မတ်လ ၂၇ ရက်နေ့ မဂ်ရိဘ်အချိန်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ရှိ သမိုင်းဝင်နာမည်ကျော် ဂျာမေမတ်စ်ဂျစ်ဒ်ကြီးမှာ ဆွလာဟ်တည်ဆောက်သူများဖြင့် ပြည့်လျှံသွားခဲ့သည်။ အကြောင်းကတော့ ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီး ရှိုက်ခ် စူဒိုက်စ် ရောက်ရှိနေပြီး ထောင်ပေါင်းများစွာသော မူစလင်များကို ဦးဆောင်ပြီး မဂ်ရိဘ်ဆွလာသ်ကို ထိုမတ်စ်ဂျစ်ဒ်ကြီးတွင် ၀တ်ပြုခဲ့ခြင်းပင်ဖြစ်သည်။ ရှိုက်ခ်သည် အန္ဒိယတွင် တစ်ပတ်ခန့်နေသွားခဲ့သည်။ ဆွလာဟ်တည်ဆောက်မှုမတိုင်ခင် ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီးသည် လူထုကြီးကို နှုတ်ဆက်မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာ့မူစလင်ထုတစ်ရပ်လုံးစည်းလုံးညီညွတ်ကြရန် အလေးအနက် ပြောကြားသွားခဲ့သည်။ သောကြာနေ့က ဒါရွလ်အူလွမ် ဒီယိုဗန်ကျောင်းကြီးတွင် ဂျွမ်မုအာဆွလာဟ်ကို ဦးဆောင်ခဲ့ပြီး စနေနေ့ကဆွဟဘာခန်းမတွင် လူငါးသိန်းခန့်ကို မဂ်ရိဘ်ဆွလာဟ်ဦးဆောင်ဝတ်ပြုခဲ့ပေသည်။် အိန္ဒိယအစ္စလာမ့်ယဉ်ကျေးမှုဗဟိုမှ ကျင်းပသည့် အခမ်းအနားသို့လည်း တက်ရောက်သွားခဲ့သည်။
Ref: Two Circles