News @ M-Media

Tag: boxing

  • ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    – ပက်ကွီအိုနှင့် ထိုးသတ်ရန် အားခဲထားသော်လည်း ဖြစ်မလာခဲ့သောကြာင့် အမေရိကန် နာမည်ကြီး လက်ဝှေ့သမား တာရန့်စ် ကရောဖို့ဒ်မှာ ဟန့်လန်ဒီနှင့် လာမည့်လတွင် ချန်ပီယံဘွဲ့ ကာကွယ်ပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားလိုက်သည်။

    ကမ္ဘာ့ လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ်မှာ ပက်ကွီအိုနှင့်ထိုးသတ်ရန် မျှော်လင့်ထားခဲ့သော်လည်း ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ ၎င်း၏ ပြိုင်ဘက်ဟောင်း တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ရန် ရွေးချယ်ခဲ့သောကြောင့် ကရောဖို့ဒ်မှာ မျှော်လင့်ချက်မပြည့်ဝခဲ့ပေ။

    WBO ချန်ပီယံကာကွယ်ပွဲအဖြစ် တစ်နိုင်ငံတည်းသား ဟန့်လန်ဒီနှင့် ထိုးသတ်မည့် ကရောဖို့ဒ်၏ ထိုပွဲမှာ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် Madison Square Garden ၌ ပြုလုပ်သွားမည်ဖြစ်သည်။

    အမေရိကန်၏ တက်သစ်စ လက်ဝှေ့သမားဟု နာမည်ကြီးနေသည့် ကရောဖို့ဒ်မှာ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး ၂၇ ပွဲ ထိုးသတ်ပြီးရာတွင် ရှုံးပွဲမရှိဘဲ ၁၉ ပွဲကို အလဲထိုးနိုင်ခဲ့သည်။ နောက်ဆုံးပွဲမှာ နိုဝင်ဘာလတွင် ဒီယာရီ ဂျင်းနှင့် ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ၁၀ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့သည်။

    Ref: Dailymail

  • ဘရက်ဒလေနှင့်ပွဲပြီးလျှင် အနားယူတော့မည်ဟု လက်ဝှေ့ကျော် ပက်ကွီအို ပြော

    ဘရက်ဒလေနှင့်ပွဲပြီးလျှင် အနားယူတော့မည်ဟု လက်ဝှေ့ကျော် ပက်ကွီအို ပြော

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    paq

    – ဧပြီ ၉ ရက်နေ့တွင် တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် မိမိမှာ လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ပြောကြားလိုက်သည်။

    လက်စ်ဗီးဂက်စ်တွင် ထိုးသတ်မည့် ထိုပွဲမှာ ပက်ကွီအိုနှင့် ဘရက်ဒလေတို့၏ တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်မည်ဖြစ်သည်။ ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကမူ ပက်ကွီအိုနှင့် ထိုးသတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပက်ကွီအိုက ယခုကဲ့သို့ ကြေငြာမှုကြောင့် ၎င်းတို့နှစ်ဦး တွေ့ဆုံရန် မျှော်လင့်ချက်မှာ ပျက်ပြယ်သွားပြီဖြစ်သည်။

    ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ်အာရမ်ကမူ ပက်ကွီအိုမှာ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းတွင် ဆက်ရှိနေဦးမည်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း ပက်ကွီအိုက ငြင်းပယ်ခဲ့သည်။

    “ကျွန်တော့်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ အာရုံစိုက်ဖို့အတွက် လက်ဝှေ့ကနေ အနားယူတော့မှာပါ။ တီမိုသီ ဘရက်ဒလေနဲ့ ထိုးသတ်မှုဟာ နောက်ဆုံးဖြစ်မှာပါ။ အရင်က ဒီလို ကျွန်တော် မပြောခဲ့ဖူးပါဘူး။ ဘယ်သူကမှလည်း ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ကို မဗျူးခဲ့ဘူးလေ။ ဧပြီ ၉ ရက်နေ့ပွဲ ပြီးတဲ့နောက်မှာ ကျွန်တော် အနားယူသွားမှာပါ” ဟု ပက်ကွီအိုက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က ဘရက်ဒလေနှင့်တွေ့ဆုံမှုတွင် ဒိုင်လူကြီး၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် ပက်ကွီအိုက ရှုံးနိမ့်ခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာတွင် ဘရက်ဒလေအား ပက်ကွီအိုက အလွယ်တကူပင် အနိုင်ရခဲ့သည်။

    Ref: Dailymail

  • နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့

    နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    lw 1
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်မှ ဆိုင်းရပ်စ်တို့၏ပွဲမှ ပုံရိတ်တစ်ခု

    – မြန်မာ့လက်ဝှေ့ချန်ပီယံက ၎င်း၏ အမေရိကန်ပြိုင်ဘက် မျက်နှာအား ညာလက်သီးပစ်သွင်းလိုက်သည့် အချိန်တွင် ရန်ကုန်မြို့ရှိ လက်ဝှေ့ရုံအတွင်း သြဘာပေးသည့်အသံကြီး ဟိန်းထွက်သွားသည်။ ပထမအချီတွင်ပင် ထိထိမိမိရှိခဲ့သည့် ထိုလက်သီးချက်ကြောင့် အမေရိကန်လက်ဝှေ့သမား၏ မျက်နှာမှာ ကြိုးဝိုင်းကြမ်းပြင်နှင့် မိတ်ဆက်သွားလေတော့သည်။

    သို့သော်လည်း ထိုအမေရိကန်လက်ဝှေ့သမားနှင့် အခြားသော နိုင်ငံခြား တိုက်ခိုက်ရေးသမားများအတွက် လက်ဗလာခြေဗလာနှင့် အလဲလဲအကွဲကွဲ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့အားကစားက ၎င်းတို့၏ အနာခံနိုင်မှုနှင့် တိုက်ခိုက်မှုစွမ်းရည်တို့ကို မှတ်ကျောက်တင်ရာ အကြောင်းအရင်းပင် ဖြစ်နေတော့သည်။

    ခေါင်းဖြင့်တိုက်မှုပါအ၀င် အလွန်နာကျင်စေသည့် တိုက်ခိုက်မှုပုံစံများကို ခွင့်ပြုထားသည့် မြန်မာလက်ဝှေ့က အရှေ့တောင်အာရှ၏ လက်ဝှေ့အားကစားနည်းများတွင် အပြင်းထန်ဆုံးသော အားကစားနည်းဖြစ်သည်ဟု လက်ဝှေ့သမားများက ဆိုကြသည်။ မြန်မာ့လက်ဝှေ့က မွေထိုင်းဟု လူသိများသည့် ထိုင်းလက်ဝှေ့ထက်ပင် ပြင်းထန်လေသည်။

    ပြိုင်ဘက်များ အရှုံးပေးသည်အထိ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့တွင် ထိုးသတ်သူများမှာ ၎င်းတို့၏လက်များကို အကာအကွယ်အဖြစ် အ၀တ်များပတ်ထားရသော်လည်း လက်အိတ်မ၀တ်ရ။ ပြိုင်ဘက်အား အလဲထိုးနိုင်မှသာ အနိုင်ရလေသည်။

    lw 3
    အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်

    ထိုညက ကြိုးဝိုင်းအတွင်းရှိခဲ့သည့် အမေရိကန်လက်ဝှေ့သမားမှာ ၀ါရှင်တန်မှ ဆိုင်းရပ်စ်ဖြစ်သည်။ လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးလာခဲ့ပြီး ဆုကြေးငွေကလည်း မြင့်တက်လာသည့် မြန်မာနိုင်ငံတွင် ဆိုင်းရပ်စ်မှာ အကြိမ်ကြိမ်အခါခါ လက်ဝှေ့ကြိုးဝိုင်းထဲသို ၀င်ရောက်ဖူးသူဖြစ်သည်။

    “ခေါင်းနဲ့တိုက်တာလား။ သိပ်အန္တရာယ်များတာပေါ့။ ဒါပေမယ့် လက်ဝှေ့ထိုးတဲ့ ပုံစံအားလုံးလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခေါင်းတိုက်တာ၊ ခြေထောက်နဲ့ အားရပါးရကန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တိုက်ခိုက်တာတွေ အားလုံးဟာ ကြိုးဝိုင်းထဲမှာ အန္တရာယ်ရှိတာပါပဲ” ဟု မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် မထိုးသတ်ခတ် အသက် ၃၃ နှစ်အရွယ် ဆိုင်းရပ်စ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ထိုးသတ်ပွဲတွင် ဆိုင်းရပ်စ်စိုးရိမ်နေသည့် ခေါင်းတိုက်ချက်ပင် မလာလိုက်။ ကြိုးဝိုင်းအတွင်းဝင်ရောက်ပြီး တစ်မိနစ်ကျော်ကျော်အကြာ၌ပင် ထွန်းထွန်းမင်း၏ လျင်မြန်ပြင်းထန်သည့် ညာလက်သီးကြောင့် ဆိုင်းပ်ရက်စ်တစ်ယောက် အရုပ်ကြိုးပြတ်ဖြင့် ပွဲသိမ်းခဲ့ရပြီး သင်ခန်းစာကောင်းကောင်း ရခဲ့လေသည်။

    ထိုင်းနိုင်ငံမှ မွေထိုင်းချန်ပီယံများမှာလည်း အိမ်နီးချင်းမြန်မာနိုင်ငံသို့သွားရောက်၍ ထိုးသတ်မှုများမှာ ယခုနောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။ ထွန်းထွန်းမင်းကတော့ မွေထိုင်းသမား ၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ယူခဲ့သည်။

    ထို့ပြင် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း စောငမန်း၊ နာမည်ကြီးလက်ဝှေ့သမား တူးတူးတို့နှင့်လည်း ထွန်းထွန်းမင်းတစ်ယောက် တွေ့ဆုံထိုးသတ်ခဲ့ပြီး ဖြစ်သည်။

    မြန်မာလှက်ဝှေ့၏ သမိုင်းကြောင်းမှာ အလွန်ရှည်ကြာ ခိုင်မာလေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမှ စေတီပုထိုးများရှိ ပန်းပုလက်ရာများတွင် အမျိုးသားနှစ်ဦး တိုက်ခိုက်မည့်ဟန်ပန်များကို တွေ့ရပြီး၊ မြန်မာလက်ဝှေ့သက်တမ်းမှာ နှစ်ပေါင်းထောင်ကျော် ကြာမြင့်နေပြီဆိုသည်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

    ယနေ့ခတ်တွင် မြန်မာလက်ဝှေ့က နိုင်ငံအရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရှင်သန်နေသည်။ ထိုဒေသများ၌ ဘုန်းကြီးပျံပွဲမှအစ နှစ်သစ်ကူးပွဲများအထိ လက်ဝှေ့ပွဲများက မပါမဖြစ်ပါကြသည်။

    ကြိုးဝိုင်းနှင့်အနီးဆုံးတွင် ကြည့်ရှုသည့် ပရိတ်သတ်များမှာ အရိုးကြိုသံများကို ကြားရလောက်သည်အထိ၊ သွေး၊ ချွေးနှင့် တံတွေးများ မြင်ရလောက်သည်အထိ မြန်မာ့လက်ဝှေ့က ပြင်းထန်လေသည်။ ထိုလက်ဝှေ့ပွဲများတွင် အသက် ၁၀ နှစ်အရွယ် ယောက်ျာလေးငယ်များ ပါဝင်ထိုးသတ်မှုမှာလည်း မြန်မာနိုင်ငံတွင် အဆန်းမဟုတ်တော့။

    ၃ မိနစ် ငါးချီပြည့်တွင် မည်သူမှ အလဲမထိုးနိုင်ပါက ပွဲကို သရေအဖြစ် သတ်မှတ်သည်။

    မကြာသေးမီကာလအထိ မြန်မာ့လက်ဝှေ့ကြိုးဝိုင်းများတွင် နိုင်ငံခြားသားများ ၀င်ရောက်ထိုးသတ်မှုမှာ နည်းပါးသော်လည်း ယခုနောက်ပိုင်းတွင်တော့ ပြောင်းလဲမှုများ လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။

