News @ M-Media

Tag: anti_Muslim_in_Myanmar

  • အစ္စလာမ် မုန်းတီးရေးစာများ ရန်ကုန်မြို့တွင် ဖြန့်ဝေနေ

    အစ္စလာမ် မုန်းတီးရေးစာများ ရန်ကုန်မြို့တွင် ဖြန့်ဝေနေ

    နိုဝင်ဘာ ၂၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – အေးမောင်

    မကြာခင်ရက်များအတွင်းက ရန်ကုန်မြို့တွင် အစ္စလာမ်မုန်းတီးရေးစာများဖြန့်ချီလျက်ရှိသည်ဟု သိရပြီးနောက် ယခုရက်ပိုင်းတွင်လည်း ထပ်မံဖြန့်ဝေနေကြောင်းသိရပါသည်။ ယင်းအစ္စလာမ်မုန်းတီးရေးစာများကို ကမ်းနား၊ ကြည့်မြင်တိုက်ဘက်များတွင် လိုက်လံဖြန့်ဝေနေကြောင်း သတင်းရရှိပါသည်။

    “ဒီစာကို ကျွန်တော် ရခဲ့တာက ကျွန်တော့် သူငယ်ချင်းဆီကပါ။ သူကလည်း သူ့သူငယ်ချင်းက တဆင့်ပေးလိုက်တာ။ ဝေတာက ကြည့်မြင်တိုင်၊ ကမ်းနားဘက်မှာပါ။ ဒီအတိုင်းအားလုံးကို လိုက်ဝေတာမဟုတ်ဘူးဗျ။ သူတို့ စာရွက်တွေဝေနေတဲ့နေရာဘက် နားရောက်လာသူကို ဘာလူမျိုး၊ ဘယ်ဘာသာလဲမေးတယ်။ ကုလားဆိုရင်တော့ မပေးဘူးဗျ။ ကုလားမဟုတ် သူတွေကိုတော့ပေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဒီစာရလာတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုစာတွေ မဝေစေချင်ပါဘူးဗျာ။ ဘုန်းတော်ကြီးတွေ အနေနဲ့လည်း မလုပ်သင့်ဘူးဗျာ။”လို့ အစ္စလာမ်မုန်းတီးရေး စာရွက်လက်ခံ ရရှိခဲ့သူ ဗုဒ္ဓဘာသာ လူငယ်က ပြောပြခဲ့တယ်။

    “ကျွန်တော်သူ့ငယ်ချင်းကပြတယ် အဲဒီစာကို။ သူလည်း ရလာလို့ ယူလာတာတဲ့။ အဲဒါတွေက မြို့တွင်းမှာတော့ မဝေဘူး။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာလည်းဝေတယ်။ မဖြစ်သင့်ပါဘူး။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ရှေ့ရှုရမယ့်အချိန်မှာ ဒီလိုတွေလုပ်နေတာဟာ နိုင်ငံတော် အေးချမ်းတည်ငြိမ်မှုမရှိပဲ ပြဿနာတွေ ပိုကြီးထွားလာအောင် လုပ်နေတယ်။ နိုင်ငံတော် မတည်ငြိမ်အောင်လုပ်နေတဲ့သူတွေကို နိုင်ငံတော်အစိုးရက သေချာလေးအရေးယူသင့်တယ်။ ဘာသာပေါင်းစုံကနေလည်း ဒီလိုလုပ်ရပ်တွေကို ၀ိုင်းဝန်းတားသင့်တယ်။”လို့ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

     

    အစ္စလာမ်မုန်းတီးရေး ဝါဒဖြန့် လက်ကမ်းစာစောင်များ

    ဖြန့်ဝေနေသည့် အစ္စလာမ်မုန်းတီးရေး ဝါဒဖြန့်စာများ
  • မွန်ပြည်နယ် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု့နှင့် ၈၈မျိုးဆက်အဖွဲ့ ဆက်စပ် ပတ်သက်မည်ကို ဒေသခံများစိုးရိမ်

    မွန်ပြည်နယ် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု့နှင့် ၈၈မျိုးဆက်အဖွဲ့ ဆက်စပ် ပတ်သက်မည်ကို ဒေသခံများစိုးရိမ်

    နိုဝင်ဘာ ၂၁၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    အစ္စလာမ်ဆန့်ကျင်ရေးကို ဆောင်ရွက်နေသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်ဆရာတော် အရှင်သဒ္ခမ္မ (မြနန်းဆရာတော်)

    မွန်ပြည်နယ်မုတ္တမမြို့ နန်းဦးကျောင်းတိုက် ဆရာတော် အရှင်သဒ္ခမ္မ  ဦးဆောင်ပြီးဒေသခံ မွတ်စလင်များအား အထင်မြင်မှားယွင်းစေရန် နှင့် ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှုများကို လွန်ခဲ့သောသုံးနှစ်ခန့်မှ စ၍ အဆင့်ဆင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

    မုတ္တမဒေသခံစီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ၀က်အသားလိုင်စင် လုပ်ငန်း လုပ်ကိုင်သူဦးမြင့်ဌေး ၊ ချဲထီလောင်းကစားဒိုင် ဦးစိုးမော်၊ မော်လမြိုင်မြို့မှ ကျော်ကြား ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းနှင့် အခြားသော ငွေရှင်ကြေးရှင်များ ထောက်ပံ့ပေးမှုဖြင့် ဒေသတွင်း အတူ ယှဉ်တွဲနေထိုင်လျက်ရှိကြသော ဗုဒ္ဓ ဘာသာဝင် များ နှင့် အစ္စလာမ်ဘာသာဝင်များ အကြား ချစ်ကြည်မှု  ပျက်ပြားကာဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်ထားသည့် ၀ါဒဖြန့်စာရွက်များ ဝေငှခြင်း ၊ မွတ်စလင် ဆန့်ကျင်ရေးတရားပွဲများ ကျင်းပခြင်းတို့ကို နန်းဦးကျောင်းတိုက်မှ ၂၀၁၂ နှစ်မှစ၍ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါ သည်။

