News @ M-Media

Tag: Haze

  • အင်ဒိုမီးလောင်မှုအား မိုးအတုလုပ်ကာ ငြှိမ်းသက်သွားမည်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    Asia-Haze-06242013-570x426
    – အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားရှိ Riau ပြည်နယ်တွင် ဖြစ်ပွားနေသော မီးလောင်မှုများအား ငြိမ်းသတ်ရန်အတွက် စစ်သုံးလေယာဉ်များအား စေလွှတ်သွားမည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆီးအုန်းစိုက်ပျိုးရန် မြေယာများကို မီးရှို့၍ ပြုလုပ်ခဲ့ရာမှ တောမီးလောင်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ထိုမီးလောင်မှုများအား မိုးအတုဖန်တီးကာ ငြှိမ်းသတ်ရန်အတွက် ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ်များမှာ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ထိုကဲ့သို့ မီးရှို့ကာ စိုက်ပျိုးမြေ ရှင်လင်းရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေး အန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝို နူဂရိုဟိုကဆိုသည်။

    ထိုမီးလောင်မှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များက အင်ဒိုနီးရှားနိုင်ငံအပါအ၀င် မလေရှားနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေပြီး၊ Riau ပြည်နယ်ရှိ အဓိက လေဆိပ်တစ်ခုကိုလည်း ၃ ရက်ကြာ ပိတ်ထားခဲ့ရသည်။ လူပေါင်း ၄၂၀၀၀ ကျော်မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည်။

    ဆီအုန်းစိုက်ပျိုးရန် အဆိုပါပြည်နယ်ရှိ လယ်သမားများနှင့် ကုမ္ပဏီများက မြေယာများကို မီးရှို့ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ မီးရှို့သည့်နေရာ ၁၄၅ နေရာရှိသည်ဟု ဂြိုဟ်တုမှ စစ်ဆေးမှုများအရ သိရသည်။

  • မီးခိုးငွေ့များကြောင့် အဆိုးဝါးဆုံး လေထုညစ်ညစ်မှု စင်ကာပူပြီး မလေးရှား၌ ဖြစ်ပွားနေ

    ဇွန်-၂၃၊ ၂၀၁၃
    M-Media

    KUALA LUMPUR, MALAYSIA (AP)- တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများတွင် အရေးပေါ်အခြေနေထုတ်ပြန်ထားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ တောမီးလောင်မှုကြောင့် လွင့်လာသည့် မီးခိုးမှုန့်များသည် နှစ်ပေါင်း များစွာ အတွင်း မကြုံဖူးသော အဆိုးဆုံး လေထုညစ်ညမ်းမှု အခြေနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

    Malaysia Southeast Asia Haze

    စင်္ကာပူနိုင်ငံမှ တစ်ဆင့်မီးခိုးမှုန့်များသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများသို့ လွင့်လာခြင်းဖြစ်ပြီး၊ လွန်ခဲ့သော အပတ်က အင်ဒိုနီးရှားနိုင်ငံ ဆူမတြား(Sumatra) ကျွန်းမှတစ်ဆင့် ပင်လယ် သို့ဖြတ်ကာ ၄င်း အန္တာရာယ်ရှိသော မီးခိုးငွေ့များသည် လွင့်လာခဲ့ခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံ တောင်ပိုင်းဒေသ မွှား(Muar) တွင် တနင်္ဂနွေနေ့က တိုင်းတာချက်အရ လေထု ညစ်ညမ်းမှု ရာခိုင်နှုန်း ၇၄၆ ရှိပြီး၊ လေထုညစ်ညမ်းမှု ရာခိုင်နှုန်း ၃၀၀ သည် လူများအတွက် အန္တရာယ် စတင်ဖြစ်ပေါ်စေသော နှုန်းဖြစ်ပြီး၊ ယခုတိုင်းတာချက်သည် ထိုနှုန်းထက်များစွာ မြင့်တက် နေကာ အလွန်ကို အန္တရာယ်များနေခဲ့သည်။

    တာဝန်ရှိသူများသည် မွှားဒေသရှိ ပြည်သူများအား အိမ်အတွင်း၌ သာ နေထိုင်ရန်၊ ကျောင်းများအား ပိတ်ထားရန် ညွှန်ကြားထားသည်ဟု ပတ်ဝန်းကျင်ကာကွယ်ရေးဌာန ၀န်ကြီး ဂျီပါလာနီဗလ် (Environment Minister G.Palanivel) မှသူ၏ Facebook တွင်ရေးသားထားခဲ့သည်။ ဒေသတွင်း နေထိုင်သူဦးရေ ၂၅၀,၀၀၀ ရှိပြီး၊ တစ်ချို့သော ဒေသခံများ၏ Twitter တွင်တင်ထားသော ဓာတ်ပုံများ တွင် တံတားများ၊ အဆောက်ဦးများကို မီးခိုးငွေ့များလွှမ်းခြုံထားပြီး၊ ပေတစ်ရာပတ်ဝန်းကျင်သာ မြင်ရ ကြောင်း သိရသည်။

    မလေးရှားနိုင်ငံ မြောက်ပိုင်းရှိ ကွာလာလန်ပူ(Kuala Lumpur)မြို့တော်တွင်လည်း လေထုညစ်ညမ်း မှုသည် ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သော ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး၊ အထင်ကရ အဆောက်အဦးများဖြစ်သော ပက်ထရိုးနပ်စ်တွင်းတာဝါ(Petronas Twin Towers) ကိုပင် မမြင်ရ တော့ကာ၊ ပတ်ဝန်းကျင်တွင် အပူ၊အအေးမမျှတမှုများ ဖြစ်ပေါ်နေခဲ့သည်။

    မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့ဖူးသည်မှာ ၁၉၉၇ ခုနှစ်က ဖြစ်ပြီး၊ ရာခိုင်နှုန်း ၈၆၀ ရှိခဲ့သည်။ ပါလာနီဗာလ်မှ ပြောကြားသည်မှာ တာဝန်ရှိသူများသည် မကြာမှီတွင် “cloud-seeding” ဟု ခေါ်သော မိုး အတုရွာသွန်းသည့် နည်းလမ်းကို အသုံးပြုတော့မည်ဖြစ်သည် ဟု ဆိုသည်။

    စင်္ကာပူနိုင်ငံမှ ပြောကြားသော သတင်းအရ တနင်္ဂနွေနေ့တွင် တိုင်းတာချက်သည် “အသင့်အတင့်” နှင့် “ကျန်းမာရေးအန္တရာယ်” ကြားတွင်ရှိသော နှုန်းထားဖြစ်ပြီး၊ သောကြာနေ့က ရရှိခဲ့သော တိုင်းတာမှုထပ် အမြောက်အများ ကျဆင်းသွားသည် ဟုဆိုသည်။ သို့သော်လည်း တာဝန်ရှိသူများက ယခုလို တစ်ပတ်နည်းပါးကြာပြီးချိန်တွင်၊ စင်္ကာပူနိုင်ငံ၏ ကောင်းကင်သည် ပြန်လည် ကြည်လင် တောက်ပလာသော်လည်း ထိုအရာသည် ခဏာတာအချိန်အထိသာ ဖြစ်ချင်ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ လက်ရှိတွင် တိုင်းတာမိသော လေတိုက်နှုန်း ပုံသဏ္ဍန်များကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဒီနှစ်တွင် ဖြစ်ပေါ်ခဲ့သော မီးခိုးငွေ့လွှမ်းခြုံမှုသည် စင်္ကာပူနိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး၊ စစ်တပ်အတွင်း ပြင်ပလေ့ကျင့်ရေး လှုပ်ရှားမှုများ၊ အားကစားနှင့် ပတ်သက်သော လှုပ်ရှားမှုများ စသည် တို့ကို ပိတ်ပင်ခဲ့ရပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ ၄င်း အဖြစ်အပျက်အတွက် ထိရောက်သော တားဆီးမှုများလုပ်ဆောင်ရန် သွားရောက်ညှိနှိုင်းခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းပေါ် ရှိ သစ်ဆွေးတောများတွင်ဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် ဂျာကာတာမှ လေယာဉ်များကို ပို့ဆောင်ကာ မီးလောင်ကျွမ်းသော တောများပေါ်မှ ရေဖျန်းငြိမ်းသတ်ခဲ့သည်။ အချို့သော တာဝန်ရှိသူများက ပြောကြားသည်မှာ မလေးရှား နှင့် စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီများအား တရားစွဲဆိုသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မီးလောင်ကြွမ်းခဲ့သော စိုက်ပျိုးရေးဧကများတွင် ထို ကုမ္ပဏီများ၏ အစုရှယ်ယာများပါရှိနေကြောင်း သိရသည်။

    အင်ဒိုနီးရှားနိုင်ငံရှိ အချို့သော ကုမ္ပဏီများသည် ၄င်းတို့ပိုင်သော မြေနေရာတွင် ဖြစ်ပေါ်လာသော မီးလောင်ကျွမ်းခြင်းကို မသိရှိဟု ငြင်းဆိုခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်များက ထိုကဲ့သို့ လယ်မြေအား ပြန်လည်စိုက်ပျိုး၍ ရရှိရန် တရားမ၀င် မီးရှို့ခြင်းကိုလုပ်ဆောင်ခဲ့ သည်များရှိကြောင်း၊ အင်ဒိုနီးရှားမှ တာဝန်ရှိသူများက ယခုဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုများသည် ရှို့မီး ဟုတ်မဟုတ် စစ်ဆေးမှု များပြုလုပ်နေသည် ဟုဆိုသည်။

    Ref: asiancorrespondent