    လက်ဝှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဇင်လင်းထွန်းက မြန်မာ့လက်ဝှေ့တွင် နိုင်ငံခြားသားများ ပထမဆုံး ပါဝင်ထိုးသတ်မှုမှာ ၁၉၉၀ ပြည့်နှစ်များတွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံမှ အဓိကလာရောက်ကြခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ သြစတေးလျ၊ မက္ကဆီကိုနှင့် ကော်စတာရီကာတို့မှ လက်ဝှေ့သမားများကလည်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ လာရောက်ထိုးသတ်ကြသည်။

    စစ်အာဏာရှင်အုပ်ချုပ်သည့် စနစ်မှ အရပ်သားတစ်ပိုင်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသည့် နိုင်ငံရေးအရွေ့ကလည်း မြန်မာ့လက်ဝှေ့လားရာ ပြောင်းလဲမှုကို အကူအညီဖြစ်စေခဲ့သည်။

    “သူတို့က ဒါဟာ အပြင်းထန်ဆုံး ကိုယ်ခံပညာလို့ ထင်ကြတယ်။ ပြီးတော့ မြန်မာ့လက်ဝှေ့မှာအနိုင်ရပြီး သူတို့ ဘယ်လောက် ကြံ့ခိုင်သန်မာစေတယ်ဆိုတာကို ပြချင်ကြတယ်လေ” ဟု ဇင်လင်းထွန်းက ပြောကြားခဲ့သည်။

    ရည်မှန်းချက်ကြီးမား

    lw 2
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအား လေ့ကျင့်ရေးရုံ၌ တွေ့ရစဉ်

    ထွန်းထွန်းမင်း၏ ယခုနှစ်အတွင်းထိုးသတ်မှုများက မြန်မာလက်ဝှေ့လောက ပြောင်းလဲမှု၏ သက်သေပင်ဖြစ်သည်။

    “အခုနှစ်အတွင်းမှာ ကျွန်တော် ၉ ပွဲထိုးခဲ့တယ်။ မြန်မာနိုင်ငံကပြိုင်ဘက် တစ်ယောက်မှ မပါပါဘူး။ အားလုံး တစ်ခြားနိုင်ငံတွေကပဲ” ဟု ထွန်းထွန်းမင်းက ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်က မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သည့် ထွန်းထွန်းမင်းကဲ့သို့ မြန်မာလက်ဝှေ့သမားများအတွက် နိုင်ငံခြားပြိုင်ဘက်များက မြန်မာ့လက်ဝှေ့အဆင့်အတန်းအား နိုင်ငံတကာက အသိအမှတ်ပြုမှု တိုးတက်လာစေရေးတွင် အထောက်အကူဖြစ်စေလေသည်။

    ချို့ချို့တဲ့တဲ့ဖြင့် မွေးဖွားကြီးပြင်းခဲ့ရပြီး လက်ဝှေ့သမားတစ်ယောက်၏ သားဖြစ်သူ ထွန်းထွန်းမင်းမှာ လက်ဝှေ့စတင်ထိုးသတ်သည့်အချိန်က ၁၀၀၀ ကျပ်သာ ရရှိခဲ့သည်။

    “အခုတော့ တစ်ပွဲကို ၆၅ သိန်းလောက် ကျွန်တော်ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လက်ဝှေ့သမားတစ်ယောက်အတွက် အမြင့်ဆုံးကြေးပါပဲ” ဟု ထွန်းထွန်းမင်းက ဖွင့်ဟခဲ့သည်။

    မြန်မာ့လက်ဝှေ့အားကစားအား ကမ္ဘာအဆင့်အထိရောက်ရှိအောင် ဆောင်ရွက်သွားရန်လည်း ထွန်းထွန်းမင်းက ရည်ရွယ်ထားသည်။

    မြန်မာ့လက်ဝှေ့မှာ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်း ခံရရန် အချိန်ကြာမြင့်အုံးမည်ဖြစ်သည်။

    “မြန်မာ့လက်ဝှေ့ ကမ္ဘာ့အဆင့်အထိရောက်ဖို့ဆိုရင် အစိုးရနဲ့ အခြားသော အသင်းအဖွဲ့တွေက အားပေးကူညီ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်” ဟု မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်မှ စိုင်းဇော်ဇော်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို အားပေးလာခြင်းနှင့်အတူ တနင်္ဂနွေနေ့ လက်ဝှေ့ပွဲများအား ကြည့်ရှုအားပေးသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်လာခဲ့သည်။

    အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သော ဂျူလီယန် အဲလက်စ်ကတော့ ခံစားမှုမျိုးစုံ ရှိနေ၏။

    “မြန်မာ့လက်ဝှေ့ကို ကျွန်တော်ကြိုက်ပေမယ့် လှလှပပ ထိုးသတ်တာမျိုးကို ကျွန်တော် ကြည့်ချင်ပါတယ်။ ဒါပေမယ့် မြန်မာလက်ဝှေ့သမားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုပြီး အရမ်းလည်း သတ္တိရှိကြပါတယ်” ဟု အဲလက်စ်က ပြောကြားခဲ့လေသည်။

    (Dailymail တွင် ဖော်ပြသည့် Foreigners drawn to Myanmar’s bone-crunching kickboxing ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • Miss Universe ဆုရှင် ဖိလစ်ပိုင်မယ်က မေ၀ယ်သာအား မိမိရှုံးနိမ့်မှုကို လက်စားချေခဲ့ခြင်းဟု ပက်ကွီအို ပြော

    Miss Universe ဆုရှင် ဖိလစ်ပိုင်မယ်က မေ၀ယ်သာအား မိမိရှုံးနိမ့်မှုကို လက်စားချေခဲ့ခြင်းဟု ပက်ကွီအို ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    miss
    ဖိလစ်ပိုင်မယ်အား သရဖူလွှဲပြောင်းပေးနေစဉ်

    – ၂၀၁၅ မယ်စကြာဝဠာ (Miss Universe 2015) ပြိုင်ပွဲတွင် သရဖူရခဲ့သည့် ဖိလစ်ပိုင်အလှမယ်ကို လက်ဝှေ့ကျော် ပက်ကွီအိုက ချီးကျူးလိုက်ပြီး သူမ၏ အငြင်းပွားဖွယ် သရဖူရရှိမှုက ဖလွိုက်မေ၀ယ်သာအား မိမိ ရှုံးနိမ့်ခဲ့မှုကို လက်စားချေလိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့သည့် အဆိုပါ အလှမယ်ပြိုင်ပွဲတွင် အစီအစဉ်ကြောငြာသူက ကိုလံဘီယာမယ် အရီယဒ်နာ ဂူတီယာရက်ဇ်အား သရဖူရှိသူအဖြစ် မှားယွင်းကြေငြာမိခဲ့ပြီး နောက်ပိုင်းမှ ၂၀၁၅ ခုနှစ် မယ်စကြ၀ဠာမှာ ဖိလစ်ပိုင်မယ်
    ပီယာ ၀ါ့တ်ဘက်ခ်ျဖြစ်သည်ဟု ပြန်လည်ကြေငြာခဲ့သည်။

    “ဖိအားတွေအောက်မှာ သတ္တိရှိခြင်းဟာ ဂုဏ်ကျက်သရေပါပဲ။ ဒါကို ပီယာက မယ်စကြ၀ဠာအသစ်အဖြစ် သရဖူယူရခဲ့တဲ့ ရှုပ်ထွေးမှု၊ အငြင်းပွားမှုတွေကြားမှာ ပြသခဲ့ပါတယ်။ မေလမှာ မေ၀ယ်သာကို ကျွန်တော်ရှုံးနိမ့်ခဲ့တာကို သတိရပါ။ အဲဒီအရှုံးကိုလက်စားချေပေးမယ်လို့ ဖိလစ်ပိုင်နိုင်ငံသားတွေကိုပေးခဲ့တဲ့ သူမရဲ့ ကတိကို Miss Universe ပြိုင်ပွဲမှာ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်” ဟု ပက်ကွီအိုက ပြောကြားခဲ့သည်။

