News @ M-Media

Author: editor

  • M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်

    M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်


    ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ သတင်းမီဒီယာ ဝါသနာပါတဲ့ လူငယ်တချို့ စုပေါင်းပြီး M-Media လို့ ဖြစ်တည်လာမယ့် မီဒီယာကို အပျော်တမ်း မီဒီယာတစ်ခုအဖြစ်မှ စတင်၍ တည်ထောင်ဖြစ်ခဲ့ပါတယ်။
    .
    M-Media ဟာ လာမည့် ၂၀၁၇ သြဂုတ်လ ၁၂ ရက်နေ့ဆိုရင် ၇ နှစ် ပြည့်ပါပြီ။
    .
    M-Media ကို အစဉ်တစိုက် အားပေးခဲ့တဲ့ စာဖတ်ပရိတ်သတ်အတွက် နှစ်ပတ်လည် အခါသမယမှာ ကျေးဇူးတုံ့ပြန်ဖို့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။
    .
    M-Media စာဖတ်ပရိတ်သတ်များမှ ကံထူရှင်(၂၀) ဦးကို ရွေးချယ်ပြီး (၁) ဦးလျှင် (၅၀၀၀) ကျပ်တန်ဖိုးရှိ တယ်လီဖုန်း ငွေဖြည့်တစ်ကဒ်စီ ချီးမြှင့်ပြီး ကျေးဇူးတုံ့ပြန်သွားပါမယ်။
    .
    ကံထူးရှင်ဖြစ်ဖို့အတွက်ကတော့ အောက်ဖော်ပြပါအချက်(၂) ချက်ကို ဆောင်ရွက်ပြိး ကံစမ်းနိုင်ပါတယ်။
    .
    ၁။ ယခု ပိုစ်ကို Like လုပ်ပေးရပါမယ်။ (Share လုပ်ပေးစရာမလိုပါ ။ လုပ်ပေးရင်တော့ အထူးကျေးဇူးတင်ပါမယ်။)
    .
    ၂။ M-Media ရဲ့ Facebook Page ကို Like လုပ်ထားပြီး See First ယူထားရပါမည်။ See First လုပ်ထားတဲ့ Screen Shot ကို ယခုပိုစ်ရဲ့ Comment တင်ပေး၍သော် လည်းကောင်း၊ M-Media ရဲ့ Facebook Page Message Box ကို Private Message ပေးပို့၍ သောလည်းကောင်း ပြုလုပ်ပေးရပါမည်။
    .
    သြဂုတ်လ (၁၂) ရက် မြန်မာစံတော်ချိန် ည (၁၂) နာရီ အထိသာ နောက်ဆုံး ပါဝင်ကံစမ်းနိုင်ပါတယ်။
    .
    ဖော်ပြပါ စည်းကမ်းချက်တွေ အတိုင်းဝင်ရောက်ကံစမ်းသူများအနက်မှာ ကံထူးရှင်(၂၀) က Random ရွေးချယ်ပြီး သြဂုတ်လ(၁၃) ရက်၊ တနင်္ဂနွေနေ့ ည (၈) နာရီ (မြန်မာစံတော်ချိန်) မှာ ကံထူးရှင်စာရင်းကို ကြေညာပေးသွားပါမယ်။
    .
    ** မှတ်ချက် – ပြည်တွင်းပြည်ပ မည်သည့် နေရာတွင် မဆို နေထိုင်သည့် M-Media စာဖတ်ပရိတ်သတ်များ ပါဝင်နိုင်ပါတယ်။

    Website မှ ဝင်ရောက်ဖတ်ရှုသူများ ပါဝင်ကံစမ်းရန် ယခု Link ကို နှိပ်ပါ။

  • အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    သြဂုတ် ၄ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ
    .
    အိန္ဒိယမှ ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ် တခုအား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဟူသော စာအရေးအသားများဖြင့် ယနေ့ ညနေတွင် လှုံ့ဆော်ဖြန့်ဝေလာကြတာကို တွေ့ရှိရပါတယ်။
    .
    အဆိုပါ လှုံဆော်လုပ်ကြံသတင်းအား Aung Thein Htwe အမည့်ဖြင့် အကောင့်မှ ဖော်ပြခဲ့ပြီး အချိန် ၈ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
    .
    အဆိုပါ လုပ်ကြံ သတင်းအား ယခင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ကြံခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေမှလည်း ထပ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။

    ဦးလှဆွေမှာ ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာမှ တဆင့် လူမျိုးရေး ဘာသာရေး အမုန်းပွားစေမည့် လှုံ့ဆော်မှုများနှင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချပြိး စော်ကားသည့် လုပ်ဆောင်မှုများ အများအပြား ရေးသားခဲ့သော်လည်း ယခုအချိန်ထိ တရားဥပဒေအရ အရေးယူခံရခြင်းမရှိသေးပေ။

