News @ M-Media

Category: ဆောင်းပါး

  • အန်ကောဝပ် ကျောင်းတော် စိုးရိမ်စရာ အခြေနေ နှင့်ရင်ဆိုင်နေရ

    ကမ္လာသမိုင်း ၀င် ခမာတို့၏ သမိုင်း အမွေအနှစ်ဖြစ်သော ၀င်အန်ကောဝပ်ကျောင်းတော်ကြီးမှာ တောက်ပြောင်ခန်းနားလှသော ကြယ်ငါးပွင့် ဟိုတယ်ကြီးများ ၏ အလယ်တွင် ကမ္ဘာလှည့်ခရီးသည်များ၏အာရုံကို ဖမ်းစားလျက်ရှိနေသည်။ အပူပိုင်း  မုတ်သုံသစ်တောများ စိမ်းလန်းလှသော မြက်ခင်းစိမ်းများ ကလည်း အန်ကောဝတ်၏ထည်ဝါမှုကို အားဖြည့်ပေးသည်အလားဖြစ်နေပါသည်။ မီးခိုမဲ့ စက်ရုံဟု  တင်စားခေါ်ဝေါ်ထားသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြောင့် အန်ကောဝတ်တည်ရှိရာ siem Reap မြို့ကလေးမှာလည်း နေချင်းဆိုသလို တိုးတက်စည်ပင်လာခဲ့သည်။

    များပြာလာသောလူဦးရေ၊ ကြီမားခန့်ညားသောမြို့ပြအဆောက် အုံးများသည် သောက်သုံး ရေအတွက် အစိုးရ ရေပိုက်လိုင်းများ ထက် မြေအောက်ကိုသာ စုပ်ယူသုံးစွဲ အားထားလာနေရသည်။ နေအိမ်တိုင်း ၊ဟိုတယ်တိုင်းတွင် ကိုယ်ပိုင်ရေစုပ်စက်များဖြင့် မြေအောက်ရေကို အထိန်းကွပ်မဲ့ စုပ်ယူသုံးစွဲလျက်ရှိ နေကြသည်။ တရားလွန်ရေစုပ်ယူသုံနေများ ခြင်းကြောင့် ယခုအခါတွင် မြေအောက်ရေများကုန်ခန်းလာနေပြီးရလာဒ်အဖြစ် အန်ကောဝတ်ကျောင်းတော်ကြီးတည်တံ့ရေးကို ခြိမ်းခြောက်လာနေပြီဖြစ်ပါသည်။

    ယင်းသို့ အဆမတန် ရေစုပ်ယူနေမှုများအပေါ် ဒေသတွင်း ရှိ ယူနက်စကို အကြီး အကဲက  ဒီကျောင်းဝန်ကျင်းမှာရှိတဲ့ ဟော်တယ်တွေ က
    သူတို့နည်းသူတို့ဟန်နဲ့ရေတွေကို စုပ်နေတာပါ  တနေ့ကိုဘယ်လောက်သုံးစွဲနေတာကိုတော့ မသိနိုင်ဘုးဖြစ်နေတယ်  အန်ကောဝပ်တည်ရှိတဲ့မြေလွှာက သံဆန်တာဆိုတော့ မြေအောက်ရေတွေကုန်ခန်းသွားရင်  အပေါ်က ကျောက်သားနဲ့ဆောက်ထားတဲု့ အဆောက်အုံက ကျွံကျပျက်ဆီသွားနိုင်ပါတယ်
    ဟု သုံးသပ်ပြောကြားသည်။ ယင်းသို့ အထိန်းကွပ်မဲ့ မြေအောက်ရေသုံးစွဲမှုကို  အရေးကြီး ကိုင်တွယ်ဖြေရှင်းပေးရမှာဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။
    အန်ကောဝတ်ရှိရာ Siem Reap မြိှု့အတွက် ရေမှာ အဖိုးတန်သံယံဇာတဖြစ်နေပါသည်။  ခရီးသွားများသည် ပူပြင်းခြောက်သွေ့သောရာသီ ဥတုတွင် အမြောက်အမြား
    လာရောက်လေ့ရှိကြသည်။၂၀၀၇ခုနှစ်တွင် ခရီးသွား ၂သန်း  အန်ကောဝတ်သို့လာရောက်ခဲ့ကြပြီး ယခုနှစ်တွင် လာလည်သူပေါင်း ၁.၆သန်းရှိမည်ဟု ခန့်မှန်ထားကြ သည်။ အန်ကောဝတ် တည်ရှိရာမြို့ကလေး၏  လူဦးရေမှာလည်း ယခင်ကထက် နှစ်ဆခန့်မြင့်တက်လာခဲ့သည်။
    ယင်းသို့သော်အကြောင်းများကြောင့် မြေအောက်ရေသုံးစွဲမှုမှာ  တစ်နှစ်ထက်တစ်နှစ်မြင့်မားနေသည်။ အစိုးရ ရေပေးဝေရေးလုပ်ငန်းက တစ်နေ့လျှင်  လီတာ ၉သန်းခန့် စုပ်ယူသုံးစွဲနေသည်ဟု ပြောဆိုလင့်ကစား တကယ်တမ်းတွင်  လီတာသန်း၅၀ကျော် စုပ်ယူနေကြကြောင်း အကဲခတ်များက ဆိုကြသည်။
    ထို့သိုအလွန်ကျွံရေစုပ်ယူသုံးစွဲနေမှုများက အန်ကောဝတ်ကျောင်းကို  ပျက်စီးပြိုကျစေနိုင်ကြောင်း  အစိုးရပိုင်းမှ ပညာပေးလျက်ရှိပါသည်။
    မြေအောက်ရေ မတန်တဆလျော့နည်းသွားပါက အန်ကောဝတ်ကျောင်းတော်ကြီးလည်း  ပြိုကျပျက်စီးသွားနိုင် ကြောင်း မြို့အနှံတွင် သတိပေးချက်များ
    ထုတ်ပြန်ထားသည်။
    ထို့အတူ ကမ္ဘောဒီးယားအစိုးရ က  ဂျပန်အစိုရနှင့်ပူပေါင်းပြီး ရေပေးဝေရေးစီမံကိန်းများကိုလေ့လာလျက်ရှိနေသည်။ လက်ရှိပေးဝေနေသော  အစိုးရပိုက်လိုင်း ရေများ သည် မလုံလောက်ကြောင်း လိုအပ်သောရေများကို မြေကြီးထဲကသာ စုပ်ယူသုံးစွဲနေရကြောင်း မြိုခံတစ်ဦးလည်းပြောပါသည်။ ယူတက်စကိုအကြီးအကဲ ကလည်း “ ဒီချိန် မှာ တော့ အန်ကောဝတ်က ဘာမှမဖြစ်သေးပါဘူး နောင်အနာဂတ်အတွက် ဘာမှ ကြိုတင်မပြင်ဆင်ထားရင်တော့ ဒီသမိုင်းဝင် အမွေအနှစ် ပျက်ဆီး ဆုံး ရဖွယ်ရှိနေပါတယ် ဟု သတိပေးပြောကြားခဲ့သည်။ BBC
  • အမေရိကန်ကျောထောက်နောက်ခံပြုထားသော ဘလက်ဝါးတားလုံခြုံရေး ကုမ္ပဏီ

