
Author: M-Media
-
အစ္စလာမ့်စွယ်စုံကျမ်း အိန္ဒိယတွင်ပြုစုထုတ်ဝေ
အိန္ဒိယနိုင်ငံဘန်ဂလိုမြို့မှ ပညာရှင် ဆယဒ်အိက္ကဘာလ် ဇဟီးရ် တည်းဖြတ်သော မျက်နှာပေါင်း ၁၃၀၀ ပါရှိသော အတွဲနှစ်တွဲရှိ အစ္စလာမ့်စွယ်စုံကျမ်းအား ထုတ်ဝေဖြန့်ချီလိုက်ပြီဖြစ်သည်။ ယင်းစွယ်စုံကျမ်းတွင် ရာစုနှစ်အလိုက် သာသနာတိုးတက်ထွန်းကာပုံများ အစ္စလာမ့်နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုံးများ၊ တမန်တော်မြတ်(ဆွ) ၏ ဘ၀ဖြစ်စဉ် ၊ အစ္စလာမ်၏ လူမှု ရေးနှင့်နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု၊ အစ္စလာမ့်သိပ္ပံပညာရှင်များ၊ အစ္စလာမ့်ရှရီအဟ် ၊ သမိုင်း နှင့် လူနည်းစု မွတ်စလင်ရေးရာများ ကိုထောင့်စေ့အောင်တင်ပြထားသည်။
ယင်းစွယ်စုံကျမ်း မိတ်ဆက်အခမ်းအနားတွင် ဆယဒ်အိက္ကဘာလ် ဇဟီးရ် က ကျမ်းပြုစု သော ပညာရှင်အစုအဖွဲ့ ၁၅နှစ်ကြာ အချိန် ယူပြုစုခဲ့ရကြောင်း အနောက်တိုင်းက ထုတ်ဝေပြီးသော အစ္စလာမ့်စွယ်စုံကျမ်းအများစု ၌ လည်း အစ္စလာမ်အား ပုံပျက်ပန်းပျက်ဖြစ်အောင် တင်ပြထားကြကြောင်း ပြောကြားခဲ့သည်။ အဆိုပါစွယ်စုံကျမ်းတွင် သမိုင်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ၊ မြေပုံများ ၊ ကိုတိတိကျကျဖေါ်ပြပေးထားသည်။ ယင်စွယ်စုံကျမ်းအား အမေရိကန်ဒေါ်လာ၁၅၀ ဖြင့် ပင်လယ်ကွေ့အာရဘ်နိုင်ငံများအတွက် ဖြန့်ချိလိုက်သည်။ -
သတိပေးစာများ….
လူဆိုသည်ကို အဓါပ္ပါယ်ဖွင့်ရသည်မှာ လွယ်ကူသည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။…………………..
လူဟူသည့် သတ္တ၀ါသည် အလွန်တရာ ဆန်းကြယ်လှသည်မှာတော့ သေချာပေသည်။ သူတပါးက ကိုယ့်ကို လှည့်စားမှာ၊ လိမ်ညာသွားမှာကို သေမလောက် ကြောက်ကြပေမဲ့ မျက်လှည့်ကိုကျတော့ ပိုက်ဆံပေးကြည့်တတ်ကြသည့် ကိစ္စမှာလည်း ဆန်းကြယ်ပေသည်။ သူတပါးက ကိုယ့်ကို ချိုးနှိမ်သွားမှာ၊ သူတပါး ခြေထောက်အောက်ကို ရောက်ရမှာ သေမလောက် စိုးရိမ်ကြပေမဲ့လို့လည်း အနှိပ်သည်ကို ပိုက်ဆံပေးနှိပ်ခိုင်းကြသည့် ကိစ္စလည်း အပါအ၀င်ပင် ဖြစ်သည်။ ပို၍ ထူးဆန်းသည်ကတော့ သူတပါး၏ တံတွေးထွေးရွံရှာခြင်းကို ခံရမှာ ကြောက်ကြသည့် သူများက ပယောဂဆရာ သို့မဟုတ် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ပိုက်ဆံပေး၍ တံတွေးထွေးကာ မန်းမှုတ်ခိုင်းစေခြင်းပင် ဖြစ်သည်။
ထို့ပြင် မလုပ်နှင့်ဆိုသည့်အရာကိုမှ လုပ်ချင်သည်။ မစားနှင့်ဆိုလျှင် စားချင်သည်။ ( ကမ္ဘာဦးထဲက မစားသင့်သည့် အသီးကို စားမိ၍ ဒုက္ခရောက်ပုံများကို တွေးဆကြည့်ကြပါ။) ။ အချို့လူများကတော့ မလုပ်နှင့်ဆိုသော အရာကို ဗြောင်ပင်လုပ်သည်။ အချို့ကတော့လည်း သွယ်သွယ်ဝိုက်ဝိုက်၊ သိုသိုသိပ်သိပ်ပေါ့လေ……။
ကျွန်မတို့တွင် ကျွန်မတို့မိသားစုဝင်များ စုပေါင်း၍ ဖွင့်ထားသည့် စားသောက်ဆိုင်လေး တစ်ဆိုင်ရှိပါသည်။ ကျွန်မတို့ မြို့ကလေးတွင်တော့ ထိုကဲ့သို့သော ဆိုင်များကို လက်ချိုးရေကြည့်၍ပင် ရနိုင်လေသည်။ ကျွန်မတို့ မြို့လေးသည် အတန်ငယ် ကျဉ်းမြောင်းလှသော်လည်း နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အတွက် အစဉ်သဖြင့် စည်ကားနေတတ်ပေသည်။
စားသောက်ဆိုင်ဖြစ်သည့်အလျောက် လူ့အာဘော်များ ထွက်ကျစီးဆင်းရာ နေရာလည်း ဖြစ်ပေသည်။ လူ့ဘာဝအတိုင်း စားကြသောက်ကြရင်း ဘ၀အကြောင်း၊ မိသားစုအကြောင်း၊ သားရေးသမီးရေးအကြောင်း၊ အရောင်းအ၀ယ်အကြောင်း၊ သာကြောင်းမာကြောင်းများအပြင် ယုတ်စွအဆုံး ခွေးနှစ်ကောင်ကိုက်ကြသည့် အကြောင်းကိုပါ ထည့်သွင်းပြောတတ်ကြပေရာ စားသောက်ဆိုင်ဆိုသည်မှာ ဆည်းပူးသင်ယူမကုန်နိုင်သော ဗဟုသုတဟင်းလေးအိုးကြီးသဖွယ်ပင် ဖြစ်သည်ဟု အကဲပိုပိုနှင့် ဆိုချင်လည်း ဆို၍ရနိုင်သည့် အနေအထားမျိုးပင် ဖြစ်ပေသည်။
ကျွန်မတို့၏ ဆိုင်လေးတွင် သတိပေးစာများ ချိတ်ဆွဲထားပေသည်။ “ဆေးလိပ်မသောက်ရ။ အရက်၊ဘီယာ၊ မူးယစ်ဆေးများကို ဤဆိုင်အတွင်း သုံးစွဲခွင့်မပြု၊ အစားအစာများကို ပူပူနွေးနွေးချက်ပြုတ်ပေးနေပါသဖြင့် အနည်းငယ်စောင့်ဆိုင်းပေးကြပါရန်…” စသည်ဖြင့်ပေါ့လေ။ ကျွန်မတို့ဆိုင်ကို ၀င်လာသည့်လူတွေထဲက လူတစ်ချို့ကတော့ “သည်ဆိုင်က warning တွေ များလိုက်တာ” ဟု ဆိုချင်ဆိုကြလိမ့်မည်။
“ဆေးလိပ်မသောက်ရ” ဟု ကပ်ထားသော်လည်း ဆေးလိပ်သောက်လို့ရလားဟု တချို့လူများက ထပ်မေးတတ်သည်။ တချို့လူတွေဆိုလျှင် လွန်ကဲလာကာ မီးခြစ်ကိုပင် တောင်းတတ်ကြသေးသည်။ ထိုသို့မေးသောအခါမျိုးတွင် သတိပေးစာကို ကျွန်မ လက်ညှိုးထိုးပြတတ်သည်။ သို့သော် ထိုလူများက သူတို့သည် စာဖတ်တတ်သည့်အကြောင်းကို ပြန်ပြောလေရာ စာဖတ်တတ်သူတစ်ယောက်အဖို့ မေးစရာပင်မလိုကြောင်း ကျွန်မကလည်း ခပ်သွက်သွက်ပင် ပြန်ပြောရလေသည်။ ဟုတ်သည်လေ။ စာဖတ်တတ်နေလည်း မေးစရာမှမရှိတာကို…။
သည်ခုံမှာ မထိုင်ပါနှင့်ဟု ကျွန်မက အတန်တန်တားသည်ကို “ထိုင်တော့ ဘာဖြစ်သေးလဲ” ဟု ပြော၍ ခုံပေါ်ထိုင်ချသော လူတစ်ယောက်သည် ပြုတ်ကျသွားဖူးပါသေးသည်။ ခုံက အောက်ခံကြိမ်လေးတွေက ပြတ်ထွက်လုနီးပါး ဖြစ်နေသည့်အတွက် ပြန်ပြင်ဆင်ရန် သီးသန့်ထားရှိသော ခုံတစ်ခုံဖြစ်သည်။ အခြားခုံတွေနှင့် မရောနှောထားပါဘဲလျက် သူက ထိုခုံကိုမှ ထိုင်ချင်သည်တဲ့လေ။ “ထိုင်လိုက်တော့ အဲ့လိုပြုတ်ကျသွားတာပေါ့” ဟုပဲ ကျွန်မ ပြန်ဖြေခဲ့ပါသည်။
နောက်ထပ်လူတစ်ယောက်ကတော့ နည်းနည်းလေးဆန်းသည်။ “ဖုန်းပြောချင်လို့ သီချင်းသံကို တိုးပေးပါဦး” တဲ့။ ထိုင်ရာမှပင် မထဘဲ ပြောနေသည်။ ထိုလူသည် ဘေးပတ်ဝန်းကျင်ကိုလည်း မြင်ဟန်မတူ။ သူသိသည်မှာ သူနှင့် သူဖုန်း အကြောင်းကိုပင် ဖြစ်လိမ့်မည်။ သူဖုန်းပြောရနိုင်ဖို့အတွက် သည်ဆိုင်၏ ဖွင့်ထားသော သီချင်းသံကိုပါ တိုးပေးရဦးမည်တဲ့။ ဒါက လူ့အခွင့်အရေးတဲ့လား။ အမှန်တကယ် ထိုသူလုပ်သင့်သည်က ဖုန်းကိုကိုင်ကာ အပြင်ထွက်၍ စကားသွားပြောရန်ပင် ဖြစ်သည်။ သို့သော်လည်း…..။
ကျွန်မက သီချင်းသံတိုးမပေးနိုင်ကြောင်း၊ အပြင်ထွက်ပြီး ပြောလျှင် ပို၍ အဆင်ပြေနိုင်ကြောင်း ပြောပြသည့်အခါတွင်တော့ “ ကျွန်တော်တို့က လာစားတဲ့ customer တွေနော” ဟူ၍ မျက်နာထိ မျက်နှာထားနှင့် ပြန်ပြောပါသည်။ “ ဟုတ်ပါတယ်၊ ကျွန်မတို့ဆီမှာ လာစားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အကိုတို့ကလည်း အဆင်ပြေလို့လာစားတယ်၊ ကျွန်မတို့ကလည်း တန်ရာတန်ကြေးရောင်းပေးတယ်၊ ဒီထက်ပိုတဲ့ ၀န်ဆောင်မှုမျိုးကိုတော့ ကျွန်မတို့ဆိုင်က မပေးနိုင်ပါဘူး၊ ဒါကြောင့် ကိုယ့်တစ်ယောက်တည်းအတွက်နဲ့တော့ ကျန်တဲ့သူတွေကို စိတ်အနှောင့်ယှက် မဖြစ်စေတာ ပိုကောင်းလိမ့်မယ်” လို့ ကျွန်မရိုးရိုးလေးပဲ ပြန်ပြောလိုက်ပါသည်။ ထိုလူက ကျွန်မကို မည်သို့ထင်သွားမလဲတော့ ကျွန်မ မပြောတတ်ပါ။
