News @ M-Media

Author: M-Media

  • စစ်ရာဇ၀တ်ခုံရုံးက အလိုရှိသူ မလာဒစ်ရှ် ဖမ်းမိပြီ

    မူရင်း (VOA)

    ယူဂိုဆလားဘီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း တာဝန်ထမ်းခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း စစ်ရာဇ၀တ်မှုနဲ့ အလိုရှိနေသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးမိပြီလို့ ဆာဘီးယား သမ္မတ ဘောရစ်စ် တာဒစ်ရှ် (Boris Tadic) က ကြေညာသွားပါတယ်။

    မစ္စတာ မလာဒစ်ရှ်ကို ဆာဘီးယား နိုင်ငံထဲမှာ ဖမ်းဆီးမိတယ်၊ သူ့ကို ကုလသမဂ္ဂ စစ်ရာဇ၀တ်မှု ရုံးဆီကို လွှဲပြောင်းပေးအပ်ဖို့ စတင် လုပ်ဆောင်နေပြီလို့လည်း သမ္မတက ပြောပါတယ်။

    ဆာဘီးယားဟာ သူ့ရဲ့ မကြာခင်ကမှ ရှိခဲ့တဲ့ သမိုင်းထဲမှာ နောက်စာမျက်နှာတခုကို ပိတ်လိုက်နိုင်ပြီ၊ နိုင်ငံမှာ အပြည့်အ၀ ပြန်လည် ပေါင်းစည်းရေး ဖြစ်ပေါ်ဖို့ တလှမ်းပိုပြီး နီးကပ်သွားပြီလို့လည်း သမ္မတက ဆိုပါတယ်။

    အသက် ၆၉ နှစ်အရွယ် စစ်ခေါင်းဆောင်ဟောင်းကို ရှာတွေ့ဖို့ ဘာကြောင့်များ ဒီလောက် အချိန်တွေ အများကြီး ကြာခဲ့ရလဲ ဆိုတာအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့လည်း သမ္မတက ကတိပေးပါတယ်။ သမ္မတ ဘောရစ်စ် တာဒစ်ရှ်က … (more…)

  • မလေးရှားနိုင်ငံ၌ မြေပြိုကျမှု ဖြစ်ပွါး

    မလေးရှားနိုင်ငံ kampung sungai gahal,hulu langat တွင်မနေ့က မြေပြိုမှု တစ်ခုဖြစ်ပွ့ါး ခဲ့ရာ မိဘမဲ့ကလေး ဂေဟာနှင့် မိဘမဲ့ကလေးများ ၏ဘာသာရေး စာသင်ကျောင်း မဒရ်ဆာ(အလ်သက်ဝါ)  တို့ အပေါ်သို့ ကံဆိုးစွာပင် ပြိုကျထိမှန်ခဲ့ပါတယ်………………..

    အဲ့ဒိ မိဘမဲ့ဂေဟာ နဲ့စာသင်ကျောင်းလေးမှာ ကျောင်းသား/သူ ဆရာဆရာမ ၂၅ဦးခန့်ရှိပြီး ၁၆ဦးသေဆုံးကာ ၉ဦးဒါဏ်ရာ

    ရရှိခဲ့ပါတယ်………..သေဆုံးသူများထဲမှ အများစုမှာ အသက်(၈)နှစ် မှ(၁၉)နှစ် အတွင်း ခလေးသူငယ်များဖြစ်ကြပြီး (more…)

  • စီးဆောနှင့် ကျွန်တော်

    ကျွန်တော်တို့ ငယ်ငယ်က ကစားကွင်းများသို့ ရောက်ဖူးကြလိမ့်မည်။

    ဒန်းများ၊ လျှောများ၊ စီးဆောများ စီးဖူးကြလိမ့်မည်။ လူငယ်တို့ သဘာဝ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက် ဆော့ကစားဖူးကြပါမည်။

