည် ပြော ဆိုဆွေးနွေးဖြစ်ခဲ့ပါသည်။ ဒါကြောင့် ဗဟုသုတအကြံဥာဏ်များ သူ့ထံမှ အမြောက်အမြားရရှိခဲ့ပါ သည်။ ထို့ကြောင့်လည်း စာဖတ်ပရိသတ်ကြီးနှင့်တကွ ရန်ကုန်တိုင်းဒေသကြီး တာဝန်ရှိသူတွေကို စာရေးသူတစ်ယောက်အနေနဲ့ ခရီးသွားပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသောပြဿနာ အချို့ကို မိမိတတ်စွမ်းသလောက် ကူညီဖြေရှင်းပေးလိုစိတ်များ ဖြစ်ပေါ်မိ၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် ယာဉ်များကို ညာဖက်(လက်ယာရစ်ဘက်) မောင်းစနစ်ဖြင့် မောင်နှင်ခွင့် ပြုထားပါသည်။ ဘယ်ဖက်(လက်ဝဲရစ်ဘက်) မောင်းနှင်ခဲ့ပါက ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူး လွန်ရာရောက်သဖြင့် ယာဉ်ထိန်းရဲက အရေးယူလိမ့်မည် ဖြစ်ပါသည်။ လမ်းပြောင်းပြန်မောင်းသည့် သဘောဖြစ်သွား၍ ဖြစ်ပါသည်။

    အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံအများစုတွင် လက်ဝဲရစ်မောင်း စနစ်ကို ယနေ့တိုင်ကျင့်သုံးနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ထိုလက်ဝဲဖက်ယာဉ်ကြောမှ မောင်းနှင်သည့်စနစ်ရှိခဲ့ဖူးပါသည်။ ၁၉၇၀ခု ဝန်းကျင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် Left side ယာဉ်ကြောမှ မောင်းနှင်နေသည့်စနစ်မှ Right side ညာဖက်ယာဉ်ကြောမှ မောင်းနှင် သည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ယာဉ်မောင်းအဖိုးအိုတစ်ဥိးက စာရေးသူအား ရှင်းပြခဲ့ ဖူးပါသည်။

    အမေရိကန်နိုင်ငံပြီးလျှင် ဂျပန်နိုင်ငံသည် ကားထုတ်လုပ်ရာတွင် စံချိန်တင်သော နိုင်ငံဖြစ်ပါ သည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထုတ်ကားများကို ယနေ့တိုင်မှာယူ တင်သွင်း အသုံးပြုနေရသော နိုင်ငံဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအများစုသို့ ကားတင်ပို့ရာတွင် steering (စတီရာတိုင်)အား ကား၏ညာဖက်တွင်ထားကာ တတ်ဆင်ထုတ်လုပ်ပြီး လက်ဝဲရစ်ယာဉ်ကြော မောင်းစနစ်နှင့် အံ့ဝင်ခွင်ကျ ဖြစ်အောင် ထုတ်လုပ်လျက်ရှိပါသည်။ လက်ဝဲရစ်ယာဉ်ကြောမှ မောင်း နှင်နေစဉ်တွင် steering မောင်တံသည် ယာဉ်မောင်း၏ ညာဖက်အခြမ်းတွင် ရှိသဖြင့် ရှေ့ကားကို မြင်နေရသောကြောင့် ကျော်တက်သင့်၊ မသင့် ချင့်ချိန်နိုင်ပါသည်။ သို့သော် ယခင်က တင်သွင်းခဲ့ သော ယာဉ်များသည် လက်ဝဲရစ်မောင်းယာဉ်ကြောစနစ်အတွက် အဆင်ပြေစေရန် ရည်ရွယ်ထုတ် လုပ်ထားသဖြင့် လက်ယာဘက်မောင်း၊ ယာဉ်ကြောများတွင် မောင်းနှင်ရသောအခါ ၂လမ်းမောင်း သွားလမ်းများတွင် ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်သောအခါ မျက်နှာချင်းဆိုင်မှ မောင်းလာ သောယာဉ်အား တိုက်မိပြီး မတော်တဆ Car Accident များနေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။ ယာဉ်မောင်းနေရသည့်ဘက်နှင့် စတီရာတိုင်ရှိသည့်ဘက် အံ့မဝင်သောကြောင့်ဖြစ်သည်။