ကျွန်မကတော့ ထိုသို့သော လုမျိုးတွေအတွက် “ အသက်မရှုရ၊ စကားမပြောရ” ဆိုသည့် သတိပေးစာများကိုပါ ခပ်ငေါ့ငေါ့နှင့် ထည့်သွင်းရေးပေးစေချင်ပါသည်။ သို့သော် ထိုသို့ထပ်ရေးလိုက်ပါက ကျွန်မတို့ဆိုင်တွင် မည်သူမှ လာစားကြတော့မှာ မဟုတ်မှန်း သေချာပါသည်……။
ကျွန်မတို့ရောင်းသော အစားအစာများမှာ ချက်ချင်းချက်ပြုတ်ကြော်လှော်ရသည့် အစားအသောက်များ ဖြစ်သောကြောင့် တကယ်ကိုပင် လတ်လတ်ဆတ်ဆတ်နှင့် ပူပူနွေးနွေး စားရပါသည်။ ထို့ကြောင့် အနည်းငယ် ကြာကောင်းကြာလိမ့်မည်။ ထိုအကြောင်းကိုလည်း သတိပေးစာအဖြစ် ကပ်ထားပေးပြီး ဖြစ်သည်။ “နည်းနည်းတော့ ကြာမယ်နော” ဟု ကြိုပြီး မေတ္တာရပ်ခံထားသော်လည်း ၁၀မိနစ်ထက် ပိုလာလျှင်တော့ “မရနိုင်သေးဘူးလား” ဟု အော်ဟစ်တတ်ကြသည်။ လူတစ်ယောက်ဆိုလျှင် မှာထားသည့် ခေါက်ဆွဲများကို နောက်ကျမှရသည်ဆို၍ တစ်ပန်းကန်လုံးကို သွန်ပစ်ခဲ့ဖူးသည်။ သို့သော် သူသွန်သည်ကို ကျွန်မတို့ မသိမည်စိုး၍ ဆိုင်မှစားပွဲထိုးလေးကို ခေါ်ကာ သူသွန်ပစ်လိုက်သည့်အကြောင်းကို အာပေါင်အာရင်းသန်သန်နှင့် တကူးတကကို ပြောပြနေပါသည်။
အို… ဘယ်လိုလူတွေပါလိမ့်။ သူပိုက်ဆံပေး၍ သွန်ပစ်သည်ကို သိသော်လည်း ကျွန်မတို့ဆိုင်က ပစ္စည်းဖြစ်နေသည်မို့ စိတ်ထဲ တကယ်ပင် ၀မ်းနည်းသွားမိသည်။ သွန်ပစ်၍ ရသည်ဆိုခြင်းက သူ့အခွင့်အရေးပါ။ သို့သော် ကိုယ့်ကိုယ်ပိုင် လွတ်လပ်ခွင့်များသည် တပါးသူကို ထိခိုက်စေသည်ဆိုပါက ကောင်းသော လွတ်လပ်ခွင့်မဟုတ်မှန်းတော့ သဘောပေါက်သင့်ပေသည်။
ထိုသို့သော လူများအတွက် ကျွန်မတို့ဆိုင်ရှင်တွေက မည်သို့ဆက်ဆံပေးရမည်နည်း။ ကျွန်မအမြင်မှာတော့ လူသားတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လေးစားကြလျှင် သည်လိုပြဿနာတွေကို ကြုံရမှာမဟုတ်ဟုပဲ မှတ်ချက်ချမိသည်။ သို့သော် ပြန်စဉ်းစားကြည့်တော့လည်း မည်သို့ဖြစ်နိုင်ပါမည်နည်း။ လူရယ်လို့ ဖြစ်လာကတည်းက ရန်ပွဲတွေ စစ်ပွဲတွေက ရှိနေပြီပဲလေ။
သို့သော်လည်း ကိစ္စတိုင်းတွင် “စည်း” ဆိုသည်က ရှိနေပေသေးသည်။ ဘုရားထဲသို့ဝင်လျှင် ဖိနပ်ချွတ်ရသည်။ “ဖိနပ်ချွတ်ပါ” ဟု ရေးထားပြောထားသော နေရာတွင် ဖိနပ်ချွတ်ရမည်။ “ကွမ်းတံတွေးမထွေးရ” ဟု ဆိုသော နေရာ၊ “အမှိုက်မပစ်ရ” ဆိုသော နေရာ စသည်ဖြင့် စည်းဘောင်လေးတွေကတော့ ရှိကြစမြဲပင်။ ပြဿနာ၏ အဖြေကတော့ ရှင်းရှင်းလေးပဲ ဖြစ်သည်။ ထိုအရာများကို မလိုက်နာနိုင်ပါက ထိုအရာများရှိသော နေရာသို့ မသွားမိစေရန်ပင် ဖြစ်သည်။ သွားမိခဲ့လျှင် လေးစားလိုက်နာရမည်က လူတစ်ယောက်၏ မွေးရာပါအသိနှင့် သင်စရာမလိုသည့် တာဝန်တစ်ခုသာ ဖြစ်ရပေမည်။
ကျွန်မတို့၏ ဆိုင်လေးမှ သတိပေးစာများသည် ထိုသူတို့အတွက် နာကျင်စရာများ ဖြစ်နေမည်လား သို့မဟုတ် အမြင်ကပ်စရာများ ဖြစ်နေမည်လား။ အသေအချာတော့ မပြောတတ်ပေ။ သို့သော် “ ဆေးလိပ်မသောက်ရ၊ အရက်၊ဘီယာ၊ မူးယစ်ဆေးများကို ဤဆိုင်အတွင်း သုံးစွဲခွင့်မပြု၊ အစားအစာများကို ပူပူနွေးနွေး ချက်ပြုတ်ပေးနေပါသဖြင့် အနည်းငယ်စောင့်ဆိုင်းပေးကြပါရန်..” စသည့် သတိပေးစာများထဲတွင်တော့ ထိုသူတို့၏ လွတ်လပ်ခွင့်ကို ချုပ်ချယ်သော စာသားမျိုးများ စိုးစဉ်းမျှပင် မပါဝင်ပါဟု စဉ်းစားမိပေသည်။ သည်စာတွေထဲမှာ ဘာများအမှားတွေ ပါနေသနည်း။
သူတို့၏ လွပ်လပ်ခွင့်ကို ချုပ်ချယ်မိသည်ပဲ ထားဦး။ “ကိုယ့်နေရာ၊ ကိုယ့်အရပ်ဒေသမှာ ကိုယ့်စည်းလေးတော့ ကိုယ်ထားဦးမှာပေါ့” ဟု ဆိုလျှင်ရော… ။ သည်ကိစ္စဟာလည်း ကျွန်မတို့ ကိုယ်ပိုင်လွပ်လပ်ခွင့်ပဲ မဟုတ်လား။ ယခုတော့ ကျွန်မလည်း လူပေါင်းစုံအကြောင်းကို ဖောက်သည်ချနေမိသည်(့ တနည်း) အတင်းပြောနေမိသည့် လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့လေပြီ။( ကျွန်မအပါအ၀င်ပေါ့လေ။ လူတွေက တယောက်တမျိုးစီချည်းပါပဲ။)
အများက “ဤ” ကို “ ကျွဲ” ဖတ်နေချိန်တွင် “ဤ” ကို “ဤ” ဟုသာ အရှိအတိုင်းဖတ်နေသည့်လူအား “စည်းအပြင်ဘက်ကလူ” ဟု ၀ိုင်းပြီး သမုတ်ကြတော့မည်ကို ကျွန်မ အသေအချာ ပြောရဲပါသည်။
Khalay
-
ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
(၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)၁၉၃၄ ခု ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံဆောင်၌ ပညာရေးဝန်ကြီး ဦးကာ(ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ဥက္ကဌ၊ ရာထူးဝန်အဖွဲ့)၊ ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။