    ကျွန်တော်လည်း လူငယ်ပီပီ လွတ်လပ်ပေါ့ပါး ပြေးလွှားဆော့ကစားဖူးခဲ့သည်။ သို့သော် အမှုအမှတ်မထား။ များမကြာမီကမှ အမှတ်မထင် သတိပြုမိသော ကစားနည်းမှာ ‘စီးဆော(See -Saw)’ပင်ဖြစ်သည်။
    စာဖတ်သူလည်း ငယ်ငယ်က စီးဖူးလိမ့်မည်ဖြစ်၍ မျက်စိထဲ မြင်ယောင်ကြည့်စေလိုပါသည်။ စီးဆော၏ ပုံသဏ္ဌာန်မှာ ပျဉ်ပြားတစ်ချပ်နှင့် အလယ်မှ ထောက်တိုင်တခု ပါရှိပါသည်။ ပက်လက်ပျဉ်ပြားတချပ်၏ အလယ်တည့်တည့်တွင် အပေါက်ဖောက်၍ဖြစ်ဖြစ်၊ အပေါက်မပါဘဲဖြစ်ဖြစ် ထောက်တိုင်တစ်ခု ထောက်ထားပါသည်။
    ကလေးငယ်နှစ်ဦးက ပျဉ်ပြားတစ်ဘက်တစ်ချက်ဆီတွင် တက်ထိုင်သည်ဆိုပါစို့။ ဘယ်ဘက်က ကလေးက ဖိနှိပ်ထိုင်ချလျှင် ညာဘက်မှ ကလေးမှာ မြင့်တက်သွားပါသည်။ ဘယ်ဘက်မှ ကလေး ထိုင်ရာက ထလျှင် ညာဘက်မှ ဖိနှိပ်ထိုင်ချရသည်။  တနည်းဆိုရသော် ဘယ်ဘက်မှကလေးက မြင့်သွား၍ ကျန်တဘက်မှာ နိမ့်ဆင်းသွားရသည်။  ‘တဘက်မှာ မြင့်တက်နေလျှင် ကျန်တဘက်မှာ နိမ့်ကျနေမည်‘ဆိုသော သဘောတရားကို ပထမဆုံး ဆင်ခြင်မိပါသည်။
    ထို့ပြင် ပန်းခြံထဲ၌ စီးဆော ဆော့ကစားနေသော ကလေးငယ်နှစ်ဦးအနက် အမြင့်ရောက်သွားသည့် ကလေးမှာ တဘက်ကလေး ထက်ပို၍ ပန်းခြံ၏ရှုမျှော်ခင်းများကို မြင်တွေ့နိုင်မည်။ ပတ်ဝန်းကျင်၏ အလှတရားများကို ခံစားနိုင်မည်။ တဖန် မိမိက နှိမ့်ချပေးခြင်းအားဖြင့် တဘက် ကလေးအား ထိုရှုခင်းများအား ကြည့်ရှုခွင့်ပေးရာရောက်သည်။