    (၃၀-၁၀-၂၀၁၂) အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင်ကျင်းပသော တရားပွဲတွင် လူမျိုးရေး/ဘာသာရေး မုန်းတီးမှုစေ့ဆော်သည့် စာရွက်အမြောက်အများ ဤကဲ့သို့ ဖြန့်ဝေခဲ့

    သံဃာဝိနည်းတော်နှင့် မညီသော ၊ တည်ဆဲဥပဒေများကို ချိုးဖောက်ကာ မွတ်စလင်ဆန့်ကျင်ရေးကိုအထင်အရှား လုပ်ဆောင်နေသူ နန်းဦးဆရာတော်ထံသို့ မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများက နိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ၀င်ရောက်ဖူးမြော် သြ၀ါဒခံယူခဲ့ကြောင်း မုတ္တမ ဒေသခံ များကပြောပါသည်။မင်းကိုနိုင်၊ မင်းဇေယျာ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများသည် ယင်းဆရာတော် ထံနိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၀မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ နန်းဦးဆရာတော်မှ ငွေနှင့် ၀ထ္တု ပစ္စည်းများကို ၈၈မျိုးဆက်ကျောင်းသားများထံ ပေးအပ်လှူဒါန်းခဲ့သည်ကိုသိရှိခဲ့ကြောင်းမုတ္တမဒေသခံတစ်ဦး မှပြောကြားပါသည်။

    (၃၀-၁၀-၂၀၁၂)  အဘိဓမ္မာ အခါတော်နေ့ တွင် နန်းဦးကျောင်းတိုက်မှ ဆရာတော် အရှင်သဒ္ခမ္မ  က ၉၆၉ အမှတ်တံဆိပ် အားမိတ်ဆက်သည့် အခမ်းအနားတွင် အစ္စလာမ် သာသနာအားတိုက်ခိုက်သော  ၊ မွတ်စလင်များအား ဆန့်ကျင်သော အမုန်းသွေးကြွ မိန့်ခွန်းများပရိသတ်အားဟောပြောခဲ့သည်။ (သတင်းဖော်ပြပြီး)
    အဲဒီနောက်ရက်ပိုင်းတွေမှာ  မြန်မာမွတ်စလင်များအား ကုလားဟု ရည်ညွှန်းပြီး ကုလားဆိုင်မှ အရောင်းအဝယ်မပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို ဦးတည်စေသော လှုံ့ဆော်သည့် စာရွက် အရွက်ရေ အမြောက်အမြားကို မုတ္တမမြို့နှင့် အခြားမြို့မှာဖြန့်ဝေခဲ့ကြပါတယ်။

    အလားတူ ၈၈မျိုးဆက်ကျောင်းသားများ မော်လမြိုင်သို့ ရောက်ရှိစဉ်   ၄င်းတို့ ကားတန်းပေါ်မှ ၉၆၉ အမှတ်တံဆပ်များကို မော်လမြိုင်မြို့ခံများကို အခမဲ့ ဝေငှခဲ့ကြောင်း သိရသည်။

    “ဈေးရှေ့ကနေမင်းကိုနိုင်တို့ ဖြတ်သွားတော့ သူတို့ ကားတန်းရဲ့ ငါးစီးမြောက်ကားပေါ်ကနေ ဒီအမှတ်တံဆိပ်တွေ၊ ကြေညာစာတွေကို ဝေငှပါတယ်။ ကျွန်တော် ဆီကိုလည်းအဲဒါတွေ ကမ်းပေးလို့ ယူထားဖြစ်တယ်” ဟုမော်လမြိုင် မြို့မှ အမှတ် ၁ ဈေးအနီး မှ တက္ကဆီဆိုင်ကယ် မောင်းသူတစ်ဦးကပြောပါသည်။ ၈၈မျိုးဆက်ကျောင်းသားများဦးဆောင်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ၏ မွန်ပြည်နယ်ခရီးစဉ် အဖြစ် နိုဝင်ဘာ ၉ ရက် ၊ ၉နာရီ မိနစ် ၃၀ တွင် သိမ်ဇရပ် မြို့သို့ လည်းကောင်း ၊ နံနက် ၁၀နာရီ ၀န်းကျင် တွင် ကျိုက်ထို မြို့နယ် လက်ပြကျေးရွာသို့ လည်းကောင်း၊ နေ့လည် ၃နာရီ ၂၀ မိနစ်တွင် ဘီးလင်းမြို့ ၊ ကန်သာယာရပ်ကွက် သို့ လည်းကောင်း ၊ ညနေ ၅နာရီ  ၅ မိနစ် အချိန်တွင် သထုံမြို့ သိမ်ကုန်းရပ်ကွက် သို့ လည်းကောင်း ၊ ညနေ ၆နာရီ ၀န်းကျင်တွင် ပေါင်မြို့ ၊ ပေါင်းရပ်ကွက်သို့လည်းကောင်း ၊ ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မုတ္တမ မြို့ နန်းဦးကျောင်းတိုက်သို့လည်းကောင်း ၀င်ရောက်ခဲ့ပြီး ည ၈နာရီ မိနစ် ၂၀ တွင် မော်လမြိုင် မြို့သို့ရောက်ရှိကာကမ်းနားဟိုတယ်တွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။

    နန်းဦးဆရာတော်ထံသို့ မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများက နိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ၀င်ရောက်ဖူးမြော် သြ၀ါဒခံယူစဉ်

    နန်းဦးဆရာတော်မှ ဦးဆောင်၍ အစ္စလာမ်ဘာသာနှင့် မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ ကျောင်းသားများအဖွဲ့ မှ မသိခဲ့၍ ယင်းသို့ ပတ်သက်နေခြင်းလား ၊ သိလျက်နှင့် ယင်းသို့ ပတ်သက်ခြင်းလားဆိုသည်ကို ဝေခွဲမရဖြစ် နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ၈၈မျိုးဆက်များနှင့် ဆက်စပ် ပတ်သက်မည်ကို စိုးရိမ်နေကြောင်းဒေသခံအစ္စလာမ် ဘာသာဝင်များ ထံမှ သိရသည်။

  • ကျူပ်တို့ကုလားတွေေ-ာက်သုံးမကျလို့လား

    ကျူပ်တို့ကုလားတွေေ-ာက်သုံးမကျလို့လား

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
    ကုလား

     

    ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်အသင်း အမည်ဖြင့် အာဇာနည် ၉ ဦးတွင် ပါဝင်ခဲ့သည့် အစ္စလာမ်ဘာသာဝင် အာဇာနည် (၂) ဦးကို စော်ကားထားပုံ

    ပြောစရာပေါ်လာလို့ ထပ်ပြောမှာပါ။ ကျူပ်တို့ ကုလားတွေအဆင့်က ၁၀၉ – ၁၁၀ ကောင်တွေ ချက်တင်ထိုင်ရင်း ဆော်ဖွန်ရင်း တောက်တို မယ်ရ ဖေ့စ်ဘွတ်စာဖတ်ပြီး မျိုးချစ်စိတ်ဝင်တဲ့ကောင်တွေ ပြောချင်ရာ ပြောတာကို ငြိမ်ခံ နေရတဲ့အဆင့်၊ ပြန်ပြောခွင့်မရှိတဲ့ ဘ၀ရောက် သွားပြီလား။ ဒါမှမဟုတ် ကျူပ်တို့ ကပဲ ေ-ာက္သံုးမက်လို ့လား။

    ေ-ာက္ဆိုတဲ့ စကားလံုးသံုးလို ့ အက္သစ္နဲ့မညီဘူး၊ ရိုင်းတယ်လို့ ထင်ရင် ကုလားချင်းထက် ပက်ပက်စက်စက်ဆဲထားတဲ့ ဖေ့စ်ဘွတ်ကော်မန့်  တွေကိုတွေးကြည့်လိုက်ပါ (ပြန်ရှာဖတ်စရာမလို၊ ခင်ဗျားမြင်တယ်၊ သိတယ်၊ ပြန်သာ မြင်ယောင်ကြည့်လိုက်)။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ပြောပြီး ပြီ ကျုပ်မရိုင်းဘူးလို့ ။ ဒါပေမဲ့ ကောင်းကောင်းပြောလို့ မရတဲ့ အရိုင်းအစိုင်းတွေ၊ အရိုင်းအစိုင်းစကားလုံးတွေပါမှ နားထောင်မယ် နားဝင်မယ် လို့ ထင်ရတဲ့ ကုလားဆန့် ကျင်ရေးသမားတွေအတွက် သူတို့ စကားအတိုင်း ရိုင်းရိုင်းပြောရမှာ။ တန်ရာတန်ရာပေါ့။

    ကျုပ်တို့ ကိုဆဲထားတာတွေကို ပြန်ဖတ်ကြည့်ပါ။

    စောက်ကုလား
    ခွေးကုလား
    -ီးကုလား
    -ိုးကုလား
    လားကလီး
    ကိုယ့်မေကို –ိုးကုလား
    မုဒိန်းကုလား

    ဒီထက်ဆိုးတာတွေရှိသေးတယ်။

    ကျူပ်တို့ တမန်တော် မိုဟာမ္မဒ်(ဆွလလ္လာဟို အလိုင်းဟေ၀ဆလာမ်) (မသိတဲ့လူတွေအတွက်မှတ်ချက် ဒီကွင်းထဲကစာက ကျူပ်တို့ အင်မ တန်မြတ်နိုးတဲ့တမန်တော် မိုဟာမ္မဒ်ရဲ့ နာမည်ကြားတိုင်းကြားတိုင်း မေတ္ထာပို့ တာ) ကို ပက်ပက်စက်စက်ရေးကြတာ အတိုင်းအတာလွန်ပြီ။ နာမည်ကြားတိုင်း မေတ္တာပို့ ရလောက်အောင် ကျူပ်တို့ ချစ်တဲ့တမန်တော်၊ ငြိမ်းချမ်းရေး တရားမျှတရေး ကိုယ်ကျင့်သိက္ခာစောင့်ထိန်းရေးကို စံပြ လုပ်ခဲ့နေပြခဲ့ လမ်းပြဆုံးမခဲ့တဲ့ တမန်တော်ကို မုဒိန်းကောင်၊ အကြမ်းဖက်ကောင်ဆိုပြီး အရိုင်းအစိုင်းပေါင်းစုံနဲ့ ဆဲကြတယ်။ အစ္စလာမ်နဲ့  မွတ်စလင်မ် ဘာကိုခေါ်မှန်းမသိအောင် အသိတရားခေါင်းပါးတဲ့ ဗမာမျိုးချစ် ဆိုသူတွေက စော်ကားကြတယ်။ ဗမာစာကို ဗမာ နားလည်အောင် မရေးတတ်တဲ့ ကောင်တွေက ကျုပ်တို့ မြတ်နိုးတဲ့ ဒီငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကို အကြမ်းဖက်ဂိုဏ်းချုပ်ဆိုပြီး စော်ကားတယ်။ ခွေးတွေ ၀က်တွေနဲ့  နှိုင်းတယ်။ ၁၀ နှစ်အောက် ကလေးကို မုဒိန်းကျင့်တဲ့ တဏှာကောင်လို့ စော်ကားသမားကစော်ကားသလို ၀ါဒဖြန့် သမားတွေကလည်း ဖြန့်  ကြတယ်။ (ကြုံလို့ ပြောလိုက်အုံးမယ် – ကျူပ်တို့  တမန်တော်သာ မုဒိန်းကောင်၊ အယုတ်တမာ၊ ရက်စက်ကြမ်းကြုတ် ရွံ့ ရှာစရာကောင်းတယ် ဆိုရင် ကမ္ဘာပေါ်မှာ ဘီလီလျံနဲ့ ချီတဲ့ လူတွေ သူ့ နောက်လိုက်ပါ့မလား။ မုဒိန်းကောင် နောက်လိုက်ရအောင် ကမ္ဘာပေါ်မှာ ဘီလျံနဲ့ ချီတဲ့ မွတ်စ လင်မ်တွေက အသိတရားကင်းမဲ့ပြီး ဘာမှ သိစွမ်း၊ စဉ်းစားစွမ်း၊ မြင်စွမ်းမရှိတဲ့ ငတုံးငအတွေမလိုလား။  မုဒိန်းကောင်လမ်းပြတဲ့ ဘာသာ ကို ကိုးကွယ်နေတယ်လို့  ဆိုရအောင် အစ္စလာမ်နဲ့  မွတ်စလင်မ်ဆိုတာကို ဘာမှန်းမသိတဲ့၊ မနေ့ တနေ့ ကမှ အင်တာနက်ပေါ်လာမှ စာတို စာ တောင်းဖတ်မိတဲ့ ကုလားမုန်းတီးရေး racist ဘီလူးတွေက လူဦးရေဘီလျံနဲ့ ချီတဲ့ မွတ်စလင်မ်တွေထက် ပိုသိ၊ ပိုတတ်၊ ပိုနားလည်၊ ပိုမြင်၊ ပိုတော်နေလို့ လား။ နွားချေရာခွက်ထဲကဖားတွေက ဖေ့စ်ဘွတ်က စာလောက်ဖတ်ပြီး ၁၄၀၀ ကျော် ရှင်သန်နေတဲ့ ဘာသာကြီးကို စော်ကား တာ အံ့ပါရဲ့။ ဖေ့စ်ဘွတ်က စာတိုတာတောင်းနဲ့  အစ္စလာမ်ဘာသာကို တိုင်းထွာတာ အံ့ပါရဲ့ ။ ဘီလျံနဲ့ ချီယုံကြည်နေတဲ့ဘာသာ၊ နှစ်ပေါင်း ၁၄၀၀ ကျော် တည်တံ့နေတဲ့ဘာသာကို သူတို့ ဖေ့စ်ဘွတ်အသိလောက်နဲ့  တိုင်းထွာတာဟာ ကိုယ်သိတာမှ အမှန်လို့  ထင်ချင်တဲ့ ကိုယ့်ကို ကိုယ် အထင်ကြီးလွန်တဲ့ တလွဲကောင်းစားငတုံးတွေရဲ့ စိတ်ဓာတ်။)

    ဖေ့စ်ဘွတ်လောက်ဖတ်တဲ့ မျိုးချစ်ဆိုသူတွေက ကျုပ်တို့ အမြတ်တနိုးထားတဲ့ မက္ကာက ကာဗာကျောင်းတော်ကို ခွေးက မဖွယ်မရာ လုပ်နေတဲ့ ပုံဆွဲပြီး စော်ကား တယ်။

    မက္ကာက ကျောက်တုန်း (Black Stone of Mecca) ကို အမျိုးသမီးတန်ဆာပုံဖြစ်အောင်လုပ်ပြီး ယောင်္ကျားတန်ဆာနဲ့  မဖွယ်မရာလုပ် နေတဲ့ပုံနဲ့ စော်ကားတယ်။ ခွေးက မဖွယ်မရာ လုပ်နေတဲ့ပုံနဲ့ စော်ကားတယ်။

    ကျုပ်တို့ ကိုးကွယ်တဲ့ အလ္လာအသျှင်မြတ်နဲ့  ကုရ်အာန်ကျမ်းစာကို စော်ကားတာတွေကလည်း ဖော်ပြစရာ စကား ရွေးဖို့ မကျန်တော့ဘူး။ အဲ့ဒီ စော်ကားနေတဲ့ကောင်တွေက ကုရ်အာန်ကိုတောင် မြင်ဖူးတာမဟုတ်ဘူး။ ကုရ်အာန် ကိုရေးထားတဲ့ အာရဗီစာကို အိန္ဒိယက ဟင်ဒီ စာပေလို့  ထင်လောက်အောင် ဗဟုသုတ ခေါင်းပါးတဲ့ အလေအလွင့်လောက်အဆင့် မျိုးချစ်ဆိုသူတွေ။

    မတရားတာကို ကြည့်ကြအုံးလေ။ ကုရ်ဘာနီ အိဒ်မလုပ်တော့ဘူးဆိုတဲ့ ကြေညာချက်တင်ထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရိုင်းစိုင်းယုတ် မှာတဲ့ စကားလုံးတွေနဲ့ ဆဲသွားကြတယ်။ အဲ့ဒီကြေညာချက်ကို ကျုပ်တို့ နိုင်ငံ မှာရှိ တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်ကြီးတွေ၊ ပ ညာရှင်တွေနဲ့ ဖွဲ့ ထားတဲ့ ထိပ်သီးအဖွဲ့ အကြီး ၅ ခုက ထုတ်တဲ့စာ။ မွတ်စလင်မ်တွေရဲ့  အကြီးဆုံးအဖွဲ့ အစည်းတွေထုတ်တဲ့စာ။ လမ်းဘေးက ခွေးလေခွေးလွင့်အဖွဲ့ မဟုတ်ဘူး။ ကလေကချေအဖွဲ့ တွေမဟုတ်ဘူး။ ထိပ်ပိုင်း ဘာသာရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေရဲ့ နိုင်ငံလုံးကိုယ် စားပြု အကြီးဆုံးအဖွဲ့ တွေ။ ဒီလိုအဖွဲ့ ရဲ့ဆုံးဖြတ်ချက်ကို ပြောချင်ရာပြော၊ ဆဲချင်ရာဆဲသွားတယ်။

    အဲ့ဒီစာအောက်မှာ ကျုပ်တို့  အဖွဲ့ အစည်းကြီးတွေကိုလည်းစော်ကားသွားတယ်။ ခေါင်းဆောင်တွေကိုလည်းစော်ကားသွားတယ်။ ကျုပ်တို့  ဘာသာကို လည်းစော်ကားသွားတယ်။ မအေနှမတွေနဲ့  ဆဲသွားတယ်။ ကျုပ်တို့ ရဲ့  ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  ထိပ်ဆုံးအဖွဲ့ အစည်းတွေကို အဲ့ဒီလို ပေါက်လွတ်ပဲစား စော်ကားချင်တိုင်းစော်ကားရအောင် ကျုပ်တို့ တွေရဲ့ သိက္ခာ၊ ကျူပ်တို့ ရဲ့ ဖြစ်တည်မှု၊ ကျုပ်တို့ ရဲ့  မာန် မာနက ကုန်း ကောက်စရာမရှိအောင် ကုန်သွားပြီလား။

    ကျူပ်တို့ ကို စော်ကားချင်တိုင်း စော်ကားရလောက်အောင် ကျုပ်တို့ သာမန်လူတွေ၊ ကျူပ်တို့ ခေါင်းဆောင်တွေ၊ ကျူပ်တို့  အဖွဲ့ အစည်းက တွေ ဘာမဟုတ်တဲ့ အပေါစားကောင်တွေလား။ အရှက်သိက္ခာမဲ့တဲ့လူတွေရဲ့  ပြောချင်ရာပြော လုပ်ချင်ရာလုပ်ခံရမဲ့ တံတွေးခွက်ထဲက ဘာ သောက်သုံးမှမကျတဲ့ လူတွေလား။ သူတို့ လုပ်တိုင်းခံရအောင် ကျူပ်တို့ ကရော ဘာအစွမ်းအစမှမရှိတဲ့လူတွေလား။ ကျူပ်တို့ ရဲ့  ခေါင်း ဆောင်ကြီးတွေလက်မှတ်ထိုးပြီး ထုတ်ထားတဲ့ အဖွဲ့အစည်းကြီးတွေရဲ့ စာကို  လမ်းဘေးက ခွေးဝဲစားကို စောင့်ကန်သလို လွယ်လွယ်နဲ့  စော် ကားသွားတာကို လုံးဝ မကျေနပ်နိုင်ဘူး။

    အစိုးရကလည်း လွတ်ထားပေးရုံတင်မကဘူး မြောက်ထိုးပင့်ကော်လုပ်ပေးတယ်။ အတိုက်အခံဆိုတဲ့ လူတွေ လည်း အတူတူပဲ။ သူတို့ ကိုယ် တိုင်က ကုလားမုန်းတီးရေးကို မရှက်မကြောက်လုပ်နေတဲ့ထဲမှာပါတယ်။ မသိချင် ဟန်ဆောင်ပေးနေတယ်။ မီဒီယာတွေက လူသတ်မီဒီယာ တွေဖြစ်ကုန်တယ်။

    သူတို့ ဘာသာက သံဃာအဖွဲ့ အစည်းတွေကို ပြောကြည့်လေ။ ဘုန်းကြီးတွေဦးဆောင်ပြီး ကုလားအိမ်ဖျက်၊ ဗလီ မီးရှို့  လူသတ်ပစ္စည်းလုလိမ့် မယ်။ သူတို့ ဘုန်းကြီးကို နဲနဲလေးပြောကြည့်လေ။ မအေနှမမပြောနဲ့  အပြုသဘောနဲ့ ဝေဖန်ရင်တောင်ရလို့ လား။

    ဥပမာတခုပြောမယ်။ ကျူပ် ၁၀ တန်းအောင်ပြီးမကြာဘူး၊ ၂၀၀၀ ခုနှစ်မှာ ကျူပ်သူငယ်ချင်း ဂေါ်ရခါးတယောက်က ဘုန်းကြီး ကို စော်ကား တယ်ဆိုပြီး ကုလားချင်းထပ်ဆဲရာက ထိုးကြိတ်တော့မလိုက ပြသနာ တတက်တော့မလို့ ။ ဖြစ်ပုံက ဒီလို။ အဲ့ဒီ ဂေါ်ရခါးနဲ့  ထွန်းထွန်းခင်နဲ့ က ကျောင်းမှာသောက်နေကျ။ ကျောင်းလာတာကို အတူတူသောက်ပြီးမှလာတယ်။ အရက်သောက်ပြီးမှ ကျောင်းလာတဲ့ ၁၀ ကျောင်းသား ဘယ် လိုလူတွေဆိုတာ စဉ်းစားကြည့်။

    ထွန်းထွန်းခင်က ၁၀ တန်းအောင်ပြီး ကြုံတဲ့နေရာမှာသောက်တယ်။ တိုးအိပ်ချင်တဲ့နေရာမှာ အိပ်တယ်။ သူမူးတိုင်း ဂေါ်ရခါးကျော်ခိုင်က လိုက်ဆွဲရတယ်။ ဘုံကထိန်အတွက်ကောက်ထားတဲ့အလှူငွေကို ကာရာအိုကေပေါ်စ အဲ့ဒီမှာ ကောင်မလေးတွေနဲ့ သွားဖြုန်းပစ်တယ်။ အဲ့ဒီ လိုလူစားမျိုး။ အမေနဲ့ ပြသနာတတ်ရင် သူ့ အမေက လမ်းထိပ်အထိလိုက်ရိုက်လို့  ငိုငိုပြီး အော်အော်ပြီးထွက်ပြေးတယ်။ ဘယ်လောက်ပေပေ တေတေ အမေအရိုက်ကြမ်းလို့  အမေကိုကြောက်တယ်။ တရက် စကားများပြီး အမေလိုက်ရိုက်လို့ ထွက်ပြေးရာက အမေက ငါ့တုတ်ကိုမ ကြောက်ရင် သတ္ထိရှိရင်ပြန်လာဆိုပြီး ရိုက်လိုက်လို့  ထွက်ပြေးတယ်။ လူလို အိမ်မပြန်လာရဲတော့ နောက် ၃ ရက်လောက်နေမှ ဘုန်းကြီး ၀တ် ပြီးပြန်လာတယ်။ လမ်းထောင့်ရောက်တော့ ဂေါ်ရခါး ကျော်ခိုင်က သူငယ်ချင်းဆိုးမလို့  “ဟေ့ကောင် ငါ -ီး လိုပဲ မင်းကလဲ ဘုရားဖြစ်မဲ့ အုတ်ခဲ” လို့ ပြောတာကို လမ်းထောင့်ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေကြ လက်တွန်းလည်းသမားတွေက ကြားသွားပြီး ဘာမသိညာမသိနဲ့  ကုလားက ဘုန်းကြီးကို စော်ကားတယ်ဆိုပြီးဆဲရာက အပြန်အလှန်ပြန်ဆဲကြပြီး ထိုးမယ် ကြိတ်မယ်တွေဖြစ်တော့ ရ၀တ ရုံး ရောက်သွားတယ်။ နောက် တခါ ဒီလိုမဖြစ်အောင်ထိန်းဖို့ လို့ ဆိုပြီး သက်ဆိုင်ရာလူကြီးတွေကို ခေါ်တော့ ကျုပ်တို့ ရပ်ကွက်ထဲက ဗလီဆရာနဲ့  ဗလီ ဂေါဗကဥက္ကဌကို သွားခေါ်လာတယ်။ ဂေါ်ရခါးနဲ့  ဗလီဆရာဘာ ဆိုင်လို့ လဲ။ ဂေါ်ရခါးနဲ့  မွတ်စလင်မ်တောင်မကွဲတဲ့လူတွေ၊ ရပ်ကွက်လူကြီးမင်းတွေ။

