News @ M-Media

Tag: Blood donation

  • တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ

    တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    .

    (၁၄၉၁)နှစ်မြောက် တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲ တရပ်ကို ဇန်နဝါရီ ၁၂ နေ့တွင်  ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
    .
    ပြင်ဦးလွင်မြို့နယ်လုံးဆိုင်ရာ မဟာ တမန်တော်နေ့ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီး၍ ပြင်ဦးလွင်မြို့နယ် ဗိုလ်ချုပ်လမ်း”Royal Diamond ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၃၀ ကျော် ပါဝင်၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ယခုကဲ့သို့ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရှိရသည်။


    ဓါတ်ပုံများကို Khin Mg Aye ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။

     

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    နိုဝင်ဘာ၂၃ ၊ ၂၀၁၆
    M-Media
    သူရိန်

    15170922_10202656930220644_5974266154834657656_n
    ဓါတ်ပုံ-U Hla Aung

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ  ပြုလုပ်သော သွေးလှူဒါန်းပွဲ တစ်ရပ်ကို နိုဝင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

    ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်မှာ ကျင်းပတဲ့ သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ မမလ သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ” လာရောက်လှူ ဒါန်းတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင်များသာမက လူမျိုး ဘာသာပေါင်းစုံက မမလ အနေနဲ့ ပါဝင် လှူ ဒါန်းကြတဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ယခု ၂၂ ကြိမ်မြောက်မှာ လာရောက်သူ ၃၀၀ လောက်မှာ သွေးအောင်သူ ၂၀၉ ဦး ရှိပါတယ်။ အသျှင်မြတ် ရဲ့ အလိုတော်နဲ့ လေးလတစ်ကြိမ် ပုံမှန် ကျင်းပနိုင်ပြီး သွေးလှူရှင် ပိုမို ရ ရှိလာအောင် ကြိုးစားသွားပါမယ်။” ဟု M-Media ကိုပြောပါတယ်။

    မမလ အဖွဲ့သည် ၎င်း၏ ဆောင်ပုဒ်ဖြစ်သည့် ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျင် တရားစစ် တရားမှန် ဖြစ်ပေသည် ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော်သောအားဖြင့် ပရဟိတ လုပ်ငန်းစဉ်တစ်ခုဖြစ်သော သွေးလှူ  ဒါန်းပွဲကို ၄ လ တစ်ကြိမ် စဉ်ဆက်မပြတ် ယခုလို ဆောင်ရွက် နေခြင်းဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

    ယခု အကြိမ်ထိ ဆိုလျှင် မမလ အဖွဲ့ အနေဖြင့် သွေးလှူဒါန်းပွဲ ၂၂  ကြိမ်ပြုလုပ်ခဲ့ပြီး သွေးပုလင်း စုစုပေါင်း (၄၆၃၉) ပုလင်း ကိုလှူ ဒါန်းနိုင်ခဲ့ပါပြီဟု သိရသည်။

    15037217_10202656927100566_9097015480343936807_n

    15094447_10202656928500601_6273934238785375362_n

    15109339_10202656927500576_4451118128518004025_n

    15128621_373825879622265_1283357888_n

    15134760_10202656932220694_8551771575877062841_n

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး ၂၂ ကြိမ်မြောက် သွေးလှူဒါန်းပွဲ ပြုလုပ်မည်။

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး ၂၂ ကြိမ်မြောက် သွေးလှူဒါန်းပွဲ ပြုလုပ်မည်။

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    mama-la-blood-donation
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မမလဌာနချုပ်မှ ကြီးမှူး ကျင်းပသော (၂၂ )ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို ၂၀-၁၁-၂၀၁၆  နံနက် (၈)နာရီ တွင် ရန်ကုန်ပြည်သူဆေးရုံကြီး  အမျိုးသားသွေးလှူ ဘဏ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    မမလ အဖွဲ့ဦးဆောင်တဲ့ သွေးလှူဒါန်းမှုကို ၄ လ တကြိမ် ပုံမှန်ပြုလျက်ရှိပြီး ၂၁ ကြိမ် အထိ သွေးလှူဒါန်းမှု (၄၄၀၀) ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

    သွေးလှုဒါန်းပွဲအစီအစဉ်
    နေ့ရက်    – ၂၀-၁၁-၂၀၁၆(တနင်္ဂနွေ)
    အချိန်    – နံနက် ၈း၀၀ နာရီ
    နေရာ    – အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
    လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    အထက်ပါသွေးလှုဒါန်းမှုအစီအစဉ်တွင် ပါဝင်၍ သွေးလှုဒါန်းလိုပါက မမမဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ အခန်းအမှတ်(၄-A) တွင်ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

    ဆက်သွယ်ရန် ဖုန်း- ၀၁-၂၄၁၂၁၂၊ ၀၁-၂၅၂၇၉၉

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

    ဇူလိုင် ၂၃ ၊ ၂၀၁၆
    M-Media
    သတင်း – သူရိန်
    10
    အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ ကြီးမှူး၍ ပြုလုပ်သော သွေးလှူဒါန်းမှုမှာ ဇူလိုင်လ ၁၇ရက်နေ့တွင် ၂၁ကြိမ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

    သွေးလှူဒါန်းရခြင်းဟာ အဓိကအားဖြင့် ကိုယ်ကျင့်တရားတွေ စောင့်ထိန်းနိုင်ပြီး မျှော်လင့်ချက်မပါဘဲ လူမျိုးဘာသာမရွေးကို ကူညီဖို့ လုပ်တာလို့ မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး ကော်မတီဥက္ကဌ ဟာဂျီမ ဒေါ်ချိုက ” မြန်မာမွတ်စလင်မ် လူငယ်တွေရဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ဖို့ လုပ်ရတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ဆီက ထွက်လာတဲ့ သွေးတွေကို လူမျိုးမရွေး ဘာသာမရွေး တကယ်လိုအပ်တဲ့ သူတွေကို ပေးချင်လို့ မျှော်လင့်ချက် မရှိဘဲ အလှူဆိုတဲ့ ဒါနမြောက်အောင် ပေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်” ဟု ပြောပါတယ်။

    သွေးလှူဒါန်းပွဲမှာ လာရောက် သွေးလှူဒါန်းတဲ့ အသက် ၂၄နှစ်အရွယ် ကိုရန်နိုင်ဦးကတော့ ၎င်း သွေးလှူရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရကြောင်း၊ မိမိသွေးဖြင့် တပါးသူ အသက်ရှင်သန်ရေးအတွက် ကူညီရတာ ဝမ်းသာကြောင်း ပြောပါတယ်။

    မ.မ.လ ဌာနချုပ်သည် ၂၀၀၉ ခုနှစ်ကတည်းက ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ်တွင်  ၄လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းမှု ပြုလုပ်လာခဲ့ရာ ယခု ၂၁ကြိမ်ထိဆိုလျှင် သွေးလှူဒါန်းသူ လေးထောင့် လေးရာကျော်ရှိပြီလို့လည်း သိရပါတယ်။

    အဆိုပါ သွေးလှူဒါန်းပွဲများမှာ အစ္စလာမ် ဘာသာဝင်များသာမက မြန်မာပြည်တွင်းက လူမျိုးစုံ ဘာသာစုံမှ ပါဝင်လှူဒါန်း ခဲ့ကြကြောင်း မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ဆိုပါတယ်။

    ” သွေးလှူပွဲမှာ အစ္စလာမ် ဘာသာဝင်တွေသာမကပဲနဲ့ အခြားဘာသာဝင်တွေ စိတ်ဝင်စားတဲ့ လူငယ်မောင်မယ်အားလုံးက အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ပါဝင်ပေးကြပါတယ်။ အခုဒလမြို့နယ်ဆိုရင် ဗုဒ္ဓဘာသာလူငယ်လူကြီးတွေ ပေါင်းပြီးတော့ ပါဝင်လှူဒါန်းပေးပါတယ်” ဟု ဘာသာပေါင်းစုံမှ သွေးလှူရှင်တွေ ပါဝင်လှူဒါန်းမှုကို ရှင်းပြပါတယ်။

    ကုရ်အာန် ကျမ်းမြတ်ကဏ္ဍ ၅ အပိုဒ် ရေ ၃၂အရ ” မည်သူမဆို လူသားတစ်ဦးအား အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူသားထုတစ်ရပ်လုံးအား အသက်ရှင်စေသကဲ့သို့ ဖြစ်သည်” ဟု မိန့်ဆိုထားသဖြင့် အစ္စလာမ် ဘာသာဝင်များသည် ဘာသာလူမျိုး တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သွေးလှူခြင်း ပရဟိတ ပြုကြကြောင်း သိရပါတယ်။

    11

    2 3 7 8

  • မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့

    မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့

    မတ် ၂၀၊ ၂၀၁၆
    M-Media
    သတင်း/ဓာတ်ပုံ – မိုးစက်

    18

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး အကြိမ် (၂၀) မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ မနက်(၈) နာရီအချိန်၌ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ သွေးလှူဒါန်းမှုတွင် လူမျိုးစုံ၊ ဘာသာစုံမှ (၁၅၉) ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

    မမလ ဌာနချူပ် အနေဖြင့် (၈၊၃၊၂၀၀၉) ခုနှစ်မှ စတင်ပြီး ၄ လ တကြိမ်ပုံမှန် သွေး လှူဒါန်းမှု ပြုလုပ်ခဲ့ရာ ယခု စုပေါင်းသွေး လှူဒါန်းမှုမှာ အကြိမ် (၂၀) မြောက်ဖြစ်ပြီး စုစုပေါင်း ၄၃၂၉ ဦး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

    1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17