     

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည်ဟု လုပ်ကြံထားသည့် လင်ခ်
    https://www.facebook.com/aung.theinhtwe.18/posts/480019735695516

    အိန္ဒိယမှ ဖြစ်စဉ်အမှန် Mr.Sanjiv Bhatt ဆိုသူ တင်ထားသည့် လင့်ခ်
    https://www.facebook.com/sanjivbhattips/posts/10213896087417512

  • မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား ၆ ဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးနေ

    မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား ၆ ဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးနေ

    သြဂုတ်လ ၄ ၊ ၂၀၁၇

    ဓါတ်ပုံ- မင်းအောင်ခိုင် (ဧရာဝတီ)

    မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာ အနောက်ဘက်မှာ သေနတ်သံတွေ ကြားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းဆောင်ရွက်တဲ့အခါ ကိုင်းကြီးကျေးရွာသား ခြောက်ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေတဲ့အတွက် အကြမ်းဖက်သူတွေကို ပိတ်ဆို့ရှာဖွေနေတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

    ကိုင်းကြီး (မြို)ကျေးရွာနေ ကိုကုန်ဝိုင်း (၂၅) နှစ်၊ ကိုလင်းကြတ် (၂၉) နှစ်တို့ နှစ်ဦးရဲ့ အလောင်းတွေကို စတင်တွေ့ရှိရပြီး နေ့လယ်ပိုင်းမှာ ကိုကိုင်းမွှေး (၂၅)နှစ်၊ မဆိန်ရာ (၃၈)နှစ်၊ မရီ(၂၇)နှစ်၊ မထီးကော် (၂၅) နှစ်တို့ကို သေနတ်ဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာတွေရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

    မောင်တော အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ တဦးက  ပစ်ခတ်မှု ဖြစ်ပွားခြင်းသည် မှန်ကန်ကြောင်း၊ သို့သော် လူသေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးကြောင်း၊ အခင်းဖြစ်ပွားသည့် နေရာသို့ နယ်ခြားစောင့် တပ် ဖွဲ့ဝင်များနှင့်တပ်မတော် စစ်ကြောင်း တချို့ သွားရောက် စစ်ဆေးနေပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း၊ ဘယ်အဖွဲ့ ပစ်ခတ်တယ်ဆိုတာ မသိရသေးကြောင်း ၊ အသေးစိတ်သိရရင် သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျောက်ဆုံးနေသူ ၂ ယောက်ကို ဆက်လက် ရှာဖွေနေပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို ပိတ်ဆို့ရှာဖွေတာ၊ လိုက်လံရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပေမယ့် ဘယ်အဖွဲ့ဆိုတာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

    မောင်တော ခရိုင်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် လူသတ်မှုများ မကြာ ခဏ ဖြစ်ပွားနေပြီး၊ မသင်္ကာသူများကိုလည်း မကြာခဏ ဖမ်းဆီးရမိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ထားသည်။

    ref: DVB,ဧရာဝတီ

  • “ပြည်သူ့ဆေးရုံပေါ်တွေမှာ တောကြောင်များကို သတိထားကြပါစို့လား”

    “ပြည်သူ့ဆေးရုံပေါ်တွေမှာ တောကြောင်များကို သတိထားကြပါစို့လား”

    ဆေးရုံ၊ ရဲစခန်း၊ တရားရုံး စသည်တို့သည် လူတိုင်းမသွားချင်ဆုံးသော နေရာများဖြစ်ကြ ပါသည်။ သို့သော် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိုနေရာများသို့ မသွားချင်ပေမယ့် လည်း သွားခဲ့ကြရသူတွေ ရှိကြပါသည်။ ဇူလိုင်လ နောက်ဆုံး အပတ်လောက်က စာရေးသူသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊စံပြ ဆေးရုံကြီးကို ရောက်ရှိခဲ့ပါသည်။ ထိုစံပြ ဆေးရုံကြီးကို ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ပြီး လူနာကုတင် ၅၀၀ ဆံ့ အ တွက်ရည်ရွယ်ခဲ့ပါသည်။ စံပြဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် တွင် ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်(၂) နှင့် ချိတ်ဆက်ထားသော ဆရာဝန်လောင်းများအ တွက် ဆေးကျောင်းတော်ကြီး တစ်ခုလည်းဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ လူအသက်ပေါင်းများစွာကို ကယ်တင်ပေးနေသော နေရာလည်းဖြစ်ပါသည်။

    စာရေးသူ၏ တူတစ်ယောက် အစာအိမ် အူအတက်ရောင်၍ စံပြပြည်သူ့ဆေးရုံကြီးသို့ ည ၁၀ နာရီတွင်တင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှု့ခံလိုက်ရပါသည်။ လူနာကြည့်ရန် ခွဲစိပ်ပြီး နောက်နေ့ ဆေးရုံသို့ရောက်ရှိခဲ့ပါသည်။ ခွဲစိပ်လူနာများအား ဒုတိယထပ် အဆောင်(B) တွင် ထားရှိပြီး စိုးရိမ် စရာမလိုသော ခွဲစိတ်ခံလူနာများအား အပေါ်ဆုံးထပ် တိုးချဲ့ဆောင်သို့ ပို့ထားလေ့ရှိပါသည်။

    အရပ်သားအစိုးရလက်ထက်တွင် အပြုသဘောဆောင်သော တိုးတက်မှု့များကို တင်ပြရ လျှင် တာဝန်ကျဆရာဝန်များ၊ သူနာပြုများသည် လူနာများနှင့် လူနာရှင်များအား ကောင်းမွန်စွာ ဆက်ဆံပါသည်။ ဆေးရုံအတွင်းအပြင် သန့်ရှင်းမှုများလည်း အတော်အတန် ရှိသည်ကို တွေ့ရပါ သည်။ တာဝန်ရှိသူများကို အကြံဥာဏ်ပေးရန် အကြံပေးစာများထည့်ရန် Box ကိုလည်း တွေ့ရပါ သည်။ လေးထောင့်ကန်၊ပဲခူး၊ကော့မှူး စသည်တို့မှလာသော လူနာများကိုတွေ့ရပါသည်။ လူနာ များအတွက် အချို့ဆေးဝါးများကို  ဆေးရုံက အခမဲ့ ပေးပါသည်။ အချို့ဆေးဝါးများကို ပြင်ပဆေး ဆိုင်များမှဝယ်ယူပေးရပါသည်။ အစစအရာရာ ကုသစရိတ်များလွန်းလှသော ပုဂ္ဂလိကပိုင် အထူးကု ဆေးရုံများထက် စာလျှင် စံပြဆေးရုံလို ပြည်သူ့ဆေးရုံမျိုးသည် အခြေခံလူတန်းစားများ အတွက် အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေသည်ကို စာရေးသူတင်ပြချင်ပါသည်။ ရပ်ဝေးလူနာများ၊ ထမင်းစားချိန်တွင် စားစရာအခက်အခဲရှိလျှင် ပရဟိတ အလှူရှင်များက မကြာခဏ လာရောက် လှူဒါန်းကြသည်ကိုလည်းတွေ့ရပါသည်။

    တက်ရောက်နေကြသည့် တက်ရောက်နေကြသည့် လူနာများမှာ ၁၀၀၀ ကျော်ပင်ရှိနိုင်ပါသည်။ ထို့ ကြောင့် ကျန်းမာရေးဝန်ထမ်း အင်အား၊အတိုင်းအတာ၊တစ်ခုထိ အားနည်းနေသည်ကိုလည်း အကြံ ပြုခဲ့ပါသည်။

    စိတ်ပျက်စရာမြင်ကွင်းတချို့ကိုတင်ပြရလျှင် ထိုခွဲစိတ်လူနာဆောင်တွင် အရက်နာကျပြီး တက်ရောက်ကုသနေသော လူနာအချို့သည် ဆရာဝန်၊သူနာပြုများ အလစ်တွင် အရက်ခိုးသောက် ပါသည်။ Maskများတတ်ထား၍ တာဝန်ကျ သူနာပြုများ အရက်နံ့မရကြသော်လည်း ဘေးရှိ လူနာ နှင့် လူနာစောင့်များ အရက်နံ့ မွှန်ထူနေသောကြောင့် စိတ်သောက ရောက်ရပါသည်။ ဆေးရုံလာတက်ကြသည့် လူနာများနှင့် လူနာအကူမိသားစုဝင်တိုင်း သောကမီး၊ ဒုက္ခမီးများကို ရင်ဆိုင်ဖြတ် သန်း ကျော်ဖြတ်ရန် ရောက်ရှိလာကြသူများသာဖြစ်ကြပါသည်။

    ထို့အပြင် ပြည်သူ့ဆေးရုံသို့ လူနာအကူပုံစံ လူနာသတင်းမေးပုံစံဖြင့် လာရောက်ကြသူများ ထဲတွင် အုတ်ရောရော၊ ကျောက်ရောရောပုံစံဖြင့် “သူခိုးတောကြောင်များ” ခြေရှုပ်နေသည်ကို တစ်လကျော်ကြာ လူနာစောင့်အနေဖြင့် စံပြဆေးရုံကြီးတွင် ရှိနေသူတစ်ဦးက စာရေးသူအား ပြောပြခဲ့ပါသည်။ လက်တွေ့သာဓက တစ်ရပ်အနေဖြင့် ဇူလိုင်လ ၃၀ ရက်တွင် စံပြဆေးရုံ ခွဲစိပ်လူ နာဆောင်သို့  လူနာစောင့်ပုံစံမျိုးဖြင့် ဇနီးမောင်နှံ နှစ်ဦး ရောက်ရှိလာပါသည်။ ဇနီးဖြစ်သူက “သူတို့ သည် ပဲခူးမှလာခဲ့ကြကြောင်း ရွာသာကြီးဘူတာတွင် ငွေ၅ သောင်း အခိုးခံခဲ့ရကြောင်း” အနီးအနား ရှိသူများအား သနားစဖွယ်ကြင်နာအောင် ဟိတ်ဟန်ထုတ်၍ ရှင်းပြပါသည်။ ထိုအချိန်တွင် တော် ဝင်ဖောင်ဒေးရှင်းမှ လူနာများနှင့် လူနာစောင့်များအား စတုဒိသာကျွေးသည့်အပြင် ခြုံစောင်တစ် ထည်နှင့် ထီးတစ်လက်ကိုပါ လှူဒါန်းနေပါသည်။

    ခင်ပွန်းဖြစ်သူသည် ထိုစတုဒိသာထုတ်များ၊ထီးနှင့်စောင်ကိုတောင်းယူပြီး ခွဲစိပ်လူနာဆောင် ဒုတိယထပ်သို့ တက်လာပြန်သည်။ ထို့နောက်အိပ်ပျော်နေသော လူနာတစ်ဦးအနီးတွင် တင်ထားသော mobile handset တစ်ခုအား လူနာစောင့်ဂိုက်ဖမ်း၍ ခိုးယူသွားခဲ့သည်ကို ခပ်လှမ်း လှမ်းမှ လူနာအချို့နှင့်လူနာစောင့် အချို့တွေ့မြင်ခဲ့ပါသည်။ အချိန်တော်ကြာပြီး ဖုန်းခိုးခံရသူ လူနာ အိပ်ယာမှနိုးလာသောအခါကျမှ ဖုန်းယူသွားသူသည် လူနာရှင်၊လူနာစောင့် မဟုတ်ဘဲ လူနာစောင့် ဟန်ဆောင်ထား ခိုးယူသွားမှန်း သိလိုက်ရပေသည်။

    ယခုလို စီးပွားရေးအကြပ်အတည်းများ၊ လူအများစု ရင်ဆိုင်နေရချိန် ကျန်းမာရေးပြဿနာ များကြောင့် ပြည်သူ့ဆေးရုံကြီးများသို့ အားကိုးတကြီး ဆေးကုသမှု့ခံယူရန် တက်ရောက်ကုသမှု့ ခံကြသောအခါ ဆေးရုံတက်နေစဉ်ကာလ အအိပ်ပျက်၊ အစားပျက် သောကမီးတောက်လောင်နေ သောအခါတွင် ဆေးရုံပေါ်တွင် ကျင်လည်ကျက်စာား အမြှီးရ၊ အမြှီးစား၊ ခေါင်းရ၊ခေါင်းစား နေကြ သော သူခိုးတောကြောင် လူတန်းစားများသည် လူနာဆောင် အသီးသီးသို့ တစ်ခန်းဝင် တစ်ခန်း ထွက် လှည့်လည်ကာ လစ်ရင် လစ်သလို လူနာများ လူနာရှင်များ၏ ဖုန်းဟမ်းဆက် စသည့် ပစ္စည်း များကို ခိုးယူနေကြောင်း စာရေးသူ စုံစမ်းသိရှိရပါသည်။ နေ့စဉ်ဆိုသလို အဆောင်တိုင်းမှ ဖုန်း ပျောက်သူများရှိနေပါသည်။

    ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်သည့်အခါ ဆေးရုံများပေါ်ရှိ တော ကြောင်များ၏ အန္တရာယ်မှ ကင်းဝေးစေရန် အသိ သတိရှိဖို့လိုနေပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုက် ပါသည်။

    လေးစားလျက်

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)

  • လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    သြဂုတ် ၂ ၊ ၂၀၁၇
    M-Media
    သီဟ

    လျှပ်စစ်နှင့် စွမ်းအင် ဖိုရမ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်း အဖွင့်မိန့်ခွန်းပြောနေ စဉ် (ဆင်ဟွာ)

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းအား ၄င်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

    ဦးဖေဇင်ထွန်းမှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD အစိုးရ လက်ထက် ဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခံရသူ ဖြစ်ပါတယ်။

    လစ်လပ်သွားတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူဖို့ အမိန့်ကြေညာချက်ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

    NLD အစိုးရ တာဝန်ယူပြီး တနှစ်ခွဲကျော်ကာလ အတွင်း မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးမင်းမင်းဦးအား ၄င်း၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို သမ္မတ အမိန့်နဲ့ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။