News @ M-Media

Tag: Bago Region

  • မြေကျွံမှုသတင်းကြောင့် ဘွက်ကြီးတမံနားမှ ဒေသခံတစ်ချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်

    မြေကျွံမှုသတင်းကြောင့် ဘွက်ကြီးတမံနားမှ ဒေသခံတစ်ချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    အောင်လံမြို့မှ ဘုရားကြီးဆည်

    – မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာရှိတဲ့ ဘွက်ကြီး ရေလှောင်တမံမှာ မြေကျွံမှု ဖြစ်လာတာကြောင့် တမံနားက ရွာတွေမှာ နေထိုင်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

    မြေကျွံမှုဟာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီလို ရွှေပြောင်းမှုတွေ ဖြစ်လာတာပါ။

    “အစိုးရက တရားဝင်ထုတ်ပြန်တဲ့ သတိပေးချက်မျိုး မဟုတ်ပါဘူး။ ရပ်မိရပ်ဖတွေက လော်စပီကာနဲ့ လိုက်ကြေငြာတာပါ။ မြို့လှရွာကလူတစ်ချို့ဟာ ကုန်းမြင့်ရာနေရာကို ရွှေ့သွားကြပါတယ်” လို့ ဘွက်ကြီးတမံနားက သမ္ဗူလရွာရဲ့ တာဝန်ရှိသူ ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့က တမံကို သွာရောက်ကြည့်ရှုခဲ့တဲ့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မြေကျွံမှုဟာ မြေသားသိပ်သည်းဆနည်းမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ဖြစ်ပြီး လက်ရှိအချိန်အထိ အခြေအနေက မဆိုးသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    မြေကျွံမှုကြောင့်ဖြစ်လာတဲ့ အပေါက်ထဲကို ရေမ၀င်စေဖို့အတွက် သဲအိတ်တွေ၊ အခြားပစ္စည်းတွေနဲ့ ပြုပြင်မှုလည်း လုပ်ဆောင်နေပါတယ်။

    တည်ဆောက်ပြီးကတည်းက တမံဆင်ခြေလျောတွေမှာ ဒီလို မြေကျွံမှုတွေ ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘွက်ကြီး ရေလှာင်တမံမှာ ရေတွေဟာ ရေသိုလှောင်မှု အမြင့်ဆုံး ပမာဏာထက် ၁ ပေကျော်နေခဲ့ပြီး တနင်္လာနေ့က ရေတစ်ချို့ကို ရေပိုလွှဲကနေ ဖောက်ထုတ်ခဲ့ပါတယ်။

    Ref: mmtimes