    ဤသို့ဖြင့် အတုန့်အလှည့်သဘော လိုက်လျောပေးကြသည်။ အပေးအယူသဘော အပြန်အလှန် ဖြည့်စည်းပေးကြသည်။ အနိမ့်၌ရှိနေစဉ်ထက် အမြင့်သို့ ထောင်တက်ရချိန်တွင် ပို၍ ပျော်စရာကောင်းသည်။ ထို့ကြောင့် ပျော်ရွှင်မှုကို ဝေမျှခံစားမိကြသည်။ win-win (သူမသာ၊ ကိုယ်မနာ)သဘောမျိုးဖြစ်သည်။
    အတ္တကင်းစင်သော ကလေးတို့ဘ၀တွင် ဆော့ကစားခဲ့ကြသည့် အဆိုပါ ကစားနည်းမှာ အတ္တ၀ါဒ ချိုးနှိမ်ရေးကို ကောင်းစွာ လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
    မိမိချည်း ကောင်းစား၍ မပြီး။ ပျော်ရွှင်မှု၊ ချမ်းသာမှု၊ အောင်မြင်မှုများကို တကိုယ်တည်းရယူနေခြင်းဖြင့် လောကအလှမဆင်နိုင်။ မိမိ ညီအစ်ကို၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးနားချင်းများအပါအ၀င် လူ့အဖွဲ့ အစည်းတို့ကိုပါ သူ့အလှည့်ကိုယ့်အလှည့် နေရာပေးသင့်သည်ဟူသော အသိကို မွေးဖွားပေးသည်။
    ငယ်ရွယ်စဉ်က အပျော်သဘောဖြင့် ဆော့ကစားခဲ့သော်လည်း ကြီးပြင်းလာသောအခါ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်လာချိန်တွင် သူများကောင်းကျိုး-ကိုယ့်ကျောင်းကျိုး၊ အတ္တ-ပရ ညီညွတ်မျှတအောင် ဆောင်ရွက်ရာတွင် စီးဆောကစားနည်းက သင်ခန်းစာပေးသည်။
    လူ့လောက လူ့ဘ၀တွင် အနိမ့်အမြင့်၊ အတက်အကျ၊ အဆိုး အကောင်း ရှိစမြဲပင်။
    ဆိုကြပါစို့ …” တဘက်ကို A ကျန်တဘက်ကို B ဟု အမည်တပ်၍ A မှာ အကောင်း၊ B မှာ အဆိုးဟု ကိုယ်စားပြုသတ်မှတ်ကြည့်ပါ။ A ဆိုသော ကောင်းခြင်းများ မြင့်တက်နေချိန်တွင် B ဆိုသော အဆိုးတရားများ နိမ့်ကျနေမည်ဖြစ်ပြီး တနည်း B ၏ အဆိုးများ မြင့်တက်လာချိန်မှာ A ဆိုသော ကောင်းခြင်းတရားများ နိမ့်ကျ လျော့ပါးသွားမည်ဖြစ်သည်။
    လူတစ်ဦးချင်းစီ၏ ကောင်းမှု၊ ဆိုးမှု ကျင့်မူချက်များကို ကိုယ်တိုင် ဝေဖန်နှိုင်းယှဉ်၍ ညီမျှခြင်းထိုးကြည့်နိုင်စေရန်လည်း စီးဆောက လှုံ့ဆော် တိုက်တွန်းသည်။
    ထို့ကြောင့် စီးဆောဥပမာမှတဆင့် ကျွန်တော်တို့ နေ့စဉ်ဘ၀တွင် တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေး၊ တရားမျှတရေး စသည့် နယ်ပယ်စုံတို့တွင် သဟဇာတဖြစ်စေရန် ကောက်ယူဆင်ခြင်နိုင်သည်။
    ပန်းခြံများတွင် ကလေးငယ်တို့ ပျော်ရွှင်ကြည်နူးစွာ See -Saw စီးနေကြတာကို မြင်ရတိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်နှင့် မည်မျှ သဟဇာတဖြစ်ကြပြီလဲ၊ မည်မျှ အစွန်းမရောက်အောင် နေထိုင်နိုင်ကြပြီလဲ။ အပေး အယူ၊ အလျှော့အတင်း ကျင့်မူတတ်ပြီလား၊ အတ္တ-ပရ ညီညွတ်မျှတနိုင်ပြီလားဆိုတာ ဆင်ခြင်ကြည့်နိုင်ပါကြောင်း ….”။

    copy from လင်းယုန်ဂျာနယ်

  • နို့တစ်ခွက်နဲ့ စာရင်းရှင်းပြီး

    တစ်ခါက ဆင်းရဲသားလေးတစ်ယောက်ဟာ ကျောင်းစရိတ်ရဖို့အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကုန်ပစ္စစည်းလေးတွေ လိုက်လံ ရောင်းချနေရသတဲ့။ တစ်နေ့မှာတော့ သူ့မှာ အြွေကအနည်းငယ်သာ ကျန်ရှိပြီး စားစရာမရှိတဲ့အတွက် အခက်ကြုံနေသတဲ့။ အရမ်းဆာလောင်နေတဲ့ လူငယ်လေးဟာ အိမ်နီးနားချင်းဆီက တစ်ခုခု စားစရာ တောင်းစားဖို့ ဆုံးဖြတ်လိုက်တယ်။
    ဘေးအိမ်ကို တံခါးခေါက်လိုက်တဲ့အခါ ချစ်စဖွယ်မိန်းကလေး တစ်ဦး ထွက်လာတာတွေ့ရတော့ သူ့စိတ်ပြောင်းပြီး ထမင်းအစား ရေတစ်ခွက်ပဲ တောင်းခံလိုက်တယ်။ မိန်းကလေးလည်း လူငယ်လေးရဲ့ ဆာလောင်မွတ်သိပ်နေတဲ့ပုံကိုကြည့်ပြီး နို့အပြည့်တဖန်ခွက် ယူလာပေးတယ်။ သူက နို့ကို တဖြည်းဖြည်းချင်းသောက်ပြီးတဲ့နောက်မှာ

