News @ M-Media

Tag: Luxembourg Muslim

  • မွတ်စလင်အမျိုးသမီးများ လုံခြုံစွာ ၀တ်စားဆင်ယင်နိုင်မည်ဟု လူဇင်ဘတ်နိုင်ငံက အာမခံ 

    မွတ်စလင်အမျိုးသမီးများ လုံခြုံစွာ ၀တ်စားဆင်ယင်နိုင်မည်ဟု လူဇင်ဘတ်နိုင်ငံက အာမခံ 

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    luxemburg

    – မိမိတို့နိုင်ငံအတွင်း မွတ်စလင်အမျိုးသမီးများအနေဖြင့် လုံခြုံပြီး မျက်နှာဖုံးအုပ်သည့် အ၀တ်အထည်များကို လွတ်လွတ်လပ်လပ် ၀တ်ဆင်နိုင်သည်ဟု ဥရောပနိုင်ငံငယ် လူဇင်ဘတ်မှ တရားရေးဝန်ကြီး ဖီလစ်ဇ် ဘရန့်ဇ်က အတည်ပြု ပြောကြားလိုက်သည်။

    လူဇင်ဘတ်နိုင်ငံရှိ ခရစ်ယာန်ပြည်သူ့ပါတီ CSV က မိမိတို့တိုင်းပြည်မှာ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံများကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မွတ်စလင်အမျိုးသမီးများ မျက်နှာဖုံးအုပ်သည့် ၀တ်စုံကို ၀တ်ဆင်ခြင်း ပိတ်ပင်ရန် ဖိအားပေးခဲ့ပြီးနောက် အစိုးရက ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    နိုင်ငံ၏ ဥပဒေတွင် ထိုအ၀တ်အစားအား ပိတ်ပင်သည့် ဥပဒေများ လက်ရှိတွင် မရှိဘဲ နောင်တွင်လည်း ပြဌာန်းရန် အစီအစဉ်မရှိကြောင်း ဘရန့်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။

    လူဇင်ဘတ်မှ အစ္စလာမ်အဖွဲ့အစည်းဖြစ်သော Luxembourg  Shoura ကမူ လက်ရှိအချိန်တွင် နိုင်ငံအတွင်း နီကဘ်ဟုခေါ်သည့် မျက်နှာဖုံးထားသော ခေါင်းဆောင်းပုပါ ၀တ်ဆင်သူမှာ ၁၆ ဦးရှိသည်ဟု ပြောကြားခဲ့သည်။

    Ref: IINA News