    1990 ခုနှစ်နှောင်းပိုင်းဆီက အဲရစ်ပရင့်စ်သည်ဘိုးဘွားအမွေနှစ်ကြွယ်ဝသမျှ ဓနငွေဖြင့်ဗာဂျီနီးယားပြည်နယ်အစပ် ကာရိုလိုင်းနာပြည်နယ်မြောက်ပိုင်းမြေနိမ့် ရေ၀ပ်လွင်ပြင်ကျယ်ဧက 6000 ခန့်ကိုဝယ်ယူ၍ ပုဂ္ဂလိကကိုယ်ခံပညာ သင်တန်းကျောင်းတစ်ခု တည်ထောင်လိုက်ပြီးစိမ့်စမ်းမြေအရောင်အတိုင်း Black Water ဟုအမည်ပေးခဲ့သည်။ အမေရိကန် Black Water ကုမ္ပဏီကို 1997 နှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ရေးနှင့်ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်းများအား သင်တန်းများပို့ချပေးရတတ်သည်။ (more…)

  • “မဟာပတ္တနီ (သို့မဟုတ်) အရှေ့တောင်အာရှကို အစ္စလာမ့်ရောင်ဝါ ထည်စေခဲ့သော ဘူမိနက်သန်တစ်ခု”

    သမိုင်းကြောင်းထည်ဝါ ပတ္တနီရာယ

    မဟာပတ္တနီသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် တခမ်းတနားရပ်တည်ခဲ့သော အေးချမ်းသာယာဝပြောသော မင်းနေပြည်တော်ကြီးဖြစ်သည်။  ပတ္တနီနိုင်ငံတော်တွင် ယခုထိုင်းနိုင်ငံမှ တောင်ပိုင်းပြည်နယ် ငါးခုဖြစ်သော နာရသီဝပ်၊ ယာလာ၊ ပတ္တနီ(ပြည်နယ်)၊ ဆောင်ခလာ၊ ဆာတွန်ပြည်နယ်များနှင့် မလေးမြောက်ပိုင်းမှ ကီလန်တန်၊ ထရန်ဂါနုနှင့် ကီဒါပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

    ကုန်သွယ်မှုရေးရာအချက်အချာ

    ၁၅၁၁ခုနှစ်တွင် မလက္ကာမြို့နယ်ချဲ့တို့လက်အောက်တို့ကျရောက်သွားပြီးနောက် ပတ္တနီနိုင်ငံတော်သည် အာချေးဒေသမှ ဆူမတြားဒေသဘုရင့်နိုင်ငံနှင့်အပြိုင် အိန္ဒိယ-အာရပ်ကုန်သည်များ၏ အဓိကကုန်သွယ်မှု အချက်အချာဒေသတစ်ခု ဖြစ်လာခဲ့သည်။