၁၉၃၉ ခုSt. Philomena’s Convent E.H.S တွင် Edward Ka အမည်နှင့် ကျောင်းပညာစသင်သည်။ မန္တလေး St. Josephs Convent E.H.S တွင် ပညာဆက်သင်သည်။၁၉၅၂ မှာ ၁၉၅၆ အထိ ဥပစာသိပ္ပံမှ ဒုတိယရသည်။ သင်္ချာဂုဏ်ထူးတန်းကို ထူးချွန်စွာ တက်ရောက်ခွင့်ရသည်။ ၁၉၅၆ ခု အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်ရောက်သည်။B.Sc (Special) သင်္ချာကို ပထမတန်းဂုဏ်ထူး First Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
၁၉၅၇ တွင် M.Sc (Maths) သင်္ချာမဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အင်္ဂလန်နိုင်ငံ Cambridge Universityတွင် ပါရဂူဘွဲ့အတွက် ဆက်လက်သင်ကြားသည်။
၁၉၅၈ မှ ၁၉၇၆ အထိ ရန်ကုန်တက္ကသိုလ်တွင် သင်္ချာ ကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုတောအတွင်း ၁၉၇၀ အောက်တိုဘာလမှ ၁၉၇၅ မတ်လအထိ လန်ဒန်တက္ကသိုလ်သို့ ပါရဂူဘွဲ့အတွက် ထပ်မံသွားရောက်ခဲ့သည်။
၁၉၇၆ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (U.C.C) သို့ ညွှန်ကြားရေးမှူးရာထူးနှင့် ရောက်ရှိတာဝန် ထမ်းဆောင်သည်။ ၁၉၈၅ အောက်တိုဘာလတွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသည်။ သိပ္ပံနှင့် နည်းပညာရေးရာ ကော်မတီဝင်ဖြစ်သည်။
၁၉၈၆ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ သိပ္ပံဌာန ဌာနမှူးတာဝန်ကို (U.C.C) ညွှန်ကြားရေးမှူးရာထူးနှင့် တွဲဖက်ထမ်းဆောင်သည်။
၁၉၈၈ မတ်လ ၂၉ ရက်တွင် တက္ကသိုလ်များကွန်ပျူတာဌာနနှင့် ကွန်ပျူတာသိပ္ပံဌာနကို ပူးပေါင်းပြီး ကွန်ပျူတာတက္ကသိုလ်ဟူ၍ ဖွင့်လှစ်ရာ ထိုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၈၉ ဇန်နဝါရီ ၁၂ ရက်တွင် ကွန်ပျူတာတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၉၄ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
၁၉၉၈ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံနည်းပညာရှင်များအဖွဲ့ အမှုဆောင်ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
-
ငါက အကြမ်းဖက်ဝါဒီလား
သူတို့တွေလေ
ငါတို့ကို လက်ညှိုးထိုး ယိုးစွပ်ခဲ့ကြပေါ့။
ဒိုင်းနမိုက်တွေ
ရင်ဘတ်မှာ စည်းနှောင်ပြီး
အဆောက်အအုံတွေ
လေယာဉ်တွေကို
ဖောက်ခွဲဖျက်ဆီး…
အရပ်သား ရာပေါင်းများစွာကို
သေတွင်းထဲ ပို့. . .
အဲဒီလိုလုပ်ရပ်တွေနဲ့
သွေးဆာနေတဲ့ အကြမ်းဖက်ဝါဒီတွေ …တဲ့
အော် . . .
ငါက အကြမ်းဖက်ဝါဒီတဲ့လား။အစွန့်ပစ်ခံ ဒုက္ခဖြစ်သနစ်တွေ ……..
ခိုးယူဖြတ်တောက်ခံလိုက်ရတဲ့ လူ့အခွင့်အရေးတွေ ………..
ဒီလိုနဲ့
မျှော်လင့်ချက်မဲ့တဲ့ ဘ၀မှာ
ထွက်ပေါက်ရှာ ပွင့်အံပေါက်ကွဲခဲ့ကြတဲ့
ငါတို့နဲ့ယုံကြည်ချက်တူသူတွေ
ဆဗ်ရာ
ချပ်တီလာ
ဒုက္ခသည်စခန်းတွေဆီမှာ တွေ့နိုင်ရဲ့
ဒါနဲ့ပဲ
ငါက အကြမ်းဖက်ဝါဒီ ဖြစ်ရရောလား။ (more…) -
တို့တွေဘယ်ထိအောင်ဆက်မှားနေကြဦးမှာလဲ..?
တစ်ခုသောညခင်း… အခါတိုင်းကဲ့သို့ပင်အိမ်ပြန်နေကြအချိန်။ဟော…လာပါပြီ “105”ကား၊မှတ်တိုင်မှာစောင့်ဆိုင်းနေသူများကံစမ်းမဲပေးသလိုအလုအယက် အုံနှင့်ကျင်းနှင့်ပြေးတက်ကျရင်းကိုယ်ပါကားပေါ်သို့ရောက်သွားရသည်။ အိမ်ပြန်ချိန်ကပုံမှန်နောက်ကျတတ်ပေမယ့်လဲ အမြဲစိတ်ပူတတ်သောအမေ့စီကဖုန်းဝင်လာသည်။ ဖုန်းပြန်အချတွင်တော့ကားက နောက်တစ်မှတ်တိုင်တွင် ကျောက်ချရပ်နားလိုက်သည်။ ဟွန်းကိုပုတ်ကာပုတ်ကာ.. လီဗာကိုကစားကာ.. ကစားရင်းဖြင့်မှတ်တိုင်မှ လူတွေကိုမြူဆွယ်ရင်း ချိန်ဆွဲကာရပ်နားနေသည်။ ဒါကထုံးစံ..ဘာမှအဆန်းမဟုတ်။ အိမ်မြန်မြန်ရောက်ချင်သောကိုယ်ကသာ.. “တောက်..ကြာလိုက်တာ” ဟုစိတ်ထဲမှာရေရွတ်ရင်းဒေါမနာ သပွါးနေမိသည်။ မကျေမနပ်အကြည့်တစ်ချက် စပယ်ရာစီပို့အလွှတ်.. အမျိုးသမီးကြီးတစ်ဦးကစပယ်ယာအား “ဟဲ့..ကောင်လေး..ဒီတစ်ရာကို ဟိုလူ့ကိုပေးပေးပါဦး” ဟုအကူအညီတောင်းနေတာ မြင်လိုက်ရသည်။စပယ်ယာက “ဟုတ်ကဲ့..အစ်မ”ဟုဆိုကာ…