News @ M-Media

Tag: သမိုင်း

  • မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

    (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )

    (၁)

    Breathes be the man.
    With soul so dead.
    To never himself hath said th,
    This is my own,
    My native land.

    အမျိုးသား အာဇာနည်  ခေါင်းဆောင်ကြီး ဦးရာဇတ်မှ၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီးအနေဖြင့် သူ၏တပည့်များအား မကြာခဏ ရွတ်ပြလေ့ရှိသည့် ကဗျာတပုဒ်ဖြစ်သည်။ မြန်မာလို ပြန်လျှင်မူ …

    “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
    အသက်ရှင်လျက် ဝိဥာဉ်မဲ့နေတဲ့သူလို
    အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
    ဘာမှ အသုံးမကျဘူး” ဟူ၍ ဖြစ်မည်။

    ဆရာကြီးသည် ဤကဗျာလေး၏ လမ်းညွှန်ချက်အတိုင်းပင်၊ သူ၏ အမျိုးသားကျောင်းသားများအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ (more…)

  • အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    ဇူလိုင်-၁၁၊ ၂၀၁၁

    ဆောင်းပါးရှင် -၀မ်းအိုဝမ်းကျော်ဝင်းမောင်

    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်

    ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။
    ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။ ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။

    အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။ ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။

    စွန်နီမွတ်စလင်တွေ အနေနဲ့လဲ သူတို့စွန်နီ ( သင်္ချိုင်း ) ကဘတ်စတန်မှာ ရှီအာမွတ်စလင် တွေရဲ့ မယတ် (အလောင်း) ကို မြှုပ်ခွင့်ပြုဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှုပ်ခွင့်ရအောင်လဲ ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီမွတ်စလင် အိုလမာအဖွဲ့ဝင်များနဲ့ သဘောတူချက်ရယူရပါတယ်။

    284034_251291044884610_100000111498246_1092923_8053015_n

    နှစ်ဘက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘတ်စတန် (သင်္ချိုင်း) မှာ သဂြို င်္ဟ် မြှုပ်နှံလိုက်ပါတယ်။ ဒီဂျနာဇာ နမာဇ် (သရနဂုံတင်ပွဲ) ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌင်္ကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ် ဒါဝတ် ယူစွတ် ကနေပြီး အီမာန်ရှေ့ဆောင် လုပ်ပြီး ဖတ်ပေးသွားမှာပါတဲ့။

    ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်ဆောင်သွားတဲ့အခါမှာ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ခုလဲ ပါသွားတယ်၊ ဒီအခေါင်းတွေကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။

    နောက်တစ်ခါ ဂျနာဇာ ၂ ခုသတ်သတ်ကို အဲဒီ အာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံးကို ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။

    အဲဒီနောက် ဆရာကြီးနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ဖက်ကနေ ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကိုထမ်းပြီးထွက်လာကြပါတယ်။ အပြင်ဘက်ကိုရောက်တဲ့အခါမှာ ၀င်းပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) ထုကြီးဟာဆီးကြိုပြီး တစ်ယောက်တစ်လက် ထမ်းသွားပါတော့တယ်။ အဲဒီ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) လူအုပ်ကြီးထဲမှာပဲ ဆရာကြီး ဦးရာဇတ်ရဲ့ ဇနီးသည် ဒေါ်ခင်ခင်ကိုယ်တိုင်လဲ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်းသယ်ဆောင်သွားရာမှာ ဆရာကြီးဦးရာဇတ်အိမ်ရှေ့ ပဒုမ္မာလမ်း ခြံအမှတ်( ၁၀ ) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲရှေ့ဆက်လိုက်မပို့တော့ဘူး၊ အိမ်မှာပဲဝင်နေလိုက်ပါတယ်။

    ဒီအသုဘပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံးကို ဗ-မ-က အဖွဲ့ချုပ်က မစ္စတာလတစ်ဖ်ခန်း( ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးကြွယ်ဝ ကအရှေ့ ကဂျနာဇာကို ဦးဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကား လိုက်ပို့ပေးကြပါတယ်။

    ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) အမျိုးသားအမျိုးသမီးများအပြင် အခြားမြန်မာတိုင်းရင်းသားလူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ရွတ်ဆိုသွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါဘဲ။

    လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမးနည်းမှု တစ်ဘက်က ရှိနေသလို၊ တစ်ဘက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူ့အပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာတက်ကြွမှုအပြည့်နဲ့ပါ။

    ရွှေတိဂုံပတ်ဝန်းကျင်ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီးတစ်ရပ်လုံး ဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေ့တစ်ချို့လဲ လိုက်ပါပို့ဆောင် ကြပါတယ်။ တာမွေ မွတ်စလင် စွန်နီ ( ကဘတ်စတန်) သင်္ချိုင်း ရောက်တဲ့အထိပဲ တစ်ယောက်နဲ့ တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။

    ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်။ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စလင်အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ခင်္ရီးဟာ ၂ မိုင် လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာ ကိုမောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။

    ကဘတ်စတန်သင်္ချိုင်း ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။

    အင်္ဂလိပ်တွေပဲ ဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီက ပြောပြပါတယ်။ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှ လေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။ ဥရောပတိုက်သားဧည့်သည်တွေထဲက တချို့တွေလဲ ဓါတ်ပုံတွေရိုက်ကြတယ်။ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။

    ဂျနာဇာနမာဇ်ဖတ်ရာမှာလဲ အခုခေတ် ဂျနာဇာနမဇ်ဖတ်ဖို့လုပ်ပေးထားတဲ့နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမာဇ်ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာ နှစ်ခုစလုံးကို တနေရာတည်းမှာထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖတီ မာမွတ်ဒါဝတ်ယူစွတ်က အီမာန်ရှေ့ဆောင် လုပ်ပြီး တစ်ချိန်တည်းဖတ်ပေးပါတယ်။

    (ဒီတုန်းက စွန်နီနဲ့ ရှီယာ မွတ်စလင်များရယ်လို့ ကွဲနေပေမယ့် အစ္စလာမ်ဘာသာဝင်အဖြစ် ကွဲကွဲ ပြားပြားရှိနေတဲ့ စွန်နီရှီယာရယ်လို့ခွဲတဲ့စိတ်ကို မျက်ကွယ် ပြုပြီး အစ္စလာမ်တို့ရဲ့ညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ရှီအာနဲ့ စွန်နီ မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်ကြီင်္းတွေက ခွဲခြားမှုမလုပ်ပဲ ဒီ အာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာ ပဲ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ခြင်းကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    တကယ်တော့ ဒီမြှုပ်နှံမှုကိုကြည့်ယင် မွတ်စလင်များအတွင်းမှာ စွန်နီ – ရှီအာ စုစည်းမှုတစ်ရပ်ကို တွေ့နိုင်သလို တိုင်းပြည်ကိုချစ်ကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီနောင်များ အချင်းချင်းထားရှိခဲ့တဲ့ ချစ်ခင်မှု စိတ်ဓါတ်ကို အတုယူနိုင်ကြမှာဖြစ်ပါကြောင်း

    (၁၄-၂-၈၈) နေ့က ဆရာဦးမောင်ကို ဂဖာရီကို ကျမ်းပြုသူအိမ်မှာ ဖိတ်ကြားပြီး ဆရာကြီး ဦးရာဇတ် ဂျနာဇာ ( အသုဘ) ချတဲ့ နေ့က အကြောင်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းတဲ့ အခါမှာသိရတဲ့ အချက်တွေကို မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်တွင်ဖေါ်ပြနိုင်ရန် ကျမ်းပြုသူ ၀မ်းအိုဝမ်းကျော်ဝင်းမောင်မှ မေးမြန်း စုစည်းတင်ပြချက်အား ပြန်လည်ကူးယူဖေါ်ပြပါသည်။

  • ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်

    ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်
    DIC,ALRC

    တက္ကသိုလ် မွတ်စလင်မ်လူငယ်များအသင်း ဥက္ကဌ ပါမောက္ခ ဦးအောင်ခင်

    ဆရာကြီးသည် ၁၉၁၈-ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့၌ မွေးဖွားသည်။ ၁၆ နှစ်သားအရွယ်တွင် ၁၀ တန်းကို ဂုဏ်ထူး ငါးဘာသာဖြင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးသည်။ တက္ကသိုလ်တွင် ဥပစာသိပ္ပံအပိုင်း (က)နှင့်(ခ)ကို တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈-ခုတွင် ဓာတုဗေဒဂုဏ်ထူးတန်းကို့ Upper Division 2nd Class  ဖြင့် အောင်မြင်ခဲ့သည်။ ဓာတုဗေဒထူးချွန်သူများ အတွက် ပေးအပ်ချီးမြှင့်သော ဦးရွှေလေးရွှေတံဆိပ်ဆု ရရှိခဲ့သည်။
    ၁၉၃၈-၃၉ ခုနှစ်တွင် ရူပဗေဒဂုဏ်ထူးတန်း အောင်မြင်သည် ။ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ တစ်နှစ်တည်းတွင် ဂုဏ်ထူးဆင့်ကဲ ရသဖြင့် ပညာသင်ဆုရပြီး ၁၉၃၉-ခု သြဂုတ်လ ၁၅ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်။ လန်ဒန်တက္ကသိုလ်မ DIC နှင့် A.I.R.C  ဒီပလိုမာဘွဲ့များကို ရရှိခဲ့သည်။ ပါရဂူဘွဲ့အတွက် ဆက်လက်ဆည်းပူးရန်စီစဉ်ပြီးမှ ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်ပွား၍ မြန်မာနိုင်ငံသို့ ပြန်ခဲ့ရသည်။ မဟာသိပ္ပံဘွဲ့ကိုရန်ကုန်မှရရှိသည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ လက်ထောက် ကထိကအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ငါးနှစ်အကြာ ပါမောက္ခဦးဘိုးသာ လက်ထက်တွင် ဓာတုဗေဒကထိက ဖြစ်လာသည်။

    ၁၉၅၄ ခုနှစ် တမန်တော်နေ့အထိမ်းအမှတ် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောပွဲတစ်ရပ်ကို ရန်ကုန်မြို့ ရာမာကရစ်ရှနာမစ်ရှင်အသင်းက ကြီးမှူး၍ အသင်းတိုက်တွင် ကျင်းပသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ကထိက ဦးအောင်ခင်က အစ္စလာမ်၏ သွန်သင်ချက်များ သဘာဝကျပုံ၊ ငြိမ်းချမ်းရေးရှေ့ရှုပုံ စသည်များကို ရှင်းလင်းတင်ပြသည်။
    မျိုးဆက်သစ်တက္ကသိုလ် မွတ်စလင်မ်ကျောင်းသားများနှင့် ကျောင်းသားဟောင်းကြီးများ ခင်မင်ရင်းနှီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၉ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းသော တက္ကသိုလ် မွတ်စလင်မ် လူငယ်များအသင်းတွင် ကထိက ဆရာကြီး ဦးအောင်ခင်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုနှစ် အမှုဆောင်များမှာ –

    1. ဥက္ကဋ္ဌ ဦးအောင်ခင် M.Sc (ကထိက) ဓာတုဗေဒဌာန
    2. ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ကျော် B.Sc (Hons) C.Sc
    3. ဒု-ဥက္ကဋ္ဌ ဒေါက်တာခင်အေးစီ M.B.B.S Dip.G.O
    4. အတွင်းရေးမှူး ဦးတင်မောင် (I.T.O) Group E.Rangon
    5. တွဲဖက်အတွင်းရေးမှူး ဒေါ်ညွန့်ညွန့်လွင် B.A
    6. တွဲဘက်အတွင်းရေးမှူး ဦးလှမောင် B.A
    7. ငွေထိန်း ဦးတင်မောင် B.A,B.Com B.L.R
    8. စာရင်းစစ် ဦးသာထွန်း B.Com,B.L.R.A

