News @ M-Media

Tag: Germany Muslim

  • မွတ်စလင်များအား အကြမ်းဖက်သတ်ဖြတ်ရန် ကြံစည်သူကို ဂျာမနီ ဖမ်းဆီး

    မွတ်စလင်များအား အကြမ်းဖက်သတ်ဖြတ်ရန် ကြံစည်သူကို ဂျာမနီ ဖမ်းဆီး

    ဇွန် ၈၊ ၂၀၂၀
    M-Media

    မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် လူဖြူအစွန်းရောက်အဖွဲ့ကို ဖေဖော်ဝါရီလက အတွင်းက ဖမ်းဆီးမှု

    -မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် အကြမ်းဖက်တိုက်ခတ်ဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက်တစ်ဦးကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

    အသက် ၂၁ နှစ်အရွယ် အဲဒီအမျိုးသားဟာ နိုင်ငံမြောက်ပိုင်း Hildesheim မြို့ကဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့မှာ လူ ၅၉ ဦး သေဆုံးခဲ့တဲ့ ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတိုင်း လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    သူ့ရဲ့အစီအစဉ်ကို အမည်မဖော်လိုသူအနေနဲ့ အင်တာနက်ချက်တစ်ခုကနေ အခြားလူတွေကို ပြောပြခဲ့တယ်လို့ ဂျာမနီ​ ရှေ့နေချုပ်ရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဒီအမျိုးသားဟာ ကမ္ဘာမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရချင်တဲ့အတွက် ဒီလိုတိုက်ခိုက်မှုကို လုပ်ဆောင်ချင်နေတာဖြစ်ပြီး ကြိုးစားနေတာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီလို့လည်း ကြေငြာချက်က ဆိုပါတယ်။

    ဖမ်းဆီးခံထားရသူရဲ့နေအိမ်ကို ရှာဖွေရာမှာ လက်နက်တွေ၊ လယ်ယာဝါဒဆိုင်ရာ အီလက်ထရောနစ်ဖိုင်တွေကို တွေ့ခဲ့ရပါတယ်။ တနင်္ဂနွေနေ့က ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက် ရာဇဝတ်မှု၊ လက်နက်ဝယ်ယူခြင်းအားဖြင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

    ဖေဖော်ဝါရီလအတွင်းကလည်း ဗလီတွေကို အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ လူ ၂၀ ပါ လူဖြူအစွန်းရောက်အဖွဲ့တစ်ခုကို ဂျာမနီရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၂ လအတွင်း ဂျာမနီနိုင်ငံမှာ လူဖြူလက်ယာစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ဖရန့်ဖတ်မြို့အနီး ဟာနောင်မြို့က ကော်ဖီဆိုင်တစ်ခုမှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကလည်း လီပ်ဇစ်ဂ်မြို့က ဂျူးဘုရားကျောင်းတစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇွန်လက နိုင်ငံအလယ်ပိုင်း ဟက်စီမြို့က နေအိမ်မှာ နိုင်ငံရေးသမား ဝေါလ်တာ လွဘ်ကီ သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က လူဖြူအစွန်းရောက်တစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

    ဂျာမနီပြည်ထဲရေးဝန်ကြီး ဟော့စ် ရှိုဖာက လူဖြူအစွန်းရောက် အကြမ်းဖက်မှုဟာ နိုင်ငံရဲ့ ဒီမိုကရေစီအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ မတ်လမှာ ပြောကြားခဲ့ပြီး လုံခြုံရေးကိစ္စကို ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera

  • ဗလီများအား အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည့်အဖွဲ့ကို ဂျာမနီ ဖမ်းဆီး

    ဗလီများအား အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည့်အဖွဲ့ကို ဂျာမနီ ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
    M-Media

    လက်ယာစွန်းရောက်တစ်ဦးကို ဖမ်းဆီးလာစဉ်

    -ဗလီဝတ်ကျောင်းတော်တစ်ချို့ကို အကြီးစား အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ လယ်ယာစွန်းရောက် အုပ်စုတစ်စုကို ဖမ်းဆီးလိုက်တယ်လို့ ဂျာမနီအစိုးရက သတင်းထုတ်ပြန်ပါတယ်။

