News @ M-Media

Tag: Everton

  • တိုက်စစ်မှူးရူနီ အရက်မူးပြီး ကားမောင်းသည့်အတွက် အဖမ်းခံရ

    တိုက်စစ်မှူးရူနီ အရက်မူးပြီး ကားမောင်းသည့်အတွက် အဖမ်းခံရ

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အဲဗာတန်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီမှာ အရက်မူးပြီး ကားမောင်းသည့်အတွက်ကြောင့် တရားစွဲခံထားရသည်ဟု ချက်စ်ရှိုင်းယား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အနက်ရောင် ဗောက်စ်ဝဂွန် Beetle ကို မောင်းနှင်လာသည့် ရူနီမှာ ၀ီလ်မ်စလိုးဒေသတွင် ဒေသစံတော်ချိန် ယနေ့မနက် ၂ နာရီက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်၍ အရက်သောက်ထားခြင်းကြောင့် တရားစွဲဆိုခံခဲ့ရသည်။

    အသက် ၃၁ နှစ်အရွယ် မန်ယူတိုက်စစ်မှူးဟောင်းမှာ အာမခံဖြင့် လွတ်မြောက်လာခဲ့ပြီး ယခုလနှောင်းပိုင်းတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

    အင်္ဂလန်လက်ရွေးစင်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်ခဲ့သည့် ရူနီမှာ ပြီးခဲ့သည့်လက နိုင်ငံအသင်းမှ အနားယူခဲ့သည်။ ကလပ်အသင်းတွင်လည်း မန်ယူမှ ဘောလုံးကစားသမားဘ၀ စတင်ရာ အဲဗာတန်အသင်းသို့ ယခုနှစ် ဘောလုံးရာသီအစတွင် ပြောင်းရွှေ့သွားခဲ့သည်။

    Ref: BBC

  • အဲဗာတန်သို့ ပြန်လာရခြင်းကို ပျော်ရွှင်သည်ဟု ရူနီပြော

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိပြီး၊ အသင်းမှာ ရှေ့ဆက် အောင်မြင်နိုင်မည်ဟု အဲဗာတန်သို့ ရောက်ရှိလာသည့် အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ရူနီ၏ အနာဂတ်မှာ မသေချာတော့ဘဲ အဲဗာတန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။

    “အသင်းဟောင်းကို ပြန်ရောက်လာတဲ့အတွက် ၀မ်းသာပါတယ်။ ကောင်လေးတွေနဲ့တွေ့ဖို့၊ လေ့ကျင်ခန်းဆင်းဖို့ ကွင်းထဲဝင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဲဗာတန်အသင်းမှာ ရှေ့ဆက်သွားကာ အောင်မြင်နိုင်မည်ဟု ခံစားရကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကျွန်တော် အားပေးတဲ့အသင်း၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အသင်း ဆိုတာကြောင့်ပဲ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ အသင်းဟာ ရှေ့ဆက်အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်မြင်ယူဆတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်”

    ၂၀၀၄ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ရူနီမှာ မန်ယူအသင်းအတွက် ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်၊ FA ဖလား တစ်ကြိမ် ရရှိခဲ့သည်။

    မန်ယူနည်းပြ မော်ရင်ဟိုက ရူနီကိုယ်တိုင် ထွက်ခွာခွင့်တောင်းသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

  • လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ

    လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ

    မတ် ၂၂၊ ၂၀၁၆
    M-Media

    everton

    – အဲဗာတန်အသင်းတွင် ကစားနေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမဲလူ လူကာကူအား ရီးယဲလ်မက်ဒရစ်က ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဟု အင်္ဂလိပ်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

    လူကာကူမှာ အဲဗာတန်တွင်တွင် ခြေစွမ်းကောင်းများ ပြသနေကာ ယခုနှစ်တွင် ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားပြီး အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံနေရသည်။ ရီးယဲလ်ကလည်း လာမည့်နှစ်တွင် ဘာစီလိုနာနှင့် ၎င်း၏ တိုက်စစ်အတွဲကို ယှဉ်နိုင်ရန်အတွက် လက်ရှိတိုက်စစ်ကို အားကောင်းစေရန် ဆောင်ရွက်လိုသည့် အစီအစဉ်ရှိနေသည်။