    အရှေ့တောင်အာရှ၏ အစ္စလာမ့်ဘူမိနက်သန်ကြီးတစ်ခု

    ၁၂ရာစုနှင့် ၁၅ရာစုများအကြားကာလ၌ ဒေသခံလူအများအပြား အစ္စလာမ့်အေးရိပ်ဆာယာသို့ ဝင်ရောက်လာခဲ့ကြသည်။ ပတ္တနီဘုရင်ကိုယ်တိုင်လည်း အစ္စလာမ်ကိုသက်ဝင်ယုံကြည်လာပြီး ၁၄၅၇ခုနှစ်တွင် ပတ္တနီနိုင်ငံတော်ကို အစ္စလာမ်မစ် ဘုရင့်နိုင်ငံတော်အဖြစ် ကြေငြာခဲ့သည်။ ထို့နောက်တွင် ပတ္တနီနိုင်ငံတော်ကြီးသည် အာချေးဘုရင့်နိုင်ငံကဲ့သို့ပင် အစ္စလာမ်သာသနာတော် အဓိကသင်ကြားလေ့ကျင့်ရာ ဌာနကြီးဖြစ်လာခဲ့သည်။ ပတ္တနီနေပြည်တော်သည် အရှေ့တောင်အာရှဒေသတွင် အစ္စလာမ်သာသနာစတင်ပေါက်ဖွား ထွန်းကားစေသည့် ဘူမိနက်သန်ကြီးဖြစ်ခဲ့ပေသည်။

    ကျူးကျော်ဖျက်ဆီးခံရခြင်း

    ဤသို့ လွတ်လပ်စွာဖြင့် အေးချမ်းသာယာပြီး ကိုယ်ပိုင်မူဖြင့် ရပ်တည်နေသော ပတ္တနီနိုင်ငံတော်ကို ၁၇၈၆ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လက်ရှိချက္ကရီမင်းဆက်ကို စတင်ထူထောင်ခဲ့သည့် ပထမြောက်ရာမဘုရင်၏ တပ်ဖွဲ့များ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထိုကျူးကျော်မှုတွင် ပတ္တနီနိုင်ငံတော်၏ ဘုရင်ကျဆုံးခဲ့ရပြီး ပတ္တနီနေပြည်တော်လည်း ဖျက်ဆီးခြင်းခံလိုက်ရသည်။ ပတ္တနီသားအများအပြားလည်း စစ်သုံ့ကျွန်များအဖြစ် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ကြရသည်။

    ထိုင်းအမျိုးသားရေးဝါဒီတို့၏ ယုတ်မာမှုများ

    (၁၉၀၉)ခုနှစ်တွင် အင်္ဂလိပ်-ဆိုင်ယမ်(ထိုင်း)စာချုပ်ကို ချုပ်ဆိုပြီးနောက်တွင် ထိုင်းတို့သည် ယင်းတို့၏ စရိုက်ပုံစံကို သွတ်သွင်းရန် စနစ်တကျကြိုးစားတော့သည်။ ထိုင်းအစိုးရက (၁၉၂၁)ခုနှစ်တွင် သူတို့၏ ပညာရေးဥပဒေကို ပြဌာန်းပြီး တောင်ပိုင်းဒေသများရှိ အစ္စလာမ့်ဘာသာရေးကျောင်းများကို အဓမ္မပိတ်စေခဲ့ပြီး ထိုင်းစာသင်ကြားသော၊ ဘာသာရေးမဖက်သော ကျောင်းများသို့ မူစလင်တို့အား မသင်မနေရ တက်ရောက်စေခဲ့သည်။ အကျိုးဆက်အနေနှင့် အစ္စလာမ့်သာသနာ့ပညာရှင်များ နည်းပါးသွားရသည်။ ထိုဥပဒေကို ဆန့်ကျင်ကာ တော်လှန်သော ခေါင်းဆောင်များမှာ ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရသည်။

    (၁၉၃၂)ခုနှစ်တွင် ဗိုလ်ချုပ်ကြီးပီဘွန်းဦးဆောင်သော ထိုင်းအစိုးရသည် ထိုင်းရတ္တနီယုံ ထိုင်းရိုးရာ ဓလေ့ထုံးတမ်းဆိုင်ရာ အမိန့်ဒီဂရီ ကို ထုတ်ပြန်ခဲ့ကာ တောင်ပိုင်းမူစလင်တို့ကို မူစလင်နာမည်များမှည့်ခေါ်ခွင့်နှင့် ရိုးရာမလေးစကားသုံးစွဲမှုတို့ကို အဓမ္မပိတ်ပင်ခဲ့သည်။ ထိုအဓမ္မမှုများကို ဆန့်ကျင်တော်လှန်သော တောင်ပိုင်းခေါင်းဆောင်များမှာလည်း ကြမ်းတမ်းစွာ ဖိနှိပ်ချေမှုန်းခြင်းခံခဲ့ရပြန်သည်။ (၁၉၆၀)တွင် တစ်ခါ လူနှင့်ဖိသည့် ရွှေ့ပြောင်းနေရာချထားရေးမူကို ကျင့်သုံးခဲ့ပြီး ထိုင်းပြည်မမှ ဗုဒ္ဓဘာသာဝင်ထိုင်းများကို  မြေယာရှားပါးသည့်တောင်ပိုင်းဒေသသို့ အလုံးအရင်းနှင့်ပြောင်းရွှေ့စေခဲ့ပေသည်။ (၁၉၆၉)ခုနှစ်တွင် ထိုင်းပြည်မမှ ထိုင်းမိသားစုဝင်လူဦးရေ(၁၆၀ ၀၀၀)ခန့် ကို နေရာချထားပြီးဖြစ်သည်။

