News @ M-Media

Tag: BMA

  • ဦကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင် အစည်းအရုံး(BMA) ၏ ကြေညာချက်

    ဦကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင် အစည်းအရုံး(BMA) ၏ ကြေညာချက်

    အထူးကြေကွဲဝမ်းနည်းကြောင်း ကြေညာချက်

    ဇန္နဝါရီ ၃၀၊ ၂၀၁၇

    အစိုးရအစီအမံဖြင့် အင်ဒိုနီးရှားသို့သွားရောက်ပြီး ပြန်ရောက်လာသော တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဇနဝ္နါရီ ၂၉၊ ၂၀၁၇နေတွ့င် ရန်ကုန်လေဆိပ၌် အစီအစဉ်ရှိရှိ သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရသဖြင့် မြန်မာမွတ်စလင် အစည်းအရုံးက အထူးကြေကွဲ တုန်လှုပ်ရပါသည်။

    ဦးကိုနီသည် အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အရေးပါသော ဥပဒေအကြံပေးတစ်ဦးဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတို့၏ အဓိကနှင့် တစ်ခုတည်းသော ဘေးအန္တရာယ် ကပ်ဆိုးကြီးဖြစ်သည့် ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထင်ရှားထက်မြက်သော ရှေ့တန်းတိုက်စစ်မှူးကြီး တစ်ဦးလည်းဖြစ်သည်။ မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပြည်သူများ၏ လေးစားအားကိုးခြင်းကို ခံယူထားသူတစ်ဦးဖြစ်သည့်အပြင် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း၏ အစားထိုးမရသော ဦးဆောင်ကြယ်ပွင့်ကြီးလည်းဖြစ်၏။

    အာဇာနည် ဦးကိုနီသည် ဆရာကြီးဦးရာဇတ်၊ ရဲဘော်ကိုထွေးတို့ကဲ့သို့ မြန်မာ့သမိုင်းကို မိမိအသက်သွေးဖြင့် စွန့်လှူ မော်ကွန်းထိုးခဲ့ချေပြီ။

    အာဇာနည်မျိုး သေရိုးမရှိဆိုသော မြန်မာဆိုရိုး ရှိသကဲ့သို့ အာဇာနည်များကို သေလွန်သွားပြီလို့ ဘယ်သောအခါမှ မဆိုကြလေနဲ့ဆိုသော အစ္စလာမ့်သင်ကြားချက်လည်း ရှိပေသည်။

    မြန်မာမွတ်စလင်များသည် သမိုင်းစဉ်ဆက် အစဉ်အလာအရ ခေါင်းပျော့ပေးနိုင်သော်လည်း ဘယ်သောအခါမှ ဒူးမပျော့ကြသူများဖြစ်သည်။ စိတ်ရှည်သည်းခံခြင်းနှင့် အညံ့ခံအရှုံးပေးခြင်းကို ခွဲခြားသိမြင်ကြသူများလည်း ဖြစ်သည်။

    ငြိမ်းချမ်းရေးကို မြတ်နိုးသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာလက်တွဲ၍အာဇာနည် ဦးရာဇတ်၊ရဲဘော်ကိုထွေး၊ဦးကိုနီ တို့ကို့ စံနမူနာကိုယူပြီး ပြည်သူလူထုကို ဖိဆီး နှိပ်စက်သော ပြည်ထောင်စု၏ရန်သူ၊ ဒီမိုကရေစီ၏အန္တရာယ် အာဏာရှင် စနစ်ဆိုးကို အမိမြန်မာပြည်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားအောင် အကြမ်းမဖက်သော လူထုနည်းဖြင့် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်ကြမည်။

    ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သော အကြမ်းဖက်အုပ်စုကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန် NLDအစိုးရသို့ တောင်းဆိုလိုက်သည်။

  • လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-မြတ်သူရအောင်
    14238254_1254516197905908_8993740816512879410_n
    ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီတွင် လန်ဒန်မြို့ မြန်မာသံရုံးအရှေ့မှာ Burmese Muslim Association (BMA-UK) မှဦးဆောင်၍ ယူကေရောက် မြန်မာအချို့ဟာ မြန်မာအစိုးရကို ဆန့််ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

    မြန်မာပြည်က အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေအပါအဝင် လူနည်းစုများ ခွဲခြားဆက်ဆံ ခံနေရခြင်း ကိစ္စ ၊ လူနည်းစုဝင်တွေကို Identity Card for National (NVC) အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေပြီး အထောက်အထားမဲ့ ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်ရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်သည့် အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

    ” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ စတက်လာပြီး မကြာခင် ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက မွတ်စလင်မ်တွေဟာ ဧည့်နိုင်ငံသားတွေ ဖြစ်တယ်လို့ မီဒိယာတခုကို ပြောခဲ့တယ်။  နောက်တခါ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချာခ်ျဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်ရဲ့ ကျူးကျော် စေတီ တွေ အတင်းဝင်ရောက်တည်ဆောက်ခဲ့တယ်။ နောက်ပြီး ရွှေဂွန်းက ဗလီ ဘေးလမ်းကြားမှာ စေတီ ထပ်ပြီး တည်ခဲ့တယ်။ သူရဲသမိန်နဲ့ လုံးခင်းမှာ ဗလီတွေ ဖျက်ခံရတယ်။ မီးရှို့ခံရတယ်။ ကျနော်တို့ဟာ စစ်အစိုးရ လက်ထက် မှာ တောက်လျောက်အဖိနှိပ် အကြမ်းဖက်ခံခဲ့ရတယ်။ NLD အစိုးရ တက်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံသားအခွင့်အရေး တန်းတူရဖို့ အများကြိး မျှော်လင့်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုတွေ ဆက်ဖြစ်နေတယ်။ အခု မွတ်စလင်မ်နဲ့ လူနည်းစု ဝင်တွေကို NVC ဆိုတဲ့ အစိမ်းရောင်ကဒ် ပေးပြီးတော့ အထောက်အထားမဲ့ တဲ့လူတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်း သံရုံးမှာ ဆန္ဒထုတ်ဖော်ရင်းနဲ့ ကျနော် တို့ မက်ဆစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို မုန်းလို့ မဟုတ်ပါဘူး။ လိုအပ်ချက်အရ တိုင်းပြည်ခေါင်းဆောင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆီ တောင်းဆိုရတာဖြစ်ပါတယ် “လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်စွာက  M-Media ကို ပြောပြပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ  ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွါမယ်လို့ သိရှိရပါတယ်။

    14291848_1254514037906124_5530652928303341794_n

    14330034_1254515627905965_8611808964666718385_n

    14344359_1254513824572812_6878032901653648378_n

  • အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို မြန်မာမွတ်စလင်မ် အစည်းအရုံး (BMA)မှ ပြင်းပြင်းထန်ထန် ရှုတ်ချ

    အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို မြန်မာမွတ်စလင်မ် အစည်းအရုံး (BMA)မှ ပြင်းပြင်းထန်ထန် ရှုတ်ချ

    သြဂုတ် ၄၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .BMA
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ် ကိုးဦးအား ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သည့် စာတစ်စောင်ကို အိုင်အက်စ်တို့က နီဂရီဆမ်ဘီလန်ပြည်နယ် ရဲစခန်းသို့ သြဂုတ် ၁ ရက်က ပေးပို့ခဲ့ပြီး ယင်းကိုးဦး စာရင်းတွင် မြန်မာနိုင်ငံမှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခဲ့ကြောင်း သိရသည်။
    .
    အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပြည်ပ အခြေစိုက် မြန်မာမွတ်စလင်မ် အစည်းအရုံးမှ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါသည်။
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါတိုင်းဖြစ်ပါသည်။
    .
    အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း
    .
    ၁။ နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အိုင်ဆက်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများ၏ အသက်အန္တရာယ်ကို ခြိမ်းချောက်ရာတွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟု သိရှိရသဖြင့် အထူးစိုးရိမ်ပူပန်မိပါသည်။
    .
    ၂။ မြန်မာနိုင်ငံသား အစ္စလာမ်သာသနာဝင်များသည် အစ္စလာမ်တရားတော်၏ သင်ကြားချက်အတိုင်း ငြိမ်းချမ်းရေးကို မြတ်နိုးပြီး အကြမ်းဖက်မှုမှန်သမျှကို အစဉ်အမြဲ ဆန့်ကျင်ရှုတ်ချသူများ ဖြစ်ကြသည်။
    .
    ၃။ ၂၀၁၂ခုနှစ်မှစ၍ ယနေ့တိုင်အောင် အစ္စလာမ်သာသနာဝင်များနှင့် အစ္စလာမ်သာသနာကို နည်းမျိုးစုံနဲ့ လွတ်လွတ်လပ်လပ် စော်ကားတိုက်ခိုက်မှုများ နေ့စဉ်နဲ့အမျှ ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံသား အစ္စလာမ်သာသနာဝင်များက အကြမ်းဖက်တုန့်ပြန်ခြင်း လုံးဝမရှိပဲ စိတ်ရှည်သည်းခံ နေလာကြသူများလည်းဖြစ်သည်။
    .
    ၄။ မြန်မာ့သမိုင်းတွင် မြန်မာမွတ်စလင်က အကြမ်းဖက်သောသမိုင်း လုံးဝမရှိပဲ၊ မြန်မာမွတ်စလင်များက အကြမ်းဖက်ခံရသော သမိုင်းသာရှိသည်။
    .
    ၅။ မြန်မာမွတ်စလင်များကို ပြည်တွင်းမှ အကြမ်းဖက်မှုများဖြစ်တိုင်း မည်သည့်အခါမှ အပြစ်မတင် မရှုတ်ချကြပဲ ပြည်ပမှ အကြမ်းဖက်ရန် လှုံ့ဆော်မှုဖြစ်တိုင်း လုံးဝ သက်ဆိုင် ပတ်သက်ခြင်းမရှိသော မြန်မာမွတ်စလင်များကို ဓါးစာခံသဘောထား တာဝန်ယူခိုင်းနေမှုများကိုလည်း ရပ်တန်းက ရပ်သင့်ကြပြီ။
    .
    ၆။ အကြမ်းဖက်မှု၊ ခြိမ်းချောက်မှု မှန်သမျှကို မြန်မာမွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချသည်။
    .
    ၇။ မြန်မာမွတ်စလင်များသည် မည်သို့သော အခြေအနေတွင်မှ တရားမဲ့ အကြမ်းဖက်မှုများကို လုပ်ဆောင်မည် မဟုတ်သည့်အပြင် ပြည်တွင်းပြည်ပ အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကိုလည်း ဘာသာစုံ၊ လူမျိုးစုံ တိုင်းရင်းသားပြည်သူများနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
    .
    သြဂုတ်လ ၃၊ ၂၀၁၆

  • ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး လန်ဒန်မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ

    ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး လန်ဒန်မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ

    ဇွန် ၃၀ ၊ ၂၀၁၆
    M-Media
    သော်တာလွင်- သတင်းပေးပို့သည်။
    .13552804_10154382885718395_1375826484_n
    ယနေ့ ၃၀-၆-၂၀၁၆ လန်ဒန်မြန်မာ သံရုံးရှေ့တွင် မြန်မာမွတ်စလင် အစည်းအရုံး (B.M.A) မှ ဦးဆောင်ပြီး ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး၊ သာသနိက အဆောက်အအုံများ ဖျက်ဆီးမှုရပ်တန့်ရေး အတွက် ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။

    ဆန္ဒပြပွဲသို့ လန်ဒန်မှ မြန်မာ့မိတ်ဆွေများအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊မြန်မာ့ရိုဟင်ဂျာအစည်းအရုံး တို့မှ တက်ရောက်ပြီး NLD အစိုးရလက်ထက် ဘာသာရေးပဋိပက္ခများ ဆက်လက်ဖန်တီးပြီး ဗလီများဖျက်ဆီးခြင်း အခြားဘာသာဝင်များအား ဖိနှိပ်ခြင်းကို
    ရပ်တန့်ရန်တောင်းဆိုသည့်အပြင် အရှင်ဂမ္ဘီရ၊ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့နှင့် အခြားလူမျိုးရေး၊နိုင်ငံရေး၊ ဘာသာရေး ပုဒ်မများဖြင့် မတရား အကျဉ်းချခံထားရသော အကျဉ်းသားများ လွတ်မြောက်ရေး အတွက်လည်း တောင်းဆိုခဲ့ကြပါသည်။

    13550923_10154382563443395_789757534_n 13552506_10154382565083395_287427244_n 13553299_10154382863633395_1335504079_n 13553374_10154382905488395_163262696_n

  • နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    ဇွန်လ ၂၃ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှုများအပါအဝင် လက်တလော ဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာ မွတ်စလင် အစည်းအရုံး (B.M.A) က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။
     
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
     
    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ
    ———————————————–
    ဒီမိုကရေစီအစိုးရသစ်သည် ရက်(၁၀၀)အတွင်း လူသစ်၊ မူသစ်တို့ဖြင့် စစ်အစိုးရ လမ်းကြောင်းဟောင်းမှ စတင်ခွဲခွါ ပြောင်းလဲတော့မည်ဟု လူထုကို မျှော်လင့်ချက် ပေးခဲ့သည်။
    .
    ၁။ သို့သော် ရက်(၁၀၀)အတွင်း ၂၀၁၆ ဇွန်လ၂၃ ရက်နေ့ ဝေါမြို့နယ် သူရဲသမိန်ရွာတွင် မြန်မာမွတ်စလင်များနှင့် သူတို့၏ ဗလီနှင့် အိုးအိမ်များ တိုက်ခိုက် ဖျက်ဆီးခံရသည်။ (မွတ်စလင်များ၏ ဥပုသ်လမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။)
    .
    ၂။ ရက်(၁၀၀)အတွင်း ယခုလကုန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မြန်မာမွတ်စလင်များ၏ ဗလီတစ်လုံးကို ဖျက်သိမ်းရန် စီစဉ်လျှက်ရှိသည်။
    .
    ၃။ ရက်(၁၀၀)အတွင်း မြိုင်ကြီးငူဆရာတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့၏ နေရာများတွင် ဥပဒေမဲ့ ကျူးကျော်စေတီများတည်၍ ရန်စ စော်ကားမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။
    .
    ၄။ ရက်(၁၀၀)အတွင်း မဘသသုံးနှစ်မြောက် ပြည်လုံးကျွတ် ညီလာခံကြီး ကျင်းပပြီး မွတ်စလင်များ၏ ဗလီများ၊ အိုးအိမ်များကို ဖျက်ဆီးပစ်ဖို့ သတ္တိရှိကြရန် မြန်မာတစ်ပြည်လုံးရှိ သံဃာများနှင့် ပြည်သူများကို အတိအလင်း လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ခဲ့သည်။
    .
    (မဘသသည် မြန်မာပြည်တွင် သံဃာ့မဟာနာယကအဖွဲ့ တစ်ဖွဲ့မှလွဲ၍ မည်သည့်သံဃာ အဖွဲ့အစည်းမှ ဖွဲ့စည်းခွင့်မရှိဟူသော တည်ဆဲ သံဃာ့မဟာနာယက ဥပဒေကို ဆန့်ကျင်၍ ယခင် ဦးသိန်းစိန်အစိုးရက မိမိဥပဒေကို မိမိချိုးဖောက်ပြီး ဖွဲ့စည်းခွင့်ပေးထားခဲ့သော ဥပဒေပြင်ပက အဖွဲ့အစည်းဖြစ်သည်။ မဘသကို ဆက်ရှိခွင့်ပေးလျှင် သံဃာ့မဟာနာယက ဥပဒေကို ဖျက်သိမ်းရမည်ဖြစ်သည်။)
    .
    ၅။ ရက်(၁၀၀)အတွင်း သာသနာရေးဝန်ကြီး ဦးသူရအောင်ကိုက တိုင်းရင်းသား မြန်မာမွတ်စလင်များကို ဧည့်နိုင်ငံသား အဖြစ် ပြောဆို လိုက်သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသူအဖြစ် သမိုင်းတွင်သွားသည်။)
    .
    ၆။ ရက်(၁၀၀)အတွင်း မြန်မာမွတ်စလင် ခလေးငယ်များကို ရှက်ရွံ့အားငယ်စေရန်၊ ကျောင်းသားအချင်းချင်း ခွဲခြားမှုများ ဖြစ်စေရန် ကျောင်းမှတ်ပုံတင်လုပ်ရာတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြန်သည်။
    .
    ၇။ ရက်(၁၀၀)အတွင်း တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ကန့်ကွက်ခဲ့သည်။
    .
    ၈။ ရက်(၁၀၀)အတွင်း နေ့စဉ်ရက်ဆက် ဘာသာရေးအရ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အစွန်းရောက် အခြေခံဝါဒီများ မြန်မာနိုင်ငံတွင် မရှိပါဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာရှိ လူ့အခွင့်အရေး ညီလာခံမှာ ယခင်စစ်အစိုးရများကဲ့သို့ ဖုံးကွယ် တင်ပြခဲ့သည်။
    .
    ၉။ ရက်(၁၀၀)အတွင်း တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ဥပဒေမဲ့အဖွဲ့အစည်း မဘသ၏ ဆောင်ပုဒ်အတိုင်း တပ်မတော်သည် အမျိုး ဘာသာ သာသနာကို ကာကွယ်မည်ဟု ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရထက် အာဏာပိုရှိသော ကာချုပ် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသည့် ကာချုပ်အဖြစ် သမိုင်းတွင်သွားသည်။)
    .
    အထက်ပါ အချက်အလက်များအရ ဒီမိုကရေစီအစိုးရသစ်သည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ လစ်လျူရှုရာတွင် ယခင်စစ်အစိုးရများနှင့် ထပ်တူကျနေသည့်အပြင် ပိုဆိုးလာသည်များကိုလည်း ဝမ်းနည်းစွာဖြင့် ထင်ထင်ရှားရှား တွေ့ရသည်။
    .
    ဒီမိုကရေစီ အစိုးရသစ်သည် ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို မိမိကတိပေးခဲ့သော မူများ၊ ကတိများအတိုင်း ကြံ့ကြံ့ခံ ရပ်တည်၍ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံရေးအတွက် ဥပဒေချိုးဖောက်သူများကို ဟန့်တားလောက်သော စံပြ ပြစ်ဒါဏ်များဖြင့် ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် ချမှတ်အရေးယူရန် အရေးတကြီး လိုအပ်နေသည်။
    .
    ထိုကဲ့သို့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးမယူပါက အကြမ်းဖက်သူများသည် ပိုမိုအတင့်ရဲလာပြီး နိုင်ငံအနှံ့ အလားတူ အကြမ်းဖက်မှုများ တိုးပွါးလာအောင် အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားလျှင်
    လက်ရှိ ဒီမိုကရေစီ အစိုးရတွင်သာ အပြည့်အဝ တာဝန်ရှိသွားမည်ဖြစ်ကြောင်း အထူးသတိပေး တိုက်တွန်းလိုက်သည်။
    .
    ရက်စွဲ ၂၀၁၆ ဇွန်လ ၂၄
    BMA BMA-2