    ”ကျွန်တော် ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိပါဘူးဗျာ”လို့ဆိုတယ်။
    ”ရှင် ဘာမှပြန်ပေးဆပ်စရာမလိုပါဘူး၊ ကျွန်မမေမေက မှာထားတယ်၊ ကြင်နာမှုနဲ့ စာနာပြီးကူညီတာကို ဘာအဖိုးအခမှ ပြန်မယူရဘူးတဲ့” လို့ သူမက ပြန်ဖြေပါတယ်။
    ”ကျွန်တော့် နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ”လို့ ပြောပြီး သူပြန်လာခဲ့ပါတယ်။
    နောက်ပိုင်းမှာတော့ လူငယ်လေးဟာ အိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုလည်းမရှိသလို နာမ်ပိုင်းဆိုင်ရာ ဖြစ်တဲ့ ဘုရားသခင်နဲ့ လူငယ်တွေမှာ စွမ်းအင်တွေရှိတယ်ဆိုတာလည်း ယုံကြည်မှု မရှိပါဘူး။ အဲဒီ အချိန်အထိ သူဟာ အရာရာကို လက်မြှောက် အရှုံးပေးဖို့ပဲ အသင့်ပြင်ထားသူပါ။
    နောင်နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ မိန်းမပျိုလေးလည်း အသက်အရွယ် ကြီးပြင်းလာပြီး တနေ့မှာ ပြင်းထန်တဲ့ ဝေဒနာခံစားရရှာ တယ်။ ဒေသခံ ဆရာဝန်တွေ မနိုင်တော့လို့ မြို့ကြီးက ဆေးရုံကို လွှဲ ပြောင်းပေးရတဲ့ အထိပါပဲ။ သူမရဲ့ ရှားပါးတဲ့ ရောဂါအခြေအနေကို အထူးကု ဆရာဝန်ကြီးတွေနဲ့ သေသေချာချာ ကုသဖို့ ပြင်ဆင်ရတာပေါ့။ အဲဒီမှာ တစ်ချိန်က လူငယ်လေးဟာ ဆရာဝန်ကြီး ဟောင်းဝပ်ဖြစ်လို့နေပါပြီ။ ဆရာဝန် ဟောင်းဝပ်ဟာ ဒီလူနာကို ကိုင်တွယ်ရမယ့် အထူးကုကြီးပေါ့။ အမျိုးသမီးရောက်လာတဲ့ မြို့နာမည်ကို ကြားကတည်းက သူ့မျက်လုံး တွေ အရောင်လက်သွားခဲ့တယ်။ ပြီးတော့ လူနာရှိရာ ကုတင်ကို သူရောက်လာပြီး အမျိုးသမီးကိုကြည့်လိုက်တဲ့အခါ မြင်မြင်ချင်း သူမှတ်မိသွားတယ်။ ဒါနဲ့ ဆရာဝန်အဖွဲ့ကို အတတ်နိုင်ဆုံးကြိုးစားပြီး သူမအသက်ကို ကယ် တင်ဖို့ တိုက်တွန်းလိုက်တယ်။ ဆရာဝန်တွေဟာ တစ်နေကုန် ဒီလူနာအတွက် အထူးအလေးပေးပြီး ကုသကြတယ်။ နောက်ဆုံး သူတို့ အောင်မြင်ခဲ့တယ်။
    ဒေါက်တာ ဟောင်းဝပ်က ငွေရှင်းဌာနကို သွားပြီး ဒီအမျိုးသမီးအတွက် ကျသင့်ငွေစာရင်းကို တောင်းယူကြည့်ပါတယ်။ နောက် သူက ငွေရှင်းစာရွက်ရဲ့ အောက်ခြေမှာ လက်မှတ်ရေးထိုးပြီး လူနာထံ ပို့ခိုင်းလိုက်ပါတယ်။
    လူနာအမျိုးသမီးက သူ့ထံရောက်လာတဲ့ ကျသင့်ငွေစာရင်း စာရွက်ကို စိုးရိမ်တကြီးနဲ့ ဖွင့်ကြည့်တယ်။ သူ့စိတ်ထဲမှာတော့ ဒီလို ဆေးရုံကြီးမှာ အထူးကုကြီးတွေနဲ့ ကုသရတဲ့ ကုန်ကျငွေဟာ ကျန်ရှိနေတဲ့ သူ့ဘ၀တစ်သက်လုံး ဆပ်လို့ ကုန်မှာမဟုတ်ဘူးလို့ တွေးထင်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေ ပြူးကျယ်သွားလောက်အောင် အံ့သြသွားရတာက ဘောက်ချာရဲ့ အောက်ခြေမှာ ”နို့တစ်ခွက်နဲ့ စာရင်းရှင်းပြီး”လို့ ရေးထားတာကြောင့်ပဲ။ အောက်မှာ လက်မှတ်ရေးထိုး  ထိုးထားတဲ့ ဒေါက်တာ ဟောင်းဝပ်ရဲ့ နာမည်ကိုတွေ့လိုက်ရတဲ့အချိန်မှာ သူဟာ အရာရာအားလုံးကို ပြန်မှတ်မိသွားတယ်။ ၀မ်းသာဝမ်းနည်းနဲ့ မျက်ရည်တွေလည်း စီးကျလာတယ်။

    အဲဒီနောက်မှာတော့ သူမရင်ထဲမှာ “အို.. ဘုရားသခင်၊ ကျေးဇူးကြီးမားလှပါတယ်၊ အရှင့်ရဲ့ မေတ္တာတွေဟာ လူသားတွေရဲ့ နှလုံးသားနဲ့ လက်တွေထဲမှာ စီးဝင်နေပါပြီအရှင်…” လို့ ဆုတောင်းနေမိပါတော့တယ်။

    Ref;  Paid in full cup of Milk

    from လင်းယုန်ဂျာနယ်

  • ကျမ ဂဒါဖီရဲ့ သူနာပြုဘ၀ကပေါ့

    ကျမ အသက် ၂၁ အရွယ်မှာ မွမ်မာဂဒါဖီရဲ့ သူနာပြုအဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ကျမ ယူကရိန်းမှာ ကြီးပြင်းသူပါ။ အာရပ်စကားလည်း မပြောတတ်ပါဘူး။ လစ်ဗီးယားစကားနဲ့ လဗနွန်စကား မတူမှန်းတောင် မသိပါဘူး။ သူ့ကိုတော့ ကျမတို့က ‘Papik’ လို့ ချစ်စနိုးခေါ်ကြတယ်။ ရုရှားလို ‘အဖေလေး’ လို့ အဓိပ္ပာယ်ရတယ်။ ကျမ အတွက်ကတော့ အရာရာဟာ အိပ်မက်လိုပါပဲ။ ကျမအတွက် အိပ်ခန်း၂ခန်းပါတဲ့ တိုက်ခန်းတခန်းရတယ်။ ဒရိုင်ဘာတစ်ယောက်ပေးထားတယ်။ ကျမခေါ် လိုက်တဲ့အချိန်တိုင်းမှာ အဆင်သင့် ရောက်လာမယ်။ ဒါပေမယ့် ကျမအခန်းမှာ လျှိ့ဝှက်အသံဖမ်းကရိယာတွေ တပ်ဆင်ထားတယ်။ ကျမဘ၀က အနီးကပ် စောင့်ကြည့်တာခံခဲ့ရတယ်။
    ကျမအလုပ်ဝင်ကာစက နန်းတော်ကို သွားခွင့်မပြုဘူး။ ‘အဖေလေး’ က သူ့မိန်းမ(စဖီယာ)ကို ကြောက်ရတယ်နဲ့တူတယ်။ သူ့မိန်းမ မနာလိုဖြစ်မှာကိုလေ။ နောက်တော့ ကျမ ပုံမှန်သွားလို့ ရခဲ့ပါတယ်။ တကယ်တော့ သူ့မှာ လူငယ်တစ်ယောက်လို နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်မျိုးရှိနေတာပါ။ ချက်တို့၊ ချီလီနိုင်ငံတို့ကို အလည်သွားတဲ့အခါမှာတော့ အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါ မ၀င်ရအောင် သူ့ကို ကုတ်အင်္ကျီထူထူထဲထဲ ၀တ်ပေးရတယ်။ ကျမတို့က သူကို အိမ်နားမှာ ပုံမှန်လမ်းလျှောက်ခိုင်းပြီး သွေးပေါင်ချိန်တာတို့ ကာကွယ် ဆေးထိုးတာတို့ မှန်မှန်လုပ်ပေးရတယ်။
    ယူကရိန်းသတင်းစာတွေကတော့ ကျမတို့ကို ကဒါဖီရဲ့ မောင်းမ (အငယ်အနှောင်း)တွေလို့ ကင်ပွန်းတပ်တယ်။ ဒါ အဓိပ္ပာယ်မရှိတာပဲ။ ဘယ်သူနာပြုမှ  သူ့ချစ်သူတွေ မဟုတ်ပါဘူး။ ကျမတို့တွေက သွေးပေါင်တိုင်းတဲ့အချိန်လောက်ပဲ သူ့အသားကို ထိတွေ့ကြတာပါ။ ‘အဖေလေး’ဟာ သူ့သူငယ်ချင်း အီတလီဝန်ကြီးချုပ် ဘာလူစကူနီိတို့လို မိန်းမလိုက်စားတဲ့သူမဟုတ်ပါဘူး။ သူက ဆွဲဆောင်မှု ရှိတဲ့ ယူကရိန်းမယ်တွေကိုပဲ သီးသန့်ရွေးချယ်ခန့်ထားတာပါ။ သူ့ဘေးမှာ လှပတဲ့ အရာတွေ လူတွေရှိနေစေချင်တဲ့ သဘောပါ။ ကျမကို အလုပ်ခန့်ဖို့ လူတွေ့ စစ်ဆေးတုန်းကဆို ကျမကို လာလျှောက်တဲ့သူတွေထဲကနေ ဆွဲထုတ်ပြီး အရင်ဆုံး လက်ဆွဲနှုတ်ဆက်တယ်။ နောက်ပြီး ကျမ မျက်လုံးကို သေသေချာချာစိုက်ကြည့်တယ်။ နောက်ပိုင်းမှ ကျမသိလိုက်ရတာက သူဟာ လူတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ချရမယ်ဆိုရင် အရင်ဆုံး အဲဒီလူကို လက်ဆွဲနှုတ်ဆက်တတ်တယ်ဆိုတာပါပဲ။
    ‘ပါပစ်က်’မှာ မကောင်းတဲ့အကျင့်တစ်ခုချို့တော့ရှိတယ်။ သူဟာ အာရဗ်ဂီတကို ကက်ဆက်အဟောင်းကြီးတစ်ခုနဲ့ ဖွင့်ပြီး နားထောင်မယ်။ သူ့အ၀တ်တွေကိုလည်း တစ်နေ့ကို ခဏခဏလဲနေတော့တာပါပဲ။ ၁၉၈၀ လောက်က ရော့ခ်ဂီတသမားတစ်ဦးရဲ့ ဒီဇိုင်းနဲ့ အ၀တ်အစားကို သူ အရူးအမူးစွဲလမ်းတာ…။ တစ်ခါတရံ ဧည့်သည်တွေ သူ့ကို စောင့်နေတဲ့ အချိန်မှာတောင် အခန်းထဲဝင်ပြီး အင်္ကျီလဲလိုက်သေးတယ်။ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို လှည့်လည်တဲ့အခါမှာလည်း သူက ကားပြတင်းပေါက်ကနေ ယာဉ်တန်း နောက်က ပြေးလိုက်လာတဲ့ ကလေးငယ်တွေကို ပိုက်ဆံတွေ၊ သကြားလုံးတွေ ကျဲချတယ်။ ကလေးတွေနားတော့ ဘယ်တော့မှ မကပ်ဘူး။ ရောဂါတွေ ကူးဆက်မှာ စိုးလို့တဲ့။ နောက် ရွက်ဖျင်တဲမှာ ဘယ်တော့မှ မအိပ်ဘူး။ အစည်းအဝေးလုပ်တဲ့ အချိန်လောက်ပဲ သုံးတယ်။
    သူနဲ့အတူ ကျမတို့ အမေရိကန်၊ အီတလီ၊ ပေါ်တူဂီ၊ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေကို ခရီးထွက်ဖူးပါတယ်။ အမြဲတမ်း ကျမတို့အပေါ် ကောင်းခဲ့တယ်။ ကျမတို့ လိုအပ် တာကိုမေးပြီး ဈေးဝယ်ထွက်ခွင့်ပြုတယ်။ နှစ်စဉ်နှစ်တိုင်းမှာလည်း ‘အဖေလေး’က သူ့ဝန်ထမ်းတွေကို ရွှေရောင် နာရီတစ်လက် လက်ဆောင်ပေးနေကြပဲ။ အဲဒီနာရီအပေါ်မှာ သူ့ဓါတ်ပုံကိုပါ ထည့်သွင်းရိုက်နှိပ်ထားတယ်။ အဲဒီနာရီပြပြီး လစ်ဗျားရဲ့ ဘယ်နေရာမှမဆို ပြဿနာဖြစ်ရင်ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့အကူအညီမှန်သမျှ တောင်းလို့ရတယ်။
    သူ့ကို လစ်ဗျားလူဦးရေ ထက်ဝက်လောက်က မကြိုက်မှန်း သိရတော့ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ပြည်တွင်းက ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ကျမတို့တွေကို မနာလိုဖြစ်ကြတယ်။ ကျမတို့က သူတို့ထက် ပိုပြီး လစာ ၃ ဆလောက်ရကြ တယ်လေ။ ဒေါ်လာ ၃ ထောင်ကျော်တာပေါ့။ ဒါဟာ ‘အဖေလေး’သူ့တိုင်းပြည်မှာ လုပ်ချင်တိုင်းလုပ်နေတဲ့ ရလာဒ်ပဲ။ သူက စတာလင်နဲ့ တူတယ်။ အာဏာတွေ ဇိမ်ခံစရာတွေအားလုံးဟာ သူ့အတွက်ချည်းပဲ။
    အီဂျစ်ပြည်မှာ တော်လှန်ရေးတွေဖြစ်နေတာ တီဗီမှာ ကျမ စတွေ့တော့ အော်…ဒီမှာ ‘အဖေလေး’ကိုတော့ ဘယ်သူမှ ဆန့်ကျင်ရဲ မှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် တူနီးရှားနဲ့ အီဂျစ်ပြီး ဂယက်တွေရိုက်ပြီး လစ်ဗျားမှာလည်း အရာရာပြောင်းလဲခဲ့ပြီလေ။
    တကယ်လို့ ‘အဖေလေး’ဟာ သူ့သား ‘စအိဖ်’ကို အာဏာ လွှဲပေးလိုက်မယ်ဆိုရင်တော့ သူ့အတွက် အခွင့်အရေးရှိနိုင်ဦးမယ်။ ပြည်သူတွေအခုလောက်လည်း သေမှာမဟုတ်ပါဘူး။
    ကျမ ထရီပိုလီကနေ ဖေဖော်ဝါရီလဆန်းလောက်မှာ ထွက်လာခဲ့တယ်။ ကျမသူငယ်ချင်းနှစ်ယောက်တော့ အဲဒီမှာ ကျန်ရစ်ခဲ့တယ်။ အခု သူတို့ ထွက်လာလို့ မရတော့ဘူး။ ကျမ ထွက်လာရ တဲ့အကြောင်းကတော့ ပုဂ္ဂိုလ်ရေးဆန်လွန်းပါတယ်။ ကျမမှာ ကိုယ်ဝန်လေးလရှိပြီလေ။ အခု ထင်သာမြင်သာရှိနေပြီ။ ကျမရဲ့ ဆားဗီးယားချစ်သူကို ‘အဖေလေး’က သဘောမကျမှာ စိုးလို့ပါပဲ။
    ကျမ သစ္စာဖောက်လို့ ‘အဖေလေး’က ခွင့်လွှတ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျမ လစ်ဗျားကနေ ထွက်ခွာမှဖြစ်မှာမို့ပါ။ ကျမနဲ့ ကျမရဲ့ကလေးအနာဂတ်ကို စဉ်းစားရမယ်လေ။ ‘အဖေလေး’ ရဲ့ အနီးကပ်လုပ်ဖော်ကိုင်ဖက်က အခုတော့ သူနဲ့ဝေးရာကို ထွက်ပြေး နေရပါပြီ။ သူက အခု သူ့သားသမီးတွေကိုရော ကျမနဲ့ လုပ်ဖော်ကိုင်ဖက် ယူကရိန်းအမျိုးသမီး၂ဦးကိုပါ သူ့ဘေးမှာ သူနဲ့အတူ သေဖို့ ဖိအားတွေ ပေးနေပြီလေ….။   ။

    အေးမွန်

    Ref: My Years As Gaddafi’s Nurse – by Oksana Balinskaya , Newsweek, April 10, 2011