    The Sun ကမူ ရီးယဲလ်မှာ လူကာကူ၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာနှင့် ဆွေးနွေးမှုများပင် ပြုလုပ်ခဲ့ပြီး ရီးယဲလ်၏ ဘောလုံးကင်းထောက်အဖွဲ့လည်း အသက် ၂၂ နှစ်အရွယ် လူကာကူကို စောင့်ကြည့်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: Goal

  • အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်

    အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်

    မတ် ၉၊ ၂၀၁၆
    M-Media

    everton

    – မာဆေးဆိုက် ကလပ်အသင်းဖြစ်သော အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာ ဖာရ်ဟဒ် မိုစ်ဟီရီ၏ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုကို လက်ခံအတည်ပြုလိုက်ပြီဟု ပရီးမီးယားလိဂ်က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ မှတ်တမ်းအရ မိုစ်ဟီရီ၏ ကြွယ်ဝမှုမှာ စတာလင်ပေါင် ၁.၃ ဘီလီယံ ရှိသည်ဟု သိရပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် အဲဗာတန်အသင်း၏ ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။

    “ဖာရ်ဟဒ် မိုစ်ဟီရီရဲ့ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်က လက်ခံလိုက်ပြီဆိုတဲ့ အကြောင်းကြားချက်ကို အဲဗာတန်အသင်းက ရရှိခဲ့ပါတယ်” ဟု အဲဗာတန်အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    မိုစ်ဟီရီမှာ ယခင်က အာဆင်နယ်အသင်း၏ ရှယ်ယာများကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပြီး အဲဗာတန်အသင်း၏ သက်တော်ရှည် ဥက္ကဌ ဘီလ် ကန်ရိုက်၊ ဂျွန်ဝုဒ်စ်တို့နှင့်အတူ ၃ ဦးပေါင်း အုပ်ချုပ်ရေးကို ထူထောင်မည်ဖြစ်သည်။

    “အဲဗာတန်အသင်းမှာ ရှယ်ယာရှင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။ အဲဗာတန်ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်ခုအဖြစ် သမိုင်းကြောင်းကောင်းရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်” ဟု အဲဗာတန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟု ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း မိုစ်ဟီရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    mertinez

    – ပရီးမီးယားလိဂ်တွင် နာမည်ကြီးနည်းပြအများအပေါ် ဖိအားများ ပိုမိုများပြားလာခြင်းအတွက် မိမိအနေဖြင့် စိုးရိမ်မိပြီး နည်းပြများအပေါ်လည်း စာနာမိသည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။

    အင်္ဂလန်၏ ထိပ်တန်းအမှတ်ပေးဘောလုံးပြိုင်ပွဲ၌ အသင်းကြီးများ၏ နည်းပြများမှာ ယခုနောက်ပိုင်းတွင် အမှားမခံတော့ဘဲ၊ ဖိအားများမှာလည်း ယခင်ကထက် ပိုများလားခဲ့သည်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်သော ချယ်ဆီးမှာ နည်းပြမော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပြီး ဂူစ်ဟစ်ဒင့်နှင့် ရာသီကုန်အထိ စခန်းသွားမည်ဖြစ်သည်။ ထို့ပြင် မန်ယူနှင့် မန်စီးတီးအသင်းသို့၏ နည်းပြနေရာများမှာလည်း အပြောင်းအလဲဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ ကျွန်တော်ဟာ အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိပါတယ်။ တစ်ချိန်လုံး အသစ်အသစ်တွေကိုကာ ချပြဖို့ ကြိုးစားနေရရင် ကျွန်တော်တို့လည်း ရူးသွားနိုင်ပါတယ်။ ဘောလုံးပွဲမှာ မနိုင်ရင်ရှုံးမယ်၊ ဒါမှမဟုတ် သရေကျမယ်။ ဒါကိုတော့ ကျွန်တော်တို့ လက်ခံဖို့ လိုအပ်ပါတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ အနိုင်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ နည်းပြတွေဟာ သူတို့ရဲ့ ထင်မြင်မှုတွေကို ဆန်းစစ်အဖြေရှာဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ ကြိုစားသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဟာ တော်တော်လေးကို ဂနာမငြိမ်ဖြစ်ပြီး တစ်ပွဲနှစ်ပွဲလောက်ရှုံးတာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါလိမ့်မယ်”
    ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal