News @ M-Media

Author: editor

  • ကျောက်ပန်းတောင်းတွင် ဗလီဟု စွပ်စွဲပြီး ဖြိုချသည်အိမ်မှာ ဗုဒ္ဓဘာသာဝင် ပိုင်ဆိုင်သည့်အိမ်ဖြစ်

    ကျောက်ပန်းတောင်းတွင် ဗလီဟု စွပ်စွဲပြီး ဖြိုချသည်အိမ်မှာ ဗုဒ္ဓဘာသာဝင် ပိုင်ဆိုင်သည့်အိမ်ဖြစ်

    ဇူလိုင် ၂၇ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် တွင် အဆောက်အဦးတစ်ခုအား ဗလီဆောက်သည်ဟုဆိုကာ လူအုပ်စုဖြင့် ဆူပူမှုကြောင့် ဇူလိုင် ၂၇ရက် ည၈နာရီဝန်းကျင်ခန့်က ဖြိုဖျက်ခဲ့ကြပါတယ်။
     
    အဆိုပါ အဆောက်အအုံ၏ ပိုင်ရှင်မှာ ဗုဒ္ဓဘာသာဝင် ကျောက်ပတောင်းမြို့ခံ ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်ကြောင်း စုံစမ်းသိရှိပါတယ်။
     
    လူအုပ်မှ ဆူပူမှုနှင့် စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ အချက် ၂ချက်ကြောင့် အဆိုပါအဆောက်အအုံကို လူထုကို အဖျက်မခံဘဲ တာဝန်ရှိသူတွေက ဖျက်ဆီးလိုက်ကြောင်း လွှတ်တော်အမတ် ဦးအေးခိုင်က ပြောကြားကြောင်း The Ladies မီဒီယာမှ ဖော်ပြထားပါတယ်။
     
    “အခြေအနေက တော့ အမှန်က ဗလီဆိုပြီးလူတွေဝိုင်းလာကြတာပေါ့ တဖြေးဖြေးနဲ့လူတွေကများလာတာ များလာတော့ တာဝန်ရှိသူတွေ အားလုံးက အဲ့ဒီအဆောက်အဦးက စည်ပင်ကိုတင်ထားတာမရှိဘူး ဖြစ်နေတယ် စည်ပင်တင်ထားတာမရှိဘူးတစ်ချက် ၊နောက် ဒီမှာ ဆူပူအုံကြွမှုကဖြစ်လာပြီ အော်ကြဟစ်ကြဖြစ်လာတော့ ကျွန်တော်တို့ နောက်ဆုံး ဗလီဟုတ်ချင်း မဟုတ်ချင်းထက် ဒီနှစ်ချက် နဲ့ပဲ ကျွန်တော်တို့ကဖျက်လိုက်တယ်” လို့ ကျောက်ပန်းတောင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က The Ladies မီဒီယာကို ပြောကြားခဲ့ပါတယ်။
     
    အဆိုပါ အဆောက်အအုံပိုင်ရှင်အမှန်မှာ မည်သူမည်ဝါဖြစ်ပြီး ဗလီ ဆောက်လုပ်နေတာ ဟုတ်/မဟုတ်ကို အဆိုပါ လွှတ်တော်ကိုယ်စားလှယ်မှ မီဒီယာများအား ရှင်းလင်းစွာ ပြောကြားခဲ့ခြင်းမရှိပေ။
    အဆိုပါ ဖြစ်စဉ်ကို အကုန်သိ မီဒီယာနှင့် မွတ်စလင်မ် ဆန့်ကျင်ရေး ဆိုရှယ်မီဒီယာ အကောင့်များမှ ဆူပူသွေးထိုးမှုများဖြစ်စေမည့် အေ၇းအသားများ ဖြင့် ဖြန့်ဝေခဲ့ကြပါတယ်။
     
    ဓါတ်ပုံ- ဆိုရှယ်မီဒီယာမှ

     

  • ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား

    ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား


    ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    အမှုနဲ့ပတ်သက်ပြီး လူအများအပြားကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင်တွေဟာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်တာကိုခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်ဆလင်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောထားပါတယ်။

    ဓါတ်ပုံ – (ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ်)

    RFA Burmese မှ ကူးယူဖော်ပြသည်။

  • ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ဇူလိုင် ၂၆ ၊ ၂၀၁၆
    M-Media
    ချမ်းငြိမ်းအေး တွေ့ဆုံမေးမြန်းသည်။

    ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး (၆) ဘာသာ ဖြင့် အမှတ်ပေါင်း ၅၁၂ မှတ် ရရှိခဲ့တဲ့ ရန်ကုန်မြို့မှ မနှင်းဝတ်မှုံထွေးကို M-Media မှ တွေ့ဆုံမေးမြန်းထားပါတယ်။

    M_Media ။ ။မင်္ဂလာပါ ညီမလေး။
    HWMH ။ ။ ဟုတ် မင်္ဂလာပါ။

    M_Media ။ ။ညီမလေး ဆယ်တန်းမှာ ဒီလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့အတွက် အရင်ကတည်းက ရည်ရွယ်ချက် ရှိပြီးတော့ ကြိုးစားခဲ့တာလား။

    HWMH ။ ။ အင်း ဟုတ်တယ် ၉ တန်းလောက်ကတည်းက ဒီလို ဖြစ်ရမယ် ငါ ဂုဏ်ထူးတွေနဲ့ အောင်ရမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ဘာလို့လည်းတော့ မဟုတ်ဘူး။ ငါ ရမှာပါဆိုပြီး လုပ်ခဲ့တာပါ။

    M_Media ။ ။ကျောင်းစတက်တဲ့ နှစ်စမှာရော ညီမလေး စာတွေကို ဘယ်လိုကြိုးစားလေ့လာခဲ့လဲ။

    HWMH ။ ။ နှစ်စကတည်းက စာတွေကို သေသေချာချာ လေ့လာတယ်။ ဘယ်စာကိုမှ မလစ်ဟင်းအောင် လုပ်ခဲ့တယ်။ ဘယ်စာတွေကိုမှ မပယ်ဘူး။ အကုန်လုပ်တယ်။ အရမ်းကြီး သူများတွေလို timetable ကိုချမဆွဲထားဘူး။ ခေါင်းထဲမှာပဲ တစ်နေ့နေ့ ငါဘယ်လောက် ရနေပြီလဲ အဲ့ဒီလိုပဲ မှတ်ပြီး ပုံမှန်ကျက်တယ်။ ပုံမှန်စာကျက်ချိန်ဆိုပြီးတော့ အဲ့လိုမျိုးလည်း သိပ်ပြီးတော့ မရှိဘူး။ တစ်ပတ်ပြီးရင် ဒီတစ်ပတ်မှာ ငါဘာလိုနေလဲ။ ဒီဘာသာလိုလား အဲ့ဒီလိုတဲ့ဘာသာကို ပိုလုပ်လိုက်တယ်။ တစ်နေ့ကို ကိုယ်ပိုင်စာကျက်ချိန် (၄) နာရီတော့ ထားတယ်။ အဲ့အချိန်အတွင်းမှာ သေချာလုပ်တယ်။

    M_Media ။ ။ ကျောင်းတက်နေတဲ့ အချိန်မှာရော ဘယ်လို အခက်အခဲမျိုးတွေရော ရှိလဲ။

    HWMH ။ ။ အခက်အခဲကတော့ ကျူရှင်နဲ့ ကျောင်းပဲလေ။ ကျူရှင်နဲ့ ကျောင်းနဲ့ ကြားကဆိုတော့ ဒွိဟများတယ်လေ။ အဲ့တော့ ကျူရှင်က သင်တဲ့ဟာကိုပဲ ရွေးပြီး လုပ်ခဲ့တယ်။ အဲ့လို ကျူရှင်က သင်တာပဲ ကျူရှင်ကိုပဲ ရွေးပြီးလုပ်တော့ ကျောင်းမှာ အခက်အခဲတွေ ရှိတယ်။ ကျောင်းက စာမေးပွဲတွေမှာဆိုရင် အမှတ်တွေလျော့တယ်။ လုံးဝကို အရမ်းနည်းတဲ့ အခြေအနေတွေရှိတယ်။ အဲ့လို အခြေအနေတွေမှာဆိုရင်တော့ စိတ်ဓာတ်တော့ ကျတာပေါ့။ သွားပြီ ငါတော့ မရလောက်ဘူးပဲထင်တာ ဒါပေမယ့် ကျူရှင်မှာက အမှတ်တွေများတယ် ပုံမှန်ပဲဆိုတော့ အရမ်းတော့ ပြသာနာမဖြစ်ပါဘူး။ စာမေးပွဲကြီးကျတော့ အကုန်အဆင်ပြေသွားတယ်။

    M_Media ။ ။ ဒီလိုကာလတစ်လျှောက်မှာရော အရမ်းစိတ်ဓာတ်ကျတဲ့အချိန်တွေရှိလား။

    HWMH ။ ။ ရှိတယ်။ ကျောင်းမှာ ပထမဆုံး စာမေးပွဲ ဖြေတဲ့အချိန်မှာ အမှတ်က အရမ်းနည်းတယ်။ တော်တော်နည်းတော့ အဲ့အချိန်မှာ တော်တော် စိတ်ဓာတ်ကျခဲ့တယ်။

    M_Media ။ ။ အဲ့လိုအခါမှာ ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့လဲ။
    HWMH ။ ။ အဲ့ဒီအခါမှာ ကျူရှင်ကို ပြန်ကြည့်တော့ ကျုရှင်မှာ အမှတ်တွေက ကောင်းနေတယ်။ ကျောင်းက အမှတ်တွေပဲ စုတ်ပြတ်သတ်နေတာ။ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ကိုကိုယ် အားတင်းထားရတာပေါ့။

    M_Media ။ ။ မိသားစုကရော ညီမလေးအပေါ်မှာ ဘယ်လိုအထောက်အပံ့တွေ ပေးလဲ။

    HWMH ။ ။ အရမ်းကြီး စာကျက်ရမယ် ဟိုဟာရရမယ် အဲ့ဒီလိုတွေ မရှိဘူး။ ရုပ်ရှင်ကြည့်နေရင်တောင် ကြည့်နေတယ်ဆိုပြီး တစ်ခါမှ မဆူပါဘူး။ ဘာလိုလို ဖြည့်ဆည်းပေးတယ်။ နားလည်မှုလည်း အပြည့်ပေးတယ်။ မိသားစုက အခုလို ဖိအားမပေးပဲ အေးဆေးပဲဆိုရင် ကျောင်းသူ ကျောင်းသားတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။

     

    M_Media ။ ။ နောက်နှစ်မှာ (၁၀) တန်းဖြေမယ့် ညီငယ် ညီမငယ်တွေအတွက်ရော ဘာများပြောချင်လဲ။

    HWMH ။ ။ အဓိကကတော့ စပြီးတော့ စလုပ်ကတည်းက ဘာကိုမှ မပယ်ဘူးဆိုတဲ့စိတ်နဲ့လုပ်ပါလို့။ ပြီးတော့ နောက်ပိုင်းကျမှ နည်းနည်းမရတဲ့ အခန်းတွေကို မပယ်တာမျိုးတွေ လုပ်ပါ။ တကယ်တော့ စိတ်ဖိစီးမှု အရမ်းများနေရင် ဆယ်တန်းက အဆင်မပြေဘူး။ နည်းနည်းလေး ကိုယ့်ကိုကိုယ် နားလည်အောင်လုပ်ပါ။ ဘယ်အချိန်မှာ ငါဘာကျက်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို သိရင် ရပါပြီ။

     

    M_Media ။ ။ညီမလေးအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။

    HWMH ။ ။ ဆရာဝန် လုပ်ဖို့ စဉ်းစားထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲ့လို OG ဆရာဝန်ဖြစ်ချင်တာ။ ရုပ်ရှင်ကြည့်ရင်လည်း အဲ့လို OG အဲ့ဒီလို ကားတွေဆိုလည်း စိတ်ဝင်စားတယ်။ အကိုကလည်း ဆရာဝန်ဆိုတော့ သူ့ကိုလည်း အားကျတာတွေ ပါတယ်။ ဆရာဝန်ဖြစ်ချင်တယ်ဆိုတာကလည်း ကိုယ့်ကိုကိုယ် သေချာတယ်။ OG ဖြစ်သွားရင်လည်း တောဘက် အဲ့လိုနေရာမျိုးတွေမှာ သေချာလုပ်ပေးချင်တယ်။ ကိုယ့်မှာ level တစ်ခုတော့ ရှိလာမှာပဲလေ။ အဲ့ဒါနဲ့ ထိုက်တာတွေ လုပ်ချင်ပါတယ်။

  • အဆုံးစီရင်ခြင်းက အဖြေလား

    အဆုံးစီရင်ခြင်းက အဖြေလား

    လူရယ်လို့ ဖြစ်လာရင် ပျော်စရာ စိတ်ညစ်စရာတွေ ရှိလာတတ်တာ ထုံးစံပါပဲ။ ဒီတစ်လော စိတ်ဓာတ်ကျနေသူတွေ အများအပြားကို ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ စိတ်ဓာတ်ကျတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေပါ အခုဆို မကြာမကြာ ကြားနေရပါတယ်။ အခု နောက်ဆုံး သတင်းစာမျက်နှာ တော်တော်များများမှာ နေရာယူထားတဲ့ ကမ္ဘာကျော် တေးဂီတအဖွဲ့ တစ်ခုဖြစ်တဲ့ Linkin Park အဖွဲ့ ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chester Bennington ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ခြင်းက လူတော်တော်များများကို ရိုက်ခက်သွားပါတယ်။

    စိတ်ဓာတ်ကျတဲ့အခါမှာ လူတွေဘာကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ကြရတာလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နောက်ဆုံးစစ်တမ်းအရ ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃၀၀ လောက်ဟာ စိတ်ကျဝေဒနာကို ခံစားနေရတယ်တဲ့။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်ရင်တော့ မြန်မာနိုင်ငံရဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်နှုန်းက ၄၂ နေရာမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု အများဆုံး နေရာကတော့ တောင်အမေရိကတိုက်မှာရှိတဲ့ ဂိုင်ရာနာနိုင်ငံ (Guyana)ပဲဖြစ်ပါတယ်။

    စိတ်ကျရောဂါ ဘာကြောင့် ဖြစ်ကြတာလဲ။ အဆင်မပြေမှုတွေကပဲ စမှာပါ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ပြသာနာ နည်းနည်းလေးတွေကနေ စပြီး စိတ်ကျရောဂါ ဖြစ်လာတာပါ။ အဆင်မပြေတာတွေ များများလာပြီးတော့ ထွက်ပေါက်ရှာမရတော့ရင် နောက်ဆုံး ထွက်ပေါက်ဖြစ်တဲ့ suicide နည်းလမ်းကို သုံးလိုက်ကြတာပါပဲ။ အသက်အရွယ်အားဖြင့် ၂၀ နဲ့ ၄၀ ကြားမှာရှိတဲ့ လူငယ်တွေဟာ စိတ်ကျရောဂါ ဖြစ်တာများတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

    စိတ်ကျရောဂါ ဖြစ်လာပြီဆိုရင် မပျော်ရွှင်တော့တာ၊ ညဘက်တွေဆို အိပ်မပျော်တော့တာ၊ အရာရာ အလိုမကျတာတွေ ဖြစ်လာတာ၊ တစ်ခုခုဆို စိတ်ထိခိုက်လွယ်တာ၊ မဟုတ်တဲ့ ကိစ္စလေးတွေမှာ ဒေါသထွက်လွယ်ဖြစ်လာတာ၊ အမြဲတမ်း အထီးကျန်သလို ခံစားနေရတာ၊ ဘယ်အရာကိုမှ စိတ်ပါလက်ပါ မလုပ်ချင်တော့တာ အစရှိတာတွေက စိတ်ဓာတ်ကျလာခြင်းရဲ့ လက္ခဏတွေ ဖြစ်ပါတယ်။

    ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကျနေတယ်လို့ သိရတယ်ဆိုရင် ဒီရောဂါက ကုသလို့ ရပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ မြန်မာလူမျိုးတွေရဲ့ အကျင့်စရိုက်တွေက ကိုယ့်ကိစ္စ ကိုယ့်ပြသာနာတွေကို တခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးတွေ သိပ်မရှိပါဘူး။ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးဖို့ဆိုတာကိုလည်း သိပ်ပြုလုပ်လေ့ မရှိကြပါဘူး။ မြန်မာနိုင်ငံမှာ အဲ့ဒီလို ဆွေးနွေးခန်းလုပ်တဲ့ ဝန်ဆောင်မှုမျိုးတွေလည်း သိပ်မတွင်ကျယ်သေးပါဘူး။ တချို့တွေဆို ဒီလိုဆွေးနွေးရကောင်းမှန်းတောင် မသိကြသေးပါဘူး။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ပြသာနာတွေကို တခြားလူတစ်ယောက်လောက်ကို ရင်ဖွင့်မယ်ဆိုရင် တစ်ဝက်လောက်တောင် ပျောက်သွားနိုင်ပါတယ်။ ပြောတဲ့သူကလည်း ကိုယ်ယုံကြည်တဲ့သူ ဖြစ်ဖို့တော့ လိုတာပေါ့။ ပတ်ဝန်းကျင်ရဲ့ နွေးထွေးတဲ့ မေတ္တာကို ရမယ်ဆိုရင် စိတ်ကျရောဂါကို ကုသလို့ ရနိုင်ပါတယ်။

    ဒါကြောင့် မိမိကိုယ်ကို စိတ်ဓာတ်ကျနေပြီ စိတ်ကျရောဂါရဲ့ လက္ခဏတွေ ကိုယ့်မှာ တွေ့လာရပြီဆိုရင်တော့ ပထမဆုံး ကိုယ့်စိတ်အခြေအနေကို စစ်ဆေးပါ။ ယုံကြည်ရတဲ့သူတွေကို ကိုယ့်ပြသာနာတွေကို ပြောပြပါ။ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ စစ်ဆေးပါ။ နှစ်သိမ့်ဆွေးနွေးခန်းတွေကို သွားပါ။ ပြသာနာတိုင်းမှာ အဖြေရှိပါတယ်။ ထွက်ပေါက် ရှိပါတယ်။ အပြန်အလှန် ဆွေးနွေးတိုင်ပင်ရင် ကိုယ့်အတွက် တစ်ခုခုတော့ ရနိုင်ပါတယ်။

    ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာက ကြားရတဲ့သူတွေကိုလည်း ရင်ထဲမှာ နင့်စေပါတယ်။ ၂၀၂၀ မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုနှုန်း ၁၀% လျော့ချနိုင်မယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။

    ပြဿနာဆိုတာ ကိုယ့်မှာတင် ရှိတာမဟုတ်ဘူး။ လူတိုင်းမှာ ရှိနေတတ်တဲ့ အရာပါ။ ပြဿနာတွေကို အဖြေရှာပြီး ဖြေရှင်းဖို့ပဲ ကြိုးစားရမှာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းဆိုတာ ပြဿနာတွေရဲ့ အဖြေမဟုတ်ပါဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးတိုင်း လောကကြီးက ကိုယ့်အတွက် သာယာလှပနေမှာပါ။

    (အလင်းသစ် ရေးသားသည်။)

  • ကမန်များ မြေယာ စွန့်လွှတ်ကြောင်း အစိုးရ သတင်းစာ ဖော်ပြချက် မမှန်ကန်ဟုပြော

    ကမန်များ မြေယာ စွန့်လွှတ်ကြောင်း အစိုးရ သတင်းစာ ဖော်ပြချက် မမှန်ကန်ဟုပြော

    ဇူလိုင် ၂၅ ၊ ၂၀၁၇
    M-Media
    သီဟ

    ရမ်းဗြဲ ဒုက္ခသည် စခန်းမှ ရန်ကုန်မြို့သို့ ပြောင်းရွှေလာရသည့် ကမန် တိုင်းရင်းသားများနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်မြန်မာအလင်း သတင်းစာဖော်ပြချက်များမှာ လုံးဝ မဟုတ်မမှန်ကြောင်း ကမန်တိုင်းရင်းသား လှုမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ၄င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

    ရမ်းဗြဲမြို့မှရန်ကုန်မြို့သို့ ပြောင်းရွေ့လာသော ကမန်တိုင်းရင်းသားများ မြေယာစွန့်လွတ်ဟု မြန်မာ့အလင်းသတင်းစာ တွင်ဖော်ပြကာမြေနှင့် အိမ် တန်ဘိုးများ  အတွက် လျော်ကြေးငွေ ထောက်ပံ့ဟုဖော်ပြပါ ရှိပါသည်။

    တကယ်တော့မြေယာစွန့်လွတ်ခြင်း လုံးဝ မဟုတ်မှန်ပါကြောင်းနှင့်တရားဝင်ဂရမ်ပေါက် သာသနာ့ပိုင်မြေနေရာတွေလဲ ရှိပါကြောင်း အသိပေးလိုက်ရပါသည်။

    ၁၃၅မျိုးဝင် ကမန်တိုင်းရင်းသားများမှာမြန်မာနိုင်ငံ အတွင်းမည်သည့်နေရာတွင် မဆိုလွတ်လပ်စွာနေထိုင်ခွင့်ရှိပြီး မူလဒေသသို့ကြိုက် နှစ်သက်တဲ့အချိန်တွင်ပြန်နိုင် ရမည်သာဖြစ်သည်။

    ဘုရင်ချပေးထားသော ကမန်လူမျိုးပိုင် သာသနာ့မြေနေရာနှင့် သာသနာ့ အဆောက်အဦးကိုအစိုးရမှ တာဝန်ယူတာဝန်ခံ ရမည်သာဖြစ်သည်။

     

    ဆက်စပ်သတင်းများဖတ်ရန်
    ရမ်းဗြဲ ဒုက္ခသည်စခန်း မှ ပြောင်းရွှေ့လာတဲ့ ကမန် တိုင်းသားများအခက်အခဲများ (ရုပ်သံ)
    http://www.m-mediagroup.com/news/69523

    ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ
    http://www.m-mediagroup.com/news/69349