News @ M-Media

Category: ကမ္ဘာကျော်မွတ်စလင် အားကစားသမားများ

  • အလ်မီရ် ကာပစ် (သို့မဟုတ်) စစ်ပွဲ၏သားကောင်ဘ၀မှ ကမ္ဘာ့ချန်ပီယံအဖြစ်သို့ တက်လှမ်းသူ

    အလ်မီရ် ကာပစ် (သို့မဟုတ်) စစ်ပွဲ၏သားကောင်ဘ၀မှ ကမ္ဘာ့ချန်ပီယံအဖြစ်သို့ တက်လှမ်းသူ

    မေ ၁၉၊ ၂၀၁၈
    M-Media

    ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

    – ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

    အသက် ၃၈ နှစ်အရွယ် ဘော့စနီးယားသား ကာပစ်ဟာ ပြီးခဲ့တဲ့လက အဘူဒါဘီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အော်လ်ထရာ ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘော့စနီးယား ဟာဇီဂိုဗီနာအလံကို လွှမ်းခြုံထားပြီး ဆုယူစင်မြင့်ထက်မှာ ရပ်နေတဲ့ ကာပစ်တစ်ယောက် အတိုင်းမသိ ၀မ်းသာပျော်ရွှင်နေပါတယ်။

    “ယုံတောင်မယုံနိုင်ဘူးဗျာ။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်” လို့ ကာပစ်က ပြောကြားခဲ့ပါတယ်။

    နှစ်ပေါင်းများစွာ မဆုမနစ် ကြိုးပမ်းအားထုတ်မှု၊ ဇွဲ၊ လုံ့လ ၀ိရိယတွေရဲ့အကျိုးကို ကာပစ်တစ်ယောက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။

    “ကမ္ဘာ့ ဂျူဂျစ်ဆုနယ်ပယ်မှာ ချန်ပီယံဖြစ်ဖို့နဲ့ master belt ရနိုင်ဖို့ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက် အမှန်တကယ်ဖြစ်လာပြီပေါ့”

    အောက်ခြေကစ

    ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်တဲ့ ကာပစ်ဟာ ကမ္ဘာ့စင်မြင်ပေါ်ရောက်ဖို့အတွက် အချိန်အတော်ကြာ ကြိုးစားလျှောက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

    မြို့ငယ်လေး ဗာနိုဗီချီမှာ မွေးဖွားခဲ့တဲ့ ကာပစ်ရဲ့ငယ်ဘ၀ဟာ ဘော့စနီးယားစစ်ပွဲကာလနဲ့ ကြုံခဲ့ရပြီး ခက်ခက်ခဲခဲ ဖြန်သန်းခဲ့ရပါတယ်။

    ဆားဘီးယားစနိုက်ပါရဲ့လက်ချက်ကြောင့် ဖခင်ဖြစ်သူ ကွယ်လွန်ချိန်မှာ ကာပစ်ဟာ အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။

    မိခင်ဖြစ်သူနဲ့ နေရတဲ့အချိန် လခြမ်းနီအဖွဲ့ကလှူဒါန်းတဲ့ အစားအသောက်တွေကို လိုင်းစီယူခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း သူက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    မကြာခဏ အစာရေစာပြတ်လပ်မှုကြောင့် လူတော်တော်များများဟာ လမ်းပေါ်က သစ်ရွက်တွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်။

    “ကျွန်တော်တို့ အသက်ရှင်သန်ဖို့၊ ဆက်လက်တည်ရှိနေဖို့အတွက် တော်တော်လေးကို ရုန်းကန်ခဲ့ရတာဗျ”

    လုံးဝမမှု

    ဘယ်အရာကိုမဆို အန်တုကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ကာပစ်ရဲ့ အားကစားသမားဘ၀အထိ ပါလာခဲ့ပြီး ဒီစိတ်ဓာတ်ကြောင့်ပဲ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဘော့စနီးယားမှာ ဂျူဂျစ်ဆုလို အားကစားမျိုးအတွက် နိုင်ငံတော်က အားပေးတာ၊ ငွေကြေးပံ့ပိုးပေးတာတွေ တော်တော်နည်းပါတယ်။

    နေ့စဉ် လေ့ကျင့်နိုင်ဖို့ ကာပစ်နဲ့ အခြား ဂျူဂျစ်ဆု အားကစားသမားတွေဟာ မြို့တော် ဆာရာယေဗိုမှာ နေရာတစ်နေရာ ငှားရမ်းခဲ့ပါတယ်။

    စကွဲယားမီတာ ၈၀ ကျယ်ဝန်းတဲ့ အဲဒီ အဆောက်အဦး ကြမ်းပြင်မှာ ၂ စင်တီမီတာလောက်သာထူတဲ့ ကောဇောတစ်ခု ခင်းထားပြီး ကျောကုန်းတွေ၊ ဒူးခေါင်းတွေ အသုံးပြုကာ ပြိုင်ဘက်ကို လှဲချရတဲ့ ဂျူဂျစ်ဆုကစားနည်းအတွက် သင့်လျော်မှုမရှိတဲ့ အနေအထားပါ။ အဲဒီလို ကြမ်းခင်းမျိုးကြောင့် အားကစားသမားတွေဟာ မကြာခ
    ဏဆိုသလို ဒဏ်ရာတွေ ရကြပါတယ်။

    ဒါပေမယ့် ဘယ်လို ပြဿနာမျိုးကမှ သူတို့ကို မတားဆီးနိုင်ပါဘူး။ ယူအေအီးမှာကျင်းပတဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့တွက် သူငယ်ချင်းတွေက ကာပစ်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။

    “ဘော့စနီးယားဟာ ဥပဒေပိုင်း၊ လူမှုရေးပိုင်းနဲ့ အားကစားပိုင်း စသဖြင့် တော်တော်များများ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်တစ်ခုပါ။ ဆိုးရွားပြီး လူရှုပ်နေတဲ့အခြေအနေမျိုးမှာ ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့ကစားသမားတွေမှာ ၀င်လာပါတယ်။ ကျွန်တော်တို့ဟာ ရှိတာလေးနဲ့ပဲ ကောင်းမွန်အောင် လေ့ကျင့်ခဲ့ရတာပါ”

    ကာပစ်ရဲ့ ကြံ့ခိုင်ရေးနည်းပြဖြစ်တဲ့ ဖူအဒ် မူဂျိုဗစ်က စိန်ခေါ်မှုဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ဟာ ဘာမှမရတဲ့အတွက် စောဒကတက်နေမယ့်လူစားမျိုး မဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး ၀ယ်လို့မရတဲ့ ရွှေဆုတွေ (အဘူဒါဘီမှာ) ရှိနေတယ်။ အားကစားလောကမှာ ကြုံရလေ့ရှိတဲ့ စွန့်လွှတ်စတေးမှု၊ အားထုတ်ကြိုးပမ်းမှုတွေနဲ့ လေ့ကျင့်မှုတွေကို ကျော်ဖြတ်တယ်။ အနာခံမှ အသာစံရမယ်ဆိုတဲ့ စကားပုံတစ်ခုလည်း ရှိတယ်လေဗျာ”

    ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ကာပစ်ကို လေ့ကျင့်ပေးခဲ့တဲ့ မူဂျိုဗစ်က ကာပစ်ဟာ “တော်တော့်ကို လုံလ၀ိရိယရှိသူ စည်းကမ်းသေ၀တ်သူ၊ လေ့ကျင့်သားပြည့်သူ” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူ့ရဲ့ အားသာချက်တစ်ခုက ဇွဲ၊ လုံ့လ၊ ၀ိရိယဖြစ်ပြီး ဒါနဲ့ပတ်သက်ရင် ခေါင်းမာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တာက သူ့ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ရွှေတံဆိပ်ကတော့ သူ့အတွက် အပိုဆုပါ”

    အရှုံးကနေ ပြန်မထနိုင်တာက ရှက်စရာ

    အီဂျစ်နဲ့ ဆီးရီးယားတို့မှာ အာရဘီစကားကို လေ့လာခဲ့တဲ့ ကာပစ်ဟာ အားကစားဖက်မရောက်ခင်မှာ စာအုပ်ဘာသာပြန်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

    ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အွန်လိုင်းကနေ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေကို ကုရ်အာန်ကျမ်းစာ သင်ကြားပေးနေပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က ကာပစ်ဟာ အီဂျစ်ရဲ့ နာမည်ကျော်တက္ကသိုလ် အလ်-အဇ်ဟာရ်ကနေ ဘွဲ့ရခဲ့ပြီး၊ ကုရ်အာန်ကျမ်းစာတစ်အုပ်လုံးကို အာဂုံဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

    အားကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် ဘာသာတရားက တစ်စိတ်တစ်ဒေသ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။

    “အခွင့်အလမ်း နည်းနည်းသာရှိပေမယ့် စိတ်ဓာတ်ခိုင်မာပြီး၊ မှန်ကန်တဲ့ အားထုတ်မှု၊ ရည်မှန်းချက်တွ ရှိပြီဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေ ရတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်းအားတစ်ခုကို တမန်တော်တွေရဲ့ ထေရုပ္ပတ္တိတွေအကြောင်း ဖတ်ရာကနေ ကျွန်တော် ရရှိခဲ့ပါတယ်”

    အခုနှစ်ဇူလိုင်လမှာ ကာပစ်တစ်ယောက် ဘရာဇီလ်းကိုသွားပြီး Gracie မိသားစုထံကနေ master belt ရယူမှာ ဖြစ်ပါတယ်။ Gracie မိသားစုဟာ ဘရာဇီးလ် ဂျူဂျစ်ဆုပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်မိသားစု ဖြစ်ပါတယ်။

    ကာပစ်က ဘော့စနီးယားလူငယ်တွေကို အခုလို အမှာစကားပါးခဲ့ပါတယ်။

    “တိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ဖို့ဟာ ကိုယ်ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်”

    “ကြိုးစားသူတွေဟာ နောက်ဆုံးမှာ အောင်မြင်တာပါပဲ။ နှစ်ပေါင်းများစွာ ကြိုးစားပြင်ဆင်ခဲ့ပြီး အဘူဒါဘီမှာ ကျွန်တော် ဒီလိုအောင်ပွဲရခဲ့မှုက သက်သေပါ။ ကိုယ့်ထက်ပိုတော်တဲ့ နိုင်ငံတွေ၊ အားကစားသမားတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ဆုတံဆိပ်ကိုတော့ ဘော့စနီးယား ဟာဇီဂိုဗီနာကသာ ရရှိခဲ့ပါတယ်”

    “ဘ၀မှာ အရှုံးဆိုတာကို မျှော်လင့်ထားရမယ်။ ကျရှုံးတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ လဲကျရာကနေ ဘယ်လိုပြန်ထရမလဲဆိုတာကို မသိတာက ရှက်စရာပါ”

    Ref: Aljazeera

  • ဗြိတိန်အပြေးသမား မိုဟာမက်ဖာရာ ၁၀ ခုမြောက် ကမ္ဘာ့ချန်ပီယံရှစ်ရွှေတံဆိပ်  ဆွတ်ခူး

    ဗြိတိန်အပြေးသမား မိုဟာမက်ဖာရာ ၁၀ ခုမြောက် ကမ္ဘာ့ချန်ပီယံရှစ်ရွှေတံဆိပ်  ဆွတ်ခူး

    သြဂုတ် ၇၊ ၂၀၁၇
    M-Media

    – စနေနေ့က လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့သည့် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့မှုမှာ မိမိဘ၀၏ အကောင်းဆုံး စွမ်းဆောင်မှုဖြစ်သည်ဟု ဗြိတိန်အပြေးသမား မိုဟာမက် ဖာရာက ပြောကြားလိုက်သည်။

    ချန်ပီယံဘွဲ့ကို ဆက်ထိန်းရန်အတွက် ဖာရာ၏ အဓိကအဟန့်အတားမှာ ယူဂန်ဒါအပြေးသမား ဂျိုရှူဝါ ချက်ပ်တီဂီ ဖြစ်သည်။

    “ဟုတ်ပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀မှာ အကြီးအကျယ်ဆုံး စွမ်းဆောင်မှုပါပဲ။ ပြီးတော့ ဘ၀မှာ အခက်ခဲဆုံး ပြိုင်ပွဲတွေထဲက တစ်ခုလည်းဖြစ်ပါတယ်” ဟု အနိုင်ရရှိပြီးနောက် ၎င်းက ပြောကြားခဲ့ပြီး မိမိ၏ ဇာတိမြို့၊ ပရိတ်သတ်ရှေ့တွင် ရှုံး၍မဖြစ်ဟူသော စိတ်သွင်းကာ ယုံကြည်မှုရှိစွာဖြင့် ယှဉ်ပြိုင်ခဲ့ရသည်ဟုလည်း ဆိုသည်။

    “ရှုံးမယ်ဆိုတာကို မစဉ်းစားခဲ့ပေမယ့် ခက်ခဲတယ်ဆိုတာကိုတော့ ကျွန်တော် တွေးခဲ့ပါတယ်”

    အဆိုပါအနိုင်မှာ ဖာရာအတွက် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲများတွင် ၁၀ ခုမြောက် ရွှေတံဆိပ်လည်း ဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်ကအတိုင်း ၎င်းအား အားပေးခဲ့သည့် ပရိတ်သတ်များကို ဖာရာက ချီးကျူးခဲ့သည်။

    “ပရိတ်သတ်ကတော့ မယုံနိုင်စရာပါပဲ။ လန်ဒန်လိုနေရာမျိုး တစ်ခြားမှာ မရှိပါဘူး။ ကျွန်တော်ရဲ့ ဒီဇာတိလိုမျိုး တစ်ခြားမှာ မရှိပါဘူး။ ကျွန်တော် လန်ဒန်ကိုချစ်တယ်။ ပြည်သူတွေကိုလည်း ချစ်ပါတယ်”

    ပြိုင်ပွဲအပြီးတွင် ၎င်း၏ ဘယ်ခြေ၌ ပတ်တီးစီးခဲ့ရသော်လည်း ဖာရာက လာမည့်တစ်ပတ်တွင် ပြုလုပ်မည့် မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု ပြောကြားခဲ့သည်။

    Ref: The Guardian

  • မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မေ ၃၀၊ ၂၀၁၇
    M-Media

    – ‘ရွေးချယ်ခံရသူ’ လို့ ချစ်စနိုးနာမည်ရနေတဲ့ စင်ကာပူလက်ဝှေ့သမား မိုဟာမက် ရစ်ဒ်ဝမ်ဟာ ကမ္ဘာ့အဆင့် ချန်ပီယံဘွဲ့ကို ရရှိတဲ့ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဖြစ်ပါတယ်။

    အသက် ၂၉ နှစ်အရွယ် ရစ်ဒ်ဝမ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ WBA ရဲ့ ပန်အာဖရိက ချန်ပီယံ တန်ဇန်းနီးယားက ဖဒ်ဟီလီ မာဂျီဟာကို ၄ ချီမှာ အလဲထိုး အနိုင်ရပြီး UBO ရဲ့ ဆူပါဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့တာပါ။

    “အခုအချိန်မှာ စိတ်ထဲမှာ အမျိုးမျိုး ခံစားနေရတယ်ဗျ။ ဒါပေမယ့် အရေးပါဆုံးက ပရိတ်သတ်တွေ၊ စင်ကာပူပြည်သူတွေ ဂုဏ်ယူရအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တာပါ။ သိပ်ကို ထူခြားတဲ့ ခံစားမှုပါပဲ။ သူတို့ကို ဒီလိုအောင်ပွဲ ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တာ် အရမ်းဂုဏ်ယူပါတယ်” လို့ ရစ်ဒ်ဝမ်က ပွဲအပြီးမှာ ပြော
    ကားခဲ့ပါတယ်။

    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘ၀မှာ ၇ ပွဲကစား ရှုံးပွဲမရှိသေးတဲ့ ရစ်ဒ်ဝမ်တစ်ယာက် ပွဲ ၂၀ နိုင်၊ ၈ ပွဲရှုံး၊ ၄ ပွဲ သရေကျထားတဲ့ အသက် ၂၃ နှစ်အရွယ် မာဂျီဟာကို ရင်ဆိုင်ရာမှာ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။

    “အစီအစဉ်က သူ့ကို တစ်ချီပြီးတစ်ချီ မောအောင်လုပ်ဖို့ပါ။ သူ မြန်တယ်ဆိုတာ ကျွန်တော့်အသင်းက သိတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပစ်မှတ်ထားဖို့ လျှပ်တပျက် လက်သီးတွေ ပစ်သွင်းဖို့၊ သူ့ကို ဟန်ချက်ပျက်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ အဆင်ပြေခဲ့ပါတယ်။ စတုတ္ထအချီမှာ သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီး အဲဒါကတော့ နောက်ဆုံး ၁၀ စက္ကန့်မှာ အားမထည့်တော့တာပါ။ ကျွန်တော်က ဒါကို အသုံးချနိုင်ခဲ့ပါတယ်” လို့ ရစ်ဒ်ဝမ်က ဆိုပါတယ်။

    နောက်ပြီး အစီအစဉ်အတိုင်း သွားမယ်ဆိုရင် နောက်ဆုံးမှာ အလဲထိုးနိုင်မယ်ဆိုတာ အသင်းက သိနေကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြည်သူတွေရဲ့ အားပေးမှုကလည်း သူ့ကို ယုံကြည်မှု ပိုရှိလာစေကြောင်း ရစ်ဒ်ဝမ်က ဖွင့်ဟခဲ့ပါတယ်။

    “ပရိတ်သတ်က တော်တော်လေး အံ့သြစရာကောင်းပါတယ်။ သူတို့ဟာ ကွန်ပျူဂိမ်းကစားနေသလိုပဲ ‘နောက်ထပ်တစ်ချက်လောက်’ ဆိုပြီး အဆက်မပြတ် အော်နေကြပါတယ်။ ဒါက ကျွန်တော့်ရဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်ဆောင်ရွက်ဖို့ အွန်းအားဖြစ်စေခဲ့ပြီး ပြိုင်ဘက်အပေါ် နိုင်လိုစိတ်တွေ၊ ဖိအားတွေ ပိုပေးဖို့လည်း
    အကူအညီ ဖြစ်စေခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုက ပြိုင်ပွဲတစ်လျှောက်လုံး ကျွန်တော့်ကို အားဖြစ်စေခဲ့ပါတယ်”

    ရစ်ဒ်ဝမ်ဟာ ဆီးဂိမ်းမှာ ကြေးတံဆိပ် ၃ ခု ရရှိထားသူဖြစ်ပြီး အခု WBO ဆူပါဖယ်သာဝိတ် ခါးပတ်ဟာ ပြီးခဲ့တဲ့ ၇ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ရရှိတဲ့ ကမ္ဘာ့အဆင့် အောင်ပွဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ရစ်ဒ်ဝမ်ဟာ အင်ဒိုနီးရှားက ၀ါလ်ဒို ဆာဘူကို အနိုင်ယူပြီး WBA ရဲ့ အာရှ ဆူပါဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

    “အခု ကျွန်တော် ခဏနားမယ်။ ပလာတာနည်းနည်း စားမယ်။ နောက်ထပ်ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်မန်နေဂျာ၊ နည်းပြနဲ့ ဆွေးနွေးမယ်။ အရှေ့မှာ ပွဲပြီးပွဲကောင်းတွေ၊ အောင်မြင်မှုတွေ ထပ်ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ရစ်ဒ် ၀မ်က ပြောကြားခဲ့ပါတယ်။

    ရစ်ဒ်ဝမ်ဟာ လက်ဝှေ့လောကကနေ အနားယူမယ်ဆိုတဲ့ အတွေးမျိုးလည်း ၀င်ခဲ့ပြီး ဒီလောကမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း ဆိုပါတယ်။

    “အားကစားလောကမှာ ဆက်ရှိနေတဲ့အတွက် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်။ (အရင်က) လက်ဝှေ့ဆက်ထိုးရမလား၊ နားရမလားဆိုတဲ့ အတွေးတွေနဲ့ နေ့တိုင်း လုံးပမ်းရဖူးပါတယ်။ လူတိုင်းရဲ့ အားပေးမှု၊ PSB Academy ရဲ့ စပွန်ဆာပေးမှု၊ အဖွဲ့သားတွေရဲ့ ကူညီမှုနဲ့ ကြီးကျယ်တဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး အောင်မြင်မှုတွေ ထပ်ရမယ်လို့လည်း မျှော်လင့်ပါတယ်”

    Ref : CNA

  • မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ္ဘာ့ကြေးအကြီးဆုံး ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ စတင်တဲ့ အချိန်မှာပဲ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို အွမ္မရာခရီးစဉ်အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်တဲ့ အွမ္မရာပြုလုပ်ရာမှာ ၀တ်ဆင်ရတဲ့ အဖြူရောင်ခြုံထည်ကို ၀တ်ဆင်ထားပြီး မက္ကာကိုရောက်ရှိနေတဲ့ ပေါ့ဘာရဲ့ ဓာတ်ပုံတွေဟာလည်း စနေ့နေ့မှာ အင်တာနက် စာမျက်နှာပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

    မန်ချက်စတာက သူ့အိမ်ရှေ့မှာ အထုပ်အပိုးတွေနဲ့ ရိုက်ကူးကာ Instagram စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာဆိုရင် “ဒီဘောလုံးရာသီအတွက် ကျေးဇူးတော်ကို ချီးမွမ်းဖို့ ကျွန်တော် သွားတော့မှာပါ။ မန်ချက်စတာမှာ မကြာခင်ပြန်တွေ့ကြမယ်။ ဆုတောင်းမှုခရီး စတင်ပါပြီ” လို့ ပရိတ်သတ်တွေကို ပြောကြားခဲ့ပါ
    တယ်။

    ပေါ့ဘာကို ဘာသာရေးလေးစားသူတစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပါတယ်။

    နွေရာသီမှာ ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ မန်ယူကို ရောက်လာတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၃ ရက်က ယူရိုပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဖြစ်ပါတယ်။

    Ref: Dailymail

  • မွတ်စလင်အားကစားမယ်များအတွက် အထူး ဟီဂျဘ်တစ်မျိုးကို Nike ထုတ်လုပ်

    မွတ်စလင်အားကစားမယ်များအတွက် အထူး ဟီဂျဘ်တစ်မျိုးကို Nike ထုတ်လုပ်

    မတ် ၈၊ ၂၀၁၇
    M-Media

    – မွတ်စလင်အမျိုးသမီး အားကစားသမားတွေအတွက် ရည်ရွယ်တဲ့ ဟီဂျဘ်တစ်မျိုးကို ထုတ်လုပ်ရောင်းချတော့မယ်လို့ ကမ္ဘာကျော် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Nike က ကြေငြာလိုက်ပါတယ်။

    Nike Pro Hijab လို့ အမည်ပေးထားတဲ့ ဒီဟီဂျဘ်ကို ပေါ့ပါးတဲ့ ပေါ်လီအက်စတာသားနဲ့ ချုပ်လုပ်ထားပြီး အနက်ရောင်၊ အခြား အရောင်ဖျော့တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ၀တ်စုံမှာပါဝင်တဲ့ အပေါက်သေးသေးလေးတွေက ခန္ဓာကိုယ်ကို အအေးဓာတ်ပေးမှာဖြစ်ပြီး အသားကို ဖောက်ထွင်းမမြင်ရမှုဆိုတဲ့ ဟီဂျဘ်ရဲ့ အဓိကလိုအပ်ချက်ကိုတော့ ထိန်းသိမ်းထားပါတယ်။

    တစ်ချို့မွတ်စလင်အားကစားသမားတွေက သာမန် ဟီဂျဘ်တွေကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာနဲ့ပတ်သက်လို့ ဝေဖန်သံတွေ ထွက်လာပြီးနောက်ပိုင်းမှာ ဒီလို ဟီဂျဘ်မျိုး ဖန်တီးရတာဖြစ်တယ်လို့ Nike က ဆိုပါတယ်။

    ဒီ ဒီဇိုင်းကို ဖန်တီးမှုဟာ ၁၃ လလောက် ကြာမြင့်ခဲ့ပြီး ၂၀၁၈ ခုနှစ် နွေရာသီမှာ ရောင်းချမှပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဒီဟီဂျဘ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က နာမည်ကျော် မွတ်စလင်စကိတ်မယ် ဇဟ်ရာလာရီက ၀တ်ဆင်နေတယ်လို့ Nike က ပြောကြားထားပါတယ်။

    “Nike က ဟီဂျဘ်တစ်မျိုး ပုံစံထုတ်တာကို တော်တော်လေး စိတ်လှုပ်ရှားသလို ၀မ်းနည်းဝမ်းသာ ဖြစ်မိပါတယ်။ စကိတ်စီးဖို့အတွက် ဟီဂျဘ်အမျိုးမျိုးကို ကျွန်မ ၀တ်ကြည့်ဖူးပါတယ်။ အဆင်ပြေတဲ့ ဟီဂျဘ်က များများစားစား မရှိပါဘူး။ ဒါပေမယ့် ဒီ ဟီဂျဘ်ကိုဝတ်ပြီး ရေခဲပြင်ပေါ်မှာ ခန္ဓာကိုယ်ကို လှည့်, ကြည့်တဲ့အခါ အံဝင်ဂွင်ကျရှိမှုနဲ့ ပေါ့ပါးမှုတို့ကြောင့် ကျွန်မဟာ လေပေါ်မှာ လွင့်သွားတော့တာပါပဲ” လို့ လာရီက ပြောကြားခဲ့ပါတယ်။

    ဒီ Nike Pro Hijab ကို အာရပ်ကမ္ဘာက အောင်မြင်ကျော်ကြားတဲ့ အားကစားမယ် ၅ ဦးကို အခြေခံပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

    Ref: CNN