News @ M-Media

Tag: LashioRiot

  • ပျက်စီးသွားသည့် လားရှိုးဗလီ ပြန်လည် ပြုပြင်ပေးရန် တောင်းဆို

    ဂျွန်ချစ်ငြိမ်း |
    ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ်
    မဇ္ဈိမ သတင်းမှ ကူးယူဖော်ပြပါသည်။

    04
    ဓါတ်ပုံ ဧရာဝတီ

    လားရှိုးမြို့တွင် မေလ၂၈ရက်က ပဋိပက္ခများအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အစ္စလမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီကို အစိုးရက ပြန်လည်ပြုပြင်ပေးရန် ဗလီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်အောင်က ဇူလိုင်လ၂၈ ရက်တွင် တောင်းဆိုလိုက်သည်။

    “ဖျက်စီးခံခဲ့ရတာတွေ ပြန်လည်ပြုပြင်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အကြမ်းဖက်မှုတွေ အရေးယူတဲ့ နေရာမှာလည်း အဓိက ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သူတွေကို မိတယ်လို့ ကျွန်တော် မယူဆပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

    မီးလောင်ခဲ့သည့်ဗလီ ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြုပြင်နိုင်ခြင်း မရှိသေးဘဲ၊ အတွင်းပိုင်း ၀တ်ပြုသည့်နေရာကို ပြန်လည်ဆေးသုတ်ခြင်း၊ ရှေ့မျက်နှာစာကို သံပန်းများ ပြန်လည်ကာရံရန် ပြင်ဆင်ခြင်း တို့ လုပ်ဆောင်ရန် ဗလီတာဝန်ရှိသူများက စီစဉ်လျက်ရှိနေသည်။

    “ပြင်ဆင်နေတာတွေကို ပြည်နယ်အစိုးရက ကူညီထောက်ပံ့ပေးခြင်း မရှိပါဘူး။ ကျွန်တော်တို့ကို ဘယ်အဖွဲ့အစည်းကမှလည်း မကူညီပါဘူး။ မိမိတို့အစီစဉ်နဲ့ မိမိတို့ ပြန်လည် ပြုပြင်နေရခြင်း ဖြစ်ပါတယ်”ဟု လည်း ဒေါက်တာတင်အောင်က ပြောကြားသည်။

    ယင်းအပြင် ဗုဒ္ဓဘာသာ၏ အဆုံးအမများသည် လူတစ်ဦးကို ယဉ်ကျေးသိမ်မွေ့စေပြီး၊ ပဋိပက္ခများ ဖြစ်ပေါ်ရခြင်းသည် လှုံ့ဆော်မှုများကြောင့်သာ ဖြစ်ရခြင်းဟုလည်း သူက ပြောသည်။

    “မမှန်မကန် လှုံ့ဆော်မှုတွေဟာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ယူဆပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့သူတွေဟာလည်း ဗုဒ္ဓဘာသာလို့ မယူဆပါဘူး။ လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဗုဒ္ဓအဆုံးအမတွေဟာ တည်ငြိမ်တယ်၊ လူတစ်ယောက်ကို ယဉ်ကျေးစေပါတယ်၊ သိမ်မွေ့ပါတယ်”ဟု ပြောသည်။

    မီးလောင်ခဲ့သည့် ဗလီကို ဇူလိုင်လ ၁၄ ရက်တွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က သန့်ရှင်းရေး ပြုလုပ်စေပြီး ဇူလိုင်လ ၂၀ ရက်တွင် ဗလီအတွင်း ၀တ်ပြုခွင့်ကို ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်သည်။ အလားတူပင် မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေအဖြစ် ပုဒ်မ ၁၄၄ ကိုလည်း ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်သည်။

    လားရှိုးမြို့တွင် မေလ ၂၈ ရက်က အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမျိုးသမီးကို ဓာတ်ဆီလောင်းခဲ့သူ ဦးနေ၀င်းကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။

    Link =>http://goo.gl/XVrKa5

  • လားရှိုးမြို့ရှိ ဂျာမေဗလီ ပြန်ဖွင့်ခွင့်ပြု

    7 Days News  မှ ကူးယူဖော်ပြပါသည်။
    ဇူလိုင်-၂၁၊၂၀၁၃

    လားရှိုး။ ။ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခအခြေအနေများတည်ငြိမ်သွားပြီ ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချူပ် ဥိးစဝ်အောင်မြတ်က ဇူလိုင် ၂၀ ရက်မှာ စတင်ပြီး လားရှိုးမြို့မဈေးအနီးရှိ ဂျာမေဗလီပြန်ဖွင့်ခွင့်နှင့် စုပေါင်းဝတ်ပြု ခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

    lasho

  • မန်ဆူရှမ်းကျောင်း ဆရာတော်ကို အစ္စလာမ်ဘာသာဝင်များ ကျပ်သိန်းချီလှူ

    လားရှိုး ၊ ဇွန် ၁၅

    The Voice Weekly

    2
    အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်

    ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်ကို ဗုဒ္ဓသာသနာတော်တွင် အသုံးပြုရန် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ရှစ်သိန်း ဇွန်လ ၁၅ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။

    ပဋိပက္ခ ကာလအတွင်း အစ္စလာမ် ဘာသာဝင်များကို ဘာသာမခွဲ၊ လူမျိုးမခွဲဘဲ စောင့်ရှောက်ခဲ့၍ ဂုဏ်ပြုသော အနေနှင့် ဇွန်လ ၁၅ ရက်နေ့တွင် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတိုက်တွင်
    ပြုလုပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်းနှင့် အလှူငွေ လှူဒါန်းသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

    အဆိုပါ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညနန္ဒအား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ် ငါးသိန်း လှူဒါန်းခဲ့ပြီး အခြားအစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံ ပိုင်ရှင် ဦးမောင်ဝင်းကလည်း အလှူငွေ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။

    မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဆရာတော် ဦးစီး လုပ်ဆောင်နေသော ပရဟိတလုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများတွင် မွတ်ဆလင် ဘာသာရေး အသင်းကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် ခွင့်ပြုပါရန်နှင့် တာဝန်များပေးပါရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ အခမ်းအနား တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။

    ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်များတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အခမဲ့ ကျန်းမာရေး ဆေးစစ်မှု၊
    ဆေးကုသမှု၊ ရွေ့လျားဆေးခန်းများ ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် မွတ်ဆလင် ဘာသာရေးအသင်းနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။

    “ဘာသာနှစ်ခု အပြန်အလှန် မေတ္တာခံယူကြတဲ့ အခမ်းအနားပါ”ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

    လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ရာမှ အစပြု၍ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် အစ္စလာမ် ဘာသာဝင် အများစု ပါဝင်သည့် ဒုက္ခသည် အိမ်ထောင်စု ၂၇၅၊ လူဦးရေ ၁၄၀၆ ဦးကို မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်က စောင့်ရှောက်ခဲ့သည်။

    ညနေမျိုးနွယ်

  • လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ

    ဇွန် ၄၊ ၂၀၁၃
    M-Media
    KK

    လားရှိုးမြို့ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူ ရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယခုအခါ မိမိနေအိမ်များသို့  ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း သိရသည်။

    04
    အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ် ကျောင်းတော်ပုံဖြစ်ပါသည်။
    Photo Credit- ဧရာဝတီ

    မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားခဲ့သော ဘာသာရေး စာသင်ကျောင်း မိဘမဲ့ဂေဟာမှ ကလေးများကို လားရှိုးမြို့ ပန်းသေးမိသားစုအသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။

    အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သို့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေအား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုးမြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

  • လက်ရှိဖြစ်ပေါ်နေသည့် လူမျိုး/ဘာသာရေး အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ကယားအဖွဲ့ပေါင်းစုံ စုပေါင်း ကြေငြာချက်ထုတ်

    ဇွန်-၃၊ ၂၀၁၃
    M-Media

    နိုင်ငံအနှံ့ဖြစ်ပေါ်လျှက်ရှိသာ လူမျိုးရေး/ဘာသာရေး အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကယားပြည်နယ်နှင့် ကယန်းဒေသရှိ ပြည်သူလူထုသို့ ကယားအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီး ၏ ပန်ကြားချက် တစ်စောင် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

    kayar