    ထိုပြဿနာကိုဖြေရှင်းနိုင်ရန် နောက်တင်သွင်းမည့်ယာဉ်များကို လက်ယာဖက်အခြမ်း မောင်းစနစ်နှင့် အံ့ဝင်ခွင်ကျဖြစ်စေမည့် စတီရာတိုင်(Steering) ဘယ်အခြမ်းတတ် ယာဉ်များကိုသာ နိုင်ငံအတွင်းတင်သွင်းသင့်ပါသည်။ လက်ဝဲဘက်၊ လက်ယာဘက်မောင်းသည့် စနစ်အား ရုတ်တရက်ပြောင်းလဲဖို့ရန်ကား စိန်ခေါ်မှု့များ၊ အဆင်မပြေမှု့များစွာ ရှိနိုင်ပါသည်။

    မဟာရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများရှိ လူကူးမျဉ်းကျားများတွင်ပင် ခရီးသည်များ သည် လမ်းဖြတ်ကူးရန်၊ ကားများကိုယာဉ်ကြောပြတ်သည်အထိ စောင့်ဆိုင်းနေရပါသည်။ ယာဉ် အသွားအလာကျဲသွားမှ လမ်းဖြတ်ကူးရသည့် ဒုက္ခကို နေ့စဉ်နှင့် အမျှရင်ဆိုင်ရပါသည်။ အင်္ဂလန်နိုင်ငံလို နေရာမျိုးကို စာရေးသူရောက်ခဲ့စဉ် အရှိန်နှင့်လာသောကားများသည် ခရီးသည် များ လမ်းဖြတ်ကူးမည်ကို မြင်သောအခါ ရပ်တန့်ပေးကြပါသည်။ ကျောင်းသားလေးတစ်ဦး လူကူးမျဉ်းကျားအနီးရှိ Bell ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် ကားများ အရှိန်လျော့ကာ လမ်းဖြတ် ကူးသူများကို ဦးစားပေးသည့် ယဉ်ကျေးမှု့မှာ မှတ်သား ဂုဏ်ယူဖွယ်ရာကောင်းလှပါသည်။

    ယနေ့ ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု ယာဉ်တန်းရှည်ကြီးများ ဖြစ်ပေါ်ကာ ကားများက “လိပ်သွား သွားနေမှု့” လမ်းခရီးများတွင်ပင် တန်ဖိုးရှိအချိန်များဆုံးရှုံးကာ ရုံးဆင်း၊ရုံးတက် အလုပ်သွား၊ အလုပ်ပြန်၊ကျောင်းတက်၊ကျောင်းဆင်း စသည်တို့ နောက်ကျမှု့တို့ကြောင့် စိတ်ဖိစီး မှု့များကို နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ရန်ကုန်မြို့နေ ပြည်သူလူထုကြီး ထိုရင်ဆိုင်ကြုံတွေ့ နေရသော စိန်ခေါ်မှု့များကို လျော့နည်း၊လျော့ပေါ့သွားစေရန် ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့လိုပါသည်။ ဥပမာ- ယာဉ်မောင်းများအနေဖြင့် လူကူးမျဉ်းကြားအနီး၊ မီးပွိုင့်များအနီး၊ သင်္ဘောဆိပ်များ၊ မီးရထားဘူတာရုံများအနီး လူစည်ကားသည့် ဈေးများ၊ ကျောင်းများအနီးတွင် ခရီးသည် အတင်အချကို အချိန်ကြာမြင့်စွာ လုပ်နေခြင်း၊ အငှားယာဉ်များ အနေဖြင့် ထိုနေရာများတွင် ခရီးသည်ရရန်၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း စသည်တို့ ကင်းဝေးပပျောက်သွားစေရန် CCTV- ကင်မရာများကို လုံလုံ လောက်လောက် အသုံးပြုကာ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများကို ပညာပေးကာလများ ကန့် သတ်၍ အရေးယူ အပြစ်ပေးခြင်းများကို ပြုလုပ်ရပေမည်။

     