    ဗြိတိသျှအင်္ဂလိပ်၏ ကောက်ကျစ်လိမ်လည်မှု

    ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းတို့က ဂျပန်ကိုထောက်ခံအားပေးချိန်တွင် မလေးမူစလင်တို့သည် ဗြိတိသျှတို့အနိုင်ရပါက ပတ္တနီဒေသလွတ်လပ်ရေးကို ခွင့်ပြုပေးရန် သဘောတူညီမှုရယူပြီး အင်္ဂလိပ်တို့ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ခဲ့ပေသည်။ (၁၉၄၅)ခု ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မူ အင်္ဂလိပ်တို့သည် မလေးမူစလင်တို့နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ကာ တစ်ဖက်သို့လိုက်သွားခဲ့သည်။

    ပြဿနာများ

    တောင်ပိုင်းသားညီနောင်တို့၏ အဓိကပြဿနာမှ ဆင်းရဲကျပ်တည်းမှုပင်ဖြစ်သည်။ မူစလင်အများစု နေထိုင်ကြသော ပြည်နယ်များမှာ ထိုင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၁.၅% မျှကိုသာ ထုတ်လှုပ်နိုင်ခဲ့သည်။ တောင်ပိုင်းဒေသ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ ဆင်းရဲနွမ်းပါးသည့်ဘဝတွင် နေနေကြရသည်။ တောင်ပိုင်းဒေသ၌ ပြောပလောက်သောစက်မှုလုပ်ငန်းဟူ၍ မရှိချေ။ တောင်ပိုင်းပြည်နယ်များမှာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပေါများမှု၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများ ချို့တဲ့မှု၊ ဘဏ္ဍငွေအရင်းအနှီး နည်းပါးမှု၊ မြေယာပိုင်ဆိုင်ခွင့် မညီမျှမှု၊ လူနေမှုအဆင့်အတန်းနိမ့်ကျမှု၊ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ရှားပါးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနှင့် သဘာဝကပ်ဘေးများ၊ တောင်ပိုင်းပြည်နယ်မှ မြေနိမ့်ပိုင်းခရိုင်ကိုးခု၌ မကြာခဏ ရေလွှမ်းမိုးမှုစသော အခြေခံ ချို့ယွင်းအားနည်းချက်များ၏ ပြယုဂ်သဖွယ်ဖြစ်နေခဲ့သည်။ ပြည်မနှင့် တောင်ပိုင်းပြည်နယ်များအကြား ဝင်ငွေကွာဟမှုမှာလည်း ကြီးမားလှသည်။ ပုံစံအားဖြင့် ဘန်ကောက်တွင်၂၀၀၂ခုနှစ်အတွက် လစဉ်ပျမ်းမျှမိသားစုဝင်ငွေမှာ ဘတ်ငွေ ၂၈ ၂၃၉ (အမေရိကန်ဒေါ်လာ ၇၃၅) ရှိခဲ့ချိန်တွင် နာရာသီဝပ်ပြည်နယ်၌မူ ဘတ်ငွေ ၂ ၂၂၄ (အမေရိကန်ဒေါ်လာ ၅၈) မျှသာရှိနေခဲ့ပေသည်။ ယင်းပြည်နယ်သုံးခုတွင် အလုပ်လက်မဲ့နှုန်းမှာ ၁၉၉၈ တွင် ၁.၉ % သာရှိခဲ့သော်လည်း ၂၀၀၃ တွင် ၂.၃ % အထိ ရှိလာခဲ့သည်။ တောင်ပိုင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အထူးကျော်ကြားသော်လည်း လုပ်ငန်း၏ အဓိကအစိတ်အပိုင်းများကို အစိုးရက ထိန်းချုပ်ထားပြီး ယင်းလုပ်ငန်းမှ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာလည်း မူစလင်မဟုတ်သူများ၏ လက်တွင်း၌သာ ရှိနေလေသည်။

    သုံးသပ်ချက်

    ကမ္ဘာပေါ်တွင် ဤသို့အဖိနှိပ်ခံနေရသော ညီအစ်ကိုမောင်နှများစွာ ရှိပါသည်။  မူစလင်တစ်ဦးအနေဖြင့် မိမိတစ်ဦးတည်း (သို့) မိမိ၏မိသားစုကောင်းစားနေရုံဖြင့်ကျေနပ်နေ၍မရပေ။ ထိုသို့ဆိုလျှင် သူသည် ပြည့်ဝစစ်မှန်သော မူစလင်တစ်ဦးမဖြစ်နိုင်ပေ။

    အစ္စလာမ်သည် ညီအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ကို သွန်သင်ပေသည်။ ကျင့်သုံးခိုင်းသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်နေရာတွင် နေနေ၊ မည့်သည်လူမျိုးဖြစ်ဖြစ်၊ မည်သည့်လမ်းစဉ်ကို ကျင့်သုံးသုံး၊ မည်သည့်အီမာမ်နောက်ကိုလိုက်လိုက် “အွမ္မသ်” ဆိုသည်ကို သတိရပြီး မူစလင်ဆိုသည့်ခေါင်းစဉ်အောက်တွင် တသားတည်းဖြစ်နေရမည်။ ညီညွတ်နေရပေမည်။ ထိုသို့စည်းလုံးနေမှသာ ဝမ်းနည်းဖွယ် ဖိနှိပ်ခံနေရသည့် ညီအစ်ကိုမောင်နှမများရှေ့မှ မတ်မတ်ရပ်နိုင်ပေမည်။ သူတို့အစစအရာရာဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းလုပ်ဆောင်နိုင်ပေမည်။ ။

    “အစ္စလာမ့်၏ရွှေခေတ်ဆီသို့ အစ္စလာမ့်ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်ဖြင့် အရောက်ချီတက်ကြပါစို့”

  • ကွယ်ပျောက်သွားမည့် အရေး နှင့်ရင်ဆိုင်နေရသော အာရှ အထင်ကရ နေရာများ

    ဂူဂျာရသ်ပြည်နယ် (အိန္ဒိယ)

    သမိုင်း ၀င် ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီ၏ မွေးရပ်မြေ ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဂူဂျာရသ်ပြည်နယ်မှာ ၀ါနှင့်ဆားအထွက် ဆုံးပြည်နယ်ကြီးဖြစ် သည်။ ယင်းပြည် နယ်ကြီး

    သည် ယခုအခါတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် ရင်ဆိုင်နေရပါသည်။၂၀၀၅-၂၀၀၆တ၏ အတွင်း မိုးသည်းထန်မှု

    လေမုန်တိုင်း တိုက်ခတ်မှု များကြောင့် ရေလွမ်းမိုများနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ အနောက်

    ဘက်ဆုံးတွင်ရှိသော ယင်းပြည်နယ်မှာ ရာသီဥတုပြောင်းလဲမှု များကြောင့် ပြည်နယ်၏ အဓိက အသက်သွေးကြောဖြစ်သည့် ၀ါနှင့်ဆား လုပ်ငန်းများ သည်မကြာခင်

    ပျောက်ကွယ် သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

    မော်လ်ဒိုက်

    ကမ္ဘာလှည်ခရီးသွားများ အား အာရုံဖမ်းစား နေသော၊ စိမ်းပြာပြာ ရေပြင်၊ ဖြူလွလွ သဲသောင် များရှိသော ၊ ကျွန်းပေါင်း ၁၂၀၀ကျော်ပိုင် ဆိုင်ထားသည့်

    မော်လဒိုက်နိုင်ငံအား ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေမှုက ခြိမ်းခြောက် နေသည်။ ၀င်ရိုစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော် နေခြင်းကြောင့်

    ပင်လယ်ရေပြင် မျက်နှာပြင်ထက် တစ်မီတာ အမြင့်တွင် တည်ရှိနေသော ယင်းနိုင်ငံလေးမှာ  လာမည့် ဆယ်စုနှစ်များ အတွင်း ရေနှစ်မြုပ် ကွယ်ပျောက်

    သွားတော့မည် ဟု ဟောကိန်း ထုတ်ထားကြသည်။

    ဘန်ကောက်

    ကျောက်ဖယား မြစ်ဝကျွန်ပေါ် တွင်တည်ရှိသော ဘန်ကောက်မြို့ တော်မှာ ထိုင်းနိုင်ငံ  ၏ပညာရေး စီးပွားရေး၊ ယဉ်ကျေးမှု၊နှင့် နိုင်ငံရေး အချက်အခြာ

    အဖြစ်ရှိ နေပါသည်။ မုတ်သုံရာသီ ကာလများတွင် မြစ်ရေမြင့် တက်ခြင်းကြောင့် မြိုတော်၏ နေရာအတော်တော်များများသည် ရေလွှမ်းခံနေရသည်။ မြို့ တည်ရှိရာ

    မြေလွာသည် ပျော့ ပြောင်းခြင်း ၊မြေအောက်ရေ အလွန်အကျွံ သုံးစွဲခြင်း၊ မိုးမျှော်တိုက်များ အဆမတန် ဆောက်လုပ်ခြင်းတို့ ၏ အကျိုးဆက်အဖြစ် ဘန်ကောက်မြို

့တော်သည် မြေအောက်သို့ တဖြည်ဖြည်းနိမ့်ဝင်လျက်ရှိ နေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ရာစုနှစ် ကုန်ပိုင်းတွင် ဘန်ကောက်မြို့ သည် ပင်လယ်အောက်

    ကျွံဝင်သွားလိမ့် မည်ဟု တွက်ဆထားကြသည်။

    Cherrapunji (အိန္ဒိယ)

    ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၂၉၀မီတာ တွင်တည်ရှိသော အိန္ဒိယနိုင်ငံ၏  Cherrapunjiဒေသမှာ ကမ္ဘာမိုးရေချိန်အများ ဆုံးရွားသွန်းရာဒေသ ဖြစ်ပါသည်။