    လက်ယာစွန်းယောက် ၁၂ ဦးကို ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က နိုင်ငံတစ်ဝှမ်းမှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လက နယူးဇီလန်မှာဖြစ်ပွားခဲ့တဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံး အကြမ်းဖက်ခံရမှုအတိုင်း တိုက်ခိုက်ဖို့ စီစဉ်နေတာလို့ ဂျာမနီပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Björn Grünewälder က ပြောကြားခဲ့ပါတယ်။

    ဂျာမနီမီဒီယာတွေကလည်း ဒီအုပ်စုဟာ လူအများ စုရုံးဝတ်ပြုတဲ့နေ့မျိုးမှာ ဗလီဝတ်ကျောင်းတော်တွေကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

    “အချိန်တိုတိုအတွင်းမှာ အစွန်းရောက်အောင် လုပ်ခြင်းခံလိုက်ရတဲ့ အုပ်စုငယ်တွေ ရှိနေတယ်ဆိုတာကို မြင်ရတာ တုန်လှုပ်စရာပါပဲ” လို့ Björn Grünewälder က ဆိုပါတယ်။

    ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Steffen Seibert က တိုင်းပြည်ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကာကွယ်ရေးမှာ ဒီကိစ္စဟာ အစိုးရအတွက် စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဥပ‌ဒေဘောင်အတွင်းကနေပြီး ကိုယ်ယုံကြည်ရာကို ကိုးကွယ်တဲ့ ဘယ်သူအပေါ်မှာမှ ဒီလိုခြိမ်းခြောက်မှုမျိုး၊ အန္တရာယ်ပြုမှုမျိုး လုပ်ဆောင်ခွင့် မရှိပါဘူး

    နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီ ၂ လုံးကို တိုက်ခိုက်မှုမှာ ဆီးမီးအော်တိုမက်တစ် လက်နက်တွေကို အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း တိုက်ခိုက်ဖို့အတွက် ဒီလက်ယာစွန်းရောက်အဖွဲ့က စီစဉ်ခဲ့ကြတယ်လို့ ဂျာမန်မီဒီယာတွေက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ အဖွဲ့ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က အဖွဲ့ဝင်တွေနဲ့တွေ့ဆုံကာ အစီစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့တာပါ။ ဂျာမနီရဲတပ်ဖွဲ့ဟာ အသွင်ယူတပ်သားတစ်ဦးကနေတစ်ဆင့် ဒီသတင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား Walter Lübcke အသတ်ခံရမှု၊ အောက်တိုဘာလအတွင်းက နိုင်ငံအရှေ့ပိုင်းမှာ ဂျူဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ပြီးတဲ့နောက် ဂျာမနီအာဏာပိုင်တွေဟာ မြေအောက် လက်ယာစွန်းရောက်အဖွဲ့တွေကို ပိုမိုသတိထား စောင့်ကြည့်ခဲ့ပါတယ်။

    လက်ယာစွန်းရောက်အဖွဲ့တွေနဲ့ ပတ်သက်သူ ၅၃ ဦးကို စိုးရိမ်စရာကောင်းပြီး အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိသူအဖြစ် ဂျာမနီရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

    Ref: The Guardian

  • ဂျာမနီတွင် မွတ်စလင်များက အခြားအုပ်စုများထက် ဒုက္ခသည်များကို ပိုမိုကူညီပေး

    ဂျာမနီတွင် မွတ်စလင်များက အခြားအုပ်စုများထက် ဒုက္ခသည်များကို ပိုမိုကူညီပေး

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ဂျာမနီမှာ မွတ်စလင်တွေဟာ အခြားသော လူ့အဖွဲ့အစည်းတွေထက် ဒုက္ခည်တွေကို ပိုမိုကူညီလေ့ရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။

    ဒီသုတေသနကို ဂျာမနီဖောင်ဒေးရှင်း Bertelsmann Stiftung က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တမ်းကောက်ယူမှုမှာ မွတ်စလင်တွေရဲ့ ၄၄ ရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ်တွင်း ဒုက္ခသည်ကူညီရေးမှာ ပါဝင်ခဲ့တယ်လို့ ဖြေဆိုခဲ့ပါတယ်။

    ခရစ်ယာန်တွေ ၅ ယောက်မှာ ၁ ယောက်က (၂၁ ရာခိုင်နှုန်း) သူတို့ဟာ ဒုက္ခသည်တွေကို ကူညီပေးခဲ့ပြီး၊ ဘာသာမဲ့တွေထဲက ကူညီသူကလည်း ၁၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။

