News @ M-Media

Author: M-Media

  • မန္တလေးမြို့လုံးဆိုင်ရာ မွတ်စလင် သွေးလှူရှင်များ အသင်း

    မပြတ်မစဲသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော (အလ္လာဟ်)အရှင်မြတ်၏ နာမတော်ဖြင့်(အစပြုပါ၏)

    “မည်သူမဆို လူတစ်ဦးတယောက်ကို(အသက်ဘေး အန္တရာယ် မှကယ်ဆယ်ခြင်းအားဖြင့်)အသက်ရှင်စေခဲ့ပါမူ   လူသားမျိုးနွယ်စုတရပ်လုံး၏ အသက်ကို ကယ်တင်ဘိသကဲ့သို့ပင်တည်း” ကုရ်အာန် ကျမ်းတော်မြတ်(စူရတုလ် မာအေ့ဒဟ် -၅း ၃၂ )

    “လူသားထု အား ကြင်နာခြင်းကို ပြလော့။ သို့မှသာ အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့အား ဂရုဏာပြုလိမ့်မည်” (မဟာတမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်)

    မွတ်စလင် စေတနာရှင် သွေးလှူရှင်များခင်ဗျာ-
    မန်းလေးမြို့ရှိ ကျန်းမာရေးအတွက် ဆေးကုသခံနေသောလူနာများအဖို့ အရေးပေါ်အလွယ်တကူသွေးလိုအပ်လျှင် ရရှိနိုင်ရန် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရေးမှာ အထူးလိုအပ်လျက်ရှိပါသည်။
    (more…)

  • မွတ်စလင်တွေရဲ့ ဘာသာရေးယုံကြည်မှုတွေကို ပစ်မှတ်ထားတဲ့အတွက် FBI တရားစွဲခံရ

    လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂၄။       ။ FBI အရာရှိတွေက သတင်းပေးသူလျို တစ်ယောက်ကို ကယ်လီဖိုးနီးယားက ဗလီတွေမှာ သူလျိုအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခိုင်းစေခဲ့တာကြောင့် မွတ်စလင်ရာပေါင်းများစွာရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်လို့ American Civil Liberties Union (ACLU) နဲ့ Council on American-Islamic Relations တို့ရဲ တရားစွဲဆိုချက်အရ သိရပါတယ်။
    ကြေးစားသူလျို Keith Monteilh ဟာ လူမှုအဖွဲ့အစည်း တစ်ခုခုအတွင်းမှာပဲ နေထိုင်လေ့မရှိပဲ ကွဲပြားခြားနားတဲ့ လူစုတွေကြားမှာ ထိုးဖောက်ဝင်ရောက်ပြီး ဘာသာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာလကြာမြင့်စွာ စုဆောင်းခဲ့တယ်လို့ လော့အိန်ဂျလိစ်မှာ စွဲချက်တင်ခဲ့တယ့် တရားစွဲချက်မှာ အခိုင်အမာဖေါ်ပြထားပါတယ်။ (more…)
  • အစ္စလာမ်နှင့် ပတ်သက်သမျှ ပြင်သစ်နာမည်ကျော် ဘောလုံးသမား အွန်နရီ ရင်ဖွင့်လိုက်ပြီ။

    ပြင်သစ်နိုင်ငံမှာ အကျော်အမော် ဘောလုံးသမား  အွန်နရီ က အလ်ဂျဇီးရဟ် ရုပ်သံဖြင့် အင်တာဗျူးစဉ် သူအစ္စလာမ့် အေးရိပ်ခိုဝင်ခဲ့ပုံကို ဤသို့ ရင်ဖွင့် ပြောကြားခဲ့သည်။ “ပြောရမယ်ဆိုရင်တော့ဗျာ.. ကျွန်တော်ကစားဖေါ်တွေဖြစ်တဲ့ Abiden နဲ့ Ribery တို့ကနေ အစ္စလာမ် အပေါ် စိတ်ညွတ်ခဲ့တာဗျ..  သူတို့နဲ့ ကျွန်တော်စကားပြောရင်းနဲ့ အစ္စလာမ့်နဲ့ ပိုနီးကပ်လာခဲ့တာကို ခံစားမိခဲ့ ပါတယ်..  နောက်တော့ ဒီသာသနာကို နှလုံးသား ကနေ လက်ခံယုံကြည်မိခဲ့၇တယ် ..  အခုချိန်မှာတော့ အစ္စလာမ်က ကျွန်တော် မရှိမဖြစ် ဖြစ်နေပြီဗျာ ဟု ရင်ဖွင့်ပါသည်။