    နှစ်စဉ် မတ်လမှ အော်ကတိုဘာလအထိ မိုးများရွားသွန်း သော်လည်း ကျန်လများတွင်ပူပြင်ခြောက်သွေ့ လျက်ရှိနေသည်။ ယင်းဒေသရှိ မြေဆီလွာများသည်

    မိုးရေများကို စုပ်ယူထိန်းသိမ်းနိုင်မှုမရှိခြင်း ရာသီဥတု ဆိုးဝါးပြင်ထန်ခြင်း၊ ပတ်ဝန်ကျင် ညစ်ညမ်းလာခြင်း သစ်တောပြုန်းတီးခြင်း၊ များကြောင့်ဒေသခံပြည်များ မှာ

    ရေရှားပါးပျက်လပ် မှုဒဏ်ကို ဆိုးဆိုး ၀ါးဝါးရင်ဆိုင်နေရသည်။ လာမည့် ဆယ်စုနှစ်များ၌ ၎င်းဒေသရှိ ပြည်သူများ အသက်ရှင် သန်ရပ်တည် နိုင် ရေးသည် မ

    လွယ်ကူနိုင် တော့ ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားကြသည်။

    Komodo (အင်ဒိုနီးရှား)

    အင်ဒိုနီရှားရှိ Komodo ကျွန်းစုသည် ပြည့်ဝကြည် လင်သော ရေပြင်၊ စုံလင်လှသော အပုပိုင်းရေနေသတ္တ၀ါများ ကြောင့် နာမည်ကျော်နေပြီး အပျော်တမ်း ရေငုပ်

    အပန်းဖြေသူများ အတွက်နတ် ဘုံနတ်နန်းတမျှ ဖြစ်နေသည်။ ကျွန်းပေါ်တွင် ကမ္ဘာအကြီးဆုံး ဖွတ်သတ္တ၀ါများနေထိုင် ကျက်စားလျက်၇ှိသည်။ ယခုအခါတွင်

    ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေ အပူချိန်ပြောင်းလဲမှု များကြောင့် ရေအောက် ရှိ သန္တကျောက်တန်း များမှာ ကွယ်ပျောက် ပျက်ဆီသွား မည့်အရေးနှင့်

    ရင်ဆိုင်နေရသည်။

    ဟော့ကိုင်းဒိုး(ဂျပန်)

    ဂျပန်နိုင်ငံ ဟောကိုင်းဒိုကျွန်း ရှိ ခုရှိရော ရွှံ့နွံ ဒေသ မှာ ရှားပါး ခေါင်းနီကြိုးကြာ များအပါဝင် ငှက်မျိုးစိတ်များ ကြောင့်နာမည် ကျော်ဒေသ ဖြစ်ပါ သည်။  ယခုအခါတွင်

    လူတို့  ၏ အမဲလိုက်ခြင်း ထူးကဲဒီရေတက်ခြင်း တို့ကြောင်း ယင်းဒေသ၏ ဒီရေတောများ၊ ငှက်သတ္တ၀ါ ခိုအောင်း ရာနေရာများ သည် တစ်နှစ်ထက်တစ်နှစ်

    ပျက်ဆီးပျောက်ကွယ် လျက်ရှိနေသည်။ ထို့အတူ ရှားပါးစာရင်ဝင် ကြိုးကြာခေါင်းနီများ သည်လည်း မျိုးသုန်းပျောက်ကွယ် မည့် အန္တရယ်နှင့်ရင်ဆိုင်နေရသည်။

    အိန္ဒူမြစ် ( ပါကစ္စတန်)

    ဟိမ၀န္တာရှိ ရေခဲဖုံးရာ တောင်တန်းများတွင် မြစ်ဖျားခံစီး ဆင်းလာသော အရှည် ၃၀၀၀ရှိ အိန္ဒူမြစ် သည် သစ်တောအုပ်များ၊ ကျေးရွားများစွာကိုဖြတ်သန်းကာ

    အိန္ဒိယသမုဒ္ဒရာ အတွင်း စီးဝင် ပါသည်။ ပါကစ္စတန်ရှိ ဆည်များ စွားအတွက် အဓိက ရေအရင်းအမြစ် ဖြစ်နေသော ယင်းမြစ်ကြီးသည် ဟိမ၀န္တာ တောင်တန်း

    များရှိရေခဲများ အရည်ပျော်ကုန်ခန်းလာ နေခြင်း ဒေသအတွင်း ပုံမှန် မိုးရွာသွန်းမှုမရှိခြင်း တို့ကြောင့် ခန်းခြောက်သွား မည့်အန္တရယ်နှင့် ရင်ဆိုင်နေရကာ အိန္ဒူမြစ်အား

    မှီခိုနေများသူများ မှာလည်း ရေရှားပါးမှုနှင့် ကြုံ တွေ့ရဖွယ်ရှိနေသည်။   linyone

  • သမိုင်း စာမျက်နှာ ပေါ်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်စဉ်

    ယနေ့ကမ္ဘာ့ မီဒီယာ များတွင်ထိပ်တန်းသတင်းများအဖြစ် စိုးမိုးထားသော  ပါ လက် စ တိုင်း၊ အစ္စရေးပဋိပက္ခ၏ သမိုင်းဆိုင်ရာအချက်အလက်များကို အကျဉ်းချုပ်  တင်ပြ ပေး လိုက် ပါသည်။

    ၁၉၄၈ မတိုင်မှီ ပါလက်စတိုင်း ဒေသ အခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)
    ဇီယွန်ဝါဒီများသည် ၁၈၉၇တွင် ဆွစ်ဇလန် နိုင်ငံတွင် အထူးအစည်း အဝေးတစ်ရပ် ပြုလုပ်ကာ ပါလက်စတိုင်းနယ်မြေကို သူတို့၏ပိုင်နက်မြေ အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ ကြသည်။ ပါလက်စတိုင်း နယ်မြေသည် နိုင်ငံမရှိသော လူ(ဂျူး)များအတွက် လူ မရှိသောနိုင်ငံဖြစ်သည်   ဟု သူတို့က ဆိုကြသည်။ ထို အချိန်၌ ပါလက်စတိုင်း နယ်မြေတွင်ပါလက်စတိုင်း သား ၆၀၀၀၀၀ ကျော်ခန့် နှင့် ဂျူးလူမျိုး ၅၄၀၀၀တို့ အေးချမ်းစွာနေထိုင်ကြ သည်။ နယ်မြေ၏ ၉၉့  ၆ ရာခိုင်နှုန်း(အစိမ်းရောင်)ကို ပါလက် စတိုင်းသားများ ပိုင်ဆိုင်ခဲ့ကြသည်။ ထိုစဉ်က ပါလက်စတိုင်းသည် အော်တိုမန်(တူရကီ) အင်ပါယာ အတွင်းရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ဗြိတိသျှများမှ ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက် ခဲ့သည့် အချိန်မှစပြီး ပါလက်စတိုင်း နယ်မြေအတွင်း သို့ ဥရောပမှ ဂျူးအများအပြားကို စတင်ဝင် ရောက် နေထိုင်ခွင့် ပေးခဲ့သည်။ ထိုကြောင့် ၁၉၄၇ တွင် ဂျူးလူမျိုး ၆သိန်း ၊ ပါလက်စတိုင်း ၁့  ၃ သန်း တို့သည် ပါလက်စတိုင်းနယ်မြေတွင် နေထိုင် ခဲ့ကြသည်။ ထိုကာလများတွင် နယ်မြေ၏ ၉၄ ရာခိုင်နှုန်းကို ပါလက်စတိုင်းများ ပိုင်ဆိုင်နိုင်ခဲ့ သေးသည်။ ရောက်ရှိလာသော ဂျူးများသည် အနောက်တိုင်းအားကိုးဖြင့် ဒေသခံများပေါ် ဖိနှိပ်မှုများ ပြုလပ်လာခဲ့သည်။ ထို့ကြောင့်  ပါလက်စတိုင်း နယ်မြေများတွင် ပါလက်စတိုင်း များနှင့် ဂျူးလူမျိုး၊ ဗြိတိသျှ တို့ အကြားတွင် တိုက်ခိုက်မှုများ ကြီးမား လာခဲ့သည်။ ၁၉၄၇တွင် ဗြိတိန်သည် ထိုဒေသမှ ၁၉၄၈ မေ(၁၅) တွင် ထွက်ခွာတော့မည်ဟု ကြေငြာသည်။


    ၁၉၄၈-၁၉၆၇ ပါလက်စတိုင်းဒေသအခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)

    ဗြိတိသျှတို့ ပါလက်စတိုင်းမှ  မထွက်ခွာခင် ၅လအလို တွင် ဇီယွန်ဝါဒီ တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်သော ဟာဂနာ၊ အီရ်ဂန်တို့က ပါလက် စတိုင်း နယ်မြေ အနှံအပြားတွင် အကြမ်း ဖက်ခဲ့သည်။ ရလာဒ်အားဖြင့်  ပါလက် စတိုင်း ရွာပေါင်း ၅၀၀ ကျော် ဖျက်ဆီးခံရကာ ပါလက်စတိုင်းသား ထောင်သောင်းချီကာ နေ အိမ်များမှ နှင်ထုတ်ခြင်းခံ ရရှာ သည်။ မောင်းထုတ်ခံ ခဲ့ရသော ပါလက်စတိုင်း ဒုက္ခသည်များမှာ အိမ်နီး ချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ယခုကာလတွင် ပါလက်စတိုင်းဒုက္ခသည် ဦးရေ ၆ သန်းခန့် ရှိနေ ပေပြီ။ ဇီယွန်ဝါဒီတို့သည် ပါလက်စတိုင်းနယ်မြေ၏ (၇၈)ရာခိုင်နှုန်းကို သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ(အဖြူရောင်)ကို ၁၉၄၈ မေလ(၁၄)တွင် ထူထောင်လိုက်ပြီး နောက် တွင် အာရဗ်နိုင်ငံတို့သည် ပါလက်စတိုင်းတို့ ဘက်မှ ရပ်တည် ထောက်ခံ လာခဲ့သည်။ ပါလက် စတိုင်းတို့ဘက်မှ နယ်မြေ(အစိမ်းေ၇ာင်)၏ ၂၂ရာခိုင်နှုန်းရှိသော ဂါဇာဒေသကို အီဂျစ်မှ၊ အရှေ့ဂျေရုစလင်နှင့် အနောက်ဘက်ကမ်းဒေသကို ဂျော်ဒန်တို့မှ ထိန်း ချုပ်လိုက်ရာမှ ကမ္ဘာတွင် နာမည်ကျော် (၆) ရက်ကြာစစ်ပွဲ သည်(၁၉၆၇)ခုနှစ်တွင် ဖြစ်ပွား ခဲ့သည်။ ၄င်း စစ်ပွဲတွင် အမေရိကန်၊ဗြိတိသျှတို့ ပုံပိုးကူညီ ပေးမှုများကြောင့် အစ္စရေးက ဂါဇာကမ်း မြှောင်၊အနောက်ဘက်ကမ်း၊ နှင့် အရှေ့ ဂျေရုဆလင် တို့ကို သိမ်းပိုက်ခဲ့ သည်။ အစ္စရေးတို့၏ ကျူးကျော် သိမ်းပိုက်ထားခဲ့မှု နှင့်ပတ်သက်ပြီး  ကုလသမဂ္ဂမှ ဆုံးဖြတ်ချက် အမှတ်-၂၄၂ကို ၁၉၆၇ခုနှစ် နိုဝင်ဘာလ(၂၂)ထုတ်ပြန်ကာ သိမ်းပိုက်ခံထားရ သော ပါလက်စတိုင်းနယ်မြေများမှ အမြန်ဆုံး ရုပ်သိမ်းဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အစ္စရေးတို့မှ မလိုက်နာသည့်အပြင် ထိုသိမ်းပိုက်ခံ ဒေသများတွင် ဂျူးလူမျိုးများကို အခြေချအိမ်ရာအများအပြား ဆောက်လုပ် နေထိုင်စေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

    ၁၉၆၇ မှ ယနေ့ ကာလအထိ အခြေအနေ(ပုံနှင့်ပူးတွဲလေ့လာရန်)
    ပါလက်စတိုင်း လွတ် မြောက်ရေးတပ်ဦး ((PLO) မှ ယာဆာအာရာဖသ် သည် အော့စလိုသဘောတူညီချက် ကို ၁၉၉၃ စက်တင်ဘာလ တွင် လက်မှတ်ရေးထိုးပြီး၊ ပါလက်စတိုင်းနယ်မြေ ၂၂% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည်။ အရှေ့ ဂျေရုစလင် တစ်သိန်း၊ အနောက်ဘက်ကမ်းတွင် တစ်သိန်း ခန့်ရှိသော ဂျူးများက  အိမ်ရာ ဆောက်လုပ် နေထိုင်ခဲ့ကြ သည်။ ၁၉၉၃မှ ယနေ့ချိန် အထိ  ဂျူးအခြေချ နေထိုင်သူဦးရေ ပိုမိုမြင့်မားလာခဲ့ပြီး အနောက်ဘက်ကမ်းတွင်၂၂၀၀၀၀ခန့်၊ အရှေ့ ဂျေရုစလင်တွင် ၂၂၀၀၀၀ခန့် ရှိလာခဲ့ သည်။ ယခု လက်ရှိ ပါလက်စတိုင်းအစိုးရမှ ထိန်းချုပ်ခွင့်ရ နယ်မြေ များကို အစိမ်းရောင်ခြယ်ပြထားသည်။ အစ္စရေးမှ လည်း နေ့စဉ်လိုလို အနောက်ဘက်ကမ်း အရှေ့ ဂျေရုစလင်တို့တွင် ဂျူးအခြေချအိမ်ယာများ တိုးချဲ့ တည်ဆောက်နေသည်။ ပါလက်စတိုင်းအစိုးရတွင် လည်း နှစ်ပိုင်းကွဲလျက်ရှိရာ ဟားမတ်စ်အစိုးရက ဂါဇာဒေသကို ထိန်းချုပ်ထားကာ ဖာတာအစိုးရက အနောက်ဘက်ကမ်းကို ထိန်းချုပ်ကြပြီး အချင်းချင်း မူဝါဒဆိုင်ရာ ကွဲလွဲမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နေသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ပါလက်စတိုင်းတို့ အရှေ့ဂျေရုစလင်ကို မြို့တော် အဖြစ်သတ်မှတ်ပြီး နိုင်ငံထူထောင်ခွင့်ရရေး၊အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေရသည့် ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေး၊ ဖမ်းဆီးခံ ပါလက်စတိုင်းများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းနေမြေများတွင် အိမ်ရာဆောက် လုပ်နေမှုများ ရပ်တံ့ရေးစသည့် အကြေအလည် ဖြေရှင်းရမည့်ကိစ္စရပ်များစွာရှိနေသည်။ အာရဗ်ကမ္ဘာ၊ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့မှလည်း နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေမူကို ထောက်ခံထားပြီး အစ္စရေးမှ ယင်း စေ့စပ် ကမ်းလှမ်းချက်များအား လက်ခံလာနိုင် ရေးကို  များစွာ ကြိုးပမ်းရအုံးမည်။