News @ M-Media

Tag: Leicester

  • တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    leis

    – ပြီးခဲ့သည့်နှစ် ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၌ပင် ဆက်လက်ရှိနေမည်ဟု ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မဟ်ရက်ဇ်၊ ဗာဒီနှင့် အန်ဂိုလို ကန်တီတို့ အပါအ၀င် လက်စတာအသင်း၏ အံ့ဖွယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် ကစားသမားများကို ဥရောပ ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် ကြိုးစားနေကြသည်။

    သို့သော်လည်း အသက် ၂၅ နှစ်အရွယ် မဟ်ရက်ဇ်မှာ အသင်း၌ ဆက်ရှိမည်ဟု ရာနီယေးရီက ဆိုသည်။

    “သူ့အပေါ်မှာ ကျွန်တော် ယုံကြည်မှုအပြည့် ရှိပါတယ်။ သူ ဆက်နေမှာပါ။ သူ ကျွန်တော်တို့နဲ့အတူ ဆက်ရှိချင်နေပါတယ်။ သူ ပျော်လည်း ပျော်နေပါတယ်။ ‘ကျွန်တော် အသင်းက ထွက်ချင်တယ်’ လို့ပြောမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူ ဒီမှာ ပျော်နေပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်မှာ လက်စတာနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး၊ ဗာဒီမှာလည်း အသင်းတွင် ဆက်ရှိနေမည့် အလားအလာ ရှိနေသည်။ သို့သော်လည်း ကန်တီ၏ အနာဂတ်မှာမူ မသေချာတော့ပေ။

    Ref: Goal

  • ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို

    ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို

    မေ ၁၈၊ ၂၀၁၆
    M-Mediaြ

    thai

    – ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားသည့် လက်စတာအသင်းမှာ ယနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ထိုင်းပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    တစ်ရာသီလုံးတွင် ၃ ပွဲသာ ရှုံးခဲ့သည့် လက်စတာမှာ ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ဒုတိယနေရာမှ အာဆင်နယ်အား ၈ မှတ်ဖြတ်နိုင်ခဲ့သည်။ နည်းပြ ရာနီယေးရီနှင့် အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်တို့ ခေါင်းဆောင်သည့် လက်စတာအသင်းမှာ ခြေစမ်းခရီးအဖြစ် ယနေ့တွင် ဘန်ကောက်ရှိ သုဝဏ္ဍဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။

    လက်စတာ၏ ရှယ်ယာအများစုကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် King Power က ပိုင်ဆိုင်ထားပြီး လက်စတာအသင်းမှာ ထိုင်းနိုင်ငံတွင်အခြားသော ပရီးမီးယားလိဂ်အသင်းများထက် ပိုမိုအားပေးမှုကို ရရှိသည့်အသင်းဖြစ်သည်။

    “အရင်က ထိုင်းကိုလာတဲ့အခါမှာ ထူးခြားတဲ့ ကြိုဆိုဧည့်ခံမှုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ကတော့ ဘာနဲ့မှကို မတူပါဘူး။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့ ဒီကိုလာရတဲ့အတွက် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပိုင်ရှင်တွေအတွက် ဘယ်လောက်တောင် အဓိပ္ပါယ်ရှိမလဲဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး အသင်းအတွက်၊ ကစားသမားတွေအတွက် အများပြီး လုပ်ပေးခဲ့ပါတယ်” ဟု အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်က ပြောကြားခဲ့သည်။

    Ref: Goal

  • တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ

    တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ

    မေ ၁၇၊ ၂၀၁၆
    M-Media

    LMA

    – အင်္ဂလန်ရှိ အမှတ်ပေးလိဂ်နည်းပြများအသင်း LMA က ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း၏ နည်းပြ ကလော်ဒီယို ရာနီယေးရီက ရရှိခဲ့သည်ဟု သိရသည်။

    ရာနီယေးရီမှာ ပြီးခဲ့သည့် ၁၂ လအရင်က တန်းဆင်းဇုန်၌ ရုန်းကန်ခဲ့ရသည့် လက်စတာကို ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    LMA က ရွေးချယ်ပေးအပ်သည့် အဆိုပါဆုကို ရရှိခဲ့ခြင်းကြောင့် ရာနီယေးရီမှာ အာဆင်ဝင်းဂါးနောက်ပိုင်း ထိုဆုကို ရရှိခဲ့သည့် ဗြိတိန်မဟုတ်သော ဒုတိယမြောက် နိုင်ငံခြားနည်းပြ ဖြစ်လာခဲ့သည်။ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးအဖြစ် Brighton and Hove Albion နည်းပြ ခရစ် ဟူတန်က ရရှိခဲ့သည်။

    မြောက်အိုင်ယာလန်အသင်းအား ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီခေးလ် အိုနီးလ်ကမူ LMA ၏ အထူးဆုကို ရရှိခဲ့သည်။

    Ref: Goal

  • လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး

    လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး

    မေ ၁၄၊ ၂၀၁၆
    M-Media

    vardy 1

    – ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူးများဖြစ်သော ဂျာမီဗာဒီနှင့် ရီယာ့ဒ်မဟ်ရက်ဇ်တို့အား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာကျော် အားကစားကုမ္ပဏီဖြစ်သော Nike က အထူး ဘောလုံးကန်ဖိနပ် ၂ ရံကို ထုတ်လုပ်ပေးခဲ့သည်ဟု သိရသည်။

    ၎င်းတို့နှစ်ဦးမှာ လက်စတာ ချန်ပီယံဖြစ်ရေးလမ်းကြောင်းတွင် သွင်းဂိုးများ၊ ဖန်တီးမှုများဖြင့် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် နှစ်ဦးပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် PFA နှင့် FWA မှ ပေးအပ်ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများကိုလည်း ၎င်းတို့ ၂ ဦးက ရရှိခဲ့သည်။

    Nike က ၎င်းတို့၏ ထိုအောင်မြင်မှုအတွက် Vahrez ဟူသော အမည်ဖြင့် ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်ပေးခဲ့ပြီး အဖြူနှင့် အနက်ရောင်စပ်ထားသော အဆိုပါဖိနပ်ကို ယခုတစ်ပတ် ချယ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွင် ၀င်ဆင်ကစားမည်ဖြစ်သည်။

    “ဒီရာသီနောက်ဆုံးပွဲဟာ အခမ်းအနားတစ်ခုဖြစ်မှာဖြစ်ပြီး ကျွန်တော်နဲ့ မဟ်ရက်ဇ်ကြား ရှိနေတဲ့ နားလည်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒါဟာ ကျွန်တော်ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီဖိနပ်တွေကလည်း ဒါကို ရောင်ပြန်ဟပ်စေပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်ကမူ မိမိနှင့် ဗာဒီတို့မှာ ယခုအခြေအနေသို့ ရောက်ရှိရန် ပုံမှန်မဟုတ်သော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း ထိုသို့ဖြတ်သန်းခဲ့ရမှုက မိမိတို့အကြား နားလည်မှုကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဖိနပ်သစ်ကို ယခုရာသီ မိမိတို့၏ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၀င်ဆင်ရမည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • အင်္ဂလန်တွင် ပါဝင်ခွင့်ရမှသာ အောင်မြင်မှု အထွပ်အထိပ်ရောက်မည်ဟု ဗာဒီပြော

    အင်္ဂလန်တွင် ပါဝင်ခွင့်ရမှသာ အောင်မြင်မှု အထွပ်အထိပ်ရောက်မည်ဟု ဗာဒီပြော

    မေ ၁၃၊ ၂၀၁၆
    M-Media

    vardy

    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်းကိုယ်စားပြု ပါဝင်ခွင့်ရပါက ယခုရာသီ မိမိအအောင်မြင်မှု၏ အထွဋ်အထိပ် ဖြစ်မည်ဟု လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီက ပြောကြားလိုက်သည်။

    ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားသည့် လက်စတာအသင်းအတွက် ဗာဒီမှာ အလွန်ရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး လိဂ်ပွဲ ၃၅ ပွဲတွင် ၂၄ ဂိုး သွင်းယူပေးခဲ့သည်။ လက်ရှိတွင် ရွိုင်ဟဒ်ဆန်ကိုင်တွယ်သည့် အင်္ဂလန်အသင်းတွင် ဗာဒီမှာ နေရာတစ်နေရာ သေချာပေါက်ရမည်ဟု ယူဆမှုများရှိနေသော်လည်း လူစာရင်းမထွက်သေးသောကြောင့် မသေချာသေးပေ။

    ဗာဒီကမူ နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရပါက မိမိအတွက် အကြီးမားဆုံး အောင်မြင်မှုဖြစ်မည်ဟု ဆိုသည်။

    “(အင်္ဂလန်အတွက် ရွေးချယ်ခံရမယ်ဆိုရင်) ဒါက ကျွန်တော့်အတွက် ဒီရာသီမှာ အထွဋ်အထိပ်ဖြစ်မှာပါ။ ဘယ်လိုအချိန်မျိုးမှာမဆို နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရတာဟာ ကြီးမားတဲ့ အခွင့်အလမ်းကြီးပါပဲ။ ဒါပေမယ့် ပြိုင်ပွဲတစ်ခုမှာ ပါဝင်ရတာ၊ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ရတာက အကောင်းဆုံးထဲက တစ်ခုသာဖြစ်ပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။

    ထို့ပြင် အင်္ဂလန်မှာ ပြင်သစ်၌ပြုလုပ်မည့် အဆိုပါ ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြေရှိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal