News @ M-Media

Tag: Asean

  • ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီ

    ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီ

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    tail
    QZ8501 လေယာဉ်၏ အမြီးပိုင်း

     

    – ဂျာဗားပင်လယ်အတွင်း ပျက်ကျသွားခဲ့သည့် Air Asia လေယာဉ် QZ8501 ၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီဟု အင်ဒိုနီးရှား ရှာဖွေရေးအဖွဲ့က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လေယာဉ်၏ အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အချက်ပြမှုအား ဖမ်းယူရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှား အမျိုသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းမှု ကော်မတီမှ ဆန်တိုဆို ဆာယိုဂိုကမူ Black Box မှာ အမြီးပိုင်းတွင် ရှိမနေဟု ပြောကြားခဲ့သည်။

    `အချက်ပြမှုကို ဖမ်းယူရရှိပြီလို့ ရှာဖွေရေးနေရာက နောက်ဆုံးသတင်း ရရှိပါတယ်။ ဒါဟာ Black Box ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ ရေငုပ်သမားတွေက ဒါကို အတည်ပြုဖို့ လိုပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ Black Box ဟာ အမြီးပိုင်းမှာ ရှိမနေတဲ့ ပုံပါပဲ´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါအမြီးပိုင်းမှာ လေယာဉ် အဆက်အသွယ်ပြတ်တောက်သွားသည့် နေရာမှ ကီလိုမီတာ ၃၀ အကွာ ပင်လယ်ကြမ်းပြင်အောက်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ရေအနက်မှာ မီတာ ၃၀ ခန့် ရှိနေသည်။

    `ဒီနေ့လုပ်ငန်းအတွက်တော့ အမြီးပိုင်းကို မတင်ဖို့အတွင် လိုအပ်တဲ့ ဘောလုံးတွေသယ်ဖို့ ရဟတ်ယာဉ်ကို အသုံးပြုသွားမှာပါ´ ဟု ဆယ်ယူရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ အင်ဒိုနီးရှားစစ်တပ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    လေယာဉ်မှာ ရာသီဥတုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆထားသော်လည်း လေယာဉ် ဦးပိုင်းအတွင်း ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော Black Box ကို ရှာဖွေတွေ့ရှိမှသာ ပျက်ကျရသည့် အကြောင်းအရင်းအမှန်ကို သိရှိမည်ဖြစ်သည်။

    ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့တော် ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်မှုထမ်း စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ပြီး မည်သူမှ အသက်ရှင်ကျန်ရစ်ဖွယ် မရှိချေ။

    Ref : aljazeera, abc

  • ဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခု မြန်မာနိုင်ငံတွင် ယခုတစ်ပတ် အတွင်း ကျင်းပမည်

    ဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခု မြန်မာနိုင်ငံတွင် ယခုတစ်ပတ် အတွင်း ကျင်းပမည်

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media

    – ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် အားထုတ်ကြိုးပမ်းရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန် အာဆီယံဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခုကို မြန်မာနိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဟု သိရသည်။

    အဆိုပါညီလာခံကို အောက်တိုဘာ ၂၉၊ ၃၀ ရက်များတွင် ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီချမှတ်သူများ၊ ပညာရှင်များ၊ ဘဏ္ဍဘာရေးလုပ်ငန်းတွင် အတွေ့အကြုံရှိသူများနှင့် ကုလသမဂ္ဂ ဖွံဖြိုးရေး အစီအစဉ်၊ ကုလမြို့ပြတိုးတက်ရေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများအပါအ၀င် ဘဏ္ဍာရေးနယ်ပယ်မှ အဓိက ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်သည်။

    ညီလာခံအတွင်း ဘဏ္ဍာရေးဆိုင်ရာ ပါဝင်မှုများက အစိုးရ၏ပေါ်လစီများကို မည်ကဲ့သို့ ကူညီနိုင်မည်ဆိုသည်နှင့် ဘဏ္ဍာရေုးဆိုင်ရာ မညီမျှမှုများကို လျှော့ချခြင်း၊ အကျိုးဖြစ်ထွန်းမှုများကို ဖန်တီးခြင်း၊ ဘဏ္ဍာရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ စီးပွားဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခြင်း စသည်တို့ကို ဆောင်ရွက်၍ အာဆီယံဒေသအတွင်း တည်တံ့သော၊ ညီမျှသော စီးပွားရေးဖွံဖြိုးတိုးတက်မှုကို သေချာအောင်ဆောင်ရွက်ရန်တို့အတွက် စာတမ်းနှစ်ခုကိုလည်း တင်သွင်း ဖတ်ကြားမည်ဖြစ်သည်။

    အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

    ref_ ဆင်ဟွာ

  • ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး တိုးမြှင့်လုပ်ရန် အာဆီယံ နိုင်ငံများ သဘောတူ

    ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး တိုးမြှင့်လုပ်ရန် အာဆီယံ နိုင်ငံများ သဘောတူ

    မေ ၁၂၊ ၂၀၁၄
    M-Media

    11C

    – ဒေသတွင်းနိုင်ငံများ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းသွားရန် အတွက် မြန်မာနိုင်ငံတွင် ပြုလုပ်နေသည့် ၂၄ ကြိမ်မြောက် အာဆီယံအစည်းဝေးတွင် ခေါင်းဆောင်များက ကတိပြုလိုက်သည်ဟု သိရသည်။

    အာဆီယံ၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက် ကတိက၀တ်များကို ထပ်လောင်းအတည်ပြုသည်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံအသိုင်းအ၀ိုင်း နားလည် သဘောပေါက်ရေး နေပြည်တော်ကြေညာချက်ကို ယမန်နေ့တွင် အတည်ပြုခဲ့ကြသည်။

    ထို့ပြင် ဒီမိုကရေစီမြှင့်တင်ရေး၊ ကောင်းမွန်သောအစိုးရနှင့် တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေးတို့အပါအ၀င် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်ပေးရေး၊ ဒေသတွင်း တန်ဖိုးများနှင့် စံချိန်များကို မျှဝေကာ ဥပေဒအခြေပြု လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရေးတို့ကိုဆောင်ရွက်လျက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိုးမြှင့်ရန်လည်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    အာဆီယံအဖွဲ့အတွင်း ချုပ်ဆိုထားသည့် သဘောတူစာချုပ်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသည့် နိုင်ငံများ လိုက်နာစောင့်ထိန်းရမည့် ကြေညာချက်ကို အကောင်အထည်ဖော်ရန်လည်း သဘောတူညီခဲ့ကြသည်။

    “ငြိမ်းချမ်းပြီး သာယာဝပြောသော ၀န်းကျင်ဆီသို့ စည်းလုံးမှုဖြင့် ချီတက်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ အာဆီယံ အစည်းအဝေးတွင် မြန်မာ သမ္မတ ဦးသိန်းစိန်က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ် အာဆီယံသို့ ၀င်ရောက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှပထမဆုံးအကြိမ် ဥက္ကဌ တာဝန်ယူခြင်းလည်း ဖြစ်သည်။

    Ref : Xinhua

  • အာဆီယံ၏ အနာဂတ်မှာ ခန့်မှန်း၍မရနိုင်ဘဲ ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဘရူးနိုင်ဘုရင်ဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – စင်ကာပူတွင်ပြုလုပ်နေသည့် ၃၄ ကြိမ်မြောက် Singapore Lecture တွင် ဘရူးနိုင်းဘုရင် ဟာဆန်နဲလ် ဘိုလ်ကီးယား က ပိုင်ဆိုင်မှုအငြင်းပွားမှုများရှိနေသည့် အာဆီယံ၏ အနာဂတ်မှာ ခန့်မှန်း၍ မရနိုင်ဟု ပြောကြားခဲ့သည်။