    စုစုပေါင်းဆိုရင် ဂျာမန်ပြည်သူတွေရဲ့ ၅ ပုံ ၁ ပုံဟာ ဒုက္ခသည်တွေကို ကူညီခဲ့တာပါ။

    “ဒီလို စေတနာ့ဝန်ထမ်း ပါဝင်လုပ်ကိုင်ပေးမှုက ကျွန်မတို့လူ့အဖွဲ့အစည်းဟာ အခက်အခဲတွေ ကြုံလာရတဲ့အခါတိုင်းမှာ ဘာသာတရားမရွေး၊ အသိုင်းအ၀ိုင်းမရွေး စည်းလုံးညီညွတ်ကြတယ်ဆိုတာကို ပြသနေတာပါပဲ” လို့ Bertelsmann ဖောင်ဒေးရှင်းရဲ့ အစ္စလာမ့်ရေးရာ ကျွမ်းကျင်သူ ယာစမင်း အလ်-မန်နူဝါရ်က ပြောကြားခဲ့ပါတယ်။

    ဒီစစ်တမ်းဟာ လူ့အဖွဲ့အစည်းမှာ ဘာသာရေးအုပ်စုဝင်တွေရဲ့ အခန်းကဏ္ဍကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေက လေ့လာဆန်းစစ်တဲ့ တတိယမြောက် စစ်တမ်းလည်း ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ ဂျာမနီနိုင်ငံဟာ ခိုလှုံသူ ၁.၁ သန်းကို တံခါးဖွင့်ပေးခဲ့ပြီး အများစုဟာ ဆီးရီးယားနိုင်ငံက ဖြစ်ပါတယ်။ အဲဒီအထဲက ၉ သိန်းလောက်ကို ဒုက္ခသည်လက်မှတ် ပေးထားပါတယ်။

    Bertelsmann ကျွမ်းကျင်သူတွေက ဒုက္ခသည်ကူညီရေးမှာ မွတ်စလင်တွေက အခြားအုပ်စုတွေထက် ပိုပြီး ပါဝင်တဲ့ အကြောင်းအရင်းတစ်ခုက သူတို့နဲ့ ဇာတိတူတွေဆိုတဲ့ အသိမျိုးကြောင့် ဖြစ်နိုင်ပြီး ဒုက္ခသည်တွေကို ကူညီတဲ့ ဂျာမနီက မွတ်စလင်အများစုဟာ ဒုက္ခသည်တွေအဖြစ် ၀င်ရောက်လာတဲ့ အာဖဂန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ သွေးချင်းနီးကြတယ်လို့ ဆိုပါတယ်။

    နောက်ပြီး ဂျာမနီက မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းထဲမှာ အရေးပါတဲ့ ပေါင်းကူးပေးသူတွေပြီး ဂျာမန် ဘာသာစကား၊ ဂျာမန်ယဉ်ကျေးမှုတွေကို နားလည်လာအောင် ဒုက္ခသည်တွေကို သင်ပေးကြတယ်လို့လည်း ဒီ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    စစ်တမ်းမှာ ဖြေဆိုခဲ့ကြသူ မွတ်စလင် ၂၈ ရာခိုင်နှုန်းက သူတို့အနေနဲ့ တစ်ပတ်ကို တစ်ခါလောက် ဒုက္ခသည်ကူညီရေးမှာ စေတနာ့ဝန်ထမ်း ပါဝင်ခဲ့ပြီး၊ ခရစ်ယာန်တွေထဲက ဒီလိုကူညီပေးသူဟာ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။

    အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ဒီအလုပ်ကိုလုပ်ကြကာ၊ ပညာရည်မြင့်မားသူတွေ၊ ငွေကြေးချောင်လည်သူတွေက ဒီလို ကူညီပေးရေးကို ပိုလုပ်ဖွယ်ရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

    Ref: Independent

  • ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media

    ct1-fg7wgaan0ur-e1475593191284
    အဓိပတိ အန်ဂလာမာကယ် မှ ဟမ်ဇားတူရင် Hamza Turan နှင့် သူ့မိသားစုအားတွေ့ဆုံစဉ် Photo © Steffen Seibert/Twitter

