News @ M-Media

Tag: China

  • တောင်တရုတ်ပင်လယ်ကိစ္စ ရှေ့တိုးလျှင် စစ်တိုက်မည်ဟု ဖိလစ်ပိုင်ကို တရုတ် သတိပေးထား

    တောင်တရုတ်ပင်လယ်ကိစ္စ ရှေ့တိုးလျှင် စစ်တိုက်မည်ဟု ဖိလစ်ပိုင်ကို တရုတ် သတိပေးထား

    မေ ၂၀၊ ၂၀၁၇
    M-Media

    – တောင်တရုတ်ပင်လယ်၏ အငြင်းပွား အစိတ်အပိုင်းနှင့်ပတ်သက်၍ သည်ဟေ့ဂ်ရှိ ခုံသမာဓိရုံးက ဆုံးဖြတ်မှုကို လိုက်နာပြီး၊ ထိုနယ်ပယ်တွင် ရေနံတူးဖော်မည်ဆိုပါက စစ်တိုက်ရမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မိမိအား ပြောကြားခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ထုတ်ဖော်ပြာဆိုလိုက်သည်။

    ခုံသမာဓိရုံးက ဆုံးဖြတ်ချက် ထွက်ထားသော်လည်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ဖိဖိစီးစီး ဆောင်ရွက်မှုမရှိဆိုသည့် ပြည်တွင်းမှ ဝေဖန်သူများကို ယမန်နေ့ ပြန်လည်တုန့်ပြန်ရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ဖြင်းဖြစ်သည်။

    ဒူတာတေးက ၎င်းမှာ တနင်္လာနေ့တွင် ဘေဂျင်း၌ ရှီနှင့် တွေ့ဆုံစဉ် ထိုကိစ္စအား ဆွေးနွေးခဲ့ပြီး၊ ရယ်ရယ်မောမောနှင့် ပြတ်ပြတ်သားသား သတိပေးခံခဲ့ရသည်ဟု ဆိုသည်။

    “အဲဒီမှာ ရေနံတူးဖို့ ကျွန်တော်တို့ ဆန္ဒရှိတယ်။ ဒါက ခင်ဗျားဟာဆိုရင် ခင်ဗျားကိစ္စပဲ။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ဒါက ကျွန်တော်တို့ပိုင်နက်ဖြစ်တာကြောင့် ဒီအထဲမှာ တစ်ခုခုရှိမယ်ဆိုရင် ကျွန်တော်တို့ တူးသွားမယ်လို့ပြောတယ်။ သူက ကျွန်တော်တို့ဟာ မိတ်ဆွေတွေပဲ။ ခင်ဗျားနဲ့ ရန်မဖြစ်ချင်ဘူး။ လက်ရှိ နွေး
    ထွေးတဲ့ဆက်ဆံရေးကို ကျွန်တော်တို့ ထိန်းသိမ်းထားချင်တယ်။ ဒါပေမယ့် ခင်ဗျားက အတင်းလုပ်လာရင်တော့ ကျွန်တော်တို့ စစ်ဖြစ်ရလိမ့်မယ်” ဟု ၎င်းနှင့် ရှီ၏ တောင်တရုတ်ပင်လယ်ကိစ္စ ပြောကြားမှုကို ဒူတာတေးက ပြန်လည် ပြောဆိုခဲ့သည်။

    ဒူတာတေးမှာ ရှီကို လေးစားသည်ဟု ယခင်က ပြောကြားထားမှုများ ရှိပြီး၊ ပထမဆုံး နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအောင်လုပ်ကာ နောက်ဆုံးတွင် ခုံသမာဓိရုံးကိစ္စကို ဆောင်ရွက်သွားမည်ဟု ပြောကြားဖူးသည်။ ဖိလစ်ပိုင်မှာ တရုတ်နိုင်ငံမှ နှစ်ရှည်ချေးငွေများနှင့် အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုအတွက် ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိရန် မျှော်လင့်နေသည်။