    hassanal-bolkiah

    စင်ကာပူသို့ ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဘိုလ်ကီးယားမှာ Singapore Lecture တွင် “အာဆီယံ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဘိုလ်ကီးယားက စီးပွားရေးနှင့် နိုင်ငံရေးအင်အားမှာ အာရှသို့ပြောင်းလဲလာခြင်း၊ အာရှဒေသအတွင်း အဓိက အင်အားကြီးနှင့် အလယ်အလတ်နိုင်ငံများ ထွက်ပေါ်လာခြင်းကို ထောက်ပြခဲ့ပြီး၊ ထိုနိုင်ငံများ၏ ဆက်ဆံရေး ပြောင်းလဲလာမှုက မဟာဗျူဟာကျသည့် အခြေအနေကို လွှမ်းမိုးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    အာဆီယံနိုင်ငံများအတွက် စိန်ခေါ်မှုမှာ ထိုအခြေအနေအသစ် ပြောင်းလဲမှုတွင် နေရာရလာမည်ဖြစ်ပြီး၊ အာရှ၏ အခြေအနေမှာ မကြုံစဖူးဖြစ်လာမည်ဟု ဘိုလ်ကီးယားကဆိုသည်။ ထို့ပြင် ယခုလက်ရှိ ဖြစ်ပွားနေသည့် နယ်နမိတ်နှင့် ရေပိုင်နက် ပိုင်ဆိုင်မှုအပါအ၀င် ပြဿနာများစွာ အတွက် စိုးရိမ်မိကြောင်း၊ လာမည့်ဆယ်စုနှစ်များတွင် အာဆီယံဒေသမှာ လက်ရှိ ရင်ဆိုင်နေရသည်ထက် ပို၍ ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင် ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Singapore Lecture ၏ အဖွင့်မိန့်ခွန်းကို စင်ကာပူ ဒုတိယ၀န်ကြီးချုပ် တဲအိုချီဟင်းက ပြောကြားခဲ့သည်။ ယခုလအစောပိုင်းက ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများကို ပူးပေါင်းလုပ်ဆောင်ရန်အတွက် စင်တာတစ်ခုဖွင့်ရန် ကမ်းလှမ်းခြင်းခံထားရသည်။

    ဒေသတွင်းပြဿနာများအား ငြိမ်းချမ်းစွာ အဖြေရှာခြင်းမှ တစ်ဆင့် အသေးစိတ်ဖြေရှင်းသွားရန် အရေးကြီးသည်ဟု ဘိုလ်ကီးယားက ပြောခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

    “သမိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အကွဲအပြဲတွေက နိုင်ငံတွေအကြား အမျိုးသားရေးဝါဒကို မီးထိုးပေးပါတယ်။ စီပွားရေးဆိုင်ရာ ကတိက၀တ်တွေ အတွက် တွေ့ဆုံဆွေးနွေးမှု အခက်အခဲတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ ရေကြောင်းဆိုင်ရာ ပြဿနာတွေက ဒေသအတွင်း အလားအလာကို အန္တရာယ်ရှိစေပါတယ်”

    Ref: CNA/de

  • အာဆီယံဒေသ တိုးတက်ရေး ဂျပန်မှ ဒေါ်လာ ဘီလီယံ ၂၀ ကူညီမည်။

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    japan-asean
    – ဂျပန်နိုင်ငံတွင်ပြုလုပ်နေသည့် ဂျပန်-အာဆီယံ အစည်းအဝေးတွင် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ လေကြောင်းလွတ်လပ်စွာ ပျံသန်းမှုနှင့် အရပ်ဖက် လေကြောင်း လုံခြုံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ယမန်နေ့က သဘောတူညီခဲ့ကြသည်။

    ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံက လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ပြီးနောက် အာရှတိုက်အတွင်းမှ နိုင်ငံခေါင်းဆောင်များ၏ အကြီးဆုံး တွေ့ဆုံ ဆွေးနွေးမှုလည်းဖြစ်သည်။

    ထိုအစည်းအဝေးပွဲတွင် ဂျပန်နိုင်ငံက အာဆီယံဒေသအတွင်း တိုးတက်ရန်အတွက် ကန်ဒေါ်လာ ဘီလီယံ ၂၀ ကူညီရန် ကတိပေးခဲ့ပြီး၊ ထိုကတိပေးမှုက တရုတ်နိုင်ငံအတွက် စိုးရိမ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
    Ref: CNA
    (AFP PHOTO/POOL)