    မေ၀ယ်သာနှင့်ပြီးနောက် ပုခုံးဒဏ်ရာကြောင့် အနားယူခဲ့ရသည့် ပက်ကွီအိုမှာ လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ၎င်းနှင့်ထိုးသတ်မည့်သူကို ယခုအချိန်အထိ ကြေငြာခြင်း မရှိသေးပေ။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကမူ ပက်ကွီအိုနှင့် ထိုးသတ်ချင်နေသော်လည်း ပက်ကွီအို၏ ပြိုင်ဘက်မှာ တီမိုသီ ဘရက်ဒလေ သို့မဟုတ် တီရန့်စ် ကရောဖို့ဒ်တို့နှစ်ဦးမှ တစ်ဦးသာဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref: Dailymail

  • ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖျူရီ ခါးပတ်တစ်ခု ရုပ်သိမ်းခံရ

    ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖျူရီ ခါးပတ်တစ်ခု ရုပ်သိမ်းခံရ

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    box

    – ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်ကမှ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖြစ်လာခဲ့သော ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီမှာ ၎င်း၏ IBF ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံလိုက်ရသည်ဟု သိရသည်။

    ဖျူရီမှာ ၁၀ စုနှစ်တစ်ခုကြာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းထားနိုင်ခဲ့သည့် ယူကရိန်းလက်ဝှေ့ကျော် ၀လာဒီမီရ် ကလစ်ရှ်ကိုအား ပြီးခဲ့သည့်လက ဂျာမနီတွင် အမှတ်ဖြင့် အနိုင်ထိုးသတ်ကာ WBO၊ WBA၊ IBO နှင့် IBF တို့၏ ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်များကို ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်းဖြစ်သည်။

    IBF မှာ ၎င်းတို့၏ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့အတွက် စိန်ခေါ်သူ ယူကရိန်းနိုင်ငံသား ယာချက်စ်လက်ဗ် ဂလာ့ဇ်ကော့ဗ်နှင့် ထိုးသတ်ရန် တောင်းဆိုခဲ့သော်လည်း ကလစ်ရှ်ကိုနှင့် ချုပ်ဆိုခဲ့သည့်စာချုပ်တွင် နောက်တစ်ပွဲထပ်မံထိုးသတ်ရန် ဖျူရီက သဘောတူညီထားခဲ့ခြင်းကြောင့် IBF ၏ တောင်းဆိုမှုကို လိုက်လျောနိုင်ခြင်းမရှိခဲ့ပေ။

    ထိုအချက်ကြောင့် IBF က ၎င်းတို့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး အဆိုပါ ချန်ပီယံဘွဲ့အတွက် ကလာ့ဇ်ကော့ဗ်နှင် ချားလ်းစ် မာတင်တို့အား ယှဉ်ပြိုင်စေမည်ဖြစ်သည်။

    IBF ၏ ထိုလုပ်ရပ်ကို ဖျူရီ၏ ပွဲစီစဉ်သူ မစ်က် ဟန်နက်စီက ဝေဖန်ပြောကြားခဲ့သည်။

    “ကျွန်တော့်အမြင်ပြောရရင် IBF ဟာ သူတို့ကိုယ်သူတို့ ရှက်သင့်ပါတယ်။ ပထမတုန်းက သူတို့ဟာ နှစ်ကိုယ်ကြားဆွေးနွေးဖို့ ခေါ်တယ်။ ပြီးတော့ပြန်ဖျက်တယ်။ ကမ်းလှမ်းမှုထပ်လုပ်တယ်။ အဲဒါလည်း ပြန်ဖျက်ပါတယ်။ နောက်တော့ ဖျူရီက ၀င်စွက်လို့မရတဲ့ကိစ္စအတွက် ချန်ပီယံဘွဲ့ကို ရုပ်သိမ်းလိုက်ပါတယ်”

    Ref: Dailymail