    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ့်ကြောက်ရောဂါနှင့် သူစိမ်းကြောက်ရောဂါတို့ တစ်နေ့တခြား မြင့်တက်လာမှု့အပေါ် တူရကီတို့၏ စိုးရိမ်မှု့မြင့်တက်လာ စဉ်မှာပင်၊ ဂျာမနီနိုင်ငံ သမ္ပတနှင့် ဂျာမန်အကြီးကဲ အဓိပတိဖြစ်သူတို့က လွန်ခဲ့သည့်လက ဂျာမနီနိုင်ငံ တွင် အစ္စလာမ့်ကြောက် ရောဂါကြောင့်ဟု ထင်ရသည့် နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရသော တူရကီနိုင်ငံသားများပိုင် ဒရစ်ဒန်မြို့ Dresden ရှိ ဗလီမှ ဗလီဆရာတစ်ဦးဖြစ်သူ ဟမ်ဇားတူရင် Hamza Turan အား လက်ခံတွေ့ဆုံခဲ့ပါသည်။
    .
    အင်္ဂါနေ့က တူရင်နှင့် သူ့မိသားစုမှာ သမ္မတ ဂျိုအာချင် ဂေါက်နှင့် အဓိပတိ အန်ဂလာမာကယ်တို့နှင့် တွေ့ဆုံခဲ့ပြီး ဂေါက် မှာ ထို့သို့ တိုက်ခိုက်ခဲ့မှု့အတွက်နှင့် မွတ်စလင်များအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု့အတွက်ပါ တောင်းပန်စကား ပြောကြားခဲ့ပါသည်ဟု ထိုသို့တွေ့ဆုံပြီးနောက် တူရကီ သတင်းဌာနများသို့ ယင်းဗလီဆရာက ပြောကြားခဲ့သည်။
    .
    တူရကီ အန်ဂျီအိုတစ်ခုဖြစ်သော သာသနာရေးရာ တူရကီ-အစ္စလာမ့် ယူနီယံအသင်း the Turkish-Islamic Union for Religious Affairs (DİTİB) က စီမံခန့်ခွဲနေသည့် ဒရစ်ဒန်မြို့ရှိ ဖွာေဿွ့ဟ်ဗလီဝတ်ကျောင်းတော် Faith Mosque မှာ စက်တင်ဘာလနောက်ဆုံး အပတ်က အိမ်လုပ်ဖေါက်ခွဲရေး ပစ္စည်းများဖြင့် တိုက်ခိုက်မှု့ကို ခံခဲ့ရသည်။ ဗလီ ဆရာ တူရင်နှင့် သူ့မိသားစုတို့ စတည်းချရာ ဗလီ၏ နားခိုဆောင်ရှေ့တွင် အဆိုပါ ဗုံးမှာ ပေါက်ကွဲသွားခဲ့ပြီးနောက် အ ဆောက်အအုံ တစ်ခုလုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု့အတွင်း မည်သူတစ်ဦးတစ်ယောက် ကမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြသော်လည်း တရားခံများကတော့ လွတ်မြောက်နေကြဆဲဖြစ်သည်။
    .
    အဆိုပါ အလည်ပတ်ခရီးစဉ်ပြီးနောက် တူရင်က အနဒိုလူ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်- ဂျိုအာချင် ဂေါက်မှာ သူနှင့် သူ့မိသားစုတို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်ခံရမှု့အတွက် သူက ၀မ်းနည်းကြောင်းဖေါ်ပြခဲ့သလို တောင်းပန် စကားလည်း ပြောကြား ခဲ့ပါသည်။ သူက ကျွန်တော်တို့ကို အခုလို ပြောပါသည်။ ” ကျွန်ုပ်တို့တွေ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား တို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့၊ အခုလို ဖြစ်ပျက်ခဲ့တာတွေကိုတော့ အသေချာ စုံစမ်းပါ့မယ်”‘ကျွန်တော် ကလည်း သူ့ရဲ့မှတ်ချက်စကား အတွက် ကျေးဇူး တင်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါတယ် ‘လို့ တူရင် က ပြောပါသည်။
    .
    အဆိုပါ တိုက်ခိုက်မှု့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဟက်ဆန်မြို့ရှိ မီမာ ဆီနန်ဗလီ Mimar Sinan Mosque ကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှု့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘီဘရာမြို့ Bebra မှာတော့ DİTİBက ပိုင်သည့် ဗလီအား ပစ်မှတ်ထား၍ မည်သူမည်ဝါမှန်း မသိရသေးသောသူအချို့က အန္တရာယ်မရှိသည့် မိုလိုတော့ အရက်များဖြင့် ပစ်ပေါက် သွားခဲ့ပါသည်။ DİTİB အား ဂျာမန်နိုင်ငံရေးသမားများက အသေရေဖျက်သည့် လှုပ်ရှားမှု့တစ်ခု နိုးကြားလာ ပြီးနောက် တွင် ယင်းဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။မတူညီသော နိုင်ငံရေး ပါတီများမှ ဂျာမန်နိုင်ငံရေးသမား သုံးဦးက ယင်းအဖွဲ့အစည်းမှာ တူရကီအစိုးရ၏ လက်အောက်ခံအဖွဲ့စည်းဖြစ်သဖြင့် ဂျာမနီနိုင်ငံတွင် အစ္စလာမ့် ပညာရေး အား ပုံလာဖေါ်ခြင်းကို လက်မခံ သင့်ကြောင်း ကြေညာခဲ့ပြီးနောက် တွင် DİTİB မှာ” ဘွင်းဘွင်းရှင်းရှင်းကြီးကို ရန်လိုသည့် အဖွဲ့စည်းဖြစ်သည် “ဟု သူတို့၏ ကြေညာချက်များတွင် ပစ်တင်ဝေဖန်ထားလေသည်။
    .
    မွတ်စလင် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဒလဟော ၀င်ရောက်လာမှု့နှင့်အတူ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေသူ အချို့မှ ဂျာမနီနိုင်ငံရှိ ဗလီများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    .
    German president apologizes to Turkish imam for mosque attack ကို “ရဲသူရိန်” ကောက်နှုတ် ဘာသာပြန်ဆိုသည်။

    ref: Daily Sabah

  • မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    veto

    – ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသွားခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျအား တရားစွဲဆိုမှုကို ခွင့်ပြုထားသည့် ဥပဒေမူကြမ်းအား ဗီတိုဖြင့် ပယ်ချမှုကို အထက်လွှတ်တော်က ထိုဗီတိုအား တန်ပြန်ပယ်ချခြင်းမှာ အစိုးရအတွက် အမှားတစ်ခု ဖြစ်သည်ဟု သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

    အဆိုပါဗီတိုကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှ တန်ပြန်ပယ်ချခဲ့ခြင်းဖြစ်ပြီး အိုဘားမားကမူ ထိုဆောင်ရွက်မှုက ‘နိုင်ငံရေးအရ ထိုးနှက်မှု’ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့များနှင့် အကျိုးစီးပွားတို့ ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုသည်။

    “အချုပ်အခြာအဏာအရ ကင်းလွတ်ခွင့် (sovereign immunity) အယူအဆကို ကျွန်တော်တို့ ဖယ်ရှားမယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် အပြန်အလှန်ဆုံးရှုံးမှုတွေထဲ အကြုံးဝင်သွားမယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ့ စစ်သား၊ စစ်သမီးတွေ မြင်လာနိုင်ပါတယ်” ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဆော်ဒီအား တရားစွဲဆိုရန် ခွင့်ပြုထားသည့် အဆိုပါ ဥပဒေမူကြမ်းမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်သူများကို ဆော်ဒီက ထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။ အိုဘားမားက ထိုမူကြမ်းအားဖယ်ရှားမှုနှင့်ပတ်သက်၍ ကြားနာရာတွင် ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးက အကြမ်းဖက်ဝဒါကို ထောက်ပံ့သူများဆိုင်ရာ တရားမျှတရေး အက်ဥပဒေ (ustice Against Sponsors of Terrorism Act) ကို ထောက်ခံသည်ဟု မဲပေးခဲ့ကြသည်။

    ထိုကဲ့သို့ အိုဘားမား၏ ဗီတိုကို တန်ပြန်ပယ်ချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ အိုဘားမားနှင့် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်များထဲမှ တစ်ဦးဖြစ်သော ဆော်ဒီတို့အား ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

    ၉/၁၁ တိုက်ခိုက်မှုကို ဆောင်ရွက်သူ ၁၉ ဦးတွင် ၁၅ ဦးမှာ ဆော်ဒီနိုင်ငံသားများဖြစ်ကြပြီး ထိခိုက်သေဆုံးသွားသူများ၏ မိသားစုများကမူ ထိုကိစ္စအတွက် ဆော်ဒီအစိုးရအား အမေရိကန်တရားရုံးများတွင် တရားစွဲခွင့်ရရန် နှစ်ပေါင်းများစွာ လှုံ့ဆော်လာခဲ့ခြင်းဖြစ်သည်။

    ဆော်ဒီကမူ လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ပြောဆိုထာပြီး ထိုမူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    Ref: Aljazeera