News @ M-Media
Tag: 2017 Eid
  • မန္တလေးက ပန်းသေးလူငယ်များ၏ အီးဒ် မိတ်ဆုံစားပွဲ
    မန္တလေးက ပန်းသေးလူငယ်များ၏ အီးဒ် မိတ်ဆုံစားပွဲ
    ၂၀၁၇ ခုနှစ် “အီးဒ်” အထိမ်းအမှတ် မန္တလေး ပန်းသေးလူငယ် မိတ်ဆုံစားပွဲကို ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့မှာ ရှိတဲ့ ပန်းသေးခန်းမ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
    ဓါတ်ပုံ- ပန်းသေးမိသားစု – မန္တလေးမြို့ FB
  • ဝါကျွတ် အီးဒ်နေ့ အထိမ်းအမှတ် ဆေးရုံ (၅) ရုံ မှ လူဦးရေ (၄၆၀၀) ကျော်ကို နေ့လည်စာလှူဒါန်း
    ဝါကျွတ် အီးဒ်နေ့ အထိမ်းအမှတ် ဆေးရုံ (၅) ရုံ မှ လူဦးရေ (၄၆၀၀) ကျော်ကို နေ့လည်စာလှူဒါန်း
    ဇူလိုင် ၃ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လ(ရမသွာန်) ပြီးဆုံးပြီး ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ဆေးရုံ (၅) ခုမှ ဆေးရုံတက်လူနာ ၊ လူနာစောင့် နှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် လူဦးရေ (၄၆၈၄) ဦး အတွက် နေ့လည်စာ ကို ဇူလိုင်လ ၁ ရက်နေ့က လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
    အဆိုပါနေ့လည်စာလှူဒါန်းမှုတွင် အထွေထွေရောဂါကုဆေးရုံကြီး(မြောက်ဥက္ကလာပမြို့နယ် ) မှ ဆေးရုံတက်လူနာ နှင့် လူနာစောင့်များ စုစုပေါင်း(၁၇၀၀) ဦး ၊ စိတ်ကျန်းမာရေးဆေးရုံ( ရန်ကုန် – ရွာသာကြီး) မှ ဆေးရုံတက်လူနာ စုစုပေါင်း(၁၅၃၉) ဦး ၊ စံပြဆေးရုံကြီး( သင်္ဃန်းကျွန်းမြို့နယ်)မှ ဆေးရုံတက်လူနာ ၊ လူနာစောင့်များ နှင့် ဆေးရုံဝန်ထမ်းများ စုစုပေါင်း(၁၀၀၀) ဦး ၊မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံ (ဘားလမ်း) မှ ဆေးရုံတက် လူနာ ၊ လူနာစောင့်များ နှင့် ဝန်ထမ်းများ စုစုပေါင်း (၄၀၀) ဦး ထမင်းဖြူ နှင့် ကြက်သားဟင်း၊အထူးကုဆေးရုံ(သာကေတ) မှ လူနာ စုစုပေါင်း (၄၅) ဦးအတွက် နံနက်စာ – နွားနို့ နှင့် ပဲပြုတ်နံပြား ၊နေ့လည်စာ – ပုဇွန်ဟင်း ၊ မုန်လာဥချဉ်ဟင်း နှင့် ကြက်မောက်သီး၊ ညနေစာ – ကြက်ဥကြော် တို့ကို လှူဒါန်းခဲ့တယ်လို့ သိရှိပါတယ်။
    ယခု လှူဒါန်းမှုကို အစ္စလာမ်ဘာသာဝင်များ၏ အလှူငွေ စုပေါင်းပါဝင်မှုဖြင့် ရန်ကုန်အခြေစိုက် မွတ်စလင်မ် ပရဟိတ အဖွဲ့တခုဖြစ်တဲ့ ဓမြန်မာအစ္စလာမ်လူငယ်ဖောင်ဒေးရှင်း” အဖွဲ့မှ ဦးဆောင်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
  • ​တောင်​တွင်းကြီးမြို့မှ အစ္စလာမ်​ဘာသာဝင်​များ ဝါကျွတ်အီးဒ်​ပွဲ အမှတ်တရ လှူဒါန်းမှုများပြုလုပ်
    ဇူလိုင် ၃၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    တောင်တွင်းကြီးမြို့နေ မွတ်စလင်မ်များမှ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၂၉ ရက်တွင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဝါကျွတ်အီးဒ်ပွဲတော် အမှတ်တရ အဖြစ် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။
    တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံ၊ နေရှင်နယ် ပရဟိတကျောင်းများသို့ နေ့လည်စာနှင့် အခြားအလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