    ဗလီဆရာနဲ့  ဂေါပကဥက္ကဌကလည်း ပြသနာ ဆက်မဖြစ်ရင်ပြီးရောဆိုပြီး ဂေါ်ရခါးနဲ့  မွတ်စလင်မ်သက်သက်ဆီဆိုတာနဲနဲပါးပါးရှင်းပြပြီး ကျန် တာ “ဟုတ်ကဲ့ပါ” လုပ်ခဲ့ရတယ်။ စာအုပ်မရှိတဲ့ ရပ်ကွက်စာကြည့်တိုက်အတွက် အလှူငွေ ထည့်ပေးခဲ့ရတယ်။ ကျူပ်တို့ လူမှားတာမှမဟုတ် တာ ကျူပ်တို့ ဖက်က ဘာကိစ္စ ခေါင်းညိမ့်ခဲ့ရတာလဲ။ “ဟေ့လူတွေ၊ ခင်ဗျားတို့  အရှုပ်ထုပ်ခင်ဗျားတို့ ရှင်း၊ ကျူပ်တို့ နဲ့ ဘာမှမဆိုင်ဘူး၊ သောက်ဂရုလည်းမစိုက်ဘူး၊ အားလည်း မအားဘူး၊ ဘာအလှူငွေမှလည်း မထည့်နိုင်ဘူး”  လို့  ပြန်မကျဲခဲ့သင့်ဘူးလား။

    တလောကပဲ အသက် ၈၀ ကျော် ကရင်အဖိုးကြီးတယောက် ဘုန်းကြီးတွေ ဆွမ်းခံတဲ့လိုင်း ကြားထဲ ဖြတ်လျှောက်လို့ ဆိုပြီး ဘုန်းကြီးတွေ ၀ိုင်းရိုက်လို့ သေသွားတယ်။ အဲ့ဒီအဖိုးကြီးကဆို အလကားနေရင်းရိုက်သတ်ခံလိုက်ရတာ။ ဘာမှ ပြောတာ၊ ဆိုတာ၊ ဆဲတာမဟုတ်သေးဘူး။ ဘာမှစော်ကားတာမဟုတ်ဘူး။လိုင်းဖြတ်လျှောက်လို့ ဆိုပြီး ရိုက်သတ်ခံလိုက်ရတာ။

    သူတို့ ကျတော့ ဆတ်ဆတ်ထိမခံ။ သူတို့ လူထိရင် ကမ္ဘာမီးလောင်သလိုပဲ။ ကျူပ်တို့ ကိုကျတော့ စော်ကားနေတာ လူတွေကို  -ီးကုလားဆို တာကနေ ကျူပ်တို့  အလ္လာဟ်အသျှင်မြတ်ကို ၀က်နဲ့ နှိုင်းတယ်။ ကျူပ်တို့  ခေါင်းဆာင်အဖွဲ့ ကို ရစရာမရှိအောင်ပြောတယ်။

    ကျူပ်တို့ ကို စော်ကားတဲ့လူတွေ အတိုင်းအတာကျော်လွန်သွားပြီ။ ကျူပ်တို့ က ငြိမ်ခံနေရအောင် သူတို့ က ဘာ တွေလဲ။ ကျုပ်တို့ ကဘာတွေ လဲ။

    ကျုပ်မမေ့ဘူး။ ဒီလူတွေရဲ့ ပက်ပက်စက်စက်စော်ကားမှုတွေအတွက် ကမ္ဘာမကြေဘူး။ ကျုပ်တို့ ကို စော်ကား ခဲ့သမျှ ကျုပ်တို့  ပြန်တောင်းရ မယ်။ ၁၀၉ -၁၁၀တွေ၊ ဖေ့စ်ဘွတ်စာလောက်တတ်တဲ့ကောင်တွေ၊ လူရိုင်းတွေ၊ စိတ်ဓာတ်နဲ့ပါးစပ်ညစ်ညမ်းတဲ့လူတွေ ပြောချင်တိုင်းပြော၊ ဆဲ ချင်တိုင်းဆဲ၊ စော်ကားချင်တိုင်းစော်ကားတာတွေကို ငြိမ်ခံနေရအောင် ကျုပ်တို့ ကေ-ာက်သုံးမကျတဲ့ ငတုံးတွေ၊ နလပိန်းတုန်းတွေ၊ ငဖျင်း င တူးတွေ၊ ချီးထုပ်တွေမဟုတ်ဘူး။ ကျွေးတာစား ပေးတာယူ လုပ်သမျှ ငြိမ်ခံတဲ့ ကျွန်တွေ၊ အကျဉ်းသားတွေမဟုတ်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်မာနနဲ့ ကိုယ်လူလုပ်နေတဲ့ လူတွေဗျ။ မဟုတ်တာမလုပ် မဟုတ်ရင် ငြိမ်မခံတဲ့ လူတွေဗျ လူတွေ။

    ဆဲခဲ့စော်ကားခဲ့တဲ့လူတွေ၊ ခွင့်ပြုထားတဲ့ အစိုးရ၊ မသိချင် မမြင်ချင်ဟန်ဆောင်နေတဲ့ အတိုက်အခံဆိုသူတွေ၊ မြောက်ထိုးပင့်ကော်လုပ်ပေး တဲ့ မီဒီယာတွေ ကျုပ်တို့ ကို မတောင်းပန်မချင်း၊ ကျုပ်တို့ ဂုဏ်သိက္ခာ ကျုပ်တို့ မာန တွေကို အသိအမှတ်မပြုမချင်း မကျေနပ်ဘူး။ ကမ္ဘာတည် သ၍မကျေနပ်ဘူး။ Action တိုင်းအတွက် Reaction ဆိုတာ ရှိသမြဲပဲ။ ဖိတိုင်းပိမယ် တော့မထင်နဲ့ ။ ကျူပ်တို့ ဘာသာက သူတပါးကို မတ ရားစော်ကားခွင့်မပေးထားဘူး။ နှိပ်စက်ငြင်းပမ်းခွင့်မပေး ထားဘူး။ မတရားမှုနဲ့  ဖိနှိပ်မှုကိုလည်း ငြိမ်ခံဖို့ မပြောထားဘူး။

    လတ်တလော ကျုပ်တို့ ဖက်က တောင်းဆိုရမယ်။

    (၁) အင်တာနက်စာမျက်နှာများမှာ ကျူပ်တို့ ကို စော်ကားဆဲဆိုနေတာချက်ချင်းရပ်
    (၂) ဘုန်းကြီးတွေနဲ့  မျိုးချစ်ဆိုသူတွေဦးဆောင်ပြီး ကုလားဆန့် ကျင်ရေးဟောပြောလှုပ်ဆော် စာပေဖြန့် ချိနေတာချက်ချင်းရပ်
    (၃) မီဒီယာတွေမှာ ကုလားတွေမနာနာအောင် ရေးသားနေတာတွေချက်ချင်းရပ်
    (၄) ဦးသိန်းစိန်အစိုးရအနေနဲ့  အစ္စလာမ်အားဆန့် ကျင်ရေးသား လှုပ်ဆော်စည်းရုံးနေတဲ့ လူ၊ ဘုန်ကြီး၊ နိုင်ငံရေးသမား၊  သတင်းသမား အားလုံးကို တားဆီးပြီး ဆက်လက်ရေးသားလှုပ်ဆော် ဟောပြောနေသူတွေကို အရေးယူပေးပါ။

    ခင်ဗျားတို့  စော်ကားတဲ့ အတိုင်းတာ ကျော်လွန်နေပြီ။ ကျူပ်တို့  သည်းခံနေသမျှ ဆက်ပြီး မိုက်ရိုင်းနေမယ်ဆိုရင် ကျုပ်တို့  မငြိမ်းချမ်းသလို ခင်ဗျားတို့ လည်း ငြိမ်းချမ်းမယ်မထင်နဲ့ ။ ဖိတိုင်းလည်း ပိမယ်မထင်နဲ့ ။

    • အစ္စလာမ်ဘာသာနှင့် မွတ်စလင်မ်များအား စော်ကားထားသည့် ပိုစ်များ စုစည်းထားရာ FB စာမျက်နှာတခု

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်သည်။)

  • မုတ္တမတွင် စာသင်တိုက်ကွန်ရက် အမည်ခံပြီး လူမျိုးရေးမုန်းတီးစေမည့် စာများဖြန့်ဝေလျက်ရှိ

    မုတ္တမတွင် စာသင်တိုက်ကွန်ရက် အမည်ခံပြီး လူမျိုးရေးမုန်းတီးစေမည့် စာများဖြန့်ဝေလျက်ရှိ

    နိုဝင်ဘာ၊ ၁၈ ၊ ၂၀၁၂
    M-Media
    သတင်း-မောင်ပုည

    မွန်ပြည်နယ်အတွင်း စာသင်တိုက်ကွန်ရက်ဟု အမည်တပ်ကာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အစ္စလာမ် ဆန့်ကျင်ရေးစာများ ဆက်လက်ဖြန့်ဝေလျှက်ရှိကြောင်း သိရှိရပါတယ်။ မြန်မာမွတ်စလင်များအား ကုလားဟု ရည်ညွှန်းပြီး ကုလားဆိုင်မှ အရောင်းအဝယ်မပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို ဦးတည်စေသော လှုံ့ဆော်သည့် စာရွက် အရွက်ရေ အမြောက်အမြားကို လူတစုမှ လိုက်လံဖြန့်ဝေလျက်ရှိကြောင်း သိရပါတယ်။  ထိုအစီစဉ်ကို မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့  မြစေတီနန်းဦးကျောင်းတိုက် ဆရာတော်မှ ဦးစီးပြီး ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ဆရာတော်၏ တပည့်များဖြစ်သော မော်လမြိုင်မြို့ ရှိ ဗုဒ္ခဘာသာ လူချမ်းသာ လုပ်ငန်းရှင်အချို့မှ  ငွေကြေးထောက်ပံ့ပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

     

    အထက်ပါစာရွက်များအာ အစောင်ရေ သိန်းချီးပြီးရိုက်နိုပ်ဖြန့်ဝေလျှက်ရှိ

    အဆိုပါ ငွေကြေးထောက်ပံ့သူအချို့ထဲတွင် မော်လမြိုင်မြို့   ကျော်ကြားဆောက်လုပ်ရေး  နှင့်  ရွေကျီးရွှေဝတီမိသားစုမှ  အဓိကထောက်ပံ့ ဆောင်ရွက်လျက်ရှိ သိရပါတယ်။