    အမှုဆောင်များ

    1. ဦးသန်းတင် B.A. B.L (Advocate)
    2. ဒေါ်ကြည်ကြည်ဝင်း B.A B.L
    3. ဒေါ်လှရွှေ B.A B.L
    4. ဒေါက်တာဒေါ်ရီရီ Ph.D (Landon)
    5. ဒေါ်သန်းတင် B.Sc
    6. ဦးခင်မောင်မြင့် B.Sc
    7. ဗိုလ်ခင်မောင်လတ်B.Sc
    8. ဦးကိုကိုလေး B.Sc
    9. ဦးသန်းတင် (I.T.O) Salary Circle Rangon
    10. ဦးမောင်မောင်ကြီး Pakisan Embassy တို့ ဖြစ်သည်။

    ၁၉၅၉-ခုနှစ်တွင် ဆရာကြီးသည် ပါမောက္ခရာထူး တိုးမြှင့်ခံရသည်။ ထိုစဉ်ကုန်ထုတ် ဓါတုဗေဒဌာန  ပေါ်ပေါကရ် န် ဦး ဆောင်ြကိုးပမ်း သည။် ထိုဘာသာရပ်သည် အင်ဂျင်နီယာဘာသာရပ်သင်ကြားနိုင်မှုကို လမ်းညွှန်နိုင်သည့် အသုံးချဓာတုဗေဒပညာရပ် ဖြစ်သည်။ ထူးချွန်၍ အရည်အချင်းပြည့်မီပါက စက်မှုတက္ကသိုလ် အင်ဂျင်နီယာဘာသာရပ်များကို ဆက်လက်ဆည်းပူးနိုင်သည်။ ၁၉၆၉-ခုနှစ်တွင် ကုန်ထုတ်ဓာတုဗေဒဘာသာရပ်သင်ကြားမှုကို ဘွဲ့လွန်မဟာသိပ္ပံတန်းအထိ ထပ်မံ တိုးချဲ့သည်။
    ၁၉၆၉-ခုနှစ်တွင် အနုမြူဆိုင်ရာ ကျွမ်းကျင်သူများ၊ ပါရဂူများ၊သုတေသနလုပ်ငန်းဆိုင်ရာ ကိရိယာများ၊ စက်ပစ္စည်းများကို IAEA အကူ
    အညီနှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အဖွဲ့အစည်း၏ ဦးဆောင်တာဝန်ခံ ထောက်ပံ့မှုအရ နျူကလီးယား ဓာတုဗေဒဘာသာရပ်ဆိုင်ရာဓာတ်ခွဲခန်းကို စတင် တိုးချဲ့တည်ထောင်ခဲ့သည်။ ဆရာကြီးသည် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး အကြံပေးကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် သတ္တုတွင်းဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင်၊
    ဓာတုသိပ္ပံဘာသာ ရပ်ဆိုင်ရာ သုတေသနအဖွဲ့ဥက္ကဋ္ဌ၊ ဒေသကောလိပ်များ တည်ထောင်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
    ဆရာကြီးသည် ဓာတုဗေဒပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့် ရေးသားပြုစုခဲ့သူဖြစ်ပြီး ကမာရွတ်မြို့နယ် စာပေလုပ်သား အဖွဲ့ဝင်လည်းဖြစ်သည်။ ၁၉၇၈-ခုနှစ်တွင် အငြိမ်းစားယူပြီး ပညာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် သုံးနှစ်တာ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံအကျိုးပြုလုပ်ငန်းများကို အဖွဲ့အစည်းပေါင်းများစွာတွင် မနားမနေ ဆောင်ရွက်ခဲ့သူ၊ တက္ကသိုလ်မွတ်စလင်အသင်း နာယကဆရာကြီးသည် ၁၉၈၇-ခုနှစ် မေလ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အလ္လာဟ်အရှင် အမိန့်တော်ခံယူသည်။

    အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့်ပုဂ္ဂိုလ် ဟာဂျီဦးဘအို

    ‘ကျွန်တော်မျိုးသည် ကုရုရ်အ်အာန်တ်တဖ်စ်စီရီရ် ဒေသနာကို မြန်မာဘာသာပြန်ဆိုရာ၌ စရိတ်ကြေးငွေကုန်ကျမည်ကို မထောက်၊ ခဲယဉ်းစွာ တစ်ဆင့်မှတစ်ဆင့် အခွင့်ရှိသမျှ လွှဲပြောင်း၊ ကောင်းသည်ထက်ကောင်းအောင်ရေးသားပြုပြင်  စက်တင်ပုံနှိပ်ရိုက်ရာ’ ဟု ဆုတောင်းနိဂုံးတွင် ဖော်ပြပါရှိသည့်အတိုင်း ဦးဘအိုသည် ကုရ်အာန် မြန်မာဘာသာပြန်လုပ်ငန်းကြီးကို စေတနာထက်သန်စွာ ပံ့ပိုးခဲ့သူဖြစ်သည်။ လုံ့လကြီးစွာ၊ အားသည်းစွာ နှစ်ရှည်လများ အချိန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။ ကုရ်အာန်မြန်မာပြန် ဂန္ထ၀င်သမိုင်းအတွက် အရေးပါလှသော ပုဂ္ဂိုလ်ကြီးဖြစ်သည် ။

    ဦးဘအိုသည် အမတ်ကြီး န၀ဗ်ရဟင်ဘခ် နှင့် ရွှေကျင်သူ ဒေါ်စာအု တတိယမြောက် သားရတနာဖြစ်သည။် ၁၂၃၄ (၁၈၇၂) ခုနှစ်တွင် တောင်မြို့၌ ဖွားမြင်သည။် သာသနာဘွဲ့ မှာ အဟမဒွလွလ္လာ ဖြစ်သည်။

    ဖခင်ကြီးသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အပို့ခံရသည့် အိန္ဒိယနိုင်ငံ ဒေလီပြည့်ရှင် ဧကရာဇ်ဘုရင်ကြီး ဇဖရ်ရှားနှင့်အတူ ပါရှိလာသည့် အမတ်ကြီးတစ်ဦးဖြစ်သည်။ အမတ်ကြီးသည် မြန်မာနိုင်ငံ တောင်ငူမြို့တွင် အစိုးရအ၀ယ်တော်အဖြစ် အမှုထမ်းသည်။ သားသမီးများ အရွယ်ရောက်စချိန်တွင် ကွယ်လွန်ခဲ့သည်။ ဦးဘအို၏ မိခင်ကြီး ဒေါ်စာအုမှာ လည်း သားသမီးများ အသက်အတန်ရမှ ကွယ်လွန်သွားခဲ့သည်။ ဦးဘအိုသည် အင်္ဂလိပ်စကား၊ မြန်မာစကားတို့ကို ကောင်းမွန်စွာ တတ်ကျွမ်းသည်။ မူလက အစိုးရ၀န်ထမ်းလုပ်ပြီး နောက်ပိုင်းတွင် ဘုံဘေ ဘားမားသစ်ကုမ္ပဏီ၌ စာရေးအဖြစ် အမှုထမ်းသည်။ အလုပ်၌ ရိုးသား ကြိုးစားသဖြင့် သစ်တောဘက်ကိုယ်စားလှယ်နှင့် သစ်တောအ၀ယ်တော် အဖြစ် ရာထူးတိုးမြှင့် တာဝန်ပေးခြင်းခံရသည်။ ထိုအချိန်မှစပြီး ဦးဘအိုသည် တဖြည်းဖြည်း တိုးတက်ကြီးပွားချမ်းသာလာသည်။

    တောကျွဲအင်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ တောင်ငူ၊ ပျဉ်းမနား၊ အေလာ၊ တောင်တွင်းကြီးနှင့် ပခုက္ကူနယ်များ၌ လည်းကောင်း၊ အင်းစိန်နယ်၊ လှိုင်ရိုးမရှိ သစ်တောများ၌လည်းကောင်း သစ်စက်များ တည်ထောင်ခဲ့သည်။ (more…)