    ပုံမှန်ညာဘက် ယာဉ်ကြောမှ မောင်းနှင်နေသောကားများကို ကွေ့ကြောပေးလိုပါက ညာ ဖက်လမ်းများရှိရာဖက်သို့သာ ကွေ့ကြောပေးသင့်ပါသည်။ အကယ်၍ ညာဘက်ယာဉ်ကြော အတိုင်း မောင်းလာနေသော ကားတစ်စီးသည် အကြောင်းကြီး၊ငယ်၊ကိစ္စတစ်စုံတစ်ခုကြောင့် ဘယ် ဘက်အခြမ်းရှိ လမ်းချိုးများကို ချိုးကွေ့လိုက်လျှင် နောက်မှကပ်ပါလာသော ကားနဲ့ဖြစ်စေ၊ မျက်နှာ ချင်းဆိုင်ယာဉ်ကြောမှ မောင်းလာသော ကားနဲ့ ဖြစ်စေ ရှောင်တိမ်း ကျော်ဖြတ်ရင်း ယာဉ်ကြော ပိတ် ဆို့မှု့ ပြဿနာကို ကြိမ်ဖန်များစွာ ဖြစ်စေနေပါသည်။ ထို့ကြောင့် ၂ လမ်းမောင်းစနစ်ခွင့်ပြုထားသည့် ယာဉ်ကြော၌ ကွေ့ကြောကို ညာဖက်အခြမ်းရှိ လမ်းတို၊ လမ်းရှည်များအတွက်သာ ရည်ရွယ်၍၊ ညာဖက်ကွေ့ကြောမောင်းနှင်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။

    ထို့အပြင် ခရီးသွားလူထုများ၊ အသွားအလာကျဲသည့်၊ အသွားအလာနည်းသည့်၊ ယာဉ်ကြောများရှိရာဖက်တွင် တစ်လမ်းမောင်းစနစ်ယာဉ်ကြောကို သတ်မှတ်သင့်ပါသည်။ အဝိုင်း ပတ်လမ်းများရှိရာနေရာမျိုးတွင် မီးပွိုင့်များထားခြင်းသည် ယာဉ်အသွားအလာကိုပို၍ ထူထပ်များ ပြားစေပြီး ယာဉ်ကြောပိတ်ဆို့မှု့ကို ဖန်တီးပေးသလို ဖြစ်စေပါသည်။

    ရုံးချိန်၊ ကျောင်းဆင်း၊ ကျောင်းတက်ချိန်များတွင် ပင်မလမ်းမကြီး (Main Road)များပေါ် တွင် ရပ်တန့်နေသော ကားမှန်သမျှကို အချိန်တို အကန့်အသတ်တစ်ခုပေးကာ ခွင့်ပြုပေးပြီး သတ်မှတ်ချိန်ကျော်လွန်သွားပါက Video Camera များဖြင့်ပါ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများ ကိုအရေးယူ အပြစ်ပေးသင့်ပါသည်။

    မည်သို့ပင်ဆိုစေ ရန်ကုန်မြို့နေ ပြည်သူအများစုကြီးသည် YBS ယာဉ်များကိုသာ အားကိုးပြီး စီးနေရသူများဖြစ်၍ စာရေးသူ အကြံပြုသည့်အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ပါက ယာဉ်ကြော ပိတ်ဆို့မှု့များသည် အတိုင်းအတာတစ်ခုထိ လွယ်ကူပြေလည်သွားမည်ကို ထင်မြင်မိပါကြောင်း အကြံပြုလိုပေသည်။

    ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု့ အာဏာပိုင်အဖွဲ့ (YRTA) က YBS ယာဉ်လုပ်သားများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖောက်ဖျက်မှု့နှင့် သတ်မှတ်ထား သည့် စည်းကမ်းများ၊ မလိုက်နာခြင်းများကို YBS Complain Center ဖုန်း ၀၉-၄၄၉၂၁၆၅၇၈ ကို ဆက်သွယ်တိုင်ကြားနိုင်ခြင်းသည်လည်း ယာဉ်ကြောပိတ်ဆို့မှု့ကို ကူညီဖြေရှင်းရာတွင် အပေါင်း လက္ခဏာဆောင်သော လုပ်ဆောင်ချက် တစ်မျိုးပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ပျက်စီးနေသော စိတ်ဓာတ်များ၊ အကျင့်စရိုက်များကို အများပြည်သူလူထု အကျိုးကို မျှော်ကိုး၍ မိမိတို့ ကိုယ်တိုင်က စတင်ပြီး နည်းမှန်၊ လမ်းမှန် ပြုပြင်ကြပြီး အခက်အခဲဟူသရွေ့ကို ဝိုင်းဝန်းဖြေရှင်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T )

     