    Ref: Aljazeera

  • အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – အရှေ့တရုတ်ပင်လယ်တွင် အမေရိကန် ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို တရုတ် တိုက်လေယာဉ် ၂ စင်းက ကြားဖြတ်နှောက်ယှက်ခဲ့ပြီး အမေရိကန်က ထိုလုပ်ရပ်မှာ တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အမေရိကန်၏ WC-135 လေယာဉ်မှာ ဗုဒ္ဓဟူးနေ့က အရှေ့တရုတ်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် တရုတ်၏ Sukhoi Su-30 တိုက်လေယဉ် ၂ စင်းက ပျံတက်လာကာ ထိုထဲမှ တစ်စင်းမှာ ၄၆ မီတာအနီးထိ ကပ်၍ ပြောင်းပြန် ပျံသန်းမှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “ဒီပြဿနာကို တရုတ်နဲ့ သင့်လျော်တဲ့ သံတမန်ရေးနည်းလမ်း၊ စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ဖြေရှင်းနေပါတယ်” ဟု အမေရိကန်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး လိုရီ ဟုဂ်ျက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်းက ထိုကိစ္စနှင့်တပ်သက်၍ မှတ်ချက်မပေးခဲ့ဘဲ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနသို့ ညွှန်းခဲ့ပြီး ၀န်ကြီးဌာနကလည်း မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    “အရင်တုန်းကတည်းက အမေရိကန်သင်္ဘောတွေ၊ လေယာဉ်တွေဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်တာမျိုးတွေ ရှိခဲ့ပြီး ဒါမျိုးက နားလည်မှုလွဲတာ၊ ကောက်ချက်ချမှုလွဲတာ၊ ပင်လယ်ပြင်နဲ့ ဝေဟင်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်မျိုးတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ ထိုက်သင့်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုမျိုးကို လေးစားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဟွာချွမ်ယင်းက ပြောကြားခဲ့သည်။

    အမေရိကန်ရုပ်သံဌာန NBC က အဆိုပါထောက်လှမ်းရေးလေယာဉ်မှာ နိုင်ငံတကာ လေပိုင်နက်တွင် နေ့စဉ် လုပ်ငန်းများ လုပ်ဆောင်နေစဉ် ထိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ‘အနံ့ခံလေယာဉ်’ ဟု ခေါ်သည့် အဆိုပါ WC-135 လေယာဉ်မှာ လေထုအတွင်း နျူလှုပ်ရှားမှု လက္ခဏာများ ရှိ၊ မရှိကို စစ်ရန် ဒီဇိုင်ထွင်ထားခြင်းဖြစ်သည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် ဆက်လက်ကူညီမည်ဟု တရုတ်ပြော

    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် ဆက်လက်ကူညီမည်ဟု တရုတ်ပြော

    မေ ၁၇၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံက ဆက်လက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ယမန်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး နှစ်ဖက်ထိစပ်နေသည့် နယ်နမိတ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းသွားရန်လည်း တိုက်တွန်းခဲ့သည်။

    တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနယ်စပ်၌ မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ တရုတ်ဖက်သို့ ထွက်ပြေးခိုလှုံခဲ့ရပြီးနောက်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာအစိုးရ စစ်တပ်အကြား အပစ်ရပ်ရေးအတွက် တရုတ်က ဆော်သြမှုများ၊ နယ်စပ်တွင် စစ်ရေးလေ့ကျင်
့မှုများ ပြုလုပ်ခဲ့သည်။

    ဘေဂျင်း၌ ကျင်းပပြုလုပ်ခဲ့သည့် Belt and Road ထိပ်သီးအစည်းအဝေးပွဲပြီးနောက် ရှီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

    “မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ပေးသွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ရှီ၏ ပြောကြားမှုကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအား မည်သို့သော အကူအညီများ ပေးမည့်ဆိုသည့် ကိစ္စကို ဖြော်ပခဲ့ခြင်း မရှိပေ။

    နယ်စပ်တစ်လျှောက် မကြာခဏ တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိသည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြားထားပြီး ၂၀၁၅ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများကြောင့် တရုတ်ဖက်ကို ကျည်ဆံကျကာ လူ ၅ ဦး သေဆုံးခဲ့သည်။

