News @ M-Media

Tag: LaLiga

  • နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    naymar

    – ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ဆုံးနေသည့် တိုက်စစ်မှူး နေးမာအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ် နေးမာမှာ ရာသီအစမှ စတင်ကစားခဲ့သည့် လာလီဂါ ပွဲ ၂၀ အတွင်း ၁၇ ဂိုးသွင်းယူနိုင်ကာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၅ ပတ်အတွင်း ဂိုးပေါက်ပျောက်ခဲ့သည်။ အန်းရစ်ကမူ နေးမာမှာ ဂိုးမသွင်းနိုင်သော်လည်း အသင်းအတွက် ကူညီပေးခဲ့သည်ဟု ဆိုသည်။

    “နေးမာရဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ဟာ အဆင့်မြင့်ကစားသမား တစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီး ဂိုးတွေပြန်သွင်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ပြီးတော့ သူဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက်တော့ အများကြီး ကူညီပေးပါတယ်” ဟု အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဝေဖန်ခံနေရသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာကိုလည်း အန်းရစ်က ကာကွယ်ခဲ့သည်။

    “အင်နီယေစတာရဲ့ စွမ်းဆောင်ရည်အတွက်လည်း ကျွန်တော်တို့ ကျေနပ်နေပါတယ်။ သူဟာ ပွဲရဲ့အခြေအနေအားလုံးမှာ အသင်းအတွက် အများကြီး ပေးဆပ်လေ့ရှိသူပါ။ ပြီးတော့ သူဟာ ပွဲစောင့်ကြည့်ရတာကိုလည်း ပျော်ရွှင်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို တိုးတက်စေချင်ပြီး ပိုလည်း ကောင်းစေချင်ပါတယ်” ဟု အန်းရစ်က ထပ်လောင်းပြောကြားခဲ့သည်။

    လာလီဂါတွင် ဒုတိယနေရာမှ ရီးယဲလ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်မှုနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့မှာ လက်ရှိအချိန်တွင် တစ်ပန်းသာသည့် အနေအထား၌ ရှိနေသော်လည်း ချန်ပီယံဘွဲ့အား ရှရှိထားခြင်းမဟုတ်ကြောင်း၊ မိမိတို့ ကစားပုံ တိုးတက်အောင် ဆောင်ရွက်နိုင်သည့်တစ်လျှောက်လုံး ဇယားတွင် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်သော်လည်း ကစားရန် ပွဲများစွာ ကျန်ရှိနေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဒီစတီဖာနိုနှင့် မက်ဆီတို့၏ ဟက်ထရစ်စံချိန်ကို ရော်နယ်ဒိုလိုက်မီ

    ဒီစတီဖာနိုနှင့် မက်ဆီတို့၏ ဟက်ထရစ်စံချိန်ကို ရော်နယ်ဒိုလိုက်မီ

    ဧပြီ ၆၊ ၂၀၁၅
    M-Media

    cristianoronaldo-cropped_1kfkphfu3lowh1mm5mw25nm3hf

    – ပြီးခဲ့သည့် စနေနေ့က ဂရာနာဒါနှင့်ပွဲတွင် ၅ ဂိုး သွင်းယူနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဒီစတီဖာနိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ရရှိထားသည့် စံချိန်တို့ကို လိုက်မီသွားခဲ့ပြီဟု သိရသည်။

    ၉ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် အဆိုပါ လာလီဂါပွဲတွင် ရော်နယ်ဒိုမှာ ၈ မိနစ်အတွင်းပင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ ဘောလုံးလောကတွင် အမြန်ဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခြင်းမှာ ၎င်း၏ ကစားသမားဘ၀တစ်လျှောက် ပထမဆုံးလည်း ဖြစ်သည်။

    အဆိုပါဟက်ထရစ်မှာ ရီးယဲလ်အတွက် ပြိုင်ပွဲအားလုံး၌ ရော်နယ်ဒို၏ ၂၈ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး လာလီဂါသမိုင်းတစ်လျှောက် စပိန်နိုင်ငံသားမဟုတ်သည့် ကစားသမားများထဲတွင် ရီးယဲလ်အတွက် ဟက်ထရစ်အများဆုံး သွင်းယူထားသော ရီးယဲလ်တိုက်စစ်မှူးဟောင်း ဒီစတီဖာနို၏ စံချိန်နှင့် တူညီသွားပြီဖြစ်သည်။

    လာလီဂါတွင်မူ ရော်နယ်ဒို၏ ထိုဟက်ထရစ်မှာ ၂၄ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး မက်ဆီ၏ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ မက်ဆီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ဟက်ထရစ် ၃၂ ကြိမ် သွင်းယူပေးထားနိုင်သည်။

    ရော်နယ်ဒိုမှာ ရီးယဲလ်အသင်း၏ နောက်ဆုံး ၄၁ ပွဲတွင် ၄၇ ဂိုး သွင်းပေးထားနိုင်ခဲ့ပြီး ကစားသမားတစ်သက်တမ်းတစ်လျှောက် အမှတ်ပေးပြိုင်ပွဲ ဂိုးပေါင်း ၃၀၀ ပြည့်သွားခဲ့ပြီလည်း ဖြစ်သည်။ ထိုဂိုးပေါင်း ၃၀၀ တွင် စပို့တင်းလစ္စဘွန်းအတွက် ၃ ဂိုး၊ မန်ယူအတွက် ၈၄ ဂိုးနှင့် ရီးယဲလ်အတွက် ၂၁၃ ဂိုး သွင်းယူပေးထားခြင်း ဖြစ်သည်။

    ဂရာနာဒါနှင့်ပွဲ ၉ ဂိုး သွင်းယူနိုင်ခြင်းမှာ လာလီဂါသမိုင်းတစ်လျှောက် ရီးယဲလ်၏ တတိယမြောက် ၉ ဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: Goal.com

  • ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော

    ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    331095_heroa

    – ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ကမ္ဘာ့ဘောလုံးလောကတွင် လိုက်မမီသည့် ကစားသမားများ ဖြစ်နေဆဲဖြစ်ပြီး နေးမာ အနေဖြင့် ၎င်းတို့နှစ်ဦးအား ယှဉ်ရန်အတွက် ကြိုးစားရဦးမည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ဖာဂူဆန်၏လက်အောက်တွင် ၆ နှစ်ကြာ ကစားခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်က ရီးယဲလ်သို့ပြောင်းရွှေ့သွားပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂ ကြိမ် ရရှိခဲ့သည်။ မက်ဆီမှာလည်း ချန်ပီယံလိဂ် ဖိုင်နယ် ၂ ပွဲအပါအ၀င် ပွဲအတော်များများတွင် ဖာဂူဆန်နှင့် ဆုံးဖူးပြီး ဖာဂူဆန်ကမူ ၎င်းတို့ ၂ ဦးမှာ ကစားသမားအားလုံး၏ အပေါ်တွင် ရှိနေသည်ဟု
    ဆိုသည်။

    “ခင်ဗျားတို့ပြောပြောနေတဲ့ ဒီလိုကစားသမားတွေ ထွက်လာဖို့ဆိုရင်တော့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကို အမြဲတမ်းစောင့်ကြည်ရပါမယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အခုအချိန်မှာ
    (ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားထဲက) တစ်ယောက်ယောက်များ ထိုးထွက်လာမလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ နေးမာဟာ သူ့ရဲ့ ရှေ့အလားအလာအတွက် လူတွေရဲ့ အာရုံစိုက်မှု အများအပြားကို ရရှိနေပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရအုံးမှာဖြစ်ပြီး (နေးမာအနေနဲ့) ဖြည့်ဆည်းပေးစရာတွေလည်း လိုနေတုန်းပါပဲ” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် နေးမာမှာ မက်ဆီနှင့် ရော်နယ်ဒိုတို့တွင် မြင်ရသည့် ပါရမီမျိုးကို ထုတ်ပြမည့် နောက်ထပ်ကစားသမားတစ်ဦး ဖြစ်မည်ဟု မျှော်လင့်ကြောင့် ထည့်သွင်းပြောကြားခဲ့ကာ ၂၀၁၅ ခုနှစ် အတွင်း ရလဒ်ဆိုးရွားမှုများကြောင့် အနာဂတ်အတွက် မတည်မငြိမ်ဖြစ်နေသည့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကိုလည်း ဖာဂူဆန်က ထောက်ခံအားပေးခဲ့သည်။

    “ကျွန်တော်ဖြတ်သန်းလာတဲ့ တစ်လျှောက်လုံးမှာ ကာလိုဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော့်ရဲ့
    အကြီးဆုံးပြိုင်ဘက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး။ (သူ့ရဲ့ အနာဂတ်ဟာ)
    သေချာနေပါတယ်”

    Ref: Goal.com

  • Samba Gold Award အား နေးမာဆွတ်ခူး

    Samba Gold Award အား နေးမာဆွတ်ခူး

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    272C606B00000578-3020276-image-a-1_1427830271329

    – ဥရောပတွင် ကစားသည့် ဘရာဇီးလ်ဘောလုံးသမားများထဲမှ အကောင်းဆုံး ဘောလုံးသမားကို ပေးအပ်ချီးမြှင့် ၂၀၁၄ Samba Gold Award အား ဘာစီလိုနာအသင်းတိုက်စစ်မှူး နေးမာက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ပြင်သစ်ရှိ Sambafoot အဖွဲ့မှ ချီးမြှင့်သော အဆိုပါဆုအတွက် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ်များ ကစားသမားဟောင်းများက မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်ပြီး နေးမာက စုစုပေါင်း မဲအရေအတွက် ၁၅၀၀၀၀ ကျော် ရရှိခဲ့ကာ အက်သလက်တီကိုမှ မီရန်ဒါနှင့် ဂါလာတာစာရေးမှ ဖိလစ်ပိ မီလိုတို့ကို ကျော်ဖြတ်၍ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

