News @ M-Media
Tag: Iceland
  • နှစ် ၇၀၀ သက်တမ်းရှိ ရေခဲပြင်ဆုံးရှုံးရမှုအတွက် အိုက်စလန်တွင် ၀မ်းနည်းဖွယ်အခမ်းအနား ပြုလုပ်
    နှစ် ၇၀၀ သက်တမ်းရှိ ရေခဲပြင်ဆုံးရှုံးရမှုအတွက် အိုက်စလန်တွင် ၀မ်းနည်းဖွယ်အခမ်းအနား ပြုလုပ်
    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media
    Okjokull ရေခဲပြင်၏ ယနေ့မြင်ကွင်း
    -နှစ်ပေါင်း ၇၀၀ လောက် သက်တမ်းရှိခဲ့တဲ့ ရေခဲပြင်ကြီး ဆုံးရှုံးရမှုအတွက် ၀မ်းနည်းဖွယ်အခမ်းအနားကို အိုက်စလန်နိုင်ငံမှာ မနေ့က ကျင်းပခဲ့ပြီး၊ ကမ္ဘ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဂရုပြုကြဖို့လည်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
    Okjokull လို့ အမည်ရတဲ့ အဲဒီရေခဲပြင်ကြီးဟာ အိုက်စလန်နိုင်ငံမှာ အနောက်အလယ်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်း သေဆုံးသွားတဲ့ ရေခဲပြင်အဖြစ် ကြေငြာခဲ့တာပါ။
    တစ်ချိန်က ရေခဲပြင်ဖြစ်ခဲ့ပြီး လက်ရှိမှာ ခြောက်သွေ့နေပြီဖြစ်တဲ့ နေရာမှာ မနေ့က ပြုလုပ်တဲ့ ၀မ်းနည်းဖွယ်အခမ်းအနားကို အိုက်စလန်ဝန်ကြီးချုပ် Katrin Jakobsdottir၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mary Robinson၊ နိုင်ငံခြား သံတမန်အချို့၊ သိပ္ပံပညာရှင်တွေနဲ့ အိုက်စလန်နိုင်ငံသား စုစုပေါင်း လူ ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
    “ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲကို ကျွန်တော်တို့ မြင်နေရပါပြီ။ ကျွန်တော်တို့မှာ အချိန် သိပ်မကျန်တော့ပါဘူး” လို့ ၀န်ကြီးချုပ် Jakobsdottir က ပြောကြားခဲ့ပါတယ်။
    Mary Robinson ကလည်း ရေခဲပြင်ကြီး သေဆုံးသွားရတာဟာ လူသားတွေအတွက် သတိပေးမှုတစ်ခု ဖြစ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
    “နောက်ထပ် နှစ်ပေါင်း ၂၀၀ ကြာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရေခဲပြင်တွေအားလုံး ဒီလမ်းကို လိုက်ရဖွယ် ရှိနေပါတယ်။ ဒီ အမှတ်တရကြေးပြားဟာ လက်ရှိ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ဘာတွေ လုပ်ဖို့ လိုအပ်လဲဆိုတာကို ကျွန်တော်တို့ သိရှိကြောင်း ဖော်ပြနေတာပါ။ တယ်လို့ကျွန်တော်တို့များ လုပ်နိုင်ခဲ့ရင် ခင်ဗျားလည်း ဒါကို ပြင်ရာပါ” လို့ ကြေးပြားမှာ ရေးသားထားပါတယ်။
    ကမ္ဘ္ဘ့ာလေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုင် ပမာဏာ စံချိန်တင် မြင့်မားမှုကို အခုနှစ် မေလမှာတိုင်းတာတွေ့ရှိခဲ့ရပြီး ဒီပမာဏ 415 ppm CO2 ကိုလည်း ကြေးပြားမှာ ထည့်သွင်း မှတ်တမ်းတင်ထားပါတယ်။
    အိုက်စလန်နိုင်ငံက အခြား ရေခဲပြင် ၄၀၀ လောက်ဟာ ဒီလို ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အိုက်စလန်နိုင်ငံဟာ တစ်နှစ်ကို ရေခဲ ၁၁ ဘီလီယံလောက် ဆုံးရှုံးနေပြီး ၂၂၀၀၀ ပြည့်နှစ်ရောက်ရင် တိုင်းပြည်မှာရှိနေတဲ့ ရေခဲပြင်တွေအားလုံးကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။
    ၁၈၉၀ ပြည့်နှစ်က Okjokull ရေခဲပြင်အကျယ်ဟာ ၁၆ စကွဲယားကီလိုမီတာလောက် ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ်အရောက်မှာတော့ ၀.၇ စကွဲယားကီလိုမီတာသာ ရှိပါတော့တယ်။ အိုက်စလန်နိုင်ငံက ၀မ်းနည်းဖွယ်အခမ်းအနားဟာ ရေခဲပြင်ဆုံးရှုံးရမှုအတွက် ကမ္ဘ္ဘာ့ပထမဆုံး ၀မ်းနည်းဖွယ် အခမ်းအနားလည်း ဖြစ်ပါတယ်။
    Ref: BBC
  • ငွေကြေးမသမာမှုသတင်းများ ထွက်လာပြီးနောက် အိုက်စလန်ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်
    ငွေကြေးမသမာမှုသတင်းများ ထွက်လာပြီးနောက် အိုက်စလန်ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်
    ဧပြီ ၆၊ ၂၀၁၆
    M-Media
    iceland
    – ပနာမား ဥပဒေရေးရာ လုပ်ငန်းတစ်ခုက ထုတ်ပြန်ခဲ့သည့် ငွေကြေးမသမာမှု၊ အခွန်ရှောင်မှု ငွေကြေးခ၀ါချမှု မှတ်တမ်းများတွင် ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် အိုက်စလန်ဝန်ကြီးချုပ် ဆစ်ဂ် မန်ဒူရ် ဒေးဗစ် ဂွန် လဂ်ဆန်မှာ ယမန်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
    ဂွန် လဂ်ဆန်မှာ ကမ္ဘာ့ခေါင်းဆောင်အများအပြား ပါဝင်ခဲ့သည့် အဆိုပါမှတ်တမ်းကြောင့် ပထမဆုံး နှုတ်ထွက်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်သည်။
    ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများအရ အိုက်စလန်ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူမှာ အိုက်စလန်ဘဏ်များနှင့် ထဲထဲဝင်ဝင် ပတ်သက်နေသည့် နိုင်ငံရပ်ခြား ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားပြီး နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ထိပ်တိုက်တွေ့မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။
    ယခုသတင်းကြောင့် အိုက်စလန်ပြည်သူများမှာ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြပြီး ကြက်ဥများ၊ ငှက်ပျောသီးများဖြင့် ပစ်ပေါက်ကာ ၀န်ကြီးချုပ်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
    ပါလီမန်ကလည်း ၀န်ကြီးချုပ်အား အယုံအကြည်မရှိအဆိုကို တင်သွင်းရန်ရှိနေသည့်အချိန်တွင် ထိုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင် ပါလီမန်ကိုလည်း ဖျက်သိမ်းခဲ့သည်။ အတိုက်အခံပါတီကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို အလျင်အမြန်ပြုလုပ်စေချင်သည်ဟု ပြောကြားခဲ့သည်။
    Ref: Reuters
  • ပါလက်စတိုင်းအား ကျူးကျော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးထုတ်ကုန်များကို အိုက်စ်လန်မြို့တော် သပိတ်မှောက်
    ပါလက်စတိုင်းအား ကျူးကျော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးထုတ်ကုန်များကို အိုက်စ်လန်မြို့တော် သပိတ်မှောက်
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    iceland
    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေး၏ ပိတ်ဆို့သိမ်းပိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဥရောပနိုင်ငံတစ်ခုဖြစ်သာ အိုက်စ်လန်၏ မြို့တော် ရေ့က်ဂျာဗစ်က်မှာ အစ္စရေးထုတ်ပစ္စည်းများကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    “အစ္စရေးက အခြားသူတွေကို လူမျိုးအခြေခံပြီး ဖိနှိပ်ချုပ်ချယ်နေသမျှနဲ့ ပါလက်စတိုင်းပိုင်နက်အတွင်း တံတိုင်းကြီး ရှိနေသမျှကာလပတ်လုံး အစ္စရေးက ပစ္စည်းတွေကို ၀ယ်မှာမဟုတ်ဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ကျွန်မတို့က ပေးလိုက်တယ်လို့ ယုံကြည်ပါတယ်” ဟု မြို့တော်ကောင်စီဝင် အမျိုးသမီး ဘီဂျော့က် ဗီလ်ဟမ်စ်ဒေါ့တီရ်က Ynet News သို့ ပြောကြားခဲ့သည်။ သူမက ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်လုံးကို ပါလက်စတိုင်းပိုင်နက်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်များ လုပ်ဆောင်သွားတော့မည်ဟု ကြေငြာထားသူဖြစ်သည်။
    ဗီလ်ဟမ်စ်ဒေါ့တီရ်က အကြံပြုသည့် ထိုအဆိုပြုချက်ကို မြို့တော်ကောင်စီတွင် အများစုရှိနေသော ဆိုရှယ်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က ကောင်စီသို့ တင်ပြခဲ့ကာ စက်တင်ဘာ ၁၆ ရက် အင်္ဂါနေ့က မြို့တော်ကောင်စီတွင် မဲခွဲ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။
    Iceland Magazine ၏ ဖော်ပြမှုအရ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ရေ့က်ဂျာဗစ်က်မြို့က ပါလက်စတိုင်း နိုင်ငံအတွက် ထောက်ခံအားပေးမှုကို ထင်ရှားစွာ ဖော်ပြခြင်းနှင့် အစ္စရေး၏ ခွဲခြားမှု ပေါ်လစီအား ရှုတ်ချခြင်း ဖြစ်သည်ဟု ဆိုသည်။
    မြို့တော်ကောင်စီဝင် တစ်ဦးဖြစ်သူ ဆိုလေး သောမတ်စ်ဒေါ့တီရ်က ထိုဆောင်ရွက်မှုမှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို အဆုံးသတ်ရေး ဖိအားဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံနေရသော နိုင်ငံများမှ ထုတ်ကုန်များကိုလည်း သပိတ်မှောက်ရန် ဆောင်ရွက်သွားနိုင်သည်ဟုလည်း ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။
    ရေ့က်ဂျာဗစ်က်မြို့၏ ထိုဆုံးဖြတ်ချက်မှာ အမုန်းထုကြီးဖြစ်သည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး အမေရိကန်ရှိ ဂျူးအဖွဲ့ကြီးနှစ်ခုကလည်း ရှုတ်ချခဲ့သည်။
    ရေ့က်ဂျာဗစ်က် မြို့တော်ကောင်စီမှာ ပါလက်စတိုင်းပြည်သူများ၏ လွတ်လပ်ရေး ရယူပိုင်ခွင့်နှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်နိုင်ခွင့်ကို အသိအမှတ်ပြုသော ဆုံးဖြတ်ချက်တစ်ခုကိုလည်း ယခင်က အတည်ပြုခဲ့ဖူးသည်။ ထိုဆုံးဖြတ်ချက်တွင် အစ္စရေးအစိုးရမှာ လူမျိုးရေးခွဲခြားမှု ပေါ်လစီကို ကျင့်သုံးနေသည်ဟုလည်း အတိအလင်း ဖော်ပြထားသည်။
    အိုက်စလန်နိုင်ငံမှာ ကုလ၌ ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်ရေးကို ထောက်ခံသော နိုင်ငံလည်းဖြစ်သည်။
    Ref: sputniknews