    သူဆက်ပြီး “ တစ်ခြားဘာသာဝင်တွေ ကိုတစ်ခု မေတ္တာရပ်ခံလိုပါတယ်။ တကယ်လို့သူတို့ အစ္စလာမ်ကိုစိတ်ဝင်စားတယ် ဆိုရင် ဒီကမ္ဘာတစ်ခုလုံးကို လေ့လာ ကြည့်လိုက်ပါ ဘေးဘီကို လေ့လာလိုက်ပါ .. ဒါဆို အစ္စလာမ်ကို နားလည်လာမှာပါ ဟု အကြံပြုခဲ့ သည်။

    (more…)

  • မိုဘိုင်းဖုန်းဖြင့် ဆွလာသ်ကိုနှိုးဆော်မည်

    မိုဘိုင်းဖုန်း SMS စနစ်ဖြင့် ဆွလာသ်အချိန်အား သတိပေးနှိုးဆော်ပေးမည့် အစီစဉ်တစ်ရပ်အား ရုရှားနိုင်ငံ Tymen ဒေသတွင် အကောင်အထည်ဖေါ် ဆောင်ရွက် နေပြီဖြစ်သည်။ ကျွန်တော်အဖွဲ့အစည်း ကနေ မွတ်စလင်များ အလ္လဟ်အရှင်မြတ်ကို အမြဲမပျက် သတိတရဖြစ်စေဖို့ နဲ့ ဆွလာသ် အချိန်ကို မမေ့မလျော့စေဖို့အတွက် ဒီ SMS စနစ် အကောင်အထည်ဖေါ်တာဖြစ်ပါတယ် ” ဟု Tyumen ဒေသ မွတ်စလင် အစည်းအရုံးမှပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဥိးကဆိုပါသည်။

    အဆိုပါစနစ်တွင် နေ့စဉ်ဆွလာဟ် ငါးကြိမ် ဆွလာသ် မတိုင်ခင် ၁၀မိနစ် ခန့်အလိုတွင် ဆွလာသ် ၀တ်ပြုချိန် ကျရောက်တော့မည် ဟူသောသတိပေးချက် လက်ကိုင်ဖုန်းသို့ ၀င်ရောက်လာမည်ဖြစ်သည်။  ရုရှားနိုင်ငံရှိအခြား သောဒေသများတွင်လည်း ယင်းဆွလာသ် အချိန် သတိပေးစနစ်များ တပ်ဆင်လာကြသည်။ အချို့ဒေသများတွင်
    တမန်တော်မြတ်(ဆွ) ဟာဒီးဆ်တော်များကို ပါ လက်ကိုင်ဖုန်းများသို့ ပို့လွှတ်ပေးနေသည်။

    source: http://www.tatar-inform.ru/news/2011/02/19/258403/

  • တူရကီနှင့်တရုတ် အစ္စလာမ့်ပညာရေးတွင် ပူးပေါင်းဆောင်ရွက်မည်

    တူရကီနိုင်ငံရှိ အစ္စလာမ့်လေ့လာရေး အဆင့်မြင့်ကျောင်းများ ၌ တရုတ်ကျောင်းသားများ လေ့လာသင်ယူနိုင်ရန် တရုတ်နိုင်ငံနှင့်တူရကီအကြား  သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။ တူရကီ သာသနာရေးရာ ၀န်ကြီးဌာနမှ ညွန်ကြားရေးမှူး Mehmet Gormezက တရုတ်အစ္စလာမ် အစည်းအရုံး အကြီးအကဲ Hilaluddin Chen Guangyuan တွေဆုံစဉ် ယင်းသို့ သဘော တူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
    မိမိတို့သည် မွတ်စလင် ၈၁နိုင်ငံနှင့် သာသနာရေးရာပူးပေါင်း ဆောင်ရွက်မှုများရှိနေခဲ့ သော်လည်း (more…)