    စုံစမ်းသိရှိချက်များအရ မွန်ပြည်နယ်တဝှမ်း လူမျိုးရေးနှင့် အစ္စလာမ်မုန်းတီးရေးလုပ်ရပ်များကို ဦးဆောင်နေသော  မြနန်းဆရာတော်မှာ  ရခိုင် ဖြစ်ပြီး  ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စကိုအကြောင်းပြုပြီး အချိန်ကိုက်ကာ မွန်ပြည်နယ်တွင်း အစ္စလာမ်မုန်းတီရေးကို လုပ်ဆောင်နေတာ ဖြစ်ကြောင်း မုတ္တမမြို့ခံက M-Media ကို ပြောပါတယ်။

    (၃၀-၁၀-၂၀၁၂) အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင်ကျင်းပသော တရားပွဲတွင် လူမျိုးရေး/ဘာသာရေး မုန်းတီးမှုစေ့ဆော်သည့် စာရွက်အမြောက်အများ ဤကဲ့သို့ ဖြန့်ဝေခဲ့

      မြနန်းဆရာတော်၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး   မုတ္တမမြို့ခံ  ဗုဒ္ခဘာသာများအား မေးမြန်းကြည့်ရာ ဗုဒ္ခဘာသာဝင်အများစုမှာ  ထိုဆရာတော်၏ လုပ်ရပ်ကို မိမိတို့ မနှစ်သက်ကြောင်း၊  ယခုကဲသို့ ဆောင်ရွက်ခြင်းကို မိမိတို့အနေဖြင့် ဆန့်ကျင်ကြောင်း၊ မိမိတို့  မုတ္တမမြို့တွင်  အစ္စလာမ်နှင့် ဗုဒ္ခဘာသာဝင်များမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတူတူ ပြဿနာမဖြစ်ဘဲ အေးချမ်းစွာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊  မည်သည်ခေတ်မှ ယခုကဲသို့  ပြုလုပ်ခြင်းမရှိကြောင်း၊ မုတ္တမမြို့တွင်  ဗုဒ္ခဘာသာဘုန်းကြီးကျောင်း (၄၀) ကျော်ရှိကြောင်း၊ မည်သည်ဘုန်းကြီးမှ  ယခုလိုအပြုအမှုကို  မလုပ်ဆောင်ကြောင်း၊  မြနန်းဆရာတော်မှာ  မော်လမြိုင်မြို့မှ  ငွေချမ်းသာသူများနှင့် မုတ္တမမြို့ရှိ  နိုင်ငံရေးပါတီအချို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ထိုဘုန်းကြီးကျောင်းသည်   နိုင်ငံရေးလုပ်ရှားမှုများကိုလည်း ဆောင်ရွက်နေကြောင်း၊ အစိုးရအထက်တန်းကျောင်းမှ   ကျောင်းသားများကို   အထက်တန်း ကျောင်းအုပ်ကြီးအား စည်းရုံးပြီး   ကျောင်းသားများအား ညစာကျက်မည့် အစီအစဉ်ကို   မြစေတီနန်းဦး စာသင်တိုက်တွင် ပြုလုပ်ပေးပြီး   ကျောင်းမှ ဗုဒ္ခဘာသာဆရာမများနှင့်  အချိန်ပိုသင်ပေးသည့် အစီအစဉ်တွင် အစ္စလာမ်ဆန့်ကျင်ရေးကိုပါ သင်ကြားပေးနေကြောင်း   သိရှိရပါသည် ။

    ပြိးခဲ့တဲ့ (၃၀-၁၀-၂၀၁၂)  အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော  မုတ္တမမြို့  မြစေတီနန်းဦးစာသင်တိုက်တွင်   “ဂဏ၀ါစက သံဃာကွန်ရက်”  မိတ်ဆက်ပွဲကိုပြုလုပ်ပြီး နန်းဦးကျောင်း ဆရာတော် အရှင်သဒ္ခမ္မ မှဦးဆောင်ပြီး  အစ္စလာမ်ဆန့်ကျင်ရေးတရားများကို  အဆိုပါ အခမ်းအနားတွင် ဟောကြားခဲ့ကြပါတယ်။

  • ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။

    ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။

    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media
    အောင်တင်

    “ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင်တို့ကို ရောင်းချခြင်းမပြုရဟူသော အချက်အပါအ၀င် စည်းကမ်းချက်(၄)ချက်ကို ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ထုတ်ပြန်ဟူ၍ အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံးပေါ်တွင် ဖော်ပြခဲ့သည်။

    အဆိုပါ သတင်းတွင်

    • ဘားအံမြို့ မဲဘောင်ကျောင်းတိုက်အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ပေါင်း(၉)ခု အနက် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူးများအပါအ၀င် လူပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း

    • ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်။


    (၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင်များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ၊ မပြုရန်

    (၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်နှင့် အိမ်ထောင်မပြုရန်

    (၃) ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာများ ရောင်းချသောဆိုင်မှာသာ အားပေးရန် ၊

    (၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များအတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်တို့ဖြစ်သည်။

    • ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊

    • အောက်တိုဘာ(၁၄)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း

    • ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊

    • ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များအား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။”

    ဖေ့စ်ဘွတ်တွေထဲမှာတော့ ဒီသတင်းကို လူအတော်များများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ အခုမှလုပ်တာ နောက်ကြနေပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းကြပါတယ်။ ကျနော်ကြည့်မိတဲ့အချိန် (၁၅)နာရီအတွင်းမှာ လူ(၅၇၆)ဦးက ကြိုက်ပြီး လူ (၄၆၆)ဦးက ရှယ်ယာလုပ်ပါတယ်။ မှတ်ချက်ပေးသူ (၈၈)ဦးမှာ ကန့်ကွက်သူ တစ်ဦးမှ မရှိ၊ အကုန်ထောက်ခံကြပါတယ်။

    မြန်မာ့နိုင်ငံရေးလောကတွင် အစွန်းရောက်သောအုပ်စုနှင့် အစွန်းရောက်လုပ်ရပ်များကို မသိကျိုးကြင်နေသောအုပ်စုကသာ လွှမ်းမိုးနေသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။

    ဒီအတိုင်းသာ သွားမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ သမိုင်းမှာ တစ်ခါမှမကြုံဘူးသော ချောက်ကြီးထဲ ကျဖို့သာရှိပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။