News @ M-Media
Tag: Business
  • တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်
    တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်
    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media
    yuan
    – နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF သည် တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေးစာရင်းထဲသို့ တနင်္လာနေ့ (ယနေ့) တွင် ထည့်သွင်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။
    ထိုကဲ့သို့ အတည်ပြုလိုက်ပါက တရုတ်ယွမ်ငွေမှာ ကမ္ဘာ့ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင်၊ ဂျပန်ယန်းတို့နှင့်အတူ SDR စာရင်းတွင်ပါဝင်မည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က အမေရိကန်၏ စီးပွားရေးစိုးမိုးမှုကို အဓိကစိန်ခေါ်နေသော ကမ္ဘာ့စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ၏ အခြေအနေကို မြှင့်တင်ပေးရာ ရောက်စေမည်ဖြစ်သည်။
    IMF အမှုဆောင်ဘုတ်အဖွဲ့သည် ယွမ်ငွေကို နိုင်ငံတကာသုံး ငွေကြေးစာရင်းသို့ ပေါင်းထည့်ရန် အကြံပြုချက်အား လက်ခံမည် ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ချက်ချရန် တွေ့ဆုံမည်ဖြစ်သည်။ လက်ခံမည်ဆိုပါက ကိုင်တွယ်အအသုံးပြုသူများ ပြင်ဆင်နိုင်ရေးအတွက် အချိန်ပေးရမည်ဖြစ်သောကြောင့် လာမည့်နှစ် စက်တင်ဘာ ၃၀ ထက်နောက်မကျသည့် အချိန်ကာလအတွင်း ယွမ်ငွေကို အမှန်တကယ် ပေါင်းထည့်နိုင်မည်ဖြစ်သည်။
    ရုရှားမှာ ၂၀၁၆ တွင် တရုတ်ယွမ်ငွေ သန်း ၆ ထောင်ခန့် (ကန်ဒေါ်လာ ၉၃၈ သန်း) တန်သည့် ငွေတိုက်စာချုပ်များ ထုတ်ဝေမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ရုရှားဘဏ်သည် နိုင်ငံခြားအရံငွေလဲလှယ်ရေးတွင် ယွမ်ငွေအား ပါဝင်စေမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပြီးပြီဟု ရုရှား ဘဏ္ဍာရေးဝန်ကြီး မက္ကဇင်အော်ရက်ကင်က ကြေညာခဲ့သည်။
    အမေရိကန်သည် တရုတ်၏ကြီးထွားလာသော ဘဏ္ဍာရေးသြဇာကို သတိထားနေရပြီး ကန်ဒေါ်လာသည်ပင် ထွန်းသစ်စ စီးပွားရေးများက ၎င်းတို့၏ ပြည်နယ်ငွေကြေးများကို ကုန်သွယ်မှုတွင် ပြောင်းလဲသုံးစွဲလာသည့် အဓိကစိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရသည်။
    Ref: Press TV
  • အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ်ကို ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည်
    အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ်ကို ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည်
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    dubai
    – ၆ ကြိမ်မြောက် အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ် ABLF ကို ယူအေအီး ယဉ်ကျေးမှု၊ လူငယ်နှင့် လူမှုဖွံ့ဖြိုးရေးဌာန
    ဖိုရမ်၏ ခေါင်းစဉ်မှာ Technology  and  Disruptive  Innovation  in  21st  Century  Asia ဖြစ်ပြီး ထိုဖိုရမ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အာရှတွင် ပိုကောင်းသည့်အနာဂတ်ကို ဖန်တီးရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု နဟ်ယန်က ထည့်သွင်း ပြောကြားခဲ့သည်။
    ABLF 2015 ဖိုရမ် ကျင်းပမှုတွင် ဒူဘိုင်းကုန်သည်ကြီးများအသင်းကလည်း မိတ်ဖက်အဖြစ် ပါဝင်မည်ဖြစ်ပြီး အာရှမှ စီးပွားရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ တက်ရောက်မည်ဖြစ်ကာ ယူအေအီးတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ရေးနှင့် ကမ္ဘာ့စီးပွားရေးစင်တာသစ်အဖြစ် အသက်သွင်းရေးတို့ကို ရည်ရွယ် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
    အဆိုပါ ဖိုရမ်ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့မှတစ်ဆင့် ယူအေအီးက အခြားသော အာရှနိုင်ငံများနှင့် စီးပွားရေး ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အာရှ၏ လာမည့်ရာစုနှစ်များတွင် ပိုမို မျှတပြီး တာဝန်ယူနိုင်စွမ်းရှိသည့် အနာဂတ်ကို မောင်းနှင်ပေးမည့် ခိုင်မာသော တိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
    ပြီးခဲ့သည့်နှစ်များအတွင်း ပြုလုပ်ခဲ့သည့် ABLF ဖိုရမ်များတွင် ထိပ်တန်းစီးပွားရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်း ၂၇၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး အာရှနိုင်ငံပေါင်း ၁၄ နိုင်ငံတွင် စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ အုပ်ချုပ်ရေးနှင့် ပေါ်လစီ ရေးကာ ဖိုရမ်ပေါင်း ၂၃ ခုကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့ပြင် ABLF စွမ်းဆောင်ရှင်များဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်ပေါင်း ၆၈ ဦးက ဆွတ်ခူးရရှိခဲ့သည်။
    ယခုနှစ် ဖိုရမ်တွင်မူ အမျိုးသမီးများ ခေါင်းဆောင်မှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
    ကမ္ဘာကြီးတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အပြောင်းအလဲက အာရှနိုင်ငံအတွင်း စီးပွားရေးနှင့် တိုးတက်မှုများ၊
    ရေရှည်ခံသည့် ဖွံ့ဖြိုးမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ နည်းလမ်းများ၊ အယူအဆများတွင် မည်ကဲ့သို့ ပြောင်းလဲသည်ဆိုသည်ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
    Ref: IINA News
  • ဂရိ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အောင်မြင်
    ဂရိ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အောင်မြင်
    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media
    eru
    – ဥရောပမှ ကြွေးရှင်များနှင့် သဘောထူညီထားသည့် ဆောင်ရွက်မှုများမှ ပထမအဆင့် ပြုပြင်ပြောင်းလဲမှု အားလုံးကို ဂရိနိုင်ငံက ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် နောက်ထပ် နှစ်ရှည်ချေးငွေများ ထပ်ရမည်ဟု ဥရောပဇုန် ဘဏ္ဍာရေးဝန်ကြီးများအဖွဲ့မှ အကြီးအကဲ ဂျီရိုအန် ဒစ်ဂ်ျဆဲလ် ဘရိုအမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    အကြွေးပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဂရိအစိုးရမှာ ပြည်သူ့ဘဏ္ဍာရေး စနစ်များကို စနစ်ကျစွာ ဆောင်ရွက်ကာ တိုင်းပြည်၏ စီးပွားရေးကိုလည်း ပိုမိုလွယ်ကူအောင်နှင့် ယှဉ်ပြိုင်စွမ်းရှိအောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဥရောပမှ ဂရိနိုင်ငံအား ငွေကြေးအကူအညီပေးရေး အဖွဲ့ဖြစ်သည့် ESM မှ တတိယမြောက် ငွေကြေးအကူအညီကို ထပ်ရမည်ဖြစ်သည်။
    ESM မှာ ဂရိအား ငွေကြေးထောက်ပံ့မှုအတွက် ယူရို ၁၀ ဘီလီယံ လျာထားပြီး ဂရိဘဏ်များက ဥရောဇုန်မှ ငွေကြေးလိုအပ်ချက်မှာ ယူရို ၆ ဘီလီယံမှ ၉ ဘီလီယံအထိ ရှိမည်ဟု ဥရောပတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • တရုတ်ယွမ်ငွေ ၁၀၀ တန်အသစ် ပြဿနာတက်နေ
    တရုတ်ယွမ်ငွေ ၁၀၀ တန်အသစ် ပြဿနာတက်နေ
    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    yun
    ၁၀၀ တန်သစ် (အပေါ်) နှင့် အဟောင်း (အောက်)
    – အတုထုတ်၍ မရအောင် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ရိုပ်နှိပ်ကာ ကြာသာပတေးနေ့တွင် ဖြန့်ချီခဲ့သည့် တရုတ်ယွမ်ငွေ ၁၀၀ တန်ကို ငွေသားသွင်းစက်များက လက်မခံဟု သတင်းများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။
    အစိုးရကမူ ထို ၁၀၀ တန်ကို ငွေသားထည့်သွင်းသည့်စက်များ၌ အလွယ်တကူ လက်ခံနိုင်ရန်နှင့် အတုအစစ်ကို ပြည်သူများက အလျင်အမြန်ခွဲခြားနိုင်ရန် ထုတ်လုပ်ထားပြီး လုံခြုံရေးနည်းပညာများလည်း ပိုမိုပါဝင်သည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း အချို့သောဘဏ်များမှ ATM စက်များတွင် ထို ၁၀၀ တန်အသစ်ကို လက်မခံမှုများ ရှိနေသည်ဟု တရုတ်ပြည်တွင်း သတင်းများက ဖော်ပြကြသည်။ ဘဏ်တစ်ခုမှ အမှုဆောင်တစ်ဦးကမူ အဆိုပါ ၁၀၀ တန်များအား လက်ခံနိုင်ရေး ATM များကို အဆင့်မြှင့်တင်မှုမှာ ရက်အနည်းငယ်ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။
    ပြည်သူများကလည်း ၁၀၀ တန်အသစ်ကို ငွေကြေးအတုအစစ်ခွဲသည့် စက်တွင် စမ်းသပ်ရာ၌ သတိပေးချက်များ ပေါ်ထွက်လာခြင်းကြောင့် ဆူပါမားကတ်များက လက်မခံဟု တိုင်ကြားခဲ့ကြသည်။ အာဏာပိုင်များက နှိမ်နှင်းမှုများ ပြုလုပ်နေသော်လည်း ငွေကြေးအတုလုပ်မှုမှာ တရုတ်နိုင်ငံတွင် မြင့်တက်လျက်ရှိသည်။
    Ref: Channelnewsasia
  • မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်
    မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်
    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ ယနေ့တွင်စတင်မည့် ဗြိတိန်သို့ ၃ ရက်တာ အလည်အပတ်ခရီးတွင် အိန္ဒိယစစ်တပ်အတွက် BAE Systems Hawk လေ့ကျင့်ရေး ဂျက်လေယာဉ်များ ၀ယ်ယူခြင်းအပါဝင် ကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ရှိနေသည်ဟု သိရသည်။
    မိုဒီ၏ ထိုခရီးစဉ်မှာ ၁၀ နှစ်နီးပါးကာလအတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဗြိတိန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ ဘုရင်မကြီးနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် မိုဒီတာဝန်ယူစဉ် ၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအတွက် လွန်ခဲ့သည့် ၃ နှစ်အထိ မိုဒီမှာ ဗြိတိန်သို့ လာရောက်ခွင့် ပိတ်ပင်ခံထားရသူဖြစ်သည်။
    အိန္ဒိယမှာ ကမ္ဘာပေါ်တွင် န၀မမြောက် စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်ပြီး ဗြိတိန်မှာမူ ပဉ္စမမြောက် စီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပြဿနာပြီးနောက်ပိုင်း ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုအား တွန်းလှန်ရန်အတွက် ဗြိတိန်အစိုးရမှာ နိုင်ငံရပ်ခြားနှင့် ကုန်သွယ်ရေးကို တိုးမြှင့်ရန် ကြိုးစားနေသည်။
    ဗြိတိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ယခုနှစ်တွင် အိန္ဒိယနှင့် ကုန်သွယ်ရေးအား ၂ ဆတိုးမည်ဟု ၂၀၁၀ ခုနှစ်က ကတိပြုထားသည်။ ထို့ပြင် အိန္ဒိယသို့ ၃ ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။
    Ref: Channelnewsasia