  • အခမဲ့ ကြော်ငြာ အစီအစဉ်

    အခမဲ့ ကြော်ငြာ အစီအစဉ်


    M-Media မှ တင်ဆက်လျက်ရှိသော Online Media Platform များ၌
    စီးပွားရေးများအတွက် အခမဲ့ ကြော်ငြာများ ၂၀၁၇ ဒီဇင်ဘာလကုန်အထိ
    ထည့်သွင်းပေးသွားပါမည်။

    စိတ်ဝင်စားသူများအနေဖြင့် အသေးစိပ်ကို Facebook Page Message Box မှ ဖြစ်စေ
    [email protected] သို့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

    အောက်ဖော်ပြ လုပ်ငန်းကြော်ငြာ များ လုံးဝ လက်မခံပါ။
    ————————————
    ၁။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ လိင်မှုရေးရာ ဆက်စပ်သည့်
    လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် ညိစွန်းသည့် လုပ်ငန်းများ၊

    ၂။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများ

    ၃။ လူမျိုးရေး၊ ဘာသာရေး ပုတ်ခတ်စော်ကားပြီး၊ အမုန်းစကား ဖြန့်ဝေသည့်
    စာအုပ်စာပေ၊ ရုပ်ရှင် နှင့် မီဒီယာ ကြော်ငြာများ၊

  • အမျိုးပျောက်စေနိုင်သော ၁၉၈၂ နိုင်ငံသား ဥပဒေ၏ “အဟ” တစ်ခု

    အမျိုးပျောက်စေနိုင်သော ၁၉၈၂ နိုင်ငံသား ဥပဒေ၏ “အဟ” တစ်ခု

    ” ၈၂ခုနှစ် ဥပဒေ နဲ့ အညီ စီရင်ဆုံးဖြတ်ပါ။” ဆိုသည်ကို မကြာခန တွေ့နေရပါတယ်။

    ဒီမိုကရေစီ လွှတ်တော် မှာ ပြန်ဆွေးနွေး မခံသော၊ မဆလ အမွေခံဖြစ်သော၊ ဦးနေဝင်း၏ လက်ကျန်အမွေဖြစ်သော၊ ဤ ဥပဒေ ကို ဘာကြောင့်လက်မလွှတ်နိုင်ရပါသလဲ ဆိုသည်မှာ စိတ်ဝင်စား စရာပါ။

    ဥပဒေပညာ နှင့် တရားစီရင်ရေးနည်းစံနစ်များ လူထု နှင့် နှစ်ပေါင်းများစွာ ဝေးကွာနေရလို့ ဖြစ်ပါမည်။

    ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ တွင် တိုင်းရင်းသား မိဘနှစ်ပါးက မွေး ပါမှ အလိုလျောက်နိုင်ငံသားဖြစ်ပါသည်။

    ကျန် သူများ သည် ဥပဒေ အရသာ နိုင်ငံသား ဖြစ်ခွင့်ရသည်။ ထိုသူများ ကို နိုင်ငံတော်၏ အကျိုးငှာ နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခွင့် ရှိပါသည်။ထိုသူ များ သည် မည်သည့် အခါ တွင်မှ တိုင်းရင်းသား တို့ကဲ့ သို့ အခွင့်ရေး ရမည် ကို ဥပဒေ တွင် မဖေါ်ပြထားပါ။

    ထိုဥပဒေ ပေါ်လာရသည့် အကြောင်းနောက်ခံထဲက တစ်ခုမှာ နဂါးမင်းစစ်ဆင်ရေး၊ရွှေဟင်္သစစ်ဆင်ရေး တို့ နောက်ခံဖြစ်သော ရခိုင်ပြည်နယ် လူဝင်မှုပြဿနာလည်း ပါပါသည်။

    ဦးနေဝင်း၏ မဆလ လွှတ်တော် မှ ကသောကမြော ထုတ်လုပ်လိုက် ရသော ဥပဒေတို့၏ ထုံးစံ အတိုင်း ဟိုကျန် သည်ကျန်ဖြစ်ခဲ့ပါသေးသည်။

    ၁၉၄၈ခု စီတီဇင်အက် အရ နိုင်ငံသားဖြစ်ခွင့် ရှိသူ နှင့် သက်ဆိုင်သော ပုဒ်မ တစ်ခုကျန်ခဲ့ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်ကောင်စီအမိန့်ကြော်ငြာစာ ထုတ်ပြီး ဖြည့်စွက်ပြဌာန်းခဲ့ရပါသည်။

    ဥပဒေတွင် ရှင်းလင်းသောပြဌာန်းမှုများ ကျန်နေပါသဖြင့် အားနည်းချက် အကြီးကြီး ရှိနေပါသည်။

    အမျိုးကွယ်ပျောက် စေမည့်ဥပဒေ လို ဖြစ်နေပါသည်။ မည်သူ မှ ဘာမှ လုပ်ရန် မလိုပါဘဲ ကာလ ရှည်ကြာလာလျင် မြန်မာပြည်တွင်”ဗမာတိုင်းရင်းသား စစ်စစ်” များ ၈၂ခု ဥပဒေ အရ လျော့နည်း ကွယ်ပျောက်ပါလိမ့်မည်။

    အိန္ဒိယ နှင့် တရုပ် သွေး နှော သော တိုင်းရင်းသား မဟုတ်သည့် သွေးနှော ခေါ် ကပြား ခေါ် ဥပဒေအရဖြစ်သည့် နိုင်ငံသားများသည် လည်း မဲပေးပိုင်ခွင့် ရှိသူ လူများစု ဖြစ်လာပါ လိမ့်မည်။ အစိုးရ များသည် လည်း ထိုမဲဆန္ဒရှင်တို့ကို အလေးထား ရပေလိမ့်မည်။

    အမျိုးသားရေး သမားတို့ စိုးရိမ်နေသော ကိစ္စမှာ ၈၂ ခုနှစ် ဥပဒေအရ ဖြစ်လာပါလိမ့်မည်။

    အဘယ်ကြောင့် ဆိုသည်ကို ရှင်းပါမည်။ ဥပဒေ အရ နှစ်မည်မျှကြာကြာ ကပြား တို့ တိုင်းရင်းသား မဖြစ်။ ဖြစ်ခွင့်လည်း မပေးထား။

    ဥပဒေ အရ သွေးနည်း သွေးများ ပိုင်းခြား ခွဲမပေးထား။ နည်းလမ်းမပြထား။အထက်ဆက် မှာ သွေးတစ်ကြောင်း နှောလျင် အောက်ဆက်များ ဆင်းသမျှ ကပြားဖြစ်ပေရတော့မည်။

    ၁/၂ပုံ ၊ ၁/၄ပုံ ၊၁/၈ ပုံ ၊ ၁/၁၆ပုံ၊၁/၃၂ ပုံ၊၁/၆၄ ပုံ၊၁/၁၂၈ပုံ အစရှိသည်ဖြင့် မည်သို့ နှောနှော၊မည်မျှနှောနှော တိုင်းရင်းသား မဟုတ်တော့၊မစစ်တော့ ဆိုလျင် ကပြားများ က လူများစု ဖြစ်လာမည်လား? ဗမာ စစ်စစ် ဆိုသည်က လူများစု ဖြစ်လာမည်လား?
    သင်္ချာ နဲ့တောင် တွက်ကြည့်ရန်မလိုပါ။

    “နို့”ထဲ” ရေ” ရောလျင်လည်း” ရေ”။
    “ရေ” ထဲ”နို့” ရောလျင်လည်း” ရေ”

    ဆိုသည့် သဘောဆောင်သည့် ဥပဒေ အောက်တွင် ကြာလာလျင်”နို့စစ်စစ်” မှာ မရှိသလောက် ရှားပါလိမ့်မည်။

    မပူပါ နှင့်အုန်း။

    ချက်ခြင်းမဖြစ်ပါ။

    နှစ်ကာလများ ရှည်ကြာမှ ဖြစ်လာပါမည်။

    တစ်နေ့တော့ ဖြစ်လာမှာလည်း သေချာပါသည်။

    ကောင်းပါသည်။ပြည့်စုံပါသည်။ပြုပြင်စရာမရှိပါ ဟု ဆိုသော ၈၂ ခုနှစ် ဥပဒေ၏ “အဟ” တစ်ခု ပါ။

    ရေးသူ- Facebook User တစ်ဦး

  • အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး သီတဂူငြိမ်းချမ်းရေး ညီလာခံ ထုတ်ပြန်

    အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး သီတဂူငြိမ်းချမ်းရေး ညီလာခံ ထုတ်ပြန်

    သြဂုတ် ၉ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ

    ဓါတ်ပုံ-HTOO Group

    အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး၊ဘာသာရေးကို ခုတုံးလုပ်၍ အမုန်းစကား ပြောဆိုခြင်း၊ မဟုတ်မမှန် ဝါဒဖြန့်ခြင်းများအပေါ် ထောက်ပံ့ကူညီသူများကို ကန့်ကွက်ကြောင်း သီတဂူနိုင်ငံတကာ ဗုဒ္ဓအကယ်ဒမီ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံအပြီး၌ တက်ရောက်လာသော ဘာသာရေး ခေါင်းဆောင်များနှင့် သုတေသီများက ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

    ၂ ရက်ကြာ ဆွေးနွေးမှုများအပြီး အချက် ၁၀ ချက်ပါဝင်သည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါသဘောတူ ကြေညာချက် ၁၀ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ကမ္ဘာ့ပြည်သူအပေါင်း စိုးရွံ့ထိပ်လန့်မူ့ ကင်းရှင်းစွာ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘဝ လုံခြုံမှု အာမခံချက် အပြည့်အဝ ရှိနိုင်မည့် ညီညွှတ်သည့် လူမူဘဝ ဖန်တီးဖေါ် ဆောင်သွားမည်။

    ၂။ ဘာသာရေးကို ခုတုံးလုပ်လျက် အမုန်းစကား ပြောကြားခြင်း! မဟုတ်မမှန် ဝါဒဖြန့်ခြင်း၊ ယင်းတို့ အပေါ်အခြေတည်၍ ခိုက်ရန်ဖြစ်ပွားခြင်း ဆူပူသောင်းကျန်းခြင်း စစ်မက်ဖြစ်ပွားခြင်း မှန်သမျှ ကို လည်းကောင်း ယင်းလုပ်ရပ်များအတွက် ထောက်ပံ့
    ကူညီသူများကို လည်းကောင်း ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည်။

    ၃။ ကမ္ဘာပေါ်ရှိ ဘာသာရေးခေါင်းဆောင်များ အားလုံး ဘာသာတရား၏ အဆုံးအမ များကို လိုက်နာခံယူပြီး ပြည့်ဝသော လူ့ဘောင်ဘဝ တည်ဆောက်သူများ အဖြစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပိုမိုတိုးတက် ခိုင်မာစေရေး ကို ကြိုးပမ်းဆောင်ရွက် သွားကြမည်။

    ၄။မတူကွဲပြားသည့် ဘာသာဝင်များ အကြား အပြန် အလှန် နားလည်မူ လေးစားမူနှင့် ယုံကြည်မူ တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံသည့် သာယာသောလူ့ဘောင်ဘဝ တည်ဆောက်သွားရန်လိုအပ်သည်။

    ၅။ အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စ များတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေးကို ထိန်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်သွားကြမည်။

    ၆။ လူသားထု ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက်များစွာ နောက်မကျမီ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ကို ဘာသာပေါင်းစုံ၏ အမွေခံ တာဝန်ဝတ္တရား အဖြစ် ဆောင်ရွက်သွားမည်။

    ၇။ ဘာသာပေါင်းစုံ ညီလာခံကို (SAMVAD 11 ) သို့  တက်ရောက်ခဲ့ကြသည့် အိန္ဒိယနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များက ကိုးကွယ်ရာ ဘာသာများအကြားညီညွှတ်ချစ်ကြည်မူ ရရှိစေရေး အတွက် လိုအပ်ပါက၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့မှ စတင်၍ ၄လ
    တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးသွားရန် ဆုံးဖြတ်ကြသည်။

    ၈။သဘာဝ ပါတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအသိစိတ်ဓါတ် တိုးမြှင့်မူ အစီစဉ်များကို စုပေါင်းချမှတ်ပြီး လက်တွေ့ဆောင်ရွက်သွားမည်။

    ၉။အချင်းချင်း အပြန်အလှန်နားလည်မူ ယုံကြည်မူ တိုးမြှင့်ရေးအတွက် ဘာသာပေါင်းစုံ တရားစခန်း (Meditation Camp) တစ်ခု ဖွဲ့စည်းတည်ထောင်သွားမည်။

    ၁၀။ဘာသာ အသီးသီး၏ လမ်းစဉ်နှင့် အစဉ်အလာများကို တန်းတူညီမျှစွာ အသိအမှတ် ပြုရမည်။

    ယင်းညီလာခံသို့ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ တရုတ်၊ ဂျပန်၊ ဘူတန်၊ ပြင်သစ်၊ အိန္ဒိယ၊ သီရိလင်္ကာ အပါအဝင် ပြည်ပနိုင်ငံ ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ စုစုပေါင်း ၂၂၅ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။