    ရှေးဦးစွာ မနက် ၁၀ နာရီခွဲတွင် တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ပြီး ဆေးကုသမှုခံယူနေသည့် လူနာများ၊ လူနာစောင့်များ၊ တာဝန်ကျ ဆရာဝန်များ၊သူနာပြုများနှင့် အခြားသော ဝန်ထမ်းများအတွက် နေလည်စာ ထမင်းနှင့် ကြက်သားဟင်း၊ အချိုရည် အစရှိသည့် တို့ကို လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
    ဆက်လက်ပြီး နေ့လည် ၁၂ နာရီခွဲတွင် ​ ​တောင်​တွင်းကြီးမြို့ ​မောင်းတိုင်​ရပ်​ ​နေရှင်​နယ်​ ပရဟိတ​ကျောင်းမှ ​ပရဟိတ​ကျောင်းသား​လေးများ ​ဆရာများကိုလည်း ​နေ့လည်​စာ ကြက်​သားဟင်း ထမင်းနှင့်​ အချိုရည်​ ​ရေသန့်​ဘူးများ သွား​ရောက်​ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ လှူဒါန်းပွဲသို့ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များ ဖြစ်​​သော စိတ္တသုခ နာ​ရေးကူညီမှုအသင်းမှ တာဝန်​ရှိသူများ၊ ဘာသာ​ပေါင်းစုံအဖွဲ့မှ ဘာသာအသီးသီး ကိုယ်​စားလှယ်​များ ဆရာ​တော်​များ၊ သူရိယစန္ဒာ ကျန်းမာပညာအသင်း၊ မြန်​မာနိုင်​ငံ သတင်းတပ်​ဖွဲ့၊ မြို့နယ်​သတင်း​ထောက်​များ အပါအဝင်​ ​တောင်​တွင်းကြီးမြို့ အစ္စလာမ်​သာသနာ့ဝတ်​​ကျောင်း​တော်​ အုပ်​ချုပ်​​ရေးအဖွဲ့ ဥက္ကဌနှင့်​ ​ဝတ်​​ကျောင်း ဆရာ​တော်​(မွဖ်​သီဆပ်​)၊ မြို့ခံ အစ္စလာမ်​ဘာသာဝင်​များ၊ ပရဟိတ အစ္စလာမ်​လူငယ်​များ တက်​​ရောက်​ပါဝင်​ခဲ့ ကြောင်းသိရှိရပါတယ်။
    သတင်းအချက်အလက်နှင့် ဓါတ်ပုံပေးပို့သူ- ကိုစိုးမြင့်လေးနှင့် မိတ်ဆွေများ
  • IS လက်မှလွတ်မြောက်သည့် အီရတ်ပြည်သူများ အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပ
    IS လက်မှလွတ်မြောက်သည့် အီရတ်ပြည်သူများ အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပ
    ဇွန် ၂၆၊ ၂၀၁၇
    M-Media
    – ၂၀၁၄ ခုနှစ်မှာ IS ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရတဲ့ အီရတ်နိုင်ငံ မူဆိုးလ်မြို့က ပြည်သူတွေဟာ IS လက်အောက်က လွတ်မြောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ယခုနှစ် ၀ါကျွတ်းအီးဒ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။
    IS လက်အောက် ၃ နှစ်တာကာလအတွင်းမှာ မွတ်စလင်တွေအပါအ၀င် မူဆိုးလ်ပြည်သူတွေဟာ ဒုက္ခပေါင်းစုံကို ခါးစီးခံခဲ့ကြရတာပါ။
    အီရတ်စစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ စတင်ပြုလုပ်ခဲ့တဲ့ မူးဆိုးလ်မြို့ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဟာ အခုအချိန်မှာ တော်တော် ခရီးပေါက်နေပြီး နယ်မြေတော်တော်များများကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
    ဒီဗီဒီယိုမှာ အကြောက်တရားက ကင်းလွတ်ခဲ့ပြီးတဲ့နောက် အီရတ်ပြည်သူတွေ ၀ါကျွတ်အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေတဲ့ မြင်ကွင်းအမျိုးမျိုးကို တွေ့မြင်ရမှာပါ။
    Press TV ရဲ့ ဗီဒီယိုကို M-Media က ဘာသာပြန်ဆိုတင်ဆက်တာ ဖြစ်ပါတယ်။
  • ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ
    ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ
    ဇွန် ၂၆ ၂၀၁၇
    M-Media
    ဒီကနေ့မှာကျရောက်တဲ့ မွတ်စလင်တွေရဲ့ ဝါကျွတ်အီးဒ် အခါသမယမှာ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ လူငယ်များမှ နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းပေးထားပါတယ်။