News @ M-Media

Tag: Magwe

  • ပွင့်ဖြူမြို့နယ်တွင် ဘာသာမတူ သားအဖချင်း ရန်ပွဲမှ တဆင့် မွတ်စလင်အိမ် ၃ လုံး အား လုယက် ဖျက်ဆီးမှုဖြစ်ပွား

    ပွင့်ဖြူမြို့နယ်တွင် ဘာသာမတူ သားအဖချင်း ရန်ပွဲမှ တဆင့် မွတ်စလင်အိမ် ၃ လုံး အား လုယက် ဖျက်ဆီးမှုဖြစ်ပွား

    ဇွန်လ ၁၆ ရက် ၊ ၂၀၁၄
    M-Media
    ထွန်းတောက်

    မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာမှာ မွတ်စလင်အိမ် ၃-အိမ်ခန့် အနည်းငယ် ဖျက်ဆီးခံရပြီး ပစ္စည်းများ ၀င်ရောက် လုယက်သွားမှု တစ်ခု ဒီနေ့ ညနေ ၆း၃၀ – ၇း၀၀ နာရီဝန်းကျင်က ဖြစ်သွားခဲ့ပါတယ်။

    စတင်ဖြစ်ပွားသည်က ဗုဒ္ဓဘာသာဝင် ဖခင်နှင့် အစ္စလာမ် ဘာသာဝင် သားဖြစ်သူတို့ သားအဖချင်း စကားများရာမှ တဆင့် လူစုလူဝေးဖြစ်ပွားပြီး မွတ်စလင်အိမ် အချို့အား ၀င်ရောက် ဖျက်ဆီးပြီး ပစ္စည်းများကို လုယက်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ အခြေအနေ ငြိမ်သက်နေပြီဖြစ်ကြောင်း သိရပါတယ်။

  • Magwe:မကွေးမှ ၅ နှစ်သမီး  အဓမ္မကျင့်ခံရသည့် လက္ခဏာများ မရှိဘဲ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသာဖြစ်ကြောင်း မှုခင်းဆေးစာ အရသိရ

    Magwe:မကွေးမှ ၅ နှစ်သမီး အဓမ္မကျင့်ခံရသည့် လက္ခဏာများ မရှိဘဲ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသာဖြစ်ကြောင်း မှုခင်းဆေးစာ အရသိရ

    စက်တင်ဘာ ၉၊ ၂၀၁၂
    M-Media
    ဇာဏီ

    မကွေး  ။             ။             ပြီးခဲ့သည့် စက်တင်ဘာ ၃-ရက်နေ့က မကွေးမြို့တွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် ရည်ရွယ်၍ ၅-နှစ်သမီးအား အဓမ္မကျင့်သည်ဟု စွတ်စွဲခံရပြီး ဖမ်းဆီးခံလိုက်ရသူသည် မည်သည့်နေရာတွင်ရောက်ရှိနေကြောင်း မသိရသည့်အတွက် မိသားစုမှ စိတ်ပူပန်နေကြောင်း သိရသည်။

    အသက် ၅၁-နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ၅-နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်သည်ဟု စွပ်စွဲချက် ထွက်ပေါ်လာပြီး နာရီပိုင်းမပြည့်ခင်မှာပဲ အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သော်လည်း အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းနိုင် လိုက်သောကြောင့် အကြမ်းဖက်မှု မဖြစ်ပွားသွားခဲ့ပေ။ သို့သော် အဓမ္မကျင့်သည်ဟုဆို ခံရသူအား ရဲစခန်းမှ ဖမ်းဆီးသွားရာ ယခုအချိန်ထိ မိသားစုမှ တွေ့ဆုံခွင့်လည်းမရ အဆက်အသွယ်လည်း မရသောကြောင့် စိုးရိမ်ပူပန်နေကြောင်းသိရသည်။

    ရဲစခန်းသို့ဆက်သွယ်၍ စုံစမ်းမေးမြန်းသော်လည်း သေချာမသိရပဲ သရက်အကျဉ်းထောင်သို့ ပို့လိုက်ပြီဟုသာ သိရကြောင်း၊ ၅-နှစ်သမီးအား ဆေးစစ်ချက် မအောင်မြင်သော်လည်း အမှုမှန်ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ မကွေးရှိ ဘာသာပေါင်းစုံအဖွဲ့အား ယခုကိစ္စတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိရန် သတိပေးမှုများရှိသောကြောင့် ဘာသာရေးအဖွဲ့မှလည်း မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပြောလာသည့်အတွက် စွတ်စွဲခံရသူ မိသားစုဝင်များမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် မည်သို့မည်ပုံ ကြိုးစားရမည်ကို မသိ၍ စိတ်သောက ရောက်နေကြောင်း သိရပါသည်။

    မှုခင်းဆရာဝန်၏ ဆေးစာအရ ကလေးတွင် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာများ မရှိဘဲ ဆီး လမ်းကြောင်း ပိုးဝင်သည့် လက္ခဏာသာ တွေ့ရှိရသည်ဟု သိရသည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း၌ ကန့်ဘလူ မြို့ထန်းကုန်းကျေးရွာတွင်လဲ ၂၅ နှစ် အရွယ်အမျိုးသမီး တဦးကို မတရားပြုကျင့်သည်ဟု သတင်းများထွက်ပေါ်ပြီး လှုံ့ဆော်မှုများကြောင့် ထောင်နှင့် ချီသော လူအုပ်က ထန်းကုန်းကျေးရွာရှိ မွတ်စလင်မ်များ ပိုင် အိမ်နှင့် ဈေးဆိုင်ခန်းများကို အကြမ်းဖမ်းမီးရှို့ဖျက်ဆီးပြီး ပစ္စည်းဥစ္စာများ လုယက်ဖျက်ဆီးသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသည်။

    ၂၀၁၂-ခုနောက်ပိုင်းဖြစ်ပွားခဲ့သော ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ အကြမ်းဖက်မှုများတွင် စတင်အကြောင်းရင်းခံ တစ်ခုအဖြစ် အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် သတင်းများကို အခြေခံပြီး လှုံ့ဆော်မှုစတင်ပြုလုပ်ခဲ့တာကို လေ့လာတွေ့ရှိရပါသည်