    ဘာစီလိုနာသို့ စရောက်သည့်နှစ်က နေးမာမှာ ရုန်းကန်ခဲ့ရသော်လည်း ၂၀၁၄ ခုနှစ်တွင် အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်သောကြောင့် အဆိုပါ ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်မှ စတင်ချီးမြှင့်သော ထိုဆုကို ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။

    အဆိုပါဆု ရရှိခဲ့သူများတွင် ကာကာ၊ လူးဝစ်ဖေဘီယာနိုနှင့် မိုင်ကွန်တို့ ပါဝင်ခဲ့သည်။ စနေနေ့က ကစားခဲ့သော ချီလီအသင်းနှင့် ခြေစမ်းပွဲပြီးနောက် ချီလီကစားသမား အလယ်တန်းလူ မီဒဲလ်က နေးမာမှာ ကွင်းထဲတွင် သရုပ်ဆောင်သည်ဟု ဝေဖန်ခဲ့ပြီး နေးမာကမူ မိမိအနေဖြင့် မီဒဲလ်ဆိုသူကို မသိကြောင်း၊ ထိုအတွက်လည်းဘာမှ မပြောချင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

    Ref: Dailymail

  • ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    zinedine-zidane-real-madrid_13cu3276qvq3b1sn2nida8y4c9 (1)

    – အသင်းကြီးအား နည်းပြရန် အသင်းက ကမ်းလှမ်းခဲ့ပါက မိမိအနေဖြင့် လက်ခံသွားမည်ဟု ရီးယဲလ်ကွင်းလယ်လူဟောင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ဇီဒိန်းမှာ ယခုလက်ရှိတွင် ရီးယဲလ်အရန်အသင်းကို ကိုင်တွယ်နေပြီး ယခုနှစ်အစပိုင်းကတည်းက ရုန်းကန်နေရသည့် ရီးယဲလ်အသင်းကြီးနည်းပြ အန်ဆယ်လော့တီ၏ အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလများ ထွက်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြဖြစ်လိုသော ၎င်း၏ ဆန္ဒကို ဇီဒိန်းက ပထမဆုံးအကြိမ် ဖွင့်ဟ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ရီးယဲလ်အသင်းနည်းပြအဖြစ် ကျွန်တော့်ကို ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် အသေအချာကို သဘောတူမှာပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကောင်းမွန်စွာ ကိုင်တွယ်နေတဲ့ နည်းပြ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တည်ဆောက်နေပြီး သင်ယူနေဆဲ အဆင့်မှာသာ ရှိပါသေးတယ်” ဟု ဇီဒိန်းက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အဆင်သင့်မဖြစ်သေးကြောင်း ကစားသမားဘ၀တွင် ၂ နှစ်လောက်မှာ တဖြည်းဖြည်းဖြင့် တည်ဆောက်ခဲ့ရပြီး နည်းပြဘ၀တွင်လည်း ထိုကဲ့သို့ဖြစ်ကြောင်း၊ ဇီဒိန်းက ထည့်သွင်းပြောကြားခဲ့ကာ နည်းပြ အန်ဆယ်လော့တီကိုလည်း ချီးကျူးခဲ့သည်။

    “ကာလို (အန်ဆယ်လော့တီ)ဆီက ကျွန်တော် အများကြီး သင်ယူခဲ့ပါတယ်။ ပြီးတော့ သူ့ကို ကျွန်တော် ဘယ်လိုထင်လဲဆိုတာ သူသိပါတယ်။ လူတွေက ဘာတွေပဲပြောနေပြောနေ သူဟာ မက်ဒရစ်အတွက် အသင့်တော်ဆုံးနည်းပြပါပဲ”

    ဇီဒိန်းမှာ ၂၀၀၆ ခုနှစ် ကစားသမားဘ၀မှ အနားယူခဲ့စဉ်မှ စ၍ ပထမအသင်းကို ကိုင်တွယ်ဖူးခြင်း မရှိသေးဘဲ ရီးယဲလ်အား မော်ရင်ဟိုကိုင်တွယ်စဉ်က လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲသည့်နှစ်ကလည်း အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

    ဇီဒိန်းက ၎င်းမှာ မော်ရင်ဟိုထံမှ အရှုံးမပေးသည့် စိတ်ဓာတ်ကို သင်ယူနိုင်ခဲ့ပြီး မော်ရင်ဟိုမှာ ပြတ်သားသော်လည်း ကစားသမားများအတွက် အရာအားလုံးကို လုပ်ပေးသူဖြစ်ကြောင်း အန်ဆယ်လော့တီမှာ ပို၍သည်ခံမှုရှိပြီး ပြတ်သားရမည့်နေရာတွင်လည်း ပြတ်သားရမည်ကို သိရှိကြောင်း ပြောကြားခဲ့သည်။

    Ref: Goal.com