    Belt and Road ဖွံ့ဖြိုးရေး စီမံကိန်းအတွက်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း၊ နယ်စပ်ဒေသတွင် တည်ငြိမ်ရေး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်လကလည်း မြန်မာနိုင်ငံအနောက်ပိုင်း ရိုဟင်ဂျာများ၏ ပြဿနာအတွက် သံတမန်နည်းအရ ဖြေရှင်းရေးတွင် ပါဝင်ကူညီမည်ဟု ကမ်းလှမ်းခဲ့သည်။

    Ref: The Star

  • ခေတ်သစ်ပိုးလမ်းမကြီးအတွက် တရုတ်က ဒေါ်လာ ဘီလီယံရာချီ ကူညီမည်

    ခေတ်သစ်ပိုးလမ်းမကြီးအတွက် တရုတ်က ဒေါ်လာ ဘီလီယံရာချီ ကူညီမည်

    မေ ၁၄၊ ၂၀၁၇
    M-Media

    – ခေတ်သစ် ပိုးလမ်မကြီးအတွက် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁၂၄ ဘီလီယံ အသုံးပြုမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီနေ့မှာ ကတိပြုပြောကြားလိုက်ပြီး၊ ဒီပိုးလမ်းမကြီးအစီအစဉ်မှာ အရင်က ပုံစံဟောင်းလို ပြိုင်ဆိုင်မှု၊ သံတမန်ရေးရာ အားပြိုင်မှုတွေကို စွန့်လွှတ်ဖို့လည်း ဆော်သြခဲ့ပါတယ်။

    ကမ္ဘာ့ နိုင်ငံပေါင်း ၂၉ နိုင်ငံက ခေါင်းဆောင်တွေ၊ ထိပ်တန်း အစိုးရတာဝန်ရှိသူတွေ၊ ကုလ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က တာဝန်ရှိသူတွေ တက်ရောက်ပြီး ဘေဂျင်းမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒီလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးမှာ ၂ ရက်တာ ကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ခေါင်းဆောင်ဖြစ်ရေး ရည်မှန်းချက်တွေကို အားကောင်းစေဖို့ ရည်ရွယ်တာပါ။

    ၂၀၁၃ ခုနှစ်မှာ ရှီဟာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေဖို့ နည်းလမ်းသစ်အဖြစ် Belt and Road စီမံကိန်းကို စတင်ကြေငြာခဲ့ပြီး အာရှ၊ အာဖရိက၊ ဥရောပနဲ့ အခြားဒေသတွေအကြား ချိန်ဆက်နိုင်မယ့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုကို ရည်ရွယ်တာ ဖြစ်ပါတယ်။

    ရှီက ပွင့်လင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး၊ မျှတဆီလျော်ပြီး ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေ ပေါ်ထွက်လာရေး စနစ်တွေ တည်ဆောက်ရေးကိုလည်း တိုက်တွန်းအားပေးခဲ့ပါတယ်။

    ခေတ်သစ် ပိုးလမ်းမကြီး အားကောင်းစေရေး တရုတ်နိုင်ငံက ကတိပြုခဲ့တဲ့ ငွေပမာဏမှာ လက်ရှိ ရန်ပုံငွေအတွင်း ယွမ် ၁၀၀ ဘီလီယံ (ကန် ၁၄.၅၀ ဘီလီယံ) ထည့်သွင်းကာ၊ ပေါ်လစီ ဘဏ်နှစ်ခုက ကာလရှည်ချေးငွေ ယွမ် ၃၈၀ ဘီလီယံ၊ ပိုးလမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ နိုင်ငံတကာ အသင်းအဖွဲ့တွေကို ကူညီဖို့အတွက် ယွမ် ဘီလီယံ ၆၀ တို့ ပါဝင်မှာ ဖြစ်ပါတယ်။

    နောက်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ ယွမ်ငွေအခြေပြု စီးပွားရေးတွေ ယွမ် ဘီလီယံ ၃၀၀ အထိ ချဲ့ထွင်ဖို့အတွက် တရုတ်နိုင်ငံက အားပေးသွားမယ်လို့လည်း ရှီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ဒီ နှစ်ရှည်ချေးငွေ၊ အကူအညီနဲ့ ရန်ပုံငွေအတွက် အချိန် အတိအကျကိုတော့ မပြောခဲ့ပါဘူး။

    ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးက တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းမှာ မိမိတို့က ကြားနေ မိတ်ဖက်အဖြစ် ရှိနေမှာဖြစ်ပြီး တရုတ်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်သမ္မတ နာဝဇ် ရှရစ်ဖ်ကတော့ တရုတ်နိုင်ငံရဲ့ “ရည်မှန်းချက်နဲ့ စွမ်းရည်” တွေကို ချီးကျူးခဲ့ပါတယ်။

    အမေရိကန် အိမ်ဖြူတော်အကြံပေး မတ် ပိုတင်ဂါက Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံက ဆောင်ရွက်မှုကို ကြိုဆိုပြီး အမေရိကန်ကုမ္ပဏီတွေကလည်း ထိပ်တန်းဝန်ဆောင်မှုတွေကို ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

    Ref: Reuters

  • တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    မေ ၅၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်၏ ပထမဆုံးခရီးစဉ်မှာ အောင်မြင်ခဲ့ပြီး ကမ္ဘာ့လေကြောင်းကဏ္ဍကို ကြီးစိုးထားသော Boeing နှင့် Airbus ကုမ္ပဏီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    C919 ဟု အမည်ပေးထားသည့် အဆိုပါလေယာဉ်မှာ လေကြောင်းဈေးကွက်သို့ ၀င်ရောက်ရန် တရုတ်နိုင်ငံ၏ ဆန္ဒပြင်းပြမှု အဓိက ပြယုဂ်ဖြစ်ပြီး ယနေ့တွင် မိနစ် ၉၀ ကြာ လေပေါ်တွင် ပျံဝဲခဲ့ပြီးနောက် ရှန်ဟိုင်းရှိ ပူဒေါင် လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

    နိုင်ငံပိုင် Comac လေကြောင်းကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါလေယာဉ်ကို ၂၀၀၈ ခုနှစ်ကတည်းက ပျံသန်းရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရသည်။

    ယနေ့ ပထမဆုံး ပျံသန်းမှုတွင် လေယာဉ်မှူးနှင့် အင်ဂျင်နီယာ ၅ ဦး လိုက်ပါသွားခဲ့ပြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ လေကြောင်းဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများက ပျံသန်းမှုအား ကြည့်ရှုခဲ့ကြသည်။

    အဆိုပါလေယာဉ်မှာ အမြင့်ပေ ၉၈၀၀ ၌ တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ပျံသန်းမည်ဟု ရုပ်သံက ကြေငြာခဲ့သည်။

    C919 လေယာဉ်ကို ဘိုးအင်း၏ 737၊ Airbus ၏ A320 နှင့် ယှဉ်ပြိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း ကမ္ဘာ့လေကြောင်းဈေးကွက်မှာ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တန်ဖိုးရှိလာမည်ဟု ခန့်မှန်းထားသည်။

    ယခုလေယာဉ်မှာ ပြည်တွင်း၌ ထုတ်လုပ်ခြင်ဖြစ်သော်လည်း အဓိက နည်းပညာများတွင် နိုင်ငံခြားတိုင်းပြည်များကို မှီခိုနေရဆဲဖြစ်ကာ အင်ဂျင်များကို ပြင်သစ်-အမေရိကန်ကုမ္ပဏီ CFM International မှ ဖန်တီးပေးခြင်းဖြစ်သည်။

    တရုတ်အာဏာပိုင်များက လက်ရှိတွင် လေကြောင်းလိုင်း ၂၃ ခုက လေယာဉ်အစီးရေ ၅၀၀ ကျော် မှာယူထားပြီး အများစုမှာ တရုတ်လေကြောင်းလိုင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC