News @ M-Media

Author: တောသား

  • ကမ္ဘာ့ ဟလာလ်ဈေးကွက် တရုတ် တို့ ထိုးဖောက်ရန် ကြိုးစားလာ


    ဥရောပ နှင့် တရုတ် အကြားဆက်သွယ်ခဲ့သည့် သမိုင်းဝင် ပိုးလမ်းမကြီး တွင် မွတ်စလင်များကုန်သွယ် ရောင်း ၀ယ်ဖောက် ကားခဲ့ကြောင်း အစ္စလာမ့် သမိုင်းကြောင်းတွင် တွေ့မြင်နိုင်ပါသည်။  တရုတ် မွတ်စလင် စီးပွားရေး လုပ်ငန်းရှင်ကြီးများကပိုးလမ်းမကြီးတွင် ကုန်သွယ်ခဲ့ကြသော ဘိုးဘေးဘီဘင် များနည်းတူ နိုင်ငံအကျိုး အတွက် ကမ္ဘာ့ ဟလလ် ဈေးကွက် ဝေစုပိုမို ရရှိနိုင်ရန် ကြိုးစားလာကြသည်။

    “ ဒေါ် လာသန်း ၅၀၀ကျော် တန်ဖိုးရှိကမ္ဘာ ဟလာလ် စားကုန်ဈေးကွက်မှာတရုတ် ဟလလ် စားသောက် ကုန် ပို့ကုန်လုပ်ငန်းက အမေရိကန် ဒေါ်လာသန်း ၁၀၀ ဖိုးရှိနေပါတယ်။ ” ဟု တရုတ် အစ္စလာမ့် သုသေတနစင်တာမှ ShaPengcheng က တရုတ် – အာရဘ် ကုန်သွယ် ရေးညီလာခံ ၌ ကျင်းပသောမွတ်စလင် စွန့်ဦးတီထွင် သူများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ “တဖက်မှာလည်းကမ္ဘာဈေးကွက်သို့ ၀င်ရောက်ဖို့ အခွင့်အလမ်းတွေ က တရုတ် ဟလာလ် လုပ်ငန်းတွေ အ တွက် အများကြီးရှိနေပါတယ်” ဟု ၄င်းက ပြောပါသည်။
    ယခင်ကဟလာလ်သည် အစ္စလာမ့် တရားတော်အရခွင့်ပြုထားသောအစားအစာများ၌သာ အသုံးများခဲ့သော်လည်းယခုအခါ အလှပြင် ပစ္စည်းများ၊ အ၀တ်အထည်များ ဆေးဝါးများနှင့် ဘဏ္ဍာရေးလုပ်ငန်းများအထိပါ ဟလလ် (တရားတော်ကခွင့်ပြုချက်)
    ကိုသုံးစွဲလာကြသည်။ ၁.၅ဘီလီယံရှိသော ကမ္ဘာ မွတ်စလင်များနှင့် သန်း၅၀၀ထက်မနည်းရှိသော မွတ်စလင် မဟုတ်သူများကဟလလ် အစားအစာကိုစားသုံးနေ၍ ယခုအခါတွင် ဂလိုဘယ် ဟလလ် ဈေးကွက်သည် ၂ဘီလီယံအထိ ရှိလာကြောင်းShaကပြောပါ သည်။
    တရုတ် -အာရပ် ဖိုရမ်ကျင်းပနေသော Ningxia သည် ပိုးလမ်းမကြီးတွင်တည်ရှိနေပြီးတရုတ် မွတ်စလင် သန်း၂၀ အနက် ၁၀% က ယင်း ပြည်နယ်တွင် နေထိုင်ကြသည်။

  • ဆွီဒင်က ရေခဲဗလီ


    ဆွီဒင် မွတ်စလင် အစည်းအရုံးခေါင်းဆောင် အီမာမ် မဟ်မူးဒ် အလ်ဒီဘီက နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအစ္စလာမ်ကိုထိတွေ့လေ့လာနိုင်ရန် ၊ မတူကွဲပြားသောယဉ်ကျေးမှု နှင့် ဘာသာတရားများအကြား ဒိုင်ယာလော့ကိုပုံစံအသစ်နှင့် တင်ပြနိုင်ရန် ရည်ရွယ်သော မတ်စ်ဂျီဒ် ပေါ်ပေါက်လာလိမ့်မည် ဟုဆွီဒင် သတင်းစာတစ်ခုသို့ပြောပါသည် ။

    “ ဒီစိတ်ကူးစိတ်သန်းကကွဲလွဲတဲ့ အမြင်သဘောထားဖြစ်မှာမဟုတ်ပါဘူးဒီမှာစကားပြောဆိုဆက်ဆံသွားရမဲ့ လူတိုင်းကိုလက်ခံမှာပါ ”ဟု မကြာခင် ဆောက်လုပ်မည့် ရေခဲဗလီအကြောင်းရှင်းပြပါသည်။ အဆိုပါ ရေခဲဗလီသည် ၅၅၀၀ စတုရန်းမီတာ ကျယ်ဝန်းမှာဖြစ်ပြီးဆောက်လုပ်ရန် လိုအပ်သည့် ရေခဲများကို Torne မြစ်ထဲကရယူမည်ဟုသိရသည်။

    ဆွီဒင်တွင် ပထမဆုံးရေခဲအဆောက်အအုံကို ၁၉၈၉ ခုနှစ်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမဆုံးခရီးသွားများနေထိုင်ခဲ့ကြသည်။ ဒီဇင်ဘာမှ ဧပြီ လ ဆောင်းရာသီတွင် ကမ္ဘာ တစ်ဝှမ်းမှ ခရီးသည်ပေါင်း၂၅၀၀၀ ကျော် နေထိုင် လည်ပတ်ခဲ့ကြသည် ။

  • မွတ်စလင် မိန်းကလေးတွေ ရွေးချယ်လိုတဲ့ အိမ်ထောင်ဘက်

    မွတ်စလင်အမျိုးသားအများစု မှာ မိမိထက်ငယ်ရွယ်သူကိုသာ အိမ်ထောင်ဘက် အဖြစ် ရွေး ချယ်ကြသည်ကို စစ်တမ်း ကောက်ယူ ချက် များ တွင်ဖေါ်ပြထားကြောင်း မွတ်စလင်မ် ဖူးစာဘက် ရှာဖွေရေးဝဘ် ဆိုက်ဖြစ်သည့် singlemuslim.com က ဆိုပါသည်။ မိမိ ရွေ ချယ် လို သော အိမ်ထောင်ဘက်၏ အသက်အရွယ်ကို ၀ဘ်ဆိုက်အဖွဲ့ဝင်များအား မေးခွန်းထုတ် စစ်တမ်းကောက် ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ ဖြေဆိုသူ အမျိုးသားများ ၉၆% မှာ ငယ်ရွယ် သူ ကိုသာ လက်တွဲဖေါ် ဇနီးအဖြစ် ရွေးချယ်လိုကြကြောင်း သဘော ထားဖေါ်ပြခဲ့ကြ သည်။

    ထို့အတူ ဆန္ဒမဲပေးသူ အမျိုးသမီး၉၆%ကလည်း မိမိထက် အသက်ရွယ်ကြီးသူကိုသာ အိမ် ထောင်ဘက်ခင်ပွန်းဖြစ်လိုကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။` ဒီရလာဒ်တွေအရဆိုရင် အမျိုး သားတွေက ငယ်ရွယ်သူကို လက်ထပ် လိုကြသလို အမျိုသမီးတွေကလည်း မိမိထက် အသက် ရွယ်ကြီး သူကိုပဲ အိမ်ထောင်ဘက်ဖြစ် ရွေးလိုကြတာကို တွေ့နိုင်ပါတယ် ´ ဟု singlemuslim.com ၀ဘ် ဆိုက် မန်နေဂျာ အဒီမ်း ယူနွစ်က သုံးသပ်ပါသည်။

    (more…)

  • ၉ကြိမ်မြောက် ရှင်သန်နေသော အစ္စလာမ့် စိတ်ဓါတ် အခမ်အနား ကနေဒါတွင်ကျင်းပ

    ရှင်သန်နေသော အစ္စလာမ့် စိတ်ဓါတ် အမည်ရ ကနေဒါနိုင်ငံ၏ အကြီးဆုံး မွတ်စလင် အခမ်အနား တစ်ခုအား မြို့တော်တိုရန်တို ၌ ၉ကြိမ်မြောက်အဖြစ် ကျင်း ပနိုင် ခဲ့ရာ ကနေဒါမွတ်စလင် ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ယင်း အခမ်းအနား သို့ နိုင်ငံတကာမှ အထင်ကရ အာလင်မ် များ ၊ လူမှုရေး ခေါင်း ဆောင်များ တက်ရောက်ဟောပြောသကဲ့သို့ တက်ရောက်သူများ၏ မေခွန်းများစွာကို လည်းဖြေကြားပေးခဲ့ကြောင်းသိရသည်။ ပညာရေး၊ သဘောထားကြီးတက်မှု ၊ မွတ်စလင်ဘ၀ အား ပြန်ဆန်းစစ်ပိုင်းခြားမှု ၊ နှင့် ကွဲပြားသောယဉ်ကျေးမှုများအကြားပေါင်းကူးပေးခြင်း ၊ (more…)

  • ကုရ်အာန်လေ့လာရေးဆောဖ်ဝဲ အိန္ဒိယက တီထွင်

    ဆောဖ်ဝဲနည်းပညာထွန်းကားရာအိန္ဒိယ နိုင်ငံမှ ကျမ်းမြတ်ကုရ်အာန်လေ့လာရေး တွင်ပိုမိုထိရောက်မှုစေရန် Al misbah အမည်ရ ကုရ်အာန် ဆော့ဝဲတစ်ခု အားတီ ထွင်လိုက် ပါသည်။ အဆိုပါဆော့ဖ်ဝဲဖြင့် အသက်အရွယ်မရွေး ဘာသာမရွေးကုရ်အာန် သင်ယူလေ့လာရေး ၌ အလွယ်တ ကူ သင်ကြးနိုင်ရန် မွတ်စလင်ဆောဖ်ဝဲ ပညာရှင် ၃၀ဦးပါဝင်သော အဖွဲ့ကနေ ဖန်းတီးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော်ကာရီများက ဖတ်ရွက်သော အာယသ်တစ်ခုချင်းစီအား ယင်းဆော့ဝဲ ဖြင့် သဂ်ျ ၀ိဒ် ဌာန်ကရိုဏ်းကျကျ သင်ယူနိုင်ပါသည်။ ဟင်ဒီ အုရ်ဒူ ၊အင်္ဂလိပ် ဘာသာပြန်တို့ကိုလည်း တစ်အာယသ်ချင်းဆီ နားဆင်နိုင်ရန်ဖန်တီး ထားကြောင်း သိရသည်။ ထို့ပြင် အာယသ်